လွယ်ကူစွမ်းထက် ပီယဆေးတစ်လက်

ဩောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
တစ်ဆယ့်လေးချက် ဓမ္မစက်
တစ်ဆယ့်ရှစ်ချက် သံဃစက်
လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက်
မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကြူးလျက် မိဘစက်
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်
ဝရဇိန်လက်နက် ဗြဟ္မာ့စက်
မိုးကြိုးလက်နက် သိကြားစက်
လောင်မီးကျလျက် နတ်တို့စက်
ဘွဲ့ဖြူလက်နက် ဘီလူးစက်
မာန်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်
သုံးထောင့်သချင်္ာ ဟိမဝန္တာ
အာဏာစိုးလျက် သီဟစက် …
စက်ကြီး ၁၃ ပါး ရွတ်သံကြားက ဘေးများမြင်မူ မကောင်းမူတို့ ဝေးကကြဉ်ရှောင် အောင်စေတတ်သည် မြတ်သည့်ပညာ ဆရာတည်း … ။
ဩောင်းနမော ဗုဒ္ဓ နုဘာဝေန …
ဩောင်းနမော ဓမ္မာ နုဘာဝေန …
ဩောင်းနမော သံဃာ နုဘာဝေန …
ဩောင်းနမော ဒူရေ ဒူရေ သွားဟုံဟုံ ………… ။

ဤသို့ဤနှယ် အန္တရာယ်၊ ရန်စွယ်အပေါင်းအား ဘေးသို့ ရှဲစေခြင်းငှာ စက်ကြီး ၁၃ ပါး ဂါထာ မန္တာန်ဖြင့် မောင်းထုတ် ပြီးသည့်နောက် လွယ်ကူစွမ်းထက် ပီယဆေး တစ်လက်အား မစွံတကာ့ မစွံကြကုန်သော သဗ္ဗေသတ္တာ ကမ္မတကာ … အဲလေ … သဗ္ဗေသတ္တာ ဝေနေယျာ အပေါင်းတို့ကို သနားမေတ္တာ ဂရုဏာဖြင့် ပေးသနားပေအံ့ 😀 😀 ။ ___ (ကွက်လပ်) လိုချင်သော်လည်း မရကြကုန်သော လူပျိုကြီး၊ အပျိုကြီး အပေါင်းတို့ လိုက်လံ မှတ်သားကြလေကုန် ………… ။

ဆေးနည်းအတွက် လိုအပ်သည့်အရာများ

ဆေးနည်းအတွက် လိုအပ်သည့် အမယ်များမှာ ခက်ခက်ခဲခဲ မဟုတ်၊

 

  • နံပါတ် (၁) ကွမ်းရွက်တစ်ရွက်၊
  • နံပါတ် (၂) နှမ်းဆီစစ်စစ် တို့သာ ဖြစ်လေသည်။

မြို့ပေါ်တွင် ရောင်းချသော နှမ်းဆီစစ်စစ် များမှာ အမည်ခံသာ များ၍ တကယ့်နှမ်းဆီ စစ်စစ်ကို ရရှိရန် လိုအပ်လှပေသည်။

ဆေးနည်း ဖော်စပ်ရန်

ဆေးနည်း ဖော်စပ်ဖို့ရန်အတွက် ပထမဆုံး ကွမ်းရွက်ပေါ်တွင် နာမည်ကို ရေးသားရပေမည်။ မိမိ၏ နာမည်ကို ဆိုလိုခြင်း မဟုတ်။ မိမိ ချစ်ခင်မြတ်နိုးမိသောသူ၏ နာမည်ကို ရေးသားရပေမည်။ ထိုသို့ ရေးပြီးသည့်နောက် ကွမ်းရွက်ကို ပြာချ၊ ပြာချ ဟူသော စကား၏ ဆိုလိုရင်းမှာ ကွမ်းရွက်ကို ပြာ ဖြစ်သည်အထိ မီးရှို့ ရမည်ကို ဆိုလိုခြင်း ဖြစ်၏ (ဤကား မသိသေးသူများအတွက် စကားချပ်)။ ကွမ်းရွက်ပြာအား နှမ်းဆီစစ်စစ်ဖြင့် ရောပြီး မွှေပါ။ ပြီး ထိုမွှေထားသော ပြာအား မိမိ၏ မျက်စိ နှစ်ဖက်တွင် ကွင်း၍ မိမိ ချစ်မိသောသူအား ကြည့်ပါလေ … ။ မိမိ ချစ်မိသောသူမှာ မိမိအပေါ်တွင် ကြွေလာပေလိမ့်မယ်။ အကယ်၍ မကြွေခဲ့ပါမူ အဆိုတော် Rဇာနည် ၏ ကြွေပါစေ သီချင်းအား ဟဲပါလေ (ဤကား စကားချပ်) 😀 😀 ။

အထက်ပါ ကျွန်ုပ် သိထားသော ပီယဆေးနည်းမှာ လွယ်ကူလွန်းလှ၍ သံသယ မဖြစ်စေအပ်။ ထိုဆေးနည်းကို အသုံးပြုပြီးပါက တောက်တဲ့ ကဲ့သို့လည်းကောင်း၊ ပီကေ ကဲ့သို့လည်းကောင်း ဖြစ်လာလိမ့်မည်ဟု ဖော်ညွှန်းထားပေ၏။ ကျွန်ုပ် ယခုဆေးနည်းအား ဖော်ပြခြင်းမှာ ဗဟုသုတ အဖြစ် ရည်ရွယ်၍ ဖော်ပြခြင်းသာ ဖြစ်ပါကြောင်း၊ တစ်နည်း ရေးမိရေးရာ ရေးလိုက်ခြင်းသာ ဖြစ်ပါကြောင်း၊ အမှားရှိက ခွင့်လွတ်ကြစေလိုကြောင်း …… ။

 

ပုံ
အနန္တ စကြဝဠာ မဟာရာဇာ
အံစာတုံး

(ယခု ပို့စ်အတွက် မန့်၍ရအောင်၊ ဆက်၍ရအောင် ပြုလုပ်ပေးသော ဆြာပေါက်ဖော်အား ကျေးဇူး အထူးတင်ရှိပါကြောင်း) :D :D :D

23 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 6:08 pm

    ပီယဆေး ဆိုတော့ သများတို ့ ရုပ်ကဇိုးလေးတွေ စိတ်ဝင်စားသဗျာ..
    အပြည့်အစုံ ထပ်လှုပ်ရှားပါဦး..
    အားကိုး၁ကြီး မျှော်နေလျက်
    ရွာထဲက ကာလသမီးလေးတွေတော့ စိန်ပေါက်ပေါက်ကို ဝေါင်ဝေါင်ရှေးပေတော့
    😆
    သဂျီးတူမလဲ ဘုရားသာ မှန်မှန်ရှိခိုးပေတော့..
    ပီယဆေး ရရင်စိန်ပေါက်ပေါက်တစ်ရွာလုံး ပတ်မွှေပလိုက်မယ်.
    ဟို
    နှူးဘာတွေ မလာခင်.အရင် စီမံထားမှ

    • စိန်ပေါက်ပေါက်

      February 5, 2012 at 6:12 pm

      ဩုံ..ဩုံ..ဩုံ..
      ရွာသား အထီးထဲတွင် ကျနုပ်မှလွဲ၍ မည်သူမှ မဖတ်မိပါစေနှင့်
      ဩုံ..ဩုံ..ဩုံ..
      ရွာသား အထီးထဲတွင် ကျနုပ်မှလွဲ၍ မည်သူမှ မဖတ်မိပါစေနှင့်
      ဩုံ..ဩုံ..ဩုံ..
      ရွာသား အထီးထဲတွင် ကျနုပ်မှလွဲ၍ မည်သူမှ မဖတ်မိပါစေနှင့်
      😆

        • zarlay

          August 30, 2012 at 3:29 pm

          ဟုတ်ကဲ့ မှတ်သားသွားပါတယ်

      • koyinmaung

        February 5, 2012 at 7:15 pm

        ပေါက်ပေါက်ရေရွာထဲမှာအယင်နေ့ကသရဲမတွေတင်ထားတာ
        ကွမ်းရွက်ပေါ်မရေးနဲ့အကုန်ပေးတယ်အပိုင်သာယူသွားပေတော့…..

      • thuyazaw21451

        February 6, 2012 at 9:49 am

        ဗျို့ ကိုစိန်ပေါက်ပေါက်………. ကျွန်တော်တင်ပေးထားတဲ့ ကောင်မလေးတွေရှိတယ်လေဂျ……. ဘာပီယ ဆေးလိုချင်သေးတာလဲ

        • စိန်ပေါက်ပေါက်

          February 6, 2012 at 10:24 am

          နေဘာဂျာ
          လူပြိုဂျီးပဲ လုပ်ပါရစေ..
          အိပ်မက်ဆိုးတွေ မမက်ပါရစေနဲ ့
          များဘာသာအေးဆေးနေပါရစေ

  • အပေါ်က ပို့စ်မှာ အကုန်မပါတဲ့အတွက် “ဆေးနည်း ဖော်စပ်ရန်” မှစကာ ယခု ထပ်၍ ဆက်လိုက်ပါ၏။

    ဆေးနည်း ဖော်စပ်ရန်
    __________________
    ဆေးနည်း ဖော်စပ်ဖို့ရန်အတွက် ပထမဆုံး ကွမ်းရွက်ပေါ်တွင် နာမည်ကို ရေးသားရပေမည်။ မိမိ၏ နာမည်ကို ဆိုလိုခြင်း မဟုတ်။ မိမိ ချစ်ခင်မြတ်နိုးမိသောသူ၏ နာမည်ကို ရေးသားရပေမည်။ ထိုသို့ ရေးပြီးသည့်နောက် ကွမ်းရွက်ကို ပြာချ၊ ပြာချ ဟူသော စကား၏ ဆိုလိုရင်းမှာ ကွမ်းရွက်ကို ပြာ ဖြစ်သည်အထိ မီးရှို့ ရမည်ကို ဆိုလိုခြင်း ဖြစ်၏ (ဤကား မသိသေးသူများအတွက် စကားချပ်)။ ကွမ်းရွက်ပြာအား နှမ်းဆီစစ်စစ်ဖြင့် ရောပြီး မွှေပါ။ ပြီး ထိုမွှေထားသော ပြာအား မိမိ၏ မျက်စိ နှစ်ဖက်တွင် ကွင်း၍ မိမိ ချစ်မိသောသူအား ကြည့်ပါလေ … ။ မိမိ ချစ်မိသောသူမှာ မိမိအပေါ်တွင် ကြွေလာပေလိမ့်မယ်။ အကယ်၍ မကြွေခဲ့ပါမူ အဆိုတော် Rဇာနည် ၏ ကြွေပါစေ သီချင်းအား ဟဲပါလေ (ဤကား စကားချပ်) 😀 😀 ။

    အထက်ပါ ကျွန်ုပ် သိထားသော ပီယဆေးနည်းမှာ လွယ်ကူလွန်းလှ၍ သံသယ မဖြစ်စေအပ်။ ထိုဆေးနည်းကို အသုံးပြုပြီးပါက တောက်တဲ့ ကဲ့သို့လည်းကောင်း၊ ပီကေ ကဲ့သို့လည်းကောင်း ဖြစ်လာလိမ့်မည်ဟု ဖော်ညွှန်းထားပေ၏။ ကျွန်ုပ် ယခုဆေးနည်းအား ဖော်ပြခြင်းမှာ ဗဟုသုတ အဖြစ် ရည်ရွယ်၍ ဖော်ပြခြင်းသာ ဖြစ်ပါကြောင်း၊ တစ်နည်း ရေးမိရေးရာ ရေးလိုက်ခြင်းသာ ဖြစ်ပါကြောင်း၊ အမှားရှိက ခွင့်လွတ်ကြစေလိုကြောင်း …… ။
    ____________________________________

    အနာဂါတ်ကို ထုဆစ်နေသည့် လက်တစ်စုံ

    ပုံ
    အနန္တ စကြဝဠာ မဟာရာဇာ
    အံစာတုံး

    (အထက်ပါ ပို့စ်အတွက် မန့်၍ရအောင်၊ ဆက်၍ရအောင် ပြုလုပ်ပေးသော ဆြာပေါက်ဖော်အား ကျေးဇူး အထူးတင်ရှိပါကြောင်း) 😀 😀 😀

    • စိန်ပေါက်ပေါက်

      February 5, 2012 at 6:29 pm

      ဟင်း..
      လူက နဂိုထဲက ငတက်ပြားနဲ ့ တူနေတာ
      ပြာချ၊နှမ်းဆီနဲ ့မျက်လုံးနှစ်ဘက် လူးပြီး စော်ကိုသွားကြည့်ရင် ကြောက်ပြီး ထွက်ပြေးသွားမှ ဒုက္ခ
      အင်းလေ..
      ဘာပဲဖြစ်ဖြစ်..
      ဆန်းဒေးအလုပ်ပိတ်လို ့နှပ်နေကြတုန်း နာတစ်ယောက်ထဲ အရင်မြင်ရတာကိုက ပီယဓာတ်ခံတွေ ရှိနေလို ့နေမှာ..
      😆

  • inz@ghi

    February 5, 2012 at 6:26 pm

    ပီယဆေး လိုဘူး …
    တိလား…..

    စိတ်ဝင်စားရင် ပီအမ် ပို့ပါ ….
    တက္ကနစ်တွေ ရှဲပါမည်…

    ပုံ
    နှူးဘာ ဂိုဏ်းချုပ်

    ;D

  • htet way

    February 5, 2012 at 6:34 pm

    ပီရင် ရစေမယ်ပေါ့
    ကျွန်ပ်က စိတ်ကုန်နေ၍ မယူချင်တော့ပါ။သို့သော်
    ကမ်းကြီးနဲ့ ကိုရင် လိုချင်ရင် နှမ်းဆီစစ်ရှိပါကြောင်း

  • windtalker

    February 5, 2012 at 7:58 pm

    အိမ်း ၊ ဘိုဇာတုံး ကြည့်ရတာ နှယ်နှယ်ရရ ဂိုဏ်းက မဟုတ်ပေလောက်ဘူး ။
    ဂိုဏ်းကြီးကြီး က ဘဲ ဖြစ်ရမယ် ။ ဒီလောက် အစွမ်းထက်တဲ့ ပညာတွေ ဖြန် ့ဖြူးနေပုံထောက်ရင်

  • ပီယဆေးနည်းပေးတဲ့ ကိုအံစာတုံးရယ်
    ရည်းစားစကားပြောပြီး၊အဖြေတောင်း
    ဖို ့ကြောက်တယ် ဆိုတော့ ………

  • ချစ်ရင်ထူး

    February 5, 2012 at 11:05 pm

    တောက်တဲ့ ဆိုလို့ တောက်တဲ့အော်သံတောင် မကြားရတာကြာပြီနော်…
    —————————————————————————————————————
    စကားမစပ် mandalaygazettemembers@im.partych.at ကို Add ပေးကြပါလား၊ လူစုပြီးတော့ ပွါးရအောင်လို့ပါ…

  • Khin Kha

    February 6, 2012 at 11:08 am

    မျက်စိနှစ်ဘက်မှာကွင်းပြီးကြည့်ရမယ်ဆိုတော့။
    ကောင်းမလေးတည့်တည့်ကကြည့်လို့ကတော့——–
    ပြန်ချစ်ဖို့နေနေ၊ လန့်ပြီးမပြေးရင်ကံကောင်းဗျာ။

  • မဟာရာဇာ အံစာတုံး

    July 30, 2012 at 9:37 pm

    ခွိ .. ခွိ .. ခွိ ..
    ယနေ့ (30-7-2012) ဒီပို့စ်ကို
    ပြန်ဖတ်မိပြီး ..
    ရီမိသွားပါ၏ .. ကွိ .. ကွိ .. 😀

    Facebook မှာ ရှဲရင်း ဒီမှာ ကွန်မန့် ပြန်ရေးလိုက်ဒါဘာ …

    https://www.facebook.com/photo.php?fbid=410852192285650&set=a.187919221245616.35976.100000826183287&type=1&relevant_count=1&ref=nf

    ( Edit လည်း လုပ်လိုက်ပါသေး၏ … )

  • သုရှင်

    August 30, 2012 at 11:58 am

    ကောင်းလောင့်တေးကောင်းလောင့်တေး :mrgreen:

  • ဘဲဥ

    August 30, 2012 at 12:01 pm

    အဲ့ဒီ ပီယဆေးဆိုဂျီးကို အားကိုးပီးတော့ ဟွင်းဟွင်းဟွင်း
    တတိတာထားဂျဘေဒေါ့ မုန်တိုင်းဝင်တလို မွှေပလိုက်မယ် :mrgreen:

  • manawphyulay

    August 30, 2012 at 1:25 pm

    ဒီနည်းက လက်တွေ့ကျင့်သုံးပြီးပြီလားဟင်…
    တောက်တဲ့လိုဖြစ်လာသလား…
    ပီကေလို ဖြစ်လာသလား။
    ချစ်သူပါဆိုမှ ကြွေစရာလိုဦးမှာလား၆ထောင့်ရယ်.. မချစ်သူပဲ ချစ်လာအောင် ကြွေဖို့လိုတာမဟုတ်ဘူးလား။
    ဒါမှမဟုတ် မကြည်တဲ့သူတွေကို ကွင်းပြီး လိုက်ကြည့်ရမလား… အဟိ… 😛

  • မွန်မွန်

    August 30, 2012 at 1:41 pm

    အေးလေ..အစကတည်းက မချစ်ပါဘူးဆိုမှ ကွင်းပြီး ကြည့်လိုက်ရော ပြေးရော ဖြစ်တော့မယ်…
    နှမ်းဆီစစ်စစ်ပို့ပေး…ဒါဗြဲ…. 😀

  • နှမ်းဆီ စစ်စစ် ရောင်းရန်ရှိ၏ ….
    တစ်ဆယ်သား – ၅၀၀ဝ ဖြစ်၏ …..
    စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါ၏ .. ဟီဟိ .. :mrgreen:

  • နေဝန်းနီ

    August 30, 2012 at 8:33 pm

    အဲဒိနှမ်းဆီ စစ်စစ် မရတာနဲ့ကွယ်….။ ဆေးမစွမ်းဘူးဖြစ်ရတော့မယ်…။ စားအုန်းဆီစစ်စစ် ဆိုတော်သေး ………..။ ဘယ်နဲ့ဘယ့်နဲ့ မရနိုင်တာမှ……. လာလာပြော ဟင်းးးးးးး 😀

Leave a Reply