1 ပညာသင်ရမယ့်အရွယ်မှာတောင်းစားဘို့အခိုင်းခံနေရတဲ့ကလေးတွေ

2 မကြောက်မရွှံ့ကားနားလေးကို ဇွတ်အတင်းကပ်တောင်းတာပါ

3 မပေးဘူးဆိုရင်လဲမရ ဇွတ်

“အဖြည့်ခံ………..အနင်းခံ”

 

မန်းလေး 35လမ်း ကုန်းကျော်အရှေ့ဘက်မီးပွိုင့်မှာ။

26ဘီလမ်း လမ်း80ကမီးပွိုင့်မှာ ။

ကလေးပေါက်စနကို လူမမယ်ကလေးတို့

အပျိုပေါက်ကောင်မလေးတွေတို့က ခါးထစ်ခွချီထား။

မီးနီလို့ရပ်နေတဲ့ကားတွေနားကပ်ပြီး ဇွတ်ပိုက်ဆံတောင်း။

မောင်းလာတဲ့ယာဉ်တွေက သူတို့ကိုကြည့်ရှောင်။

တကယ်စိတ်ပျက်စရာကောင်းလှပါတယ်။

 

ဗြုန်းကနဲကြည့်ရင်တော့ ဒီကလေးတွေကို အပြစ်မြင်စရာ။

သူ့တို့ကိုဘဲ စိတ်ပျက်စရာ အမြဲတွေ့နေရတာကိုး။

တကယ်တော့ ဒီကလေးတွေရဲ့မိဘတွေက ခိုင်းတာဖြစ်သလို

ဒီကလေးတွေကို နေ့စားနဲ့အငှားပြန်ချသလိုချထားတာလဲရှိပါတယ်။

သူ့တို့နောက်ကွယ်မှာ ထိန်းချုပ်တဲ့လူတွေရှိပါတယ်။

တကယ်ပပျောက်စေချင်ရင် ဒီကလေးတွေကို ဖမ်းဆီးလိုက်ရုံနဲ့မပြီးပါဘူး။

ဒီကလေးတွေလာချိန် ပြန်ချိန်ကိုစောင့် ပြီး သူတို့နောက်ကွယ်ကလူကို

မိအောင်လိုက်မှ အရင်းထိရောက်မှာပါ။

ကျနော်တို့ သတင်းဓါတ်ပုံတွေပေးတာက

အပေါ်ယံမှာရှိနေတဲ့ လူမြင်ကွင်းမှာရှိနေတဲ့လူ

(လူမမယ်တွေ၊ဝန်ထမ်းတွေ၊လက်ခွဲချဲဒိုင်တွေ)ကိုအပြစ်ရစေချင်တာမဟုတ်ပါဘူး။

သူုတို့နောက်ကွယ်မှာရှိနေ ထိန်းချုပ်နေတဲ့လူကို မိအောင်ရှာပြီး အမြစ်ပါ ပါစေချင်တာပါ။

ကျနော်တို့က သတင်းတစ်ခုပေးလိုက်ရင် အဆုံးထိပါအောင် နှိုက်နိုင်စေချင်ပါတယ်။

အဓိက ကတော့ အားလုံးကို ကောင်းစေချင်တာပါဘဲ။

ကောင်းဘို့အတွက်က အပေါ်ယံသပ်ချနေလို့ကတော့ အလကားပါဘဲ။

အမြစ်ကပါနုတ်ပစ် သင့်တယ်လို့ ယုံကြည်ပါတယ်။.

 

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့နဲ့ အတွေးပါးပါး

(7-2-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။