သတ္တဝါတွေအပေါ်သနားကြင်နာစိတ်ကြီးမားသည့်…
ကျမအလွန်လေးစားရသည့်… ဘကြီးနှင့်ပတ်သက်သည့်
တွေ ့ကြုံခဲ့ရသည့်ဗဟုသုတလေးအပေါ် စာဖတ်သူတို့သိရှိနိုင်စေရန် ရေးသားဖော်ပြလိုပါသည်။
ကျမငယ်ငယ်တုံးကဖြစ်ပါသည်၊ဘကြီးတို့အမေကနံနက်ဆိုလျှင် ဖီးကြမ်းငှက်ပျောသီး အားမီးဖုတ်ပြီး ကျမတိုခန္ဓာကိုဖွင့်ဖြိုးတိုးတက်ရန်လိုအပ်သည်ဟု ဆိုခါနံနက်တိုင်းပင် အမြဲတစ်စေခေါ်ယူကျွေးမွေးလေ့ ရှိပါသည်။ ကျမကဘကြီးအိမ်ရှေ့အုတ်ခုံလေးတွင် ငှက်ပျောသီးဖီးကြမ်းမီးဖုတ်အား ထိုင်စားလေ့ရှိတတ်ပါသည် ထိုအချိန်တွင် အပျံသင်စစာကလေးငှက်များ အမှတ်မထင်ပြုတ်ကျလာခြင်းများ ရှိပါသည်။ ကျမကတွေ ့မြင်လျှင်မကိုင်ရဲပါ ၊ ဘကြီးအားခေါ်ယူကာပြပါသည် ။ ဘကြီးကပြုတ်ကျလာသည့် အပျံသင်စစာကလေးအား တစ်ကိုယ်လုံးဒဏ်ရာ ရမရသေချာစွာ ကိုင်တွယ်ကြည့်ပြီး ဒဏ်ရာရသည်ကိုမြင်လျှင် ဒဏ်ရာရသည့်နေရာအား နနွင်းမှုန့်လေးအား ရေစပ်စပ်ကလေး ပြစ်အောင်ပြုလုပ်ပြီး လိမ်းပေးကာပတ်တီးစသေးသေးလေး အသာစီးပေးပြီး ဘကြီးတို့အိမ်ခေါင်မိုး၌ အုန်းခွံဖြင့်ပြုလုပ်ထားသည့် ငှက်အိမ်လေးတွင်ပြန်ထည့်ကာ ထားပေးရှာပါသည်။ ဘကြီးအားငှက်အိမ်လေး ပြုလုပ်ထားရသည့် အကြောင်းအား မေးမြန်းလျှင်စာကလေးကသတ္တဝါငယ်မျိုးဖြစ်၍ အသိုက်ပြုလုပ်ရန်မတတ်စွမ်းသာ တွေ ့သည့်နေရာတွင် ဖြစ်သလိုနေထိုင်ကြသည်။ ဆောင်းဆိုလျှင်အအေးဒဏ်ခံစား ကြရသည်၊သူတို့အား နွေးနွေးထွေးထွေး နေနိုင်ရန်အုန်းခွံအိမ်လေးပြုလုပ်ထားပေးရခြင်း ဖြစ်သည်ဟုရှင်းပြပါသည် ။
ညနေခင်းချိန်လေးတွင်၊ဘကြီးတို့အိမ်ရှေ ့အုတ်ခုံလေးတွင် ကျမအမြဲထိုင်လေ့ရှိတတ်ပါသည်။ ဘကြီးကသူမွေးထားသော ခွေးလေးအားညနေခင်းရောက်တိုင်း ထမင်းနှင့်ဟင်းဖြင့် အသေအချာကျကျနန နယ်ကျွေးလေ့ရှိပါသည်၊တစ်ခါတစ်ရံဆားထည့်ဘို့မေ့ပါက ကျမအားမီးဖိုချောင်တွင်ဆားအား စတီးဇွန်းသေးလေးဖြင့်ခပ်ယူခိုင်းတတ်ပါသည် ခွေးသတ္တဝါကအရသာနည်းနည်းလေးထားပေးပါက သူတို့ပိုစား၍ဝင်သည်ဟု ကျမအားပြောပြပါသည် ။ ငါးဟင်းဖြင့်ကျွေးသည့်အခါတွင်လည်း အရိုးအားလုံးဝမပါစေရန်နွင်ပြီးမှသာကျွေးလေ့ရှိပါသည် ။ ကျမကတစ်ခါတွင်ဘကြီးအား အိမ်ကခွေးများအား အမဲရိုးနုများဖြင့် ကျွေုးကာကိုက်မရသည့် အရိုးဆိုလျှင်တော့ပန်းကန်ထဲမှာ ချန်ထားတာတွေ ့ကြောင်းပြောပြဘူးပါသည် ။ ဘကြီးအားအရိုးနွင်ကျွေးသဖြင့်မေးမိလျှင် ဘကြီးကရှင်းပြဘူးပါသည် ။ တစ်ခါတွင်သူ၏မိတ်ဆွေဖြစ်သူသည် ခွေးအားအရိုးမနွင်ပဲကျွေးမိခြင်း ကြောင့်ခွေးမှာ၎င်း၏အာခံတွင်းဝ လည်ချောင်းအနီး၌ အရိုးစူးသွားသဖြင့်ခွေးမှာ တညလုံးပင်အော်ဟစ်လူးလိမ့်ငြီးငြူနေရရှာသည် ။ သခင်လည်းမနေနိုင်ရကာ တိရိစာ္ဆန်ဆရာဝန်နှင့်သွား၍ အရိုးအားထုတ်ခိုင်းလျှင် လူ၏ခန္ဓာကိုယ်ကဲ့သို့မဟုတ် တိရိစာ္ဆန်ခန္ဓာကိုယ်ဖြစ်ကာ သတ္တဝါကိုသနားသဖြင့် မရွံမရှာနှင့်ထုတ်ရသည် ။ ခွေးရော၊သခင်ရော၊ဆရာဝန်ပါ စိတ်ဒုက္ခရောက်ကြရရှာသည် ။ ခွေးကနာကျင်စွာခံစားရ သဖြင့်သခင်လည်းငရဲကြီးရသည်ဟု ပြောပြပါသည် ။ သတ္တဝါကသူကိုယ်တိုင် စူးနေသောအရိုးအားမည်သို့ ပြုလုပ်ထုတ်ပစ်တတ်မည်နည်း ။ ထုတ်ခြင်းငှာမတတ်စွမ်းနိုင် ကိုယ်ချင်းစာတရားထားရှိကာ ကျွေးရခြင်းဖြစ်သည်ဟုပြောပြပါသည်။ တဆက်တည်းဆုံးမသည်မှာ သတ္တါဝါအား ငှက်ကနှုတ်သီးရှည်၍ ပန်းကန်ပြားနှင့်ကျွေးက မစားတတ်သကဲ့သို့ မြေခွေးအားရေထည့်သည့်ခွက် ကန်တော့ခွက်ရှည်အပေါက်ဝအကျဉ်းနှင့် ထည့်ကျွေးပါက မြေခွေးကငှက်လောက်နှုတ်သီးမျှမရှည်
သဖြင့်သူမစားတတ်ချေ ။ ထိုသို့ပြုလုပ်ကျွေးက ကျွေးသည့်သူမှာ ကုသိုလ်မရ ငရဲသာရသည် ။သ္မီးတို့ဖတ်စာသင်္ခန်းစာတွင်ပါရှိသည် အတုယူတတ်ရမည်။ဒါတွေဟာသ္မီးတို့အား အလကားထည့်သင်ရခြင်းမဟုတ် မှတ်သားနာယူတတ်ရန်သင်ကြားထားခြင်းဖြစ်
သည်ဟုပြောပါသည်။ ဗဟုသုတအဖြစ်ထပ်မံပြောပြသည်မှာ အိမ်မွေးသတ္တဝါတို့အား ဖက်ရွက်၊ကြမ်းပြင်ပေါ်တို့တွင်ဖြစ်သလိုချမကျွေးရန် သံသရာမှာကိုယ်ကတိရစာ္ဆန်အဖြစ်ရောက်ရှိနိုင်သည် ကိုယ်ကစိတ်ထားကောင်းကောင်းမွန်မွန်ဖြင့် ကျွေးမွေးပါလျှင် တိရစာ္ဆန်ဖြစ်လျှင်တောင် ကိုယ်ပြုထားသောကုသိုလ်ကံစေတနာအဟုန်ကြောင့် သူဌေးအိမ်တွင်ဖြစ်ရသည်။ ကောင်းမွန်စွာဖြင့် နေထိုင်စားသောက်ရနိုင်သည်ဟုရှင်းပြပါသည်။ ဘကြီးပြောပြသည့်စကားအား ကျမကနာယူမှတ်သားမိပါသည်။
ကျမတို့နေသောနေအိမ်တွင် ပုရွက်ဆိတ်ကလေးများပေါများသဖြင့် အမေကစားသောက်စရာထည့်သည့် ကြောင်အိမ်ဘီဒိုအောက်ချေတိုင်ရင်းများ၌ ရေနံစိမ်း၊ရေနံဆီတို့အား အင်ဒုံခွက်လေးများဖြင်ခံကာထားပါသည်။ ကျမတို့မောင်နှမတွေက ထိုအနံ့မခံနိုင်သဖြင့် အမေ့အားနံလွန်းလှသည်ဟုပြောဆိုမိဘူးပါသည်။ အမေကနံရင်လည်းမတတ်သာပါ ၊ ပုရွက်ဆိတ်မတက်ဘို့ကအရေးကြီးသည်ဟုပြောပါသည်။ ကျမကဘကြီးအိမ်တွင်ထိုသို့ပြုလုပ် ထားခြင်းရှိမရှိသွား၍ကြည့်ကာမေးမြန်းမိဘူးပါသည်၊ ဘကြီးအိမ်တွင်ထိုသို့ပြုလုပ်ထားခြင်း မရှိသည်ကိုတွေ့မြင်ရ ့လျှင်ကျမကအလွန်အံ့ဩမိပါသည်။ပုရွက်ဆိတ်က ဘကြီးတို့အိမ်မှာမတက်
ဘူးလားဟုမေးမိပါသည် ။ဘကြီးကပုရွက်ဆိတ်များသည် အချိုကြိုက်သည် အချိုရှိရာသူတို့ဘာသာဘာဝအရ သိရှိနိုင်သည်ရောက်အောင်လာတတ်သည်ဟု
ပြောပါသည်၊ပုရွက်ဆိတ်၊ပိုးဟပ်အစရှိသည် ပိုးမွားကောင်တို့က အမှုန့်အနံ့တို့အားနှစ်သက်ခြင်း မရှိအမှုန့်အနံ့ဆိုပါက ထုံးမှုန့်၊မြေဖြူမှုန့်၊ပေါင်ဒါမှုန့်၊ ဆနွင်းမှုန့်အစရှိသည်တို့၏အနံ့ကိုသူတို့ ကြောက်ကာဝေးဝေးရှောင်ကြသည်၊ ရေနံဆီအနံ့၊ရေနံဆိမ်းအနံ့၊ဓတ်ဆီ၊ဒီဇယ်ဆီအစရှိသည်.အနံ့ပြင်းသည့် အနံ့များကိုလည်းမခံနိုင်ကြဟုပြောပြပါသည်။ ဘကြီးကသူ့အိမ်ပုရွက်ဆိတ် မတက်ရခြင်းမှာ စားစရာထည့်သည့် ကြောင်အိမ်ဘီဒိုအောက်ချေတွင် ဆနွင်းမှုန်ုု့အား အသက်ခုနှစ်ချက်အောက်ခါ ဖြူးထား၍သာမလာခြင်းဖြစ်သည် ။ ဆနွင်းမှုန့်ကကြာတော့အနံ့ပြယ်သည် ၊ အမှိုက်လှဲသည့်အခါမျိုးတွင်ပါသွား၍ သ္မီးမမြင်ရခြင်းသာဖြစ်သည်ဟုပြောပါသည် ။ ပုရွက်ဆိတ်က ဆနွင်းမှုန့်အားအလွန်ပင်ပင်ကြောက်သည်၊ ဆနွင်းမှုန့်ကအနံ့အလွန်ပြင်း၍ဖြစ်သည် ဟုနားလည်အောင်ပြောပြပါသည်။ ဆနွင်းမှုန့်အား အသက်ခုနှစ်ချက်အောက်ကာ မိမိထားလိုသည့် နေရာတို့၌ဖြူးထားပါက မလာနိုင်ကြောင်းပြောပါသည်။
အဘယ်ကြောင့်အသက်ခုနှစ်ချက်အောက်၍ ထားရသည်ဆိုလျှင် ရှေးလူကြီးသူမတို့ပြောပြသည်ကို လက်တွေ ့ဓမ္မဓိဌာန်ကျကျ ပြုလုပ်ကြည့်မိခြင်းသာဖြစ်သည်ဟုပြောဆိုပါသည်။ တကယ်လည်းပုရွက်ဆိတ်ရန်ကကင်းဝေးသည်ဟုဆိုခါပြောပြပါသည်။ သတ္တဝါတွေအားမသတ်ရသဖြင့် ငရဲကင်းလွတ်သည်။ ဘကြီးကဘုရားရှိခိုးလျှင်ငါးပါးသီလခံယူကာ ကျင့်ဝတ်အားစောင့်ထိန်းသည်။ ပုရွက်ဆိတ်ကိုမြင်လျှင်မနင်းမိအောင် သတိထားသည်ဟု ကျမအားပြောပြခဲ့ပေတော့သတည်း..။
(ဝေဖန်ထင်မြင်ချက်များအားတောင်းခံအပ်ပါသည်)

About aye.kk

has written 247 post in this Website..