ဈေးအကြီးဆုံးပို့စ်တစ်ခု…Meeninpwe photos

၅။၂။၁၂ တနင်္ဂနွေနေ့ညနေ ၄နာရီခွဲလောက်က လှိုင်မြို့နယ် ရွှာမကျောင်းလမ်းမှာ ရှိတဲ့

ဟိန္ဒူဘုရားကျောင်းမှာမီးနင်းပွဲ ပုံမှန်အတိုင်း ကျင်းပခဲ့ပါတယ်…တစ်ခါမှတကူးတက သွားမကြည့်

ဖြစ်ခဲ့ပေမဲ့..မနေ့ကတော့…စိတ်ကူးပေါက်ပီး..တကူးတကသွားဖြစ်ခဲ့ပါတယ်…ကျွန်တော့ရဲ့

ကင်မရာအစုတ်လေးနဲ့ပေါ့…လူတွေကလဲကြိတ်ကြိတ်တိုးပေါ့ဗျာ…အပေါက်ဝမှာဘိနပ်ချွတ်အပ်

ခဲ့ပီး မရမကအတင်းတိုးဝင်ခဲ့တယ်…ဒါတောင်ရှေ့ဆုံးထိမရောက်ဘူးဗျ..ကိုယ့်ရှေ့မှာလူနှစ်တန်း

လောက်ခံနေသေးတယ်…ဒါနဲ့ဘဲကျေနပ်လိုက်ရပီး…မမြင်ရတဲ့ကြာက..ကင်မရာကိုင်တဲ့

လက်နှစ်ဘက် အသားကုန်မြောက်ပီး ရသလောက်မှတ်တမ်းတင်ခဲ့ ရတယ်…ရှူ့စားအားပေး

တော်မူကြပါအုံး…အတင်ထားတဲ့ခေါင်းစဉ်နဲ့ပါတ်သက်ပီးပြောစရာကျန်ပါသေးတယ်…ဓါတ်ပုံ

တိုးရိုက်ပီး အိမ်အပြန်လမ်းရောက်မှ…ခါးကြားညှပ်ထားတဲ့ဖုန်းမရှိတော့တာသတိပြုမိတယ်…

ဒါနဲ့ ချက်ချင်းပြန်သွားပီးလိုက်ရှာတော့..ဘယ်လွယ်မလဲဗျာ..လူတွေကကြပ်ပိတ်ပီး..ကြည့်နေ

ကြတုံးဆိုတော့ နောက်ဆုံးလက်လျှော့ပီးပြ်နခဲ့ရတယ်..ဒါနဲ့အနီးဆုံး ဆင်ရေတွင်းကားဂိတ်

က ဖုန်းရုံကိုပြေးပီး ခေါ်ကြည့်တော့ ပထမတစ်ခါကိုငတော့်တယ်..စကားတခွန်း နှစ်ခွန်းဘဲပြော

ရသေးတယ်ဖုန်းကပြတ်သွာရော..နောက်ပိုင်းခေါ်သမျှတော့..လူကြီးမင်းနဲ့ဘဲတိုးနေတော့တယ်..

ဒီမနက်ပိုင်းခေါ်တော့ စက်ပိတ်ထားပါတယ်ကြီးဘဲ ဖြေနေတော့တယ်..ဘက်ထရီဘဲကုန်လား

တမင်ဘဲပိတ်ထားလားမပြောတတ်ပါဘူး…ပြောရရင်တော့ ဆုံးပီနဲ့တူပါတယ်..ဒါကြောင့်ဒီပို့စ်ကို

တင်ခဲ့သမျှထဲမှာ ဈေးအကြီးဆုံးပို့လို့ ပြောတာပါ….ဖုန်းကငါးသိန်းဖုန်းပါ။ ရွာသူသားတွေထဲက

တွေ့အကြုံရှိသူတွေ ဘာဆက်လုပ်ရမလဲအကြံပေးကြပါအုံး..

ခင်မင်လေးစားလျှက်..

ကြီးမိုက်။

(ဆောရီးဘဲဗျာ..ပုံတွေတစ်ပုံမှ တင်မရဘူးဖြစ်နေတယ်..ကွန်နက်ရှင်မကောင်းလို့..နောက်မှ

ထပ်ကြိုးစားပါမယ်)

 

9 comments

  • စိန်ပေါက်ပေါက်

    February 6, 2012 at 12:19 pm

    ကောင်းကောဗျာ
    ပျက်တွယ်ရေးကို အကြောင်းကြားပြီး ဖုန်းပိတ်ခိုင်းပြီး အသစ်ပြန်လျှောက်ရမယ်ထင်တယ်..
    ကျနော့ဘော်ဒါတစ်ယောက်ပျောက်တော့ တစ်ပုန်းလောက်ကုန်တယ်ပြောတယ်..

    သေချာတော့ မသိဘူး
    စိတ်မကောင်းပါဘူး..
    ငါးသိန်းတန် ပို ့စ်လေး အားပေးသွားပါတယ်..
    ငါးသိန်းတန် ဓာတ်ပုံပါ တင်ပါဦး

  • ချစ်ရင်ထူးနှစ်

    February 6, 2012 at 12:51 pm

    အစ်ကို်ယ့် ဖုန်းက CDMA လား၊ ရန်ကုန်ဖုန်းလား ၊ သေသေချာချာလေး ပြောပြပေးပါလား၊ကူညီနိုင်ရင် ကူညီလို့ရတာပေါ့၊ ဒါမှမဟုတ်ရင် တခြား CDMA ဖုန်းကနေ 166 ခေါ်ပြီးတော့ 2 ကိုနှိပ် ပြီးတော့ 4 ကိုနှိပ်လိုက်ပါ၊ အဲဒီကနေလဲ စုံစမ်းကြည့်နိုင်ပါတယ်၊
    စိတ်မကောင်းပါဘူးဗျာ၊ အမြန်ဆုံး ပြန်ရှာတွေ့ပါစေ
    မေတ္တာဖြင့်
    ချစ်ရင်ထူးနှစ်

  • weiwei

    February 6, 2012 at 1:40 pm

    ဖုန်းကတ်ပြန်လုပ်ခ ငါးသောင်းကျမယ် .. handset ကတော့ ဆုံးပြီသာမှတ်လိုက်ပေတော့ …

  • နွယ်ပင်

    February 6, 2012 at 2:00 pm

    မဝေပြောသလိုပါပဲ ဖုန်းကဒ်ပြန်လုပ်ခ 50000 သောင်း မြန်မြန်လိုချင်ရင် 80000 လောက်ကုန်တယ်
    handset ကတော့ အလှူလို့သာ သဘောထားလိုက်ပါတော့ ….

  • အမလေးဗျ။ဈေးတွေတက်ကုန်ပီပေါ့နော် ပို ့စ်ကလေ။ဟီးးးး

    ဖုန်းက ပြန်လျှောက်ရတော့မှာပါ။ငွေငါးသောင်းလောက်ကုန်မှာပါ။
    အရင်ကဆိုရင် တစ်သိန်းခွဲလောက်ကုန်တယ်လေ။

  • kyeemite

    February 6, 2012 at 4:25 pm

    ဖုန်းကရန်ကုန်ဖုန်းပါဗျာ…အပေါ်ကသတင်းမေး သတင်းပေးသူအားလုံး ကျေးဇူးကမ္ဘာပါ..
    ခုထိတော့ တစ်ချက်ကလေးအဆက်အသွယ်ရတယ်..ဘေးလူတစ်ယောက်ကပြောပေးနေပုံဘဲ..
    ဒါပေမဲ့ စကားမဆုံးခင် ဖုန်းပြန်ကျသွားပီးခေါ်မရတော့ပြန်ဘူး..

  • TNA

    February 6, 2012 at 4:28 pm

    ခေါ်ကြည့်ပြီးဈေးညှိကြည့်ပေါ့။သူဆက်သွယ်လာရင်ဈေးညှိ။ ညှိလို့မရရင်တော့မြန်မြန်ကဒ်ပိတ် လိုက်။ ကောင်းတာကတော့ကဒ်ပျောက်ပြန်လျှောက်တာက ရ သောင်းလောက်ပဲကုန်မယ်။ ဟန်းဆက်နဲ့ဆိုတော့ ၁ သိန်း ခွဲလောက်ကျမယ်ပေါ့။ ညှိကြည့်လို့ ၁ သိန်းနဲ့ပြန်ရလဲအလုပ် မရှုတ်တော့ဘူးပေါ့။ ကဒ်ပျက်ဆို ၃ ရက်လောက်ကြာပေမဲ့ ကဒ်ပျောက်ဆို ၁ ပတ်ကနေ ၂ ပတ်လောက်ကြာတတ်တယ်။

  • နေဝန်းနီ

    February 6, 2012 at 7:10 pm

    ဒါ့ပုံက ကော ဘယ်နှစ်ပုံရိုက်ခဲ့လဲ တော်တော်ဈေးကြီးတာပဲ…။ ဒါ့ပုံတွေကို ရွာထဲမှာ ကြည့်ခ ပွိုင့် ယူပြီးပြန်ပြစားပေါ့……….။ ဟီးးးးး နောက်တာ …..

  • ဆူး

    February 8, 2012 at 10:43 am

    ၅သိန်းတန် ပိုစ်လေးကို ဝင်အားပေးသွားပါတယ်။
    သတင်းကြားရတာ စိတ်မကောင်း ဖြစ်မိပါတယ်။

Leave a Reply