သနားတတ်သည်

aye.kkFebruary 6, 20121min1707

သတ္တဝါတွေအပေါ်သနားကြင်နာစိတ်ကြီးမားသည့်…
ကျမအလွန်လေးစားရသည့်… ဘကြီးနှင့်ပတ်သက်သည့်
တွေ ့ကြုံခဲ့ရသည့်ဗဟုသုတလေးအပေါ် စာဖတ်သူတို့သိရှိနိုင်စေရန် ရေးသားဖော်ပြလိုပါသည်။
ကျမငယ်ငယ်တုံးကဖြစ်ပါသည်၊ဘကြီးတို့အမေကနံနက်ဆိုလျှင် ဖီးကြမ်းငှက်ပျောသီး အားမီးဖုတ်ပြီး ကျမတိုခန္ဓာကိုဖွင့်ဖြိုးတိုးတက်ရန်လိုအပ်သည်ဟု ဆိုခါနံနက်တိုင်းပင် အမြဲတစ်စေခေါ်ယူကျွေးမွေးလေ့ ရှိပါသည်။ ကျမကဘကြီးအိမ်ရှေ့အုတ်ခုံလေးတွင် ငှက်ပျောသီးဖီးကြမ်းမီးဖုတ်အား ထိုင်စားလေ့ရှိတတ်ပါသည် ထိုအချိန်တွင် အပျံသင်စစာကလေးငှက်များ အမှတ်မထင်ပြုတ်ကျလာခြင်းများ ရှိပါသည်။ ကျမကတွေ ့မြင်လျှင်မကိုင်ရဲပါ ၊ ဘကြီးအားခေါ်ယူကာပြပါသည် ။ ဘကြီးကပြုတ်ကျလာသည့် အပျံသင်စစာကလေးအား တစ်ကိုယ်လုံးဒဏ်ရာ ရမရသေချာစွာ ကိုင်တွယ်ကြည့်ပြီး ဒဏ်ရာရသည်ကိုမြင်လျှင် ဒဏ်ရာရသည့်နေရာအား နနွင်းမှုန့်လေးအား ရေစပ်စပ်ကလေး ပြစ်အောင်ပြုလုပ်ပြီး လိမ်းပေးကာပတ်တီးစသေးသေးလေး အသာစီးပေးပြီး ဘကြီးတို့အိမ်ခေါင်မိုး၌ အုန်းခွံဖြင့်ပြုလုပ်ထားသည့် ငှက်အိမ်လေးတွင်ပြန်ထည့်ကာ ထားပေးရှာပါသည်။ ဘကြီးအားငှက်အိမ်လေး ပြုလုပ်ထားရသည့် အကြောင်းအား မေးမြန်းလျှင်စာကလေးကသတ္တဝါငယ်မျိုးဖြစ်၍ အသိုက်ပြုလုပ်ရန်မတတ်စွမ်းသာ တွေ ့သည့်နေရာတွင် ဖြစ်သလိုနေထိုင်ကြသည်။ ဆောင်းဆိုလျှင်အအေးဒဏ်ခံစား ကြရသည်၊သူတို့အား နွေးနွေးထွေးထွေး နေနိုင်ရန်အုန်းခွံအိမ်လေးပြုလုပ်ထားပေးရခြင်း ဖြစ်သည်ဟုရှင်းပြပါသည် ။
ညနေခင်းချိန်လေးတွင်၊ဘကြီးတို့အိမ်ရှေ ့အုတ်ခုံလေးတွင် ကျမအမြဲထိုင်လေ့ရှိတတ်ပါသည်။ ဘကြီးကသူမွေးထားသော ခွေးလေးအားညနေခင်းရောက်တိုင်း ထမင်းနှင့်ဟင်းဖြင့် အသေအချာကျကျနန နယ်ကျွေးလေ့ရှိပါသည်၊တစ်ခါတစ်ရံဆားထည့်ဘို့မေ့ပါက ကျမအားမီးဖိုချောင်တွင်ဆားအား စတီးဇွန်းသေးလေးဖြင့်ခပ်ယူခိုင်းတတ်ပါသည် ခွေးသတ္တဝါကအရသာနည်းနည်းလေးထားပေးပါက သူတို့ပိုစား၍ဝင်သည်ဟု ကျမအားပြောပြပါသည် ။ ငါးဟင်းဖြင့်ကျွေးသည့်အခါတွင်လည်း အရိုးအားလုံးဝမပါစေရန်နွင်ပြီးမှသာကျွေးလေ့ရှိပါသည် ။ ကျမကတစ်ခါတွင်ဘကြီးအား အိမ်ကခွေးများအား အမဲရိုးနုများဖြင့် ကျွေုးကာကိုက်မရသည့် အရိုးဆိုလျှင်တော့ပန်းကန်ထဲမှာ ချန်ထားတာတွေ ့ကြောင်းပြောပြဘူးပါသည် ။ ဘကြီးအားအရိုးနွင်ကျွေးသဖြင့်မေးမိလျှင် ဘကြီးကရှင်းပြဘူးပါသည် ။ တစ်ခါတွင်သူ၏မိတ်ဆွေဖြစ်သူသည် ခွေးအားအရိုးမနွင်ပဲကျွေးမိခြင်း ကြောင့်ခွေးမှာ၎င်း၏အာခံတွင်းဝ လည်ချောင်းအနီး၌ အရိုးစူးသွားသဖြင့်ခွေးမှာ တညလုံးပင်အော်ဟစ်လူးလိမ့်ငြီးငြူနေရရှာသည် ။ သခင်လည်းမနေနိုင်ရကာ တိရိစာ္ဆန်ဆရာဝန်နှင့်သွား၍ အရိုးအားထုတ်ခိုင်းလျှင် လူ၏ခန္ဓာကိုယ်ကဲ့သို့မဟုတ် တိရိစာ္ဆန်ခန္ဓာကိုယ်ဖြစ်ကာ သတ္တဝါကိုသနားသဖြင့် မရွံမရှာနှင့်ထုတ်ရသည် ။ ခွေးရော၊သခင်ရော၊ဆရာဝန်ပါ စိတ်ဒုက္ခရောက်ကြရရှာသည် ။ ခွေးကနာကျင်စွာခံစားရ သဖြင့်သခင်လည်းငရဲကြီးရသည်ဟု ပြောပြပါသည် ။ သတ္တဝါကသူကိုယ်တိုင် စူးနေသောအရိုးအားမည်သို့ ပြုလုပ်ထုတ်ပစ်တတ်မည်နည်း ။ ထုတ်ခြင်းငှာမတတ်စွမ်းနိုင် ကိုယ်ချင်းစာတရားထားရှိကာ ကျွေးရခြင်းဖြစ်သည်ဟုပြောပြပါသည်။ တဆက်တည်းဆုံးမသည်မှာ သတ္တါဝါအား ငှက်ကနှုတ်သီးရှည်၍ ပန်းကန်ပြားနှင့်ကျွေးက မစားတတ်သကဲ့သို့ မြေခွေးအားရေထည့်သည့်ခွက် ကန်တော့ခွက်ရှည်အပေါက်ဝအကျဉ်းနှင့် ထည့်ကျွေးပါက မြေခွေးကငှက်လောက်နှုတ်သီးမျှမရှည်
သဖြင့်သူမစားတတ်ချေ ။ ထိုသို့ပြုလုပ်ကျွေးက ကျွေးသည့်သူမှာ ကုသိုလ်မရ ငရဲသာရသည် ။သ္မီးတို့ဖတ်စာသင်္ခန်းစာတွင်ပါရှိသည် အတုယူတတ်ရမည်။ဒါတွေဟာသ္မီးတို့အား အလကားထည့်သင်ရခြင်းမဟုတ် မှတ်သားနာယူတတ်ရန်သင်ကြားထားခြင်းဖြစ်
သည်ဟုပြောပါသည်။ ဗဟုသုတအဖြစ်ထပ်မံပြောပြသည်မှာ အိမ်မွေးသတ္တဝါတို့အား ဖက်ရွက်၊ကြမ်းပြင်ပေါ်တို့တွင်ဖြစ်သလိုချမကျွေးရန် သံသရာမှာကိုယ်ကတိရစာ္ဆန်အဖြစ်ရောက်ရှိနိုင်သည် ကိုယ်ကစိတ်ထားကောင်းကောင်းမွန်မွန်ဖြင့် ကျွေးမွေးပါလျှင် တိရစာ္ဆန်ဖြစ်လျှင်တောင် ကိုယ်ပြုထားသောကုသိုလ်ကံစေတနာအဟုန်ကြောင့် သူဌေးအိမ်တွင်ဖြစ်ရသည်။ ကောင်းမွန်စွာဖြင့် နေထိုင်စားသောက်ရနိုင်သည်ဟုရှင်းပြပါသည်။ ဘကြီးပြောပြသည့်စကားအား ကျမကနာယူမှတ်သားမိပါသည်။
ကျမတို့နေသောနေအိမ်တွင် ပုရွက်ဆိတ်ကလေးများပေါများသဖြင့် အမေကစားသောက်စရာထည့်သည့် ကြောင်အိမ်ဘီဒိုအောက်ချေတိုင်ရင်းများ၌ ရေနံစိမ်း၊ရေနံဆီတို့အား အင်ဒုံခွက်လေးများဖြင်ခံကာထားပါသည်။ ကျမတို့မောင်နှမတွေက ထိုအနံ့မခံနိုင်သဖြင့် အမေ့အားနံလွန်းလှသည်ဟုပြောဆိုမိဘူးပါသည်။ အမေကနံရင်လည်းမတတ်သာပါ ၊ ပုရွက်ဆိတ်မတက်ဘို့ကအရေးကြီးသည်ဟုပြောပါသည်။ ကျမကဘကြီးအိမ်တွင်ထိုသို့ပြုလုပ် ထားခြင်းရှိမရှိသွား၍ကြည့်ကာမေးမြန်းမိဘူးပါသည်၊ ဘကြီးအိမ်တွင်ထိုသို့ပြုလုပ်ထားခြင်း မရှိသည်ကိုတွေ့မြင်ရ ့လျှင်ကျမကအလွန်အံ့ဩမိပါသည်။ပုရွက်ဆိတ်က ဘကြီးတို့အိမ်မှာမတက်
ဘူးလားဟုမေးမိပါသည် ။ဘကြီးကပုရွက်ဆိတ်များသည် အချိုကြိုက်သည် အချိုရှိရာသူတို့ဘာသာဘာဝအရ သိရှိနိုင်သည်ရောက်အောင်လာတတ်သည်ဟု
ပြောပါသည်၊ပုရွက်ဆိတ်၊ပိုးဟပ်အစရှိသည် ပိုးမွားကောင်တို့က အမှုန့်အနံ့တို့အားနှစ်သက်ခြင်း မရှိအမှုန့်အနံ့ဆိုပါက ထုံးမှုန့်၊မြေဖြူမှုန့်၊ပေါင်ဒါမှုန့်၊ ဆနွင်းမှုန့်အစရှိသည်တို့၏အနံ့ကိုသူတို့ ကြောက်ကာဝေးဝေးရှောင်ကြသည်၊ ရေနံဆီအနံ့၊ရေနံဆိမ်းအနံ့၊ဓတ်ဆီ၊ဒီဇယ်ဆီအစရှိသည်.အနံ့ပြင်းသည့် အနံ့များကိုလည်းမခံနိုင်ကြဟုပြောပြပါသည်။ ဘကြီးကသူ့အိမ်ပုရွက်ဆိတ် မတက်ရခြင်းမှာ စားစရာထည့်သည့် ကြောင်အိမ်ဘီဒိုအောက်ချေတွင် ဆနွင်းမှုန်ုု့အား အသက်ခုနှစ်ချက်အောက်ခါ ဖြူးထား၍သာမလာခြင်းဖြစ်သည် ။ ဆနွင်းမှုန့်ကကြာတော့အနံ့ပြယ်သည် ၊ အမှိုက်လှဲသည့်အခါမျိုးတွင်ပါသွား၍ သ္မီးမမြင်ရခြင်းသာဖြစ်သည်ဟုပြောပါသည် ။ ပုရွက်ဆိတ်က ဆနွင်းမှုန့်အားအလွန်ပင်ပင်ကြောက်သည်၊ ဆနွင်းမှုန့်ကအနံ့အလွန်ပြင်း၍ဖြစ်သည် ဟုနားလည်အောင်ပြောပြပါသည်။ ဆနွင်းမှုန့်အား အသက်ခုနှစ်ချက်အောက်ကာ မိမိထားလိုသည့် နေရာတို့၌ဖြူးထားပါက မလာနိုင်ကြောင်းပြောပါသည်။
အဘယ်ကြောင့်အသက်ခုနှစ်ချက်အောက်၍ ထားရသည်ဆိုလျှင် ရှေးလူကြီးသူမတို့ပြောပြသည်ကို လက်တွေ ့ဓမ္မဓိဌာန်ကျကျ ပြုလုပ်ကြည့်မိခြင်းသာဖြစ်သည်ဟုပြောဆိုပါသည်။ တကယ်လည်းပုရွက်ဆိတ်ရန်ကကင်းဝေးသည်ဟုဆိုခါပြောပြပါသည်။ သတ္တဝါတွေအားမသတ်ရသဖြင့် ငရဲကင်းလွတ်သည်။ ဘကြီးကဘုရားရှိခိုးလျှင်ငါးပါးသီလခံယူကာ ကျင့်ဝတ်အားစောင့်ထိန်းသည်။ ပုရွက်ဆိတ်ကိုမြင်လျှင်မနင်းမိအောင် သတိထားသည်ဟု ကျမအားပြောပြခဲ့ပေတော့သတည်း..။
(ဝေဖန်ထင်မြင်ချက်များအားတောင်းခံအပ်ပါသည်)

7 comments

  • ဦးဦးပါလေရာ

    February 6, 2012 at 10:22 am

    ဘာသာရေးရှုဒေါင့်မပါပဲပြောရရင်
    တိရစ္ဆာန်ဆိုစေဦး သက်ရှိချင်းအဖြစ် သင့်တင့်တဲ့လေးစားမှု့တော့ ထားရှိသင့်ပါတယ်။
    အဲဒီတိရစ္ဆာန်ကို pet အဖြစ် ၊ ဒါမှမဟုတ် အသုံးပြုဘို့အဖြစ်မွေးထားပြီဆိုလျှှင်တော့-
    အဲဒါ ကိုယ့်အတူနေအဖေါ်ဖြစ်သွားပါပြီ။
    ပိုလို့တောင် အလေးထားဘို့သင့်ပါတယ်။

    ကြီးမြင့်တဲ့ စိတ်ထားပိုင်ရှင်တွေဟာ ကြင်နာတဲ့ နှလုံးသားပိုင်ရှင်တွေလဲ ဖြစ်ပါတယ်။

  • windtalker

    February 6, 2012 at 2:25 pm

    ဆရာမင်းသိင်္ခ ရဲ ့အရေးအသားအရဆိုရင် ၊ သတ္တဝါ အပင် သက်ရှိမှန်သမျှ ကို ဘယ်ဟာမှ မဖျက်ဆီးရဘူးတဲ့ ။ သဘာဝတရား ရဲ ့ဖန်တီးမှု တွေ ကို ပေါ့ဗျာ ။ ဖတ်ဖူးတာ ပြောတာပါ နော ။

  • စိန်ပေါက်ပေါက်

    February 6, 2012 at 4:15 pm

    အန်တီအေးစာဖတ်မိမှ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်
    ကျနော် ထမင်းစားရင် ပုဂံကိုင်ပြီး ဟိုသွားလိုက်.ဒီပတ်လိုက်နဲ ့ လျှောက်စားတတ်တော့
    အနံ ့ရပြီး လာလာတောင်းတဲ့ ကြောင်ဆို ရောက်တဲ့နေရာ ပစ်ကျွေးခဲ့မိတယ်..တစ်ခါတလေ ဖုံတွေသဲတွေနဲ ့
    ကြောင်ခမျာ စားရတယ်….
    ခွေးကျွေးရင်လဲ ပစ်ကျွေးလိုက်တာပဲ..ဟီ..ဟီး..
    စေတနာပါပါနဲ ့ အန်တီအေးဘကြီးပြောသလို ကျွေးနိုင်အောင် ဆင်ခြင်ဦးမှပါပဲဗျာ

  • amatmin

    February 6, 2012 at 5:13 pm

    ပုရွက်ဆိတ် နှင်နည်းလေးတော့သဘောကျသွားပါတယ် အန်တီအေးရေ..
    ပရုတ်လုံးလေးတွေတော့ သုံးဖူးတယ် မနိုင်ဘူးဗျ.
    ကပေါက်ဖော်လိုပဲ ကြောင်လေးတွေကိုကြုံလို့အစာကျွှေးတိုင်း.ဖြစ်သလိုပဲမို့ ဒါလေးတွေပြင်အုံးမှပဲ..
    အန်တီအေးစာတိုင်းမှာ သိမှတ်စရာလေးတော့ အမြဲပါတော့ ဂွတ်ရှယ်ပါပဲခင်ဗျ..
    ကြွှက်ပြေးနည်းလေး ရှိရင်လည်း တကယ့်ကို.သိချင်သားခမျာ့..

  • aye.kk

    February 7, 2012 at 4:01 am

    ဦးဦးပါလေရာ,ကိုပေ….မှန်ပါတယ်ပြောပြပါရစေ။
    စိန်ပေါက်ပေါက်,ဝမ်းသာမိပါတယ်။
    amatmin,ကြွက်ဖြူမွေးကကြွက်မဲပြေးပါသည်။

  • Khin Latt

    February 7, 2012 at 5:03 am

    အစ်မအေး – အစ်မရဲ့ အတွေ့အကြုံတိုင်းမှာ မှတ်စရာကျန်ပါတယ်။
    ကျေးဇူးပါနော်။
    အစ်မ ရဲ့ဝန်းကျင်က လူကြီးတွေ အားလုံး က စံပြတွေဘဲနော်။
    အစ်မတို့ ကံကောင်းတာပေါ့။
    ကျွန်မ လဲ ငယ်ငယ် က အိမ်နောက်မှာ မိုးရွာထဲမှာချမ်းလို့ အော်နေတဲ့ ခွေးပေါက်လေးတွေကို ညမှောင်ကြီး သယ်ပြီး မီးဖိုကချောင်ထဲမှာ ဂုံနီအိတ်တွေခင်းပြီး အဲဒီပေါ်မှာ ထားဘူးတယ်။
    နောက်ဆုံး ခွေးမကြီး ကိုပါ ထည့်ထားလိုက်တယ်။ ခွေးတွေက နံတော့နံတယ်။
    နောက်နေ့တော့ ခွေးလေးတွေ အတွက် အမိုးအကာလေး ရအောင်လုပ်ပေးလိုက်တယ်။
    ဒီလိုမျိုး ကောင်းမှု အများကြီးမလုပ်ခဲ့ဘူးပါဘူး၊
    ဒါပေမဲ့ အဲဒီညလေးမှာ ခွေးလေးတွေ နွေးနွေးထွေးထွေး အိပ်သွားကြတာ ပြန်တွေးတိုင်း အချိန်မရွေး စိတ်မှာ အရမ်းပီတိဖြစ်တယ်။
    အစ်မ စာလေးတွေကို အမြဲ စောင့်အားပေးနေပါတယ်။
    ချစ်ခင်စွာဖြင့်
    မလတ်

    PS – အစ်မရေ နနွင်းဖြူးချိန် အသက်အောင့်ရတာ အမှုန့်တွေ နှခေါင်း ထဲ ဝင်မှာစိုးလို့ များလား.။တွေးကြည့်တာ။ 🙂

  • aye.kk

    February 7, 2012 at 5:50 am

    မလတ်ရေ…စာရေးရင်းသတ်ပုံတွေမှားသွားတယ်။
    ဆနွင်းမှုန့်ကိုအသက်ခုနှစ်အောင့်ကာဖြူးရခြင်းကရှေးလူကြီးသူမတွေရဲ ့လျှို ့ဝှက်ချက်ပါပဲ။
    ကိုယ့်ရဲ ့အသက်ကိုခဏတာမျှအောင့်ထားရခြင်းက၊မိမရဲ ့စိတ်ကို်ပျံ့လွင့်မှုမရှိစေပဲ
    စိတ်အာရုံတခုတည်းကိုသာစုစည်းလိုတဲ့အတွက်…
    သတ္တဝါကိုဘေးရန်ကင်းစေချင်တဲ့ဆန္ဒတစ်ခုတည်းဖြစ်စေဘို့ဆိုတဲ့
    ရည်ရွယ်ချက်နဲ့သာပြုလုပ်ခြင်းဖြစ်ပါတယ်။
    တစ်ခြားအန္တရယ်ပြုနိုင်တဲ့သတ္တဝါတွေကိုမိမိတတ်ကျွမ်းတဲ့ဂါထာမန္တာန်
    တခုခုရွတ်ဆိုပြီးပြုလုပ်ရင်လည်းအသက်ခုနှစ်ချက်အောင့်ပြီးမှသာပြုလုပ်ရပါတယ်။
    အရင်ကသီလရှိပြီးသားလူတွေလုပ်ကြည့်တာဆိုတော့…
    ကျမတို့လုပ်ကြည့်ရင်သီလခံဘို့တော့လိုမယ်ထင်ပါတယ်….။

Leave a Reply