“ဧည့်ဆိုး”

aye.kkFebruary 5, 20121min551

မာနသောက
အဆိုးဧည့်သည်
ဤလူ ့ရွာမယ်
ရောက်လာလည်၍
သင့်ဝယ်မာန
ခက်ထန်ကလျှင်
တွေ ့ရမြင်သူ
အပူကူးစက်
ခံခက်လှဘိ
မရှိ ဒုက္ခ
ကြောင့်ကြဥစ္စာ
ဆင်းရဲပါမူ
ငါ့မှာသောက
ရင်ပူရသည်
တရားသဘော
မနောအသိ
ရှိကြတွေးမြင်
ဆင်ခြင်ကာမျှ
အလည်လာသည့်
ဧည့်ဆိုးကိုဖြင့်၊နှင်လွတ်တည်း။

One comment

  • darlay

    February 6, 2012 at 8:18 am

    အသိတရားလေးတခုကို… သတိထားမိသွားစေတဲ့အတွက်… ကျေးဇူးပါအမအေးရေ။ တန်ဖိုးကြိးတဲ့ကဗျာလေးလို့ ဆိုပရစေ။

Leave a Reply