မာနသောက
အဆိုးဧည့်သည်
ဤလူ့ ရွာမယ်
ရောက်လာလည်၍
သင့်ဝယ်မာန
ခက်ထန်ကလျှင်
တွေ့ ရမြင်သူ
အပူကူးစက်
ခံခက်လှဘိ
မရှိ ဒုက္ခ
ကြောင့်ကြဥစ္စာ
ဆင်းရဲပါမူ
ငါ့မှာသောက
ရင်ပူရသည်
တရားသဘော
မနောအသိ
ရှိကြတွေးမြင်
ဆင်ခြင်ကာမျှ
အလည်လာသည့်
ဧည့်ဆိုးကိုဖြင့်၊နှင်လွတ်တည်း။

aye.kk

About aye.kk

has written 246 post in this Website..