ရင်ခုန်ကင်းဝေး

“ရင်ခုန်………ကင်းဝေး………………”

ဒီနေ့ညနေအလုပ်ကနေအိမ်ပြန်ရောက်တော့ တီဗွီက အကယ်ဒမီအကြောင်းလာနေတာကိုတွေ့တော့

ထမင်းမစားသေးဘဲ ထိုင်ကြည့်နေလိုက်ပါတယ်။

ဆရာဦးကြည်စိုးထွန်းက နှစ်အလိုက်အကယ်ဒမီရတာလေးတွေကို တစ်နှစ်စီအလိုက် အသေအချာပြောပြနေတာကိုတွေ့ရတော့ စိတ်ထဲမှာဟိုအရင်ခေတ်က

အကယ်ဒမီနဲ့ပါတ်သက်တာတွေကို ပြန်သတိရမိပါတယ်။

ဟိုးအရင်ရုပ်ရှင်တွေခေတ်ကောင်းချိန်တုံးကဆိုရင် အကယ်ဒမီနီးပြီဆိုုတာနဲ့ စိတ်ထဲမှာရစေချင်သူကို

ပြောကြ ၊အချင်းချင်းလဲ ငြင်းကြနဲ့တကယ်ကို စိတ်ဝင်တစားနဲ့ရင်ခုန်စရာကောင်းလှပါတယ်။

အဲဒီအချိန်တုံးက တစ်နှစ်တစ်နှစ် ရုံတင်တဲ့ကားတွေကလဲ အများကြီး။

မင်းသားမင်းသမီး တွေ ဇာတ်ပို့တွေကလဲအများကြီး ။

ကျနော်တို့ ရုပ်ရှင်ချစ်သူတွေမှာလဲ ကိုယ်ကြည့်ဘူးတဲ့ကားထဲက သရုပ်ဆောင်တာကြိုက်တဲ့ မင်းသားမင်းသမီးတွေ ဇာတ်ပို့ဇာတ်ရံတွေကို ရစေချင်တာအမှန်ဘဲ။

အများအားဖြင့် တော့သရုပ်ဆောင် ကောင်းတာ မကောင်းတာထက်

ကိုယ်ချစ်တဲ့သူကို အကယ်ဒမီရစေချင်တာအမှန်ပါဘဲ။

 

အိမ်မှာ ကိုယ့်မိသားစုအချင်းချင်း

ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း

ဆရာ ဆရာမအချင်းချင်း

သူငယ်ချင်း အချင်းချင်း

အရပ်ထဲမှာလဲ အချင်းချင်း

အလုပ်ထဲမှာလဲအချင်းအချင်း

အဲတော့လဲ  ဒီပွဲမရောက်မခြင်း တစ်ယောက်နဲ့တစ်ယောက်ငြင်းကြရတာအမောပါဘဲ။

မောရုံတင်မက အရှိန်မြင့်သွားရင် စကားများကြစိတ်တွေကောက်ကြပေါ့။

ဒီအကယ်ဒမီအကြောင်း နဲ့ပြောကြဆိုကြ သဘောတူကြ သဘောကွဲလွဲကြနဲ့ အလုပ်ကိုဖြစ်လို့ပါဘဲ။

 

တကယ်အကယ်ဒမီပေးတဲ့ရက်ရောက်ရင်  ရေဒီယိုရှိတဲ့အိမ်မှာလူစုလို့နားထောင်ကြရပါတယ်။

နားထောင်ရင်းက ဟင်ကနဲဟာနဲဖြစ်လိုဖြစ်၊

လက်ခုပ်လက်ဝါးတီးလိုတီး၊

ကိုယ်ဘဲနားကြားလွဲသွားသလိုထင်လိုထင်၊

နောက်နေ့မနက်သတင်းစာလာမှဘဲ ဘယ်သူရတယ်ဆိုတာကို အတည်ပြုကြပါတယ်။

ဘယ်သူက ရသင့်တာ ဘယ်သူကတော့ မရသင့်ဘူး ဘယ်သူကတော့သနားပါတယ်ဆိုပြီး

ကိုယ်အမျိုးအဆွေတွေအကြောင်းပြောသလို ပြောနေကြတာ မပြီးနိုင်မစီးနိုင်။

ဒါကတော့ ရှေးကတီဗွီတွေ စလောင်ေးတွမပေါ်ခင်ကအဖြစ်အပျက်လေးတွေပါ.။

 

နောက်မြန်မာပြည်မှာတီဗွီတွေပေါ်လာတော့ ဒီလိုအကယ်ဒမီပေးတဲ့နေ့မျိုးမှာဆိုရင်

သတင်းလာချိန်ဆို တစ်သက်လုံးမဖွင့်တဲ့အိမ်ကတောင် တီဗွီဖွင့်ထားအောင်ဆွဲဆောင်မူ့အား

ကောင်းလွန်းလှပါတယ်။

တီဗွီကသတင်းထဲမှာ ထည့်ကြေငြာပေးတော့ မြင်လဲမြင်ကြားလဲကြားရဆိုတော့ အာသာပြေပါတယ်။

နောက်ပိုင်းမှာတော့  မြန်မာ့ရုပ်မြင်သံကြားကနေ အကယ်ဒမီပေးပွဲကို တိုက်ရိုက်လွှင့်ထုတ်ပေးတဲ့အထိ အဆင့်မြင့်လာပါတယ်။

ကြည့်တဲ့လူတွေကလဲပိုစိတ်ဝင်စားလို့ အဲလိုနေများဆိုရင် အလုပ်တွေတောင်စောစောသိမ်းခဲ့ကြပါတယ်။

အကယ်ဒမီဆုပေးပွဲကိုလာကြတဲ့ မင်းသားမင်းသမီး တွေရော ဇာတ်ပို့ဇာတ်ရံတွေရော တဝကြီးကိုမြင်ရတာပါ။

ဘယ်သူက ဘယ်လိုလှတာ ဘယ်လိုလေးဝတ်ထားတာကို လက်ညှိုးလေးတထိုးထုးိနဲ့ပြ

ရတာလဲအမောပါဘဲ။

အကယ်ဒမီဆုကြေငြာပေးတာကိုလည်း တိုက်ရိုက်မြင်ရတော့

အကယ်ဒမီရသူ မရလိုက်သူ

ထင်မထားဘဲရသူ မှန်းထားပြီးမှအလွဲကြီးလွဲသွား

သူတို့ရဲ့ လျှပ်တစ်ပြက်ပုံရိပ်တွေကို မြင်ရပါတယ်။

နောက်အကယ်ဒမီရတဲ့အခန်းတွေကို လည်းတစ်ခန်းခြင်းပြန်ပြပါလေရော။

အဲဒါတွေကို ကြည့်ပြီးတော့ ပရိသတ်တွေက တကယ်ရသင့်တယ် မရသင့်ဘူးဆိုတာ

တီဗွီကြည့်ရင်းကနေငြင်းလိုက်ခုန်လိုက်ကြတာနောက်နေ့ကူးသွားတာကို ဘဲ ပြန်ပြေလို့

မဝနိုင်လောက်အောင်ကိုဘဲအကယ်ဒမီနတ်ကဖမ်းစားတတ်ပါတယ်။

 

ဒီအကယ်ဒမီဆုပေးပွဲကို ဟိုရှေးရှေးက ရေဒီယိုကနားထောင်ရုံသက်သက်။

နောက်တော့ တီဗွီကလာတဲ့သတင်းမှာ အမြည်းပေးသလိုကြည့်ရ။

ဟောအခုခေတ်မှာတော့ အစအဆုံးတို်က်ရိုက် တဝကြီးကြည့်ရပါတယ်။

ဒီလိုတိုက်ရိုက်ပြကာမှ ထူးခြားတာလေးတွေကိုသိလာရပြန်ပါတယ်။

အကယ်ဒမီရမှ အိမ်ထောင်ကျနေတာ ကြာပေါ့လို့လူသိရှင်ကြားဖြစ်သွားတာ။

အကယ်ဒမီရမှ အားရပါးရလူကြားထဲအနမ်းခံလိုက်ရတော့ ပါးပြင်မှာ နုပ်ခမ်းနီရာတွေစွန်းသွားတာ။

အဲဒီကစလို့အကယ်ဒမီဆိုရင် ကျားကျားမမ လူအများရှေ့မှာ ပါးကို နမ်းပြကြတာ။

အကယ်ဒမီရမှ သရုပ်ဆောင်တာမဟုတ်ဘဲဝမ်းသာလို့မျက်ရည်အစစ်ကျတာ။

အကယ်ဒမီမရဘူးထင်ပြီးဖြစ်သလိုလာမှ အကယ်ဒမီကလာရနေတာ။

အကယ်ဒမီရမယ်ထင်ပြီး သဇင်ပန်းတွေဝေနေမှ အကယ်ဒမီနဲ့လွဲတာ။

အကယ်ဒမီရမယ်ထင်ပြီး ဧည့်ခံပွဲလုပ်ဘို့ စီစဉ်ထားပြီးမှ အကယ်ဒမီနဲ့လွဲသွားတာ။

အကယ်ဒမီရပြီးလို့ ဝမ်းသာစကားပြောမှ မာန်တွေတက်နေတာကိုမြင်ရတာ။

အကယ်ဒမီအတွက်ဝမ်းသာစကားပြောမှ ဝမ်းသာလွန်းပြီး အိုးနင်းခွက်နင်းဖြစ်နေတာ။

အကယ်ဒမီပွဲမှာ ဓါတ်ပုံဆရာတွေဟိုပြေးဒီပြေးနဲ့ဗျာများကြရတာ။

အကယ်ဒမီရသူကို ဇွတ်လိုက်နုတ်ဆက်လို့ ရိုက်သမျှ ဓါတ်ပုံမှန်သမျှထဲကိုယ်ပါအောင် လူလုံးပြတာ။

အကယ်ဒမီရသူကို ကြေငြာပေးသူက စကားမပြောတတ်တော့စိတ်မပါလက်မပါပုံပေါက်နေတာ။

အကယ်ဒမီရသူကိုအားလုံးစိတ်ဝင်စားအောင် ပြောသွားတာ။

(ကျနော်အကြိုက်ဆုံးကြေငြာသူကတော့  “တားတား စားချင်တာစားလို့ရပြီ”လို့ ကြေငြာသွားသူကိုပါဘဲ)

အကယ်ဒမီရသူတိုင်းပြောနေကျလိုဖြစ်နေတဲ့” ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်”

ဆိုတဲ့စကားကတော့ ကြားရသူနားထဲမှာကန့်လန့်ကြီးဝင်သွားသလိုခံစားရပါတယ်။

တစ်ချို့ကြပြန်တော့လဲ အဖေအမေထက်ချစ်တဲ့ မောင်မောင်ရယ်လို့တောင်စင်ပေါ်က ကြွယ်သွားတာမျုးိလဲရှိပါတယ်။

အကယ်ဒမီဆိုတာနဲ့ရင်ခုန်ရသူများကတော့ အကယ်ဒမီဗန်းကိုင်တဲ့မော်ဒယ်တွေပါဘဲ။

သူထက်ငါ လှသထက်လှ ယဉ်သထက်ယဉ်အောင်ပြင်ဆင်ရပါတယ်။

အနုပညာနယ်ကို ချဘို့ ခြေတစ်လှမ်းစရသူဆိုရင်လဲမမှားပါဘူး။

အကယ်ဒမီရသူတွေက ဘယ်အခန်းမှာဘယ်လိုသရုပ်ဆောင်တာကောင်းလို့ရတယ်ဆိုတာကို

လဲပြန်ပြတတ်တာ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာဘဲရှိမယ်ထင်ပါတယ်။

ငယ်ငယ်တုန်းကတော့ အကယ်ဒမီပွဲပြီးလို့ တမေ့တစ်ဆွေးနေမှ ဗဟိုသတင်းစဉ်က ပြမှ ကြည့်ရတာပါ။

အဲဒါကလဲ အားလုံးအစအဆုံးတော့လဲမဟုတ်ပြန်ပါဘူး။

သူပြချင်သလောက်ကလေးကို ရုပ်ရှင်မပြခင်နမူနာထိုးတဲ့နေရာမှာပြတာပါ။

အခုခေတ်မှာတော့ အကယ်ဒမီဆုကြေငြာပြီးတာနဲ့ တစ်ခါထဲ အကယ်ဒမီရသူရဲ့ အကောင်းဆုံးသရုပ်ဆောင်ကွက်တွေပြန်ပြပါတယ်။

အဲတော့လဲဘယ်လို သရုပ်ဆောင်လို့ အကယ်ဒမီရတယ်ဆိုတာ ပရိသတ်တွေသိလာပါတယ်။

ဒီလိုသိတော့နောက်ကားတွေအတွက် ခန့်မှန်းတတ်လာတာပါဘဲ။

ခန့်မှန်းတတ်တော့ ပိုရင်ခုန်ရတာပေါ့။

ကိုယ်မှန်းတာနဲ့လွဲတော့ လဲ စိတ်ဆင်းရဲရတာပေါ့။

တကယ်ပြောရရင်တော့ ဒါတွေက ရုပ်ရှင်ခေတ်ကောင်းစဉ်ကာလကပါ။

အရင်ကဆို တစ်နှစ်တစ်နှစ်ရုံတင်တဲ့ကားကလဲအများကြီး။

သရုပ်ဆောင်ကောင်းပါတယ်ဆိုတဲ့မင်းသားမင်းသမီး

ဇာတ်ပို့ဇာတ်ရံတွေကလဲအများကြီး။

အဲတော့ ခန့်မှန်းစရာလူကလဲအများကြီး။

အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ရုံကြီးကားတင်တာနည်းလာပါတယ်။

ဖလင်ရှားပါး ပါးတယ်ဆိုတဲ့ခေတ်ကထက်တောင်နည်းပါးလို့လာပါတယ်။

အားလုံးက လွယ်လွယ်ရိုက် လွယ်လွယ်ပြလို့ရတဲ့ ဗွီဒီယိုဘက်ကို ကူးသွားကြလို့ဆိုရင်လဲ

မမှားပြန်ပါဘူး။

အရင်က ရှေးမင်းသားမင်းသမီးကြီးများဆိုရင် တစ်နှစ်ထဲမှာကို ရိုက်ထားတဲ့ကားတွေအများကြီး

ထဲကမှ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် အကယ်ဒမီရွေးပေးရတော့ ဆင်ဆာလူကြီးမင်း

များလဲအတော်လေးကို အုံးစားခဲ့ကြမယ်ထင်ပါတယ်။

အကယ်ဒမီ နတ်ကြီးတယ်ဆိုရလောက်အောင် အကယ်ဒမီတစ်ခုပိုင်ဆိုင်နိုင်ဘို့ခက်ခဲလှပါတယ်။

တကယ်ကြိုးစားမှ တကယ်တော်မှ ဆိုတာတင်မလုံလောက်သေးဘဲသူများနဲ့ပြိုင်ရင်သာမှ

အကယ်ဒမီရနိုင်တာပါ။

အဲတော့လဲ အကယ်ဒမီဆု အများကြီးရဘို့ဆိုတာ တကယ်ခက်ခဲတာသိသာပါတယ်။

အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ပိုတော်လာတယ်လိုယူဆနိုင်ပါတယ်။

တစ်ယောက်ထဲကို အကယ်ဒမီ တရွှတ်ရွှတ်နဲ့ရနေကြတာ မျက်ဝါးထင်ထင်မြင်လို့သာယုံကြည်နိုင်ပါတယ်။

ရှေးခေတ်ကလို ရေဒီယိုက သာကြေငြာပေးရင်နားကြားလွဲတယ်တောင်ထင်ရလောက်အောင်

ကိုဆက်တိုက်ရကြတာပါ။

ဒီလူဒီလူဘဲထပ်လာတော့ ရုပ်ရှင်ကြည့်ပရိသတ်ကလဲ ဘယ်သူရမယ်ဆိုတာစိတ်ဝင်စားမူ့လျော့လို့

လာကြတာလဲအမှန်ပါဘဲ။

အဲတေ့ာပရိသတ်စိတ်ဝင်စားတာက ပြောင်းသွားပါတယ်။

အကယ်ဒမီဘယ်သူရမယ်ဆိုတာထက် အကယ်ဒမီပွဲတက်လာသူတွေဘယ်လိုအလန်းဇယားဖွင့်

လာတယ်ဆိုတာကိုပိုအာရုံရောက်ပါတော့တယ်။

ပရိတ်သတ်အာရုံစိုက်တော့ မိန်းကလေးတွေသာမက ဘဲ ယောကျာ်လေးတွေပါ အဆန်းထွင်

လို့ဆင်ယင်နေကြတာကတော့ အများမြင်တဲ့အတိုင်းပါဘဲ။

ပရိတ်သတ်ကတော့ အကယ်ဒမီနီးတာနဲ့ မရဘူးသေးသူကို ရစေချင်လို့အသံတွေထွက်လာပါတယ်။

အကြားရဆုံးအသံကတော့ မပွတ်ကျွတ်လေးကိုရစေချင်လို့ ဆုတောင်းပေးတဲ့အသံပါဘဲ။

မြန်မာ့ရုပ်ရှင်လောကမှ နာမည်ကျော်ပေမယ့် အကယ်ဒမီမရဘူးသူ သရုပ်ဆောင်မင်းသားကြီးများလဲ

ရှိခဲ့ဘူးပါတယ်။

အထင်ကရပြောရရင် ကျော်ဆွေ တွံတေးသိန်းတန် ဇော်ဝမ်း တို့ပါဘဲ။

ပရိတ်သတ်က ကြိုက်လဲကြိုက် ချစ်လဲချစ် သရုပ်ဆောင်လဲကောင်းပေမယ့် အလွဲကြီးလွဲသူပေါ့။

အကယ်ဒမီကို မှန်းပေးတဲ့အထဲမှာ ကျနော်လဲပါဘူူးတာပါဘယ်။

အတိအကျကိုလွဲတာပါ နှစ်ခါတောင်မှ.

သင်္ကြန်မိုးမှာတစ်ခါ ဒဏ္ဍာရီမှာတစ်ခါ ဇင်ဝိုင်းကိုရစေချင်မိတာပါ။

နောက်ထူးခြားတာလေးကတော့ အကယ်ဒမီရတဲ့ကားတွေကြည့်လိုက်ရင် သနားစရာဇာတ်ကောင်အခန်းမှာသရုပ်ဆောင်သူတွေဘဲရတာများပါတယ်။

ထူးထူးခြားခြား လိုပြောရရင် အလွမ်းအဆွေးမပါဘဲသွက်သွက်လက်လက်သရုပ်ဆောင်လို့

ရဘူးသူကေတော့ ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်ကားက ခင်သန်းနုပါဘဲ။

ဒီအကယ်ဒမီရွေးချယ်သူ အဖွဲ့ရဲ့ မူဝါဒကလဲ လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်စနစ်အပေါ်မှာ

မူတည်လို့ပြောင်းလဲသွားတတ်ပါတယ်။

ဒါပေမယ့်အများအားဖြင့်ကတော့ မိဘမေတ္တာဘွဲ့တွေ အခြေခံလူတန်းစားကိုအရင်းခံတဲ့

သနားစရာဇာတ်ကောင်တွေမှာဘဲရလေ့ရှိပါတယ်။

လူကြမ်းမင်းသားဘဝနဲ့နေသူ အံ့ကျော်…………ဘယ်သူပြိုင်လို့လှပါတော့နိုင်မှာအလွမ်းသယ်လို့ရခဲ့ပါတယ်။

ဟာသမင်းသားလို့နာမည်ကြီးတဲ့စိန်မြင့် အဖေတစ်ခုသားတစ်ခုမှ အလွမ်းဇာတ်နဲ့

ရခဲ့ပါတယ်။

အကယ်ဒမီလောကမှာထူးခြားတယ်လို့ပြောနိုင်တဲ့ ဟာသကားထဲမှာ

ခပ်ရှုပ်ရှုပ်ဇာတ်ရုပ်နေရာက အကယ်ဒမီရဘူူးသူကတော့ တစ်ယောက်ထဲဘဲရှိဘူးပါတယ်။

အခုလက်ရှိအချိန်မှာတော့ တစ်နှစ်တစ်နှစ်ရုံတင်တဲ့ကားနည်းတည်းလေးတဲမှာ အင်မတန်မှ

ကိုနည်းပါးလှတဲ့သရုပ်ဆောင်ကိုဘဲ ရွေးရတော့ အပြိုင်အဆိုင်နည်းလှတဲ့အကယ်ဒမီဆိုတော့

ရုပ်ရှင်ချစ်ပရိသတ်အတွက်ကတော့

………………………………………………………………………………………….။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

 

 

 

16 comments

  • water-melon

    February 7, 2012 at 8:07 am

    အကယ်ဒမီဆိုတာ ခုခေတ်မှာ အလာပသလာပ ဖြစ်သွားပြီ
    မရခင်ထဲက သိတော့ ဘာထူးမှာလဲနော့
    ရင်တုန်ကင်းဝေး ဆိုရင်ဂိုးရော့ဘဲသောက်တယ် 😀

  • ချစ်ရင်ထူးနှစ်

    February 7, 2012 at 8:47 am

    ဟုတ်ပါ့ မဖရဲ ရေ … ကြိုပြီးသိနေတာကြီးကတော့ မကောင်းပါဘူး..
    ကိုပေါက်ရေ ကျွန်တော်တို့ကတော့ TV မကြည့်ဖြစ်တာကြာပြီဗျာ..
    စလောင်းက လာတာတွေပဲ ကြည့်ဖြစ်နေတယ်
    မြန်မာကား တို့ သတင်း တို့ဆိုရင် မကြည့်ကို မကြည့်ချင်တော့တာ
    ဘာမှန်းကိုမသိဘူး
    ပြောပြန်ရင်လဲ ချစ်ရင်ထူးနှစ် လွန်ရာကျဦးမယ်..

    • water-melon

      February 7, 2012 at 8:59 am

      မဖရဲမဟုတ်ပါဘူး
      ကိုဖရဲတော့လုပ်ပါ ကိုချစ်ရင်ထူးနှစ်ရေ
      ငါတော့ လုံးရာက ပြားတော့မယ် 😀
      ပြားလည်း ကိစ္စတော့ သိပ်မရှိ
      ရွာထဲက မယ်ပေါက်ဖော်နဲ့ အကယ်ဒမီမှာ ဗန်းသွားကိုင်မယ် :mrgreen:

      • inz@ghi

        February 7, 2012 at 9:04 am

        မဖျဲ ဆိုလို့ ဝင်မန့်မလို့ ရှိသေး…
        အဟီး …နီ ..ကံကောင်းလို့

        ပုံ
        နှူးဘာဂီ

      • ချစ်ရင်ထူးနှစ်

        February 7, 2012 at 12:44 pm

        မတိရို့ဘာနော် မဖရဲ အဲလေ ကိုဖရဲ.. 🙂

  • htoosan

    February 7, 2012 at 8:53 am

    ဦးပေါက်ရေ .. စင် အပြင်အဆင်နဲ့တစ်ကွ အားပေးသူများ ၊ Lighting ၊ Digital Mappint ၊ Projector ၊ ကောဇောနီများနဲ့ ပြီးခဲ့တဲ့ နှစ်များနှင့် မတူ တစ်မူထူးခြားစွာ တင်ဆက်ပြမယ် ဆိုတော့ ဒီညနေ ၅နာရီက စလို့ အားပေး လိုက်ဦးပေါ့ ။
    အဝေးရောက်နေသူများ အလွမ်းပြေ အားပေးလို့ရအောင် MRTV 3 ( Myanmar International) ကလည်း တိုက်ရိုက်ထုတ်လွှင့်သွားပါမယ်တဲ့ ။ ၇-၂-၂၀၁၂ မြန်မာစံတော်ချိန် ၅ နာရီလို့ ကြားမိပါသည် ။ GMT 10:30 နာရီဖြစ်ပါမည်။

  • Diamond Key

    February 7, 2012 at 10:07 am

    ကိုပေါက်ရဲ့ ………… ရင်ခုန်ကင်းဝေး အကယ်ဒမီပေးပွဲမှာ …
    ကျွန်တော်ကတော့ ……………. “ကိုယ်ရရင် ရနေမှာ ဆိုပြီး အမှန်တကယ် ရင်ခုန် နေပါတယ် ” ။ 😀
    နော်ရရင် ကိုပေါက်ကြီးကို ကော်ဖီတိုက်မယ် …. ဘာလို့လည်းဆိုတော့ … မနေ့က Ph မှာ Super Coffee က မင်းသား၊ မင်းသမီး နဲ့ ဒါရိုက်တာ ဆုမှန်ရင် ဆုပေးမယ်ဆိုလို့ … SMS လေးပို့ ထားတာ ပြောတာပါဗျာ :mrgreen:

  • TTNU

    February 7, 2012 at 10:12 am

    ဒီနှစ်ဓာတ်ပုံအကယ်ဒမီကိုပရိတ်သတ်မှန်းထားတာကတော့
    မန ္တလာပေါက်၊ရွှေမန်းစိန်ကီး၊ ရန်ကုန်လုလင်၊ မန်းရွှေမင်းသား၊ မဟာရန်ကုန်မဲချော၊
    ဂျပန်ဖားသက်ပြင်းတို့ပါပဲ။

    ဆုရတဲ့သူ ကိုယ့်ဆွေမျိုးပါပဲ။
    ညနေ TV ရှေ ့ ထိုင်ချင်ပေမဲ့ အလုပ်ရှိသေးတယ်။
    ကိုပေါက်ရေ… ကျေးဇူးတင်စကားကို မာမီလာမှပြောနော်။ 😛

    • pooch

      February 8, 2012 at 12:43 am

      လေးပေါက် ကျေးဇူးတင်စကားပြောရင် တိုတိုပဲ ပြောနော် အရှည်ကြီး ပြောရင် အနော်တို့က အိပ်ငိုက်တတ်တယ် ။ တော်ကြာ ကျေးဇူးစကား အရှည်ကြီး ပြောလို့ဆိုပြီး မယ်ပေါက်ဖော်က စင်ပေါ်တက်ပြီး လင်ပန်းကြီးနဲ့ လာထုနေအုန်းမယ် ။ 😀

  • စိန်ပေါက်ပေါက်

    February 7, 2012 at 11:59 am

    ပြောရရင် သများတော့ မြန်မာကားတွေမှာ ဟာသကလွဲ၍ အပီအပြင်ရိုက်တဲ့ကား တစ်ကားမှမကြိုက်
    အပီအပြင်ရိုက်ကြမှ တလွဲတွေဖြစ်လို ့..ပေါက်ကရလောက်ပဲကြည့်တယ်..
    ရချင်တဲ့လူရ
    မရချင်တဲ့လူနေ..
    သများမှန်မှန်သောက်နေရဖို ့အရေးကြီးတယ်..
    ဒါနဲ ့
    သဂျီးကော..
    သများတို ့ကို အကယ်ဒမီပေးဘူးလားဟင်..
    အကယ်ဒမီ ပေး..ပေး..မပေးပေး.ပါ..သဂျီးတူမပေးရင် ကျေနပ်ပါပြီ

  • Thel Nu Aye

    February 7, 2012 at 1:32 pm

    အကယ်ဒမီကလဲသူ့ကြည့်ရတယ်မထင်ရဘူး။ ကြေငြာကြည့်နေရတယ်မှတ်တာပဲ။ အကယ်ဒမီပွဲကမင်းသား မင်းသမီးပြတာနဲနဲကြေငြာထဲကမင်းသားမင်းသမီးကြည့်ရတာများများမို့အရင်ကလိုအကယ်ဒမီပေးပွဲကို ရင်မခုန်ချင်တော့ပါဘူး။

  • etone

    February 7, 2012 at 3:52 pm

    မနှစ်ကစပြီး အကယ်ဒမီကို ရင် မခုန်တော့ဘူး .. စကာတင်စာရင်းမှာ .. အပျော်တမ်းဟာသကားတွေအတော်များများ ပါလာကတည်းကပဲ … ။ ပင်လယ်ကမ်းခြေကို ဗဟိုပြုပြီး ရိုက်တဲ့ ကားတွေ ၊ မင်းသမီးနဲ့ မင်းသားက ပေါတောတောရယ်စရာလုပ်ပြတဲ့ ကားတွေကို အကယ်ဒမီ စကာတင်စာရင်းထဲ ဘယ်လို အချက်တွေနဲ့ … ထည့်လိုက်သလဲ … တွေးရင်း နားမလည် ဖြစ်မိပါတယ် ။

  • အကယ်ဒမီမှီအောင်တင်ပေးလိုက်တာ ။
    အခုအကယ်ဒမီပေးပွဲအခုတင်ထို်င်ကြည့်လာတာ တကယ်လဲရင်မခုန်ရတော့ပါဘူး။
    ထူးခြားတာကလူကြားထဲမှာ မိန်းမက ယောက်ျား လေး ပါးနမ်းတာ မြန်မာဓလေ့ထုံးစံ
    ထဲမှာ တရားဝင်ထည့်ရတော့မယ်ထင်တာဘဲ။

  • MaMa

    February 7, 2012 at 10:15 pm

    ကိုပေါက်ရေ- ကော်ဖီမစ်ထုပ်မှာ အကယ်ဒမီမှန်းပြီး ဖြည့်ပေးရတဲ့ လပ်ကီးဒရော ထည့်ပေးတာရတော့ ဘာကားတွေပြပြီး ဘယ်မင်းသားမင်းသမီးတွေ ရိုက်နေမှန်းကို မသိတော့ ဖြည့်ကို မဖြည့်လိုက်ရဘူး။ ကိုယ်တင် မသိတာလားဆိုပြီး အလုပ်က ကောင်လေးတွေ၊ ကောင်မလေးတွေ မေးကြည့်တော့ သူတို့လည်း မသိဘူးတဲ့။ 🙁

  • ကိုယ်ကဘဲ နောက်ကျန်နေတာလား
    ခေတ်ကဘဲ ရှေ့ရောက်လွန်းနေတာလားလို့
    တွေးမိတိုင်း………………………………………….

  • unclegyi1974

    February 10, 2012 at 10:21 pm

    ကိုပေါက်ကျန်ခဲ့တာသေချာပါတယ်
    ၁၉၇ဝကျော်ကတည်းကအကယ်ဒမီဆိုတာမူနဲ့ပေးတာဆိုတော့
    အခုကစပြီးအမှန်တကယ်ရသင့်သူရတော့မယ်ထင်ပါတယ်

Leave a Reply