“သစ်အိုပင်…………….”

1 ကျနော်အကြိုက်ဆုံးသစ်အိုပင်(မြစ်ငယ်တံတား မရောက်ခင်လေးမှာ)
2 နေပြည်တော်အသွားလမ်းမှာရှိတာလေ
3 သူကလဲနေပြည်တော်မှာ ရှိတာပါဘဲ
4 အရှေ့ဘက်ကျုံးနံဘေးက သစ်ပင်

5 မန်းလေးတက္ကသိုလ်အဝင်ဝနားလေးမှာရှိတာပါ(မန်းလေးသားတွေသွားကြည့်လိုက်နော်)

 

6 ရွှေဘိုကို မန်းလေးးကနေသွားတဲ့ကားလမ်းနံဘေးမှာပါ
7 ဒီအပင်လေးကလဲ ရွှေဘိုမန်းလေးလမ်းမှာပါဘဲ

 

8 ဒီပုံကလဲ ရွှေဘိုအသွားလမ်းမှာပါဘဲ ရွှေဘိုလမ်းတစ်လျောက်က သစ်အိုပင်တွေများတယ်
9 မန်းလေးကန်တော်ကြီးက ရေထဲမှာရောက်နေတဲ့သစ်အိုပင်
10 နေပြည်တော်အသွားလမ်း တိုးဂိတ်နားမှာတွေ့တဲ့သစ်အိုပင်
11 ညိုမိူင်းသော နောက်ခံနဲ့ တွေ့ရတဲ့သစ်အိုပင်
12 ကန်တော်ကြီး က သစ်အိုပင်
13 မြန်မာသိ ကမ္ဘာသိ တဲ့ တောင်တမန်က သစ်အိုပင်
14 မန်းလေး အတုမရှိကျောင်းအနောက်ဖက်ခြမ်းက စည်းရိုးနားမှာရှိတာပါ

 

 

“သစ်အိုပင်”

ဟိုအရင် ကျနော်ငယ်ငယ်က လမ်းဘေးက သစ်ပင်အိုကြီး လဲကျလို့       လူတွေသေခဲ့ဘူးတာကို ကြားဘူးပါတယ်။

ပြင်ဦးလွင် မန်းလေး သွားတဲ့လမ်းမှာတစ်ကြိမ်။

ကျောက်ဆည်မန်းလေးသွားတဲ့လမ်းမှာ တစ်ကြိမ်။

အဲဒီအချိန်က စပြီး တစ်ပင်လုံးခြောက်နေတဲ့ သစ်ပင်ကြီးတွေကို စိတ်ဝင်စားလာပါတယ်။

အခုတော့ တွေ့တာနဲ့ မှတ်တမ်းတင်မိပါတယ်။

(အမှတ်ရစရာ ပြောရရင် ကျနော်မြန်မြန်မရိုက်ဘဲ အချိန်ဆွဲလို့ လွတ်သွားတဲ့ အပင်လေးတစ်ပင်ရှိပါတယ်။

ကန်ပါတ်လမ်း ရွှေကြက်ယက်ရွာ ချောင်းကူး တံတားမှာရှိတဲ့အပင်လေးပါ။

အခုတော့ ထင်းဖြစ်သွားပါပြီ။

ရိုက်ခွင့် မကြုံလိုက်ပါဘူး။)

 

အဲလို အပင်တွေကို သေချာကြည့်တော့မှ တစ်ချို့အပင်က တစ်ပင်တည်းထီးထီးကြီး။

တချို့အပင်တော့ သူ့တစ်ပင်ထဲခြောက် ကျန်တဲ့အပင်တွေက စိမ်းစိမ်းစိုစို။

တစ်ချို့အပင်ကနှစ်ရင့်လို့ တဖြည်းဖြည်းခြောက်။

တစ်ချို့အပင်ကတော့ ငယ်ငယ်လေးနဲ့ခြောက်။

ကြည့်ရင်းကြည့် ရင်း သက်မဲ့သစ်ပင်တွေအဖြစ်အပျက်က ကျနော်တို့နဲ့တူလာသလိုလို

ထင်မိပါတယ်။

ကဲ ရသတစ်ခုတော့ ပေးမယ်ထင်ပါတယ်။

ခံစားကြည့်………………..လိုက်ပါအုံး.။

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

 

 

 

14 comments

  • ဒီအပင်တွေက အများကတော့ သစ်ခြောက်ပင်လို့ခေါ်ကြပါတယ်။
    ကျနော်ကတော့ သစ်အိုပင်လို့ဘဲ သတ်မှတ်ချင်ပါတယ်။
    ခြောက်သွားတာ မဟုတ်ဘဲ အိုသွားတာလို့ ခံစားရလို့ပါ။

  • etone

    February 9, 2012 at 11:11 am

    သစ်ခြောက်ပင်တွေကိုကြည့်ရင်း အထီးကျန်မှုကို ခံစားရတယ် … ။
    သစ်ခြောက်ပင်ကြီးကို အသက်ကြီးပြီး .. အိုမင်းမစွမ်းတော့တဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့ တင်စားကြည့်လျှင် …. မမြဲတဲ့ အနိစ္စသဘောကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်ရတယ် ။
    (သားတွေ ၊သမီးတွေ ၊ မြေးမြစ်တွေနဲ့ ရှာနိုင်ဖွေနိုင်တုန်း) အခက်လက်တွေ စည်ပင်စိမ်းစိုနေတုန်းကတော့….. နားခိုသူတွေ ၊ စားသုံးခူးစွပ်သူတွေ များပြီး …. အဆီရော၊အသားရောမရှိတဲ့အချိန်ကျမှ … တစ်ကိုယ်တည်းကျန်ခဲ့တာ… ရင်နာစရာပါပဲ … ။

  • ဟုတ်တယ် တမုံမုံရေ
    အကျပိုင်းကိုရောက်နေတဲ့ ကျနော်တို့အရွယ်တွေက ပိုလို့ခံစားရပါတယ်ဗျာ။

  • နွယ်ပင်

    February 9, 2012 at 12:42 pm

    လေးပေါက်ရဲ့ သစ်အိုပင်ကြီးတွေကြည့်ရတာ အထီးကျန်ခြင်းဆိုတဲ့
    ခံစားချက်ကို ရသွားတယ် …………

  • စိန်ပေါက်ပေါက်

    February 9, 2012 at 12:52 pm

    ကျမတို ့လဲ ဒီသစ်ပင်ကြီးတွေလို…ဝမ်းဒေး အိုကြရမှာပါပဲ
    အဲသလို အိုလာတဲ့အခါ ဒီသစ်အိုပင်ကြီးတွေလို ခြောက်ခြောက်သွေ ့သွေ ့နဲ ့ အထီးမကျန်ရအောင် သားသားမီးမီးလေးတွေ
    မွေးထားဖို ့လိုသလို..ဘိုးဘွားရိပ်သာကိုလဲ ဘွတ်ကင် လုပ်ထားဖို ့လိုပါတယ်..
    ဟုတ်ပါသလား အန်တီ ?

    • water-melon

      February 9, 2012 at 5:55 pm

      တောင်မရယ် အခြောက်လေသံနဲ့မပြောစမ်းပါနဲ့ဟယ်
      နင့်ကြောင့် ငါလည်း နည်းနည်းခြောက်ချင်နေပြီ
      နည်းနည်းစိုသွားအောင် ရေဖြန်းလိုက်

      • စိန်ပေါက်ပေါက်

        February 9, 2012 at 6:04 pm

        ဟုတ်ကဲ့ပါ အမရေ…
        ရေလန်းတဲ့အခါ ရေဖြန်းလိုက်ပါ့မယ်.
        ခုလို ရေချိုးဖို ့သတိပေးတာ ကျေးဇူးတင်ပါတယ်နော

        • water-melon

          February 9, 2012 at 6:24 pm

          ဒါကြောင့် ရွာထဲ အီးဆော် နံပါတယ်လို့
          နင့်ကြောင့်လား တောင်မ
          တူဂျီးတူမတောင် အီးဆော်နံလို့ နင့်နားမကပ်ရဲဘူး 😀

        • စိန်ပေါက်ပေါက်

          February 9, 2012 at 6:42 pm

          အောင်မာ..အောင်မာ
          ဒေါ်ပေါက်ကြီးကိုအားနာလို ့မပြောပဲနေမလို ့
          မပြောမပြီးမတီးမမြည်ဆိုသလို ညည်းလဲ ဖင်တုကြီးတပ်ပြီး လျှောက်လျှောက်မသွားနဲ ့ဦးဟဲ့
          မတော်
          ထောက်လှမ်းရေးလာတာတောင် ဝီစီမှုတ်ရမှန်း မသိပဲဖြစ်နေဦးမယ်
          သိရဲ့လား

  • ကျနော်က တော့ အလုပ်ရှုပ်ခံမွေးမထားဘူး။
    မိပေါက်ရေ
    ဆွဲစားလိုက်မှာဘဲ။
    သဘောပေါက်။

    • water-melon

      February 9, 2012 at 6:47 pm

      ဟဲ့ ညည်းသာ မရှိတဲ့ရင်ကို ပင့်ကော့်ပြီး လုပ်မနေနဲ့
      မပြောချင်လို့ကြည့်နေတာကြာပြီ
      ညည်းတော့ညည်း
      မောင်ပေကို စပါကလင်၊နွားနို့ တိုက်ပြီး ညည်းဆီလွှတ်လိုက်ရမလား

  • MaMa

    February 9, 2012 at 7:33 pm

    သစ်အိုပင်မှာလည်း သူ့အလှနဲ့သူလို့ ပြလိုက်သလိုပါပဲ။ 🙂

  • ကိုပေါက်ရေ ရသလေးတော့ပေးသွားပါပီ။ကျေးဇူးတင်ပါတယ်။ဒီသစ်ပင်တွေဟာ
    လောကကို အကျိုးပြုပြီးသေလွန်သွားကြသလို ကျနော်တို ့လဲ လူသားကောင်းကျိုး
    လေးတွေ ပြုနိုင်အောင် ကြိုးစားသင့်ပါပီလို ့

  • မှန်ပါတယ် မမနဲ့ အတိသဉ္စရေ

    အလှအပတို့ ရသတို့ဆိုတာ ကိုယ့်အနားမှာတင်ရှိနေတာပါ။
    မမြင်နိုင်တာက ကျနော်တို့ပါ။

Leave a Reply