မန်းလေး BarCamp 2012 မှာ ၅၀၀ဝ တန်ဖုန်း လှုပ်ရှားမှု့

kanjosanFebruary 6, 20121min15310

ကျင်းပလျှက်ရှိသော Mandalay BarCamp 2012 တွင် ၅၀၀ဝ တန်ဖုန်းရရှိရန် လှုပ်ရှားမှု့တစ်ခု ပြုလုပ်ခဲ့ပါသည်… ကြော်ငြာများတွင် ၅၀၀ဝ တန်ဆင်းကဒ် စတေကာများ လိုက်ကပ်ထားသည်ကို တွေ့ရသည်…

ဆက်သွယ်ရေးလုုပ်ငန်းတွေကိုု တချို့နိုုင်ငံတွေမှာ ပြည်သူပိုုင်ထားရချုင်းအဓိက က last mile ပြသနာကြောင့်ပါ… ဘယ်စီးပွားရေးလုုပ်ငန်းမှ ဝင်ငွေမရတဲ့ last miles တွေမှာရင်းနှီးမှာမဟုုတ်လိုု့ပါ…. အဲဒီအခါမှာနိုုင်ငံရေးပြသနာတွေရှိလာနိုုင်လိုု့ပါ..

last miles problem ကိုု ခဏမေ့ထားနိုုင်မယ်ဆိုုရင်တော့ ဈေးနည်းနည်းနဲ့ ဖြစ်နိုုင်ပါတယ်


မြန်မာနှင့် အိမ်နီးခြင်းနိုင်ငံများ၏ တယ်လီဖုန်း သုံးဆွဲနိုင်မှု့ကို ယှဉ်ကြည့်လျှင် တော်တော်နိမ့်ကျနေသည်ကို တွေရပါသည်… ဆက်သွယ်ရေးမှ လူကြီးမင်းများ ဒါတွေကို မသိဘူးလား မပြောတတ်ပါ…

ထိုင်း – လူ ၁ဝဝ တွင် ဖုန်း ၁ဝ၁ လုံး
မလေးရှား – လူ ၁ဝဝ တွင် ၁၂၁ လုံး
အင်ဒိုနီးရှား – လူ ၁ဝဝ တွင် ၉၂ လုံး
ကမ္ဘောဒီးယား – လူ ၁ဝဝ တွင် ၅၈ လုံး
လာအို – လူ ၁ဝဝ တွင် ၆၅ လုံး
စင်္ကာပူ – လူ ၁ဝဝ တွင် ၁၄၄ လုံး
မြန်မာ – လူ ၁ဝဝ တွင် ၁ လုံး

10 comments

  • kanjosan

    February 6, 2012 at 9:40 am

    ကနဦးချပေးမည့် ဂျီအက်စ်အမ်ဖုန်းလေးသန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၂၂ခုမှ ရင်းနှီးမြှုပ်နှံရန် ငွေကျပ် ၅ ဘီလီယံစီ အချိုးကျ ထည့်ဝင်ထားကြောင်း၊ တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်း သန်း၃ဝချပေးမည့် စီမံကိန်းကို ၂၀၁၅ခုနှစ် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ။´ ၎င်းသတင်းအရ ကုမ္ပဏီ တစ်ခုလျှင် ၅ဘီလီယံနှင့် ကုမ္ပဏီ ၂၂ခုအတွက် ၁၁ဝဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

    ၎င်းတို့က ဖုန်းတစ်လုံးကို ၃၀၀၀၀ဝနှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ပြန်ရမည်ဖြစ်သည်။ ၎င်းပမာဏကို ကုမ္ပတစ်ခုချင်းအချိုးကျပြန်ခွဲဝေလျှင် (ကျပ်- ငါးဆယ့်လေးဘီလီယံ) ကျော် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၅၀၀ဝ တန်ဖုန်းကိုသာခွင့်ပြုလိုက်ပါက ၎င်း ကုမ္ပဏီ ၂၂ ခု၏ အကျိုးအမြတ်နှင့် ဆက်သွယ်ရေး ဝန်ကြီးတို့၏ အကျိုးအမြတ်များ ထိခိုက်နစ်နာမည် ဖြစ်သဖြင့် အိုဟောင်းနေသော ဆက်သွယ်ရေး နည်းဥပဒေများကိုခုတုံးလုပ်ကာ ပြုလုပ်၍မဖြစ်နိုင်ကြောင်းတွင်တွင် ငြင်းဆိုနေကြခြင်း ဖြစ်ပေသည်။

    • htoosan

      February 6, 2012 at 11:00 am

      ခေါ်ဆိုခတွေ မပါသေးဘူးနော် ….

  • မိုက်ကယ်ဂျော်နီငပွ

    February 6, 2012 at 9:40 am

    အမှန်မှာဆို Sim Card ဆိုတာကတော့ သဘောအရ အလကားပေးတယ်တောင်ပြောလို့ရပါတယ်
    တစ်ခါတစ်လေကျတော့လည်း ကျုပ်ကနားလည်သလိုလိုဘာလိုလိုနဲ့
    လိုက်စောက်အော်နေဒါဘာဗျာ ( အမယ်လေးစက်စရာဂျီး )
    ကျုပ်လဲဘယ်သိမဒုန်း ကျောင်းမှမနေဘူးတာ
    ကျုပ်သိသလောက်က Sim Card တစ်ခုဝယ် ရရာ ဘာလို့ခေါ်သဒုံး
    မိုဘိုင်ဆိုလား အဲ့သည်ထဲကိုထည့်လိုက်ရင် ဆက်လို့ရတယ်ဟုတ်ဘူးလား
    တစ်ခါတစ်လေ ခင်ဗျားတို့ပြောနေတဲ့ ဟန်းဆက်ဆိုတာဘာလဲ
    ဆွဲခြင်းနဲ့ထည့်ပြီးသယ်သွားရတဲ့ ဟာကြီးလား
    ကျုပ်တော့မသိဘူး ကျုပ်သိသလောက်က Sim Card ရရင် ရရာဖုန်းတစ်လုံးထဲထည့်
    ငါ့မှာ ဖုတ်ရှိဒယ် ဒါလေးဘဲသိတာ
    နားလည်တဲ့ ဆြာကြီးတွေလည်း ကျုပ်တို့ကို မသိနားမလည်ရန်ဂေါဆိုပြီး
    စောက်သုံးမကျတဲ့ အစိုးမြင်ဝါဒတွေနဲ့ လာမလှောင်နေဂျဘာနဲ့
    တစ်ယောက် Sim Card တစ်ခုမဖြစ်နိုင်သေးသည့်တိုင်အောင်တောင်
    တစ်အိမ်ထောင် Sim Card တစ်ခုတော့ပစ်စလတ်ခတ် ရတန်ကောင်းပါရဲ့
    ကျုပ်တို့ရွာမှာဆို တစ်လုံးမှမရှိဘူး
    မရတော့လည်း တစ်ချိန်လုံး လက်ဝါးကြီးအုပ်လာတဲ့ လူမသားတွေကို ယှဉ်ပြိုင်လာတဲ့
    ပြိုင်ဖက်ဆိုတာကို ကျုပ်ကတော့ အားပေးတယ်
    ဒါ့ကြောင့်
    ချ

  • ကောင်းမြတ်သူ

    February 6, 2012 at 12:19 pm

    ပြည်သူတွေဆီကငွေတွေကို ဒီလိုနည်းတွေအသုံးချပြီး ပြည်ပအကြွေးတွေဆပ်ပေးမလို့လား။ သမ္မတကြီးကို ဘယ်လိုများ ဝိုင်းနားချထားကြလဲ။ ဒီငွေတွေကို ဒီနည်းနဲ့ရှာပြီး ကျွန်တော်တို့ကုမ္မဏီတွေက ထိုးဆပ်ပေးမယ် များပြောကြလားဗျာ… သူတို့နံမည်မခံပဲ တိုင်းပြည်နံမည်ခံပြီး ပြင်ပကငွေတွေချေး၊ ပြီးတော့ခွဲသုံး၊ (ဂုတ်သွေးစုတ်လို့) ရလာတဲ့ အကျိုးအမြတ်ကြပြန်မထည့်။ ဒီလိုသာဆက်သွားရင်တော့… ဒီနည်းတွေသာ ဆက်သုံးနေရင်တော့…….

  • စိန်ပေါက်ပေါက်

    February 6, 2012 at 12:57 pm

    အူးသိန်းစိန်ရေ..အူးသိန်းစိန်ရေ
    မြင်လား..မြင်လား..ဒီမှာကြည့်.

    ထိုင်း – လူ ၁ဝဝ တွင် ဖုန်း ၁ဝ၁ လုံး
    မလေးရှား – လူ ၁ဝဝ တွင် ၁၂၁ လုံး
    အင်ဒိုနီးရှား – လူ ၁ဝဝ တွင် ၉၂ လုံး
    ကမ္ဘောဒီးယား – လူ ၁ဝဝ တွင် ၅၈ လုံး
    လာအို – လူ ၁ဝဝ တွင် ၆၅ လုံး
    စင်္ကာပူ – လူ ၁ဝဝ တွင် ၁၄၄ လုံး
    မြန်မာ – လူ ၁ဝဝ တွင် ၁ လုံး တဲ့

    ကြားလို ့မှ ကောင်းကြသေးရဲ့လား အရပ်ဂဒို ့ရဲ့
    ဟိုအေလဘေးတွေ..ရိတ်နေကြတာ.ရိတ်နေကြတာ.
    ခုလဲ ရိတ်လို ့မဝသေးဘူး..
    သူရို ့ရင်းထားတဲ့ သုံးသိန်းတန်အတွက်ကုန်အောင်ရောင်းကြဦးမယ်
    နာရိုးမတားတွေ.သောက်ကျင့်မကောင်းဘူး…
    ဘယ်လောက်တောင် ထပ်ရိတ်ချင်နေကြလဲ မသိဘူး…
    အေဘေးတွေ.
    နင်တို ့ရိပ်လွန်းလို ့ ငါလဲစပင်တေင် ညှပ်စရာမလိုတော့ဘူး တောင်ဂတုံးဖြစ်နေဘီ
    စက်တွယ်ရေးကို ဖန်ပြီးတီးရိတ်နေတဲ့ကောင်တွေ..လခွီးပဲကွာ

  • kanjosan

    February 6, 2012 at 1:05 pm

    ဖုန်းတစ်လုံးကို ၃၀၀၀၀ဝနှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ရောင်းလို့ရရင် ဒီပိုက်ဆံတွေ ဘယ်သူတွေလက်ထဲ ရောက်မလဲဆိုတော့… ခရိုနီတွေလက်ထဲရောက်ပါမယ်… ဒီငွေတွေကို တကယ့်လိုတဲ့နေရာ ဆင်းရဲမှု့ပပျောက်ရေး နိုင်ငံတိုးတတ်ရေး.. ကျန်းမာရေး.. ပညာရေးတွေအတွက် သုံးမယ်ဆိုရင်… ဖုန်းကို ၃ သိန်းနဲ့ဝယ်ရလဲ တကယ်အကျိုးများပြီး ကုသိုလ်ရလို့ ဝယ်လိုက်ပါမယ်…
    ဒီဖုန်း ၃၀၀၀၀ဝ တန် ၄ သန်းစီမံချက်က ချမ်းသားပြီးသား ရှိပြီးသား နိုင်ငံကို ဂုတ်သွေးစုပ်အမြတ်ထုပ်တဲ့ ခရိုနီတွေလက်ထဲ.. အကျင့်ပျက်ခြစားတဲ့ ဆက်သွယ်ရေးက လူကြီးတွေလက်ထဲ ရောက်သွားရင် လုံးဝမဝယ်သင့်ဘဲ ဆန်ကျင်သနဒီဖုန်း ၃၀၀၀၀ဝ တန် ၄ သန်းစီမံချက်က ချမ်းသားပြီးသား ရှိပြီးသား နိုင်ငံကို ဂုတ်သွေးစုပ်အမြတ်ထုပ်တဲ့ ခရိုနီတွေလက်ထဲ.. အကျင့်ပျက်ခြစားတဲ့ ဆက်သွယ်ရေးက လူကြီးတွေလက်ထဲ ရောက်သွားရင် လုံးဝမဝယ်သင့်ဘဲ ဆန်ကျင်သင့်ပါတယ်…..

  • win win

    February 6, 2012 at 3:56 pm

    MPT= ဆက် တွယ် ရေး (ပြည်သူဆီမှ ဖြစ်ပါသည်။)

  • unclegyi1974

    February 10, 2012 at 10:53 pm

    အခြေအနေတွေသိပြီမို့
    သုံးသိန်းတန်ကိုသပိတ်မှောက်ကြမလား
    တယ်မထင်နော်
    အမှန်ကတကယ်ကိုတလုံးမှမဝယ်ပဲနေကြရင်သူတု်ိ့ဘာဆက်လုပ်ကြမလဲသိချင်လို်က်တာ

  • Lwin Aung

    February 11, 2012 at 10:34 am

    Actually, don’t buy with 300000 kyats . All are one side to stop buying , they must sell with zero kyat and call charges must reduce about 15 kyats compare to Lao, Cambodia.

Leave a Reply