“အောင်ခြင်းရှစ်ပါး…………….”

1 နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူခန်း
2 ဗကဗြမဟ္မာမင်းကို အောင်တော်မူခန်း
3အင်္ဂုလိမာလ ကိုအောင်တော်မူခန်း
4 နဂါးမင်းကို မေတ္တာဖြင့်အောင်တော်မူခန်း
5သစ္စကပရဗိုုဇ်ကို အောင်မြင်တော်မူခန်း

 

6အာဠာဝက ကိုအောင်တော်မူခန်း

 

7စိဉ္စမာဏကိုေ အာင်တော်မူခန်း

 

8နာဠာဂီရိ ဆင်မိုက်ကြီးကိုအောင်တော်မူခန်း

“အောင်ခြင်းရှစ်ပါး”

ဗုဒ္ဓဝင်မှာ အောင်ခြင်းရှစ်ပါးဆိုတဲ့အကြောင်းအရာက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

ဒီအောင်ခြင်းရှစ်ပါးကို မန်းလေးမြို့က အဆိုတော်ကြီးမေရှင်သီဆိုခဲ့တဲ့သီချင်းကိုနားထောင်

ရတဲ့အခါများမှာ စိတ်ထဲမှာ ဖော်မပြနိုင်သော ခံစားမူ့က ရောက်လာစမြဲ။

နေပြည်တော်ကိုရောက်တဲ့အခါ နေပြည်တော် ဥပါတသန္တိစေတီတော်အတွင်းမှာရှိနေတဲ့။

စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ အောင်ခြင်းရှစ်ပါးသရုပ်ဖော်ပုံကိုတွေ့တဲ့အခါ

လက်ဆော့မိပါတယ်။

အစဉ်အတိုင်းတော့မဟုတ်ဘူး။

ဘယ်ဟာက တစ် ဘယ်ဟာကနှစ်ဆိုတာ နံပါတ်စဉ်ထိုးပေးကြပါနော်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(7-2-2012)

9 comments

  • အောင်ခြင်းရှစ်ပါ အစဉ်အလိုက်တော့မဟုတ်ဘူး။
    ပုံတွေရိုက်လာတဲ့အတိုင်းတင်လိုက်ရတာလေ။
    အစီအစဉ်မှန်အောင်ပြောပြပေးပါနော်။

  • kyawmonkhant

    February 8, 2012 at 10:03 pm

    အောင်ခြင်းရှစ်ပါးအစဉ်-
    (၁) မာရ်နတ်မင်း (၂) အာဠာဝကဘီလူးမင်း
    (၃) နာဠာဂီရိဆင်မင်း (၄) အင်္ဂုလိမာလ
    (၅) မိန်းမယုတ် စိဉ္စမာန (၆) သစ္စကပရိဗိုဇ်
    (၇) နန္ဒောပနန္ဒနဂါးမင်း (၈) ဗကဗြဟ္မာမင်း

    အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး
    မာရံ ယက္ခံ ဂဇံ စောရံ စိဉ္စမာနဉ္စ သစ္စကံ
    နာဂံ ဗြဟ္မံ ဇိနောဇယံ ဟောတုမေ ဇယမင်္ဂလံ။

    ဂါထာလေးရအောင်လုပ်ထားရင် အစဉ်လေးမမေ့တော့ဘူးပေါ့။ မာရ-မာရ်နတ်
    ယက္ခ-ဘီလူး၊ ဂဇ-ဆင်၊ စောရ-သူခိုး, သူပုန်၊ စိဉ္စမာန-ကတော့ သူ့နာမည်ပေါ့၊ သစ္စက-ကလည်း နာမည်ပါဘဲ၊ နာဂ- နဂါး၊ ဗြဟ္မ- ဗြဟ္မာ လို့မှတ်လိုက်ရင်တော့ မမေ့နိုင်တော့ဘူးပေါ့။
    ရဘူးတဲ့ ဟာလေးပါ။ ဒီလိုဘဲစဉ်ထားတာဆိုတော့ ဒီလိုဘဲ မှတ်ထားမိပါတယ်။ သေသေချာချာတော့ သုတေသန မလုပ်ဘူးပါ။

  • thit min

    February 8, 2012 at 10:13 pm

    ကြာနီကန်ဆရာတော်ကြီးရဲ့ အသံတောင် ကြားလိုက်ရသလိုပါဘဲ။
    ရွာထဲမှာလဲ လူပညာရှိတွေ ရှိတာတွေ့ရလို့
    အားရပါသည် ကိုကျော်မွန်ခန့်ခင်ဗျား။

  • ကျနော်မမှတ်မိတော့တာလေးကို ပြန်ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ကိုကျော်မွန်ခန့်ရေ။
    နောင်လဲ မသိလို့မေးရင်ဖြေပေးပါနော်။

  • unclegyi1974

    February 9, 2012 at 10:45 pm

    စကျင်ကျောက်နဲ့မတွေ့ဖူးဘူးဗျ
    ဘယ်နားမှာပါလိမ့်ပြောပါအုန်းဗျ

  • padonmar

    February 10, 2012 at 1:04 am

    ကိုပေါက် အရင်ပို့မှာ မေးထားတာတွေ့မိသား။
    ကျွန်မလည်း စာအုပ်လှန်ရမှာပျင်းနေလို့ ရှာမပေးလိုက်ရဘူး။
    ကိုကျော်မွန်ခန့်ကျေးဇူးနဲ့ ကိုသစ်ပြောတဲ့ ကြာနီကန်လေအတိုင်း အခုပဲကျက်လိုက်တော့မယ်။

  • ကိုရီးယားမင်းသားကြီး အီးကယ်ဂျန်ရေ
    နံရံမှာထွင်းထားတာတွေက စကျင်ကျောက်ပေါ်မှာထွင်းတာလို့ပြောပါတယ်။

  • TTNU

    February 10, 2012 at 9:28 am

    `ဤပုံများတင်ရသော ကုသိုလ်ကြောင့်
    ကိုပေါက် အောင်စေသတည်း အောင်စေသတည်း အောင်စေသတည်း။

Leave a Reply