Valentine’s Day ဆိုတာ ချစ်သူများ ဘဝပုံအပ်တဲ့ နေ့ မဖြစ်စေချင်ပါ။

black chawFebruary 6, 20121min19349

ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ဟာ ချစ်သူများနေ့ (Valentine’s Day) ပါတဲ့။
မြန်မာပြည်ထဲကို ဘယ်လို ပုဂ္ဂိုလ်က တင်သွင်းလာခဲ့တယ်မသိပါ။
အခုလိုအချိန်မှာတော့ လူငယ်စုံတွဲတွေအတွက် အမှတ်တရနေ့လေးတစ်နေ့ ဖြစ်နေခဲ့ပါပြီ။
ချစ်သူမဖြစ်သေးသူ အီစီကလီ မောင်မယ် များကလည်း Valentine’s Day မှာ အဖြေရအောင် ကြိုးစားကြ။
ချစ်သူဖြစ်ပြီးသူ မောင်မယ်များကလည်း Valentine’s Day မှာ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ဖလှယ်ကြ။
အမှတ်တရ ကဒ်လေးတွေ အပြန်အလှန်ပို့ကြ။
ချစ်သူစုံတွဲတွေကလည်း Valentine’s Day ကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာ ပလန်တွေ ကိုယ်စီနဲ့ ပေါ့လေ။
Valentine’s Day အမှတ်တရ လက်ဆောင်အရောင်းဆိုင်တွေကလည်း တော်တော် များများကြီးကို ရှိနေခဲ့ပါပြီ။
အဲဒီ Valentine’s Day ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာ စိတ်ဝင်စားတာနဲ့ လေ့လာကြည့်မိပါတယ်။
အရင်က Valentine’s Day ဆိုတာ ခရစ်ယာန် သာသနာအတွက် အသတ်ခံခဲ့ရတဲ့ ဘုန်းတော်ကြီး Valentine အတွက် ရည်ရွယ်ကျင်းပတဲ့ နေ့လေးတစ်နေ့ ပါတဲ့။ ဒီနေ့လေးဟာလည်း ခရစ်ယာန် ဘုန်းတော်ကြီးတွေကို ရည်ရွယ်ပြီး ကျင်းပခဲ့တာသာ ဖြစ်ပါတယ်တဲ့။ ဒီနေ့ မြန်မာပြည်မှာတော့ Valentine’s Day ဆိုတာ ချစ်သူစုံတွဲတွေအတွက် အထိမ်းအမှတ် နေ့လေးတစ်နေ့ ဖြစ်နေခဲ့ပါပြီ။ ထားပါတော့။
ပြောချင်တာက Valentine’s Day ယဉ်ကျေးမှု တဖြည်းဖြည်း အားကောင်းလာလိုက်တာ သမီးမိန်းကလေး မွေးထားတဲ့ မိဘများအတွက် မျက်ခုံးလှုပ်စရာ နေ့လေးတစ်နေ့ ဖြစ်နေခဲ့ပါပြီဗျာ။
ကောင်လေးတွေက ကောင်မလေးတွေကို Valentine’s Day ကတုံးလုပ်ပြီး ဟော်တယ်တွေ၊ တည်းခိုခန်းတွေကို ခေါ်သွားနေကြတာ ထုံးစံကြီးတစ်ခုလို ဖြစ်လာပါပြီ။ ဘေးထွက်ဆိုးကျိုးတွေပေါ့။
တော်ကြာ ချစ်သူများနေ့ကနေ ချစ်သူများဘဝပုံအပ်သောနေ့ ဖြစ်သွားမှာ စိုးရိမ်မိလို့ ဒီစာကိုရေးတာပါ။
ထုံးစံအတိုင်း သူ့ချစ်သူကို သူချစ်လို့ ဟော်တယ်လိုက်အိပ်တာ မင်းအပူပါလား လို့ မေးမှာလည်း ကြောက်ရပါသေးတယ်။
မယုံရင် ဟော်တယ်တွေနဲ့ နည်းစပ်သူတွေကို မေးကြည့်ပါ။ Valentine’s Day နဲ့ တခြားနေ့တွေနဲ့ လူဝင်တာ ဘယ်လိုကွာလဲ ဆိုတာကိုပါ။ Valentine’s Day ဆိုတာ ဟော်တယ်တွေက အထူးပြင်ဆင်ထားရတဲ့ နေ့တစ်နေ့ ဖြစ်နေတာ တော်တော် ကြာပါပြီ။ ရိုင်းရိုင်းပြောရရင် Valentine’s Day မှာ ချစ်သူကို ဘဝတစ်ခုလုံးပုံအပ်တဲ့ မိန်းကလေးတွေ တော်တော် များလာနေပါပြီ။ မိဘတွေအနေနဲ့ သတိထားရမယ့် နေ့လေးတစ်နေ့ပါ။ တချို့ဟော်တယ်ကြီးတွေများဆိုရင် တစ်ညတာ တည်းခိုခွင့်ပါဝင်တဲ့ Valentine’s Day Package တွေတောင် စီစဉ်ထားကြတယ်လို့ သိရပါတယ်။
ဒီယဉ်ကျေးမှုကို ခုခံဖို့ ကျွန်တော်တို့ လုပ်စရာတစ်ခုပဲ ရှိပါတယ်။
သမီးရှင် မိဘတွေအနေနဲ့ Valentine’s Day မှာ ကိုယ့်သမီးမိန်းကလေးကို သွားချင်ရာသွားဆိုပြီး လွှတ်မထားကြဖို့ အကြံပေးချင်ပါတယ်။
အဲဒါလေးပါ။

49 comments

  • ကြောင်ကြီး

    February 6, 2012 at 11:26 am

    အနောက်တိုင်းမှာ အထက်တန်းကျောင်းပြီးဆုံးတဲ့နေ့မှာ အပျိုစင်ဘဝကို စွန့်လွှတ်တဲ့ ဓလေ့ထွန်းကားတယ်။ ကြာခဲ့ပါပြီ ဟိုးတချိန်ကပေါ့။ အခုတော့လား သနားဒယ် ဟိုးတုန်းက ကွန်ဆားဗေးတစ် အဘွားကြီးတွေကိုတဲ့..အဲလောက်တောင် အမိုက်ခံ စောင့်ရလားတဲ့…။ သဂျီးတို့စခဲ့တာပေါ့….။ ကြောင်ကြီး အသက်ကြီးပြီမို့ ခလေးသူငယ် မဖွယ်မရာမှုနဲ့ ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ဘူး။ ဒေါက်တာချက်ကြီးဆီကနေပဲ စောင့်နေတော့မယ်…။ တွေ့ကြမယ်နော် အဲဒီဆိုက်မှာ…။ 😉

    • TITAN

      February 6, 2012 at 2:55 pm

      ကိုကြီးကြောင်ရေ… ဒေါက်တာချက်ကြီးက ဖွင့်မရဘူးဗျ။ အဟီး :smile

    • Bravo

      February 6, 2012 at 4:20 pm

      အဲဒီဓလေ့ မြန်မာနိုင်ငံ ကိုရောက်လာရင်ကောင်းမလားမကောင်းဘူးလား။

  • စိန်ပေါက်ပေါက်

    February 6, 2012 at 11:29 am

    ဟမငေး.
    များတို ့..ဂွင်လေးတွေပျက်ပါပြီတော့..ပျက်ပါဘီ..ပျက်ပါဘီ 😆
    များချစ်ချစ်ကများကို အဖြေပေးမဲ့နေ..
    ယောင်းခမကြီးက စိတ်ပူပြီး အပြင်ပေးမလွှတ်ရင် များတော့ ငတ်ပါပြီ
    လဂါးနောက်ဒါနော.
    ဒါ
    လူဂျီးတွေ စကားဝိုင်းမို ့
    များ.
    ဘေးကပဲ ချောင်းကြည့်နေတော့မယ်.
    ဆက်ပေါကြ

  • memeseku

    February 6, 2012 at 11:31 am

    ဘဘလက် မီ.ကိုပြောတာလား…ဒါချိုမီးကဘူနဲ.တွားရမာလဲ….ဒါပဲနော်…မနေနိုင်ရင်တော.လို်က်တွားမာ..
    ဟင်းဟင်း…ကပေါက်ဖော်အားလား…..

  • Moe Z

    February 6, 2012 at 12:18 pm

    ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး ဘဘဘလက်ရေ
    မနေ့က စီးတီးမာ့တ်မှာ ၄ နှစ်လောက်ရှိမယ့်ကလေးမလေးက သူ့အမေကို
    ဗယ်လင်တိုင်းန်ချောကလက် ဝယ်ရဦးမယ်နော်တဲ့၊ ရီမိုင်းလုပ်တာပါတဲ့
    အင်္ဂလိပ်လိုပြောနေတာ၊ ဘယ်ကျောင်းကလည်းတော့ မသိဘူး 🙂

    • pooch

      February 6, 2012 at 3:00 pm

      မိုးဇက်ရေ မူကြိုတက်နေတဲ့ အမရဲ့ ၅ နှစ်အရွယ် တူလေးကလည်း ပူဆာလို့ သူ့အမေက ကဒ်လေးတခု ဝယ်ပေးလိုက်ရပါတယ်ကွယ်။ 😀

      • Moe Z

        February 6, 2012 at 3:20 pm

        အံမယ် တူတော်မောင်ကလေးက အလာကြီးပဲ
        အကျောမခံနဲ့နော် မမပူးချ်၊ ကဒ်ရော ပန်းစည်းရော
        ချောကလက်ရောဝယ်ပစ်လိုက် 😀 😀

        • TNA

          February 6, 2012 at 5:57 pm

          ကျွန်မသားကတော့ ၅ နှစ်လောက်အရွယ်တုန်းက Valentine’s Day မှာ နှင်းဆီပန်းတပွင့်ရခဲ့ဖူးပါတယ်။ အိမ်ကလူတွေတအံ့တအောကိုဖြစ်ယူရတာပဲ။ လွန်ခဲ့တဲ့ ၃ နှစ်ကပါ။

        • etone

          February 7, 2012 at 2:42 pm

          မသဲနုအေးသားလေးက သွက်လည်း သွက်ပြီး ချစ်ဖို့လည်းကောင်းတော့ … ပန်းပေးခံရတာပေါ့ … ။

          ကိုချောကလက်ကြီးရေ … လူငယ်တွေ အတုမခိုးသင့်တာတွေတော့ အတုခိုးလာကြပြီ … တကယ့်ကောင်းကွက်လေးတွေ ..ကျတော့ … လိုက်မလုပ်ကြဘူး … ။ ရှော့ပင်းစင်တာတွေကလည်း စီးပွားရေးသောင်းကျန်းစွာနဲ့ …. လက်ဆောင်ပစ္စည်းတွေကို တခမ်းတနား ကောင်နာဖွင့်ရောင်းပေးတော့ … မသိတဲ့လူတောင် သိအောင်လုပ်ပေးနေသလိုပါပဲ … ။ မသွားနဲ့ .. မလာနဲ့ဆိုပြီး ကလေးတွေကို ခြေထောက်ကြိုးချည်ထားလို့မှ မရပဲ … ဒီတော့… တစ်သက်လုံးစွဲမယ့် အသိဉာဏ်မျိုး နဲ့ ဝေဖန်ပိုင်းခြားတတ်မှုမျိုး ခေါင်းထဲ ရိုက်ထည့်ပေးလိုက်ဖို့ကတော့ … မိဘများရဲ့ တာဝန်အနေနဲ့ အရေးပါနေပြီပေါ့… ။

  • kai

    February 6, 2012 at 12:32 pm

    ဘာဖြစ်လည်းဗျာ..
    လူငယ်တွေ.. သဘာဝသွေးသားတောင်းဆိုနိုင်တဲ့အချိန်.. ပေးနိုင်-ယူနိုင်ကြတဲ့..အခြေအနေ.. ပျော်ကြပစေပေါ့..။
    ချစ်သူတွေ. အတူူတူနေကြတာ.. လူ့စည်းကမ်း..ကျင့်ဝတ်တွေဖေါက်ဖျက်နေတာမှ.. မဟုတ်တာပဲ..။

    အဲဒါတွေနဲ့ချည်းနစ်မွန်းမနေပဲ.. ကိစ္စတွေပြီးရင်.. ကျောင်းသား.. ကျောင်းဆက်တက်..။
    အလုပ်လုပ်နေသူ..အလုပ်ဆက်လုပ်…

    တချိန်ချိန်ကျ.. အိမ်ထောင်ပြု.. ကလေးမွေး..
    ဒီလိုသွားကြပေါ့..။ 🙂

    • Moe Z

      February 6, 2012 at 12:40 pm

      နည်းနည်းတော့လျှော့ပါဦး သဂျီးရယ်
      နေရာတကာ အနောက်တိုင်းအမြင်နဲ့ မကြည့်ပါနဲ့
      ဒီကွန်မန့်ကို မောင်ငယ်၊ ညီမငယ်လေးတွေမမြင်ပါစေနဲ့
      တော်ကြာ လိုရာဆွဲတွေးကြမှဖြင့် 🙁

    • KoNyeinChan

      February 6, 2012 at 4:26 pm

      ဟာ.. ဒါမျိုးစောင့်နေတာ သူကြီးရေ. သူကြီးကိုယ်တိုင်ခွင့်ပြုတော့ ချက်ကြီးတို ့အကြိုက်ပေါ့ သူကြီးသမီး ဝိုင်းစိန်လေးတော့ နားကားပြီ …………. 😀 😀 😀

  • nozomi

    February 6, 2012 at 12:42 pm

    ကျွန်တော့်မှာလဲ သမီး ရှိတယ် ၊ ဒီလို ကိစ္စမျိုးကိုတော့ ခွင့်မပြုချင်ပါ ( ခွင့်မပြုချင်ပါ)
    ဒါပေမဲ့ အခုခေတ် မြင်တွေ့နေရတာတော့ ရာခိုင်နှုန်းတော်တော်များများက ချစ်သူဘဝမှာတင် အတူနေနေကြပါပြီ
    ရန်ကုန်မှာတင် မဟုတ်ပဲ နယ်မှာပါ တွေ့လာရတာပါ
    ခွင့်မပြုချင်ပေမဲ့ ရအောင် မတားနိုင်တဲ့ အခြေအနေမှာ
    သားအဖ ချင်း ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးနိုင်ဘို့ ၊ မတော်တဆ ဖြစ်သွားရင် ဘာတွေ ဆောင်ရ ရှောင်ရ မယ် ဆိုတဲ့ ဗဟုသုတ ရှိနေဘို့ ပဲ ကြိုးစားရတော့မယ်

    • စိန်ပေါက်ပေါက်

      February 6, 2012 at 12:58 pm

      အူးလေး.အူးလေး.
      ဘယ်တော့ ကန်တော့ပွဲနဲ ့လာခဲ့ရမလဲ
      😆

      • nozomi

        February 6, 2012 at 2:09 pm

        မောင်မောင်ပေါက် ရေ အခုမှ ကျောင်းစတက်တာမို့ နောက် ၁၅ နှစ်လောက် စောင့်နိုင်ရင်တော့ အဲဒီအချိန်ကျမှ ပြန်ဆက်သွယ်လိုက်ပါ့မယ်

        အခုလောလောဆယ်တော့ ကန်တော့ပွဲလေး အရင်ပို့ထားလိုက်ပါလား 🙂

  • blackchaw

    February 6, 2012 at 12:42 pm

    အော်သူကြီး သူကြီး။
    အခုတော့ US မှာနေလို့ US လိုတွေးနေပြီပေါ့။
    အဲဒါတစ်ခုတော့ မြန်မာလိုပဲ တွေးပါရစေ သူကြီးရယ်။

  • blackchaw

    February 6, 2012 at 12:44 pm

    ဟိုက် ရှားဗား။
    ကိုနိုဇိုမိ ရေ။
    ခင်ဗျားတော့ ယောက်ခမ ခေါ်မယ့်ရွာသားတွေ
    မကြာခင်တွေ့ရတော့မယ်ဗျ။
    ဟောကိန်းထုတ်လိုက်တယ်ဗျို့။

  • inz@ghi

    February 6, 2012 at 12:53 pm

    အို …..
    ချစ်လှစွာသော ရွာသူား အပေါင်းတို့ ………..
    အားလုံး တနေ့သေကြရမည် …
    သည်တော့ မသေခင် လုပ်ချင်တာလုပ်ကြ..

    😀
    ဘာမှ မီဟုတ်ပါဝူး …ကြားဖူးတာလေးပါ …ဟီး……
    (မှတ်ချက်။ ဆက်ရန် ရှိသေးသည်)

  • နွယ်ပင်

    February 6, 2012 at 12:54 pm

    သူငယ်ချင်းတစ်ယောက်က ဟိုတယ်တစ်ခုမှာ စာရင်းကိုင်လုပ်တယ်
    သူပြောတာကတော့ ဗယ်လင်တိုင်းနေ့ဆိုရင် သူတို့ဟိုတယ်မှာ အခန်းလွတ်
    တစ်ခုမှမရှိအောင်ပါပဲတဲ့ … နွယ်ပင်တို့ အိမ်နားမှာလည်း ဟိုတယ်တစ်ခုရှိတယ်
    အဲ့ ဟိုတယ်ကတော့ ဗယ်လင်တိုင်းနေ့တင်မဟုတ်ဘဲ ကျန်တဲ့နေ့တွေမှာလည်း
    လူဝင်လူထွက် များမှများပဲ တစ်ခါတစ်လေ ကိုယ်တွေကအားလို့ အိမ်ရှေ့ဝရန်တာလေး
    ထွက်ရပ်မိတယ် အဲ့အချိန်ကလေးအတွင်းမှာတင် လာလိုက်ကြတဲ့ အတွဲတွေမနည်းဘူး
    အလုပ်ယူနီဖောင်းကြီး ဝတ်ပြီးတောင် လာတဲ့ သူကရှိသေးတယ် … 🙁

  • အရင်က Valentine’s Day ဆိုတာ ခရစ်ယာန် သာသနာအတွက် အသတ်ခံခဲ့ရတဲ့ ဘုန်းတော်ကြီး Valentine အတွက် ရည်ရွယ်ကျင်းပတဲ့ နေ့လေးတစ်နေ့ ပါတဲ့။

  • windtalker

    February 6, 2012 at 2:06 pm

    ဗယ်လင်တိုင်း မှာ
    မောင်မယ် ထင်မစိုင်းနဲ ့
    ရာဇဝင်ရိုင်းမယ်
    တစ်ကယ်ပင် ပြိုင်းတယ်

  • ကောင်းမြတ်သူ

    February 6, 2012 at 2:56 pm

    ညီလေး ညီမလေးတို့ရယ် ဝန်လေးလေးတွေ မ “မ”ကြပါနဲ့အုံးကွာ။ မနိုင်ပြီထင်ရင်လည်း အဖော်လေးခေါ်ပြီး ကူ“မ”ခိုင်းလိုက်ပါ။ စိတ်လိုက်မာန်ပါ မ “မ”ကြပါနဲ့ကွာ။ “မ”ပြီးရင်လဲ မနိုင်ဘူးဆိုပြီး ပစ်မချလိုက်ပါနဲ့ကွာ။ မင်းတို့လေးတွေ “မ”မဲ့အရာက “သတိ ကွဲတတ်သည်” ဆိုတဲ့ သတိပေးချက်ပါပြီးသားကွ။ ပါလည်းအကြောင်းလားမနိုင်ရင် ပစ်ချမှာပဲဆိုပြီး တာဝန်မဲ့ရင်……..
    အသိနဲ့ သတိယှဉ်တွဲနိုင်ကြပါစေ…………..

  • TITAN

    February 6, 2012 at 3:13 pm

    အော် …လူဒွေ လူဒွေ တယ်လည်းတရားကျဖို့ကောင်းပေတာပဲ
    လူဆိုတာ သေမျိုးချည်းပါပဲ။
    အပုတ်ကောင်တွေရုပ်ဆောင်နေကြတာပါ
    ဘာပဲဖြစ်ဖြစ် မပုတ်ခင်တော့ လုပ်စရာရှိတာ လုပ်ချင်သေးသဗျို့……ဟီးဟီး ။ ;-smile
    (စားဝတ်နေရေးအတွက် ပြောပါတယ်)အဟီး

  • နေဝန်းနီ

    February 6, 2012 at 4:12 pm

    ဘဘချောရယ်….။ သူတို့တောင် သူတို့ဟာသူတို့ မနှမြောသေးတာ …။ ဘေးက ဝင်ပြီးနှမြောနေလို့ ဖြစ်မလား ဗျ……….။ နေပါစေ…။

  • ရွှေဘိုသား

    February 6, 2012 at 5:23 pm

    အစ်ကို ဘလက်ချော ပြောသလိုပါပဲဗျာ
    ကျနော်တို့ လူမျိုး တော်တော်များများ ပြည်ထောင်စုနေ့ သတိမရဘူး ဗိုလ်ချုပ်မွေးနေ့ သတိမရဘူး တိုင်းတပါး ယဉ်းကျေးမှု ချစ်သူများနေ့ သတိတရ လုပ်နေကြတယ် ဝမ်းနည်းစရာကောင်းလိုက်တာဗျာ

  • blackchaw

    February 6, 2012 at 6:22 pm

    ဒီလိုပါဗျ။
    ချစ်သူများနေ့ ဆိုတော့ ချစ်ပြကြတာပေါ့ဗျာ။
    မင်္ဂလာရှိတဲ့ ကိစ္စပါ။
    မနာလိုစရာလည်း မရှိပါဘူး။
    မုဒိတာ လည်း ပွားလို့ရပါတယ်။
    အဲအဲ…ခဏနေဦးဗျာ။ အသက် ၂ဝ ဒါလည်း နည်းနည်း အသက်ကြီးသေးတယ်ဆိုရင်
    ၁ရ ၊ ၁၈ လောက်အထိပေါ့ဗျာ။ ခွင့်လွှတ်ပေးဆိုရင် ခွင့်လွှတ်ပေးနိုင်ပါတယ်။
    ၁၄ ၊ ၁၅ ၊ ၁၆ အရွယ် ရ တန်း ၈ တန်း ၉ တန်းအရွယ်လေးတွေကိုတော့
    ခွင့်လွှတ်ပေးနိုင်ဦးမလား၊ ထိန်းထိန်းသိမ်းသိမ်း မလုပ်သင့်ဘူးလား။
    အဲဒါလေး တစ်ချက်လောက်ဆွေးနွေးကြစေချင်တယ်။
    အခုဟာက ၁ဝ နှစ်ကျော်ကျော်လောက်ဆိုရင်ပဲ
    ဒီလိုဟာတွေ စဉ်းစားနေကြပြီဗျာ။
    ရ တန်း ၈ တန်းလောက်မှာ ရည်းဇားထားပြီး
    Valentine’s Day အမှတ်တရဆိုပြီး ဟော်တယ်လိုက်အိပ်နေကြတယ်ဆိုရင်
    နည်းနည်းလေးတော့ လွဲနေပါပြီဗျာ။
    လွဲလွဲလေးပဲ ကောင်းပါတယ် လို့ ပြောသင့်ကြရဲ့လား။
    အဲဒါလေး…။

  • Khin Latt

    February 6, 2012 at 8:15 pm

    ကိုဘလက်ရေ

    ဒီလို သတိပေး အသိပေးတဲ့ Post လေး အတွက် တကဲ့ကို ကျေးဇူးပါဘဲ။
    ဂုဏ်လဲယူပါတယ်။

    ကျွန်မ နေတဲ့ အနောက်တိုင်း မှာ ကျွန်မ ထိတွေ့နေတဲ့ အသိုင်းအဝိုင်း မှာ ကျွန်မတို့ မြန်မာရိုးရာလိုဘဲ တစ်လင်တစ်မယား ရိုးမြေကျ သစ္စာရှိတဲ့ စိတ်ဓာတ်လေးတွေ၊ မိသားစု ကို ချစ်ခင်တဲ့ သူတွေ အများကြီးပါ။ ကျွန်မ နဲ့ ရင်းနှီးတဲ့ ခရစ်ယာန် ဘာသာရေး ကိုင်းရှိုင်းသူများ ဟာ လက်မထပ်မှီ လိင်မှု ကျူးလွန်ခြင်း ကို ခွင့်မပြုပါဘူး။ Promise of Purity ဆိုပြီး လူငယ်တွေကို ကိုယ့်ကိုယ်ကို ထိမ်းသိမ်း နိုင်စိတ် ရှိဖို့ ပညာပေး လှုပ်ရှားမှု တွေ ကို လုပ်လေ့ ရှိပါတယ်။ ကျောင်းပညာတတ် အသိုင်းအဝိုင်း မှာ လက်မထပ် ဘဲ အတူနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ Living Together ဆိုတာဟာ တွေ့တဲ့လူ နဲ့ ကြုံသလို အိပ်တာ မဟုတ်ပါဘူး။ မိဘ သဘောတူပါ တယ်။ ရေရှည် ပေါင်းသင်းဖို့ ရည်ရွယ်ချက် နဲ့ နေတာပါ။
    ထားပါတော့။

    ကမ္ဘာကြီးပေါ် မှာ နေထိုင်ကြတဲ့ ကျွန်မ တို့ဟာ အရင်ခေတ် တွေနဲ့ နှိုင်းရင်ကို နိုင်ငံအနှံ့ နေထိုင်သူ လူအချင်းချင်း ရင်းနှီး ခင်မင်မှု တွေ ပိုမို လာတာ အသိသာ ကြီးပါဘဲ။ ဒါကြောင့် ကမ္ဘာကြီး ဟာ ရွာကြီး တစ်ရွာလို့တောင် ဆိုလာကြပါတယ်။

    ဒီတော့ သူ ယဉ်ကျေးမှု၊ ငါ့ ယဉ်ကျေးမှု တွေ၊ သူထုံးစံ ငါ့ထုံးစံတွေ၊ သူ့ ရိုးရာ စားစရာ ငါ့ရိုးရာ စားစရာ တွေ ရောပြွန်း လာကြတာ တော့ မဆန်းပါဘူး။
    နောက်ပြီး ဒီနေ့ ဒီအခါ မှာ ရုပ်ဝတ္တု တိုးတက် မှု သာမက လူတွေ ရဲ့ စိတ်ဓာတ် ရေးရာ တိုးတက် မှု EQ or EI (Emotional intelligence is the ability to identify, assess, and control the emotions of oneself, of others, and of groups) ဆိုတာ ကို ရှေ့တန်း ထားလာကြပါပြီ။
    အဲဒီ မှာ Self-Control ပါပါတယ်။
    မသိသူတွေ ကို ပညာပေး ၊ လမ်းမှန် ရောက်ဖို့ ဆိုတာဟာ ကိုယ်ကိုယ်ကို စိတ်ဓာတ်မြင့်အောင် ကြိုးစားနေသူ တွေ ရဲ့ တာဝန်ပါ။ မကောင်းတာ မှန်း သိရက် ဒါဟာ ခေတ်ဆိုပြီး လွှဲချလို့ မရပါဘူး။ ကောင်းအောင် တည့် ပေးရမဲ့ တာဝန် ရှိပါတယ်။

    ဘယ်ဟာကတော့ ကောင်းတယ်၊ ဘယ်ဟာကတော့ မကောင်းဘူး ချင့်ချိန် တတ်သူတွေ များလာပါပြီ။
    သူများဆီ က ကောင်းတာ ယူပြီး မကောင်းတာကို လိုက်မယူတတ်တဲ့ အသိဉာဏ်တွေ လဲ တိုးလာပါပြီ။
    သူများ တွေ ကတောင် ကိုယ့်ဓလေ့ ကို အတုယူဖို့ ကြိုးစား လာချိန်မှာ ကျွန်မတို့ က Self-Control မရှိ တာကြောင့် စိတ်အလို ကို လိုက်ဖို့ကြိုးစားနေတဲ့ လူငယ်တွေ ရဲ့ ပျက်နေတဲ့ အကျင့် ကို ပြုပြင်ပေးဖို့ တာဝန် မရှိပေဘူးလား။ Self-Control မရှိ တဲ့အကျင့် မကောင်းတာကို မကောင်းမှန်း သိရဲ့ နဲ့ကျွန်မတို့ရဲ့မျိုးဆက် သစ် တွေ ဆီကို ဘာလို့ အရောက်ခံ ရမှာလဲ။
    ကျွန်မတို့ တိရစ္ဆာန်များ မဟုတ်ပါ။

    တနည်း ကိုယ့်မြန်မာလူမျိုး ရဲ့ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု “လက်မထပ်မှီ မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ် တဲ့ စိတ်ဓာတ်လေးတွေ / တစ်လင်တစ်မယား ရိုးမြေကျ သစ္စာရှိတဲ့ စိတ်ဓာတ်လေးတွေ” ဆိုတာတွေ ကို ကိုယ့် နီးစပ်ရာ တစ်ခြား ကမ္ဘ္ဘာ့ အသိုင်းအဝိုင်းမှာပါ လွှမ်းမိုး နိုင် အောင် ကျွန်မတို့ ဘာလို့ မလုပ်နိုင်ရမှာလဲ။

    ကျွန်မ တို့ အဲဒီလောက် မညံ့ ကြပါဘူး မဟုတ်လား။

    PS – သူကြီး မှတ်ချက် ကို အနီ ပေးခဲ့ပါသည်။
    ဒီနေရာမှာတော့ အဲဒီ အယူအဆ အား အပြင်းအထန် ရှုံ့ချ ပါသည်။ 👿

  • surmi

    February 6, 2012 at 11:08 pm

    တိုတိုဘဲပြောမယ်ကိုဘလက်ရေ—၁၀၀% ထောက်ခံတယ်။သင်္ကြန်မှာလဲ ဒီလိုသောင်းကျန်းတာတွေ
    တွေ.ဘူးတယ်–မနှစ်ကသင်္ကြန် နယ်မြို.တစ်မြို.မှာ–စတိတ်ရှိုးစင် နဲ.မနီးမဝေးလမ်းဘေးကုက္ကိုပင်အောက်
    နှစ်ယောက်သားကဲနေကြတာ —ဘယ်လောက်ဆိုးသလဲဆိုရင် လူမိသွားတဲ.အချိန်မှာ—-ကောင်မလေးရဲ.
    ဘောင်းဘီပျောက်နေလို. မနဲဝိုင်းပြီးရှာပေးခဲ.ရတယ်ဗျို.—ကောင်မလေးက ကြေးစားမဟုတ်ဘူးနော်
    တော်တော်လေးတော.မူးနေကြတယ် ၊။

  • MaMa

    February 6, 2012 at 11:19 pm

    ကိုချောရေ- အချိန်မှီ သတိပေးတဲ့စကားလေးတွေ ကြားရလို့ လူငယ်တွေဆင်ခြင်နိုင်ရင် အဲဒါ ကြယ်ငါးပေါင်းများစွာကို ကယ်တင်ရာကျလိမ့်မယ်။
    ငယ်ရွယ်တဲ့ အရွယ်မှာ အမှားအမှန်ကို ဆင်ခြင်စဉ်းစားနိုင်စွမ်းအားနည်းတဲ့အပြင် သဂျီးပြောသလို စိတ်နောက်ကိုယ်ပါ အပျော်အပါးတွေဘက်ကိုချည်း လိုက်နေရင် အင်းးးးးးးးးးး တိုင်းပြည်ရဲ့ အနာဂတ်ကို ရင်လေးပါသေးရဲ့။
    (သူများနိုင်ငံတွေမှာလို့ အင်ဖရာစထရပ်ချာတွေ ပြည့်စုံချမ်းသာနေတဲ့ နိုင်ငံတွေမှာတောင် ဘာသာရေးတွေနဲ့ ထိန်းနေကြသေးတာပဲ။ အမေရိကန်သမ္မတဟာ အိမ်ထောင်ကွဲ၊ အိမ်ထောင်နှစ်ခု ရှိသူ မဖြစ်ရဘူးလို့ ကြားဖူးတာ ဟုတ်မဟုတ်တော့ သိချင်သား) 😕

    • kai

      February 7, 2012 at 1:52 am

      အမေရိကန်သမ္မတဖြစ်ခွင့်ကို ..ဘာသာရေး..အိမ်ထောင်ရေးနဲ့.. မထိန်းထားပါဘူး..
      အခုလောလောဆယ်.. ရီပါ့ဗလစ်ကန်င်ဖက်က ဝင်ပြိုင်ရွေးမဲ့.. Newt Gingrich ကဆို.. အိမ်ထောင် ၃ဆက်..။

      အခုအိုဘားမားနဲ့တွေ့ဖို့ သေချာသလောက်ဖြစ်နေတဲ့.. Mitt Romney ဆို..မိုမန်ဘာသာဝင်.. မိန်းမတယောက်မကတောင်ယူလို့ရတဲ့..ဘာသာခင်ဗျ.. 🙂

      • Khin Latt

        February 7, 2012 at 4:36 am

        သို့သော်လည်း မယူဘူးလေ သူကြီးရယ်။ အဲဒါ Respect ပေါ့။ 😉
        အဲလိုမဟုတ်ရင် ပါတ်ဝန်းကျင် ရဲ့ ဓလေ့ ကို အရေးမထားရင် ရှုံးမှာပေါ့။

  • ဦးဦးပါလေရာ

    February 7, 2012 at 12:27 am

    အစဉ်အလာမပျက် သူကြီးအား ကန့်ကွက်လိုက်ပါကြောင်း။

    အသက်ပြည့်ပြီးသူတွေအတွက်ဆိုရင်တော့-
    sex ကိစ္စကို ထမင်းစားရေသောက်သဘောထားတဲ့
    ဘာမှမဖြစ်တဲ့နိုင်ငံတွေမှာ ဘာမှအရေးမကြီးပါဘူး
    ကြိုက်သလို သဘောရှိကြဘို့ပါပဲ။

    ဒီမှာကတော့ မြန်မာ့လူမှု့အသိုင်းအဝိုင်းမှာတော့
    ဘာမှမဖြစ်တဲ့အဆင့် မရောက်သေးပါဘူး
    အပျိုဆိုတာ အပျိုဂုဏ်ရှိပါတယ်နော
    တနေ့ အိမ်ထောင်ပြုတဲ့အခါ
    ယောက်ျားက အရေးမထားရင်တောင်
    ယောက္ခမတွေ ယောင်းမတွေ ယောက်ျားဘက်ကအသိုင်းအဝိုင်းတွေ ရှိပါသေးတယ်။
    အပျိုမစစ်တော့တာကို အပြစ်လို့ အစွန်းအထင်းလို့ သဘောထားတဲ့လူမှု့ဝန်းကျင်မှာတော့
    ဆင်ခြင်ထားတာမမှားပါဘူးနော။
    နောက်တခုက
    မြန်မာပြည်က ယောက်ျားတွေဟာ အိမ်ထောင်ပြုရမှာမလိုလားပါဘူး၊ ကြောက်ပါတယ်။
    မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုတကယ်လက်ထပ်မယူဖြစ်မချင်း
    စိတ်ချလက်ချမယုံသင့်သေးပါဘူး။

    အသက်မပြည့်သေးသူ(၁၈နှစ်မပြည့်သေးသူ) မိန်းကလေးများအတွက်တော့
    ဘယ်အခြေအနေမှာဖြစ်ဖြစ် လုံးဝလုံးဝ မမှားသင့် မလွန်သင့်ပါကြောင်း..။

    (ပြောသာပြောရတာ အဲဒီအရွယ်တွေက အကဲဆုံး 🙁 )

  • kai

    February 7, 2012 at 1:33 am

    ယူအက်စ်က လုပ်ထားပုံ.. အင်မတန်မှလွယ်လွယ်လေး..
    ဥပဒေနဲ့ထိန်းထားတယ်..။ အသက်မပြည့်သူတွေကို.. ဟိုတယ်။မော်တယ် တည်းခိုရာနေရာတွေမှာ ပေးမတည်းဘူး.. အိုင်ဒီစစ်တယ်..။ တယောက်ယောက်က အသက်မပြည့်ဘူးသံသယရှိရင်.. ရဲတိုင်တယ်.. အရေးယူတယ်..။
    ဟိုတယ်တွေလက်တွေ့လုပ်နေ/မနေသိရအောင်.. အန်ဒါကာဗာလွှတ်ရှောင်တခင်.. ဝင်စစ်ဆေးတယ်..။
    ဟိုတယ်မှမဟုတ်.. ဘယ်နေရာမှာမဆို.. အသက်မပြည့်သူပါပြီး.. သူတို့အတူတူနေတာတွေ့ရင် ချက်ချင်းအရေးယူတယ်..

    ဘာလည်းဘယ်လိုလည်းသိလွယ်အောင် အောက်က.. လင့်ခ်မှာ အမေးအဖြေလေးတွေဖတ်ကြည့်စေချင်တယ်..
    http://answers.yahoo.com/question/index?qid=20100530144431AAyBius
    Having sex with a minor?
    Their charging my brother with sleeping with a minor this was only a one time thing when he was 23 she was 16 but he did not know because she told him that she was 18 if no one shows up in court can the charges be drop or would it still proceed? Or if she goes and tells the judge that she seduced him and she told him that she was 18 would he be out from jail?

    ….ကျန်တာက ဆိုင်ရာသူတွေအပိုင်းဖြစ်ပါတယ်….. သူ့လွတ်လပ်မှုနဲ့တူ.. ယောကျာ်းမိန်းမ အသက်ပြည့်ပြီး ၂ဦးသဘောတူပြီး.. ကာမဆက်ဆံတာ ရာဇဝတ်မှုမဟုတ်ပါဘူး…။ မိဘလည်းဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး..။ ဒါဟာဥပဒေချိုးဖေါက်နေတာလည်း ..မဟုတ်ဘူး…။ (ပါ့ဗလစ်မှာလွန်ကျူးနေရင်တော့ တမျိုးပေါ့..။ ကလေးတွေကို အနှောက်အယှက်ဖြစ်စေမှုနဲ့.. တခြားဥပဒေတွေလာလိမ့်မယ်..)
    ကာမဆက်ဆံတာ.. အရွယ်ရောက်လူသားတွေအတွက်.. သဘာဝတရားမျှသာပါပဲ..

    လူ့သဘာဝတရားကို ပိတ်ပင်ဖို့ တခြားလူသားမှာအခွင့်အာဏာမရှိပါဘူး..
    ကာမပိုင်ရှိပြီးမှ .. တခြားသူနဲ့ဖောက်ပြန်ကြရင်.. ဝင်ရောက်စွက်ဖက်ခွင့်ရှိသူက.. ဆိုင်ရာကာမပိုင်ထားသူတွေပဲဖြစ်တယ်.. ဘေးလူက ဝင်ဆုံးဖြတ်ခွင့်မရှိဘူး.. သူ့ပုဂ္ဂလိကကိုယ်ပိုင်အခွင့်အရေးကို ဘေးလူကဝင်ရောက်ဆုံးဖြတ်ခွင့်မရှိဘူး…

    အဲဒါလေး…ပြောချင်လို့..။

    ကိုယ့်ဆရာတွေက.. တော့လေ…
    ထစ်ဆို..တဆုံးကိုတွေးကြတော့တာပဲ..။ တကယ်တော့။…
    တဆုံးလိုက်တွေးတယ်ဆိုကတည်းကကို..မဟုတ်တော့ဘူး..။ 🙁

    ပြောသာပြောနေတာ.. လူတွေ အချိန်မရွေးလှုပ်ရှားနေကြသမို့ ကမ္ဘာလူဦးရေ ဘီလီယန်ရခုကျော်နေပြီ..
    နောင်အနှစ် ၄-၅ဆယ်လောက်ဆိုရင်တော့.. ဘာသာရေးကြိုးကလေးထုတ်သုံးပြီး.. (သာမန်)လူတွေကိုကြပ်ပေးလိုက်ဖို့.. နိုင်ငံရေးသမားတွေ..မဟာဗျုဟာချ..တွေးနေလောက်ပြီ..
    … အာဟိ..။

  • Khin Latt

    February 7, 2012 at 4:33 am

    သူကြီး … သူကြီး …. တယ်လီဖုန်း ခေါ်ပြီးသာ ငြင်းလိုက်ချင်ပါ တော့တယ်။

    သို့သော် ရသလောက်တော့ တရားချပါရစေ။
    ဘာသာရေး ဆိုတာ နိုင်ငံရေး၊ အုပ်ချုပ်ရေး တွေနဲ့ မနွယ်သင့်ကြောင်း ကို အပြည့်အဝ လက်ခံပါ၏။

    လူရဲ့စိတ် ဆိုတာ အမှားကို ကျူးလွန်ဖို့ အလွန်လွယ်ပါတယ်။
    ဘာသာရေး ဆိုတာ အဲဒီ အမှားတွေ ကို အလွယ်တကူ ကျူးလွန် စေမဲ့ စိတ်ကို ထိန်းပေးထား တဲ့ အထိန်းအကွပ် ပါဘဲ။
    ဒါပေမဲ့ တကဲ့ အနှစ် ကျင့်သုံး ရမဲ့ အချက်တွေ ပေါ်မှာ အစွန်းကို ရောက်မသွားဖို့သာလိုပါတယ်။
    အဲဒီကနေ လိုရာဆွဲပြီး အစွန်းရောက်ကုန်လို့သာ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာတာပါ။
    ဘာသာတိုင်း မှာရှိတဲ့ တူရာ အချက်တွေ ကို ဘုံထုတ်ပြီး ဘဲ လိုက်နာဦး။
    ကမ္ဘာကြီး ကတော်တော်လေး လှပ အေးချမ်းသွားမှာ။
    ဒါတောင် အဲဒါ တဆုံး တွေးတာမဟုတ်သေးဘူး နော။

    နောက်အရေးကြီး တဲ့ အချက် က –
    လူတစ်ယောက် နဲ့ တစ်ယောက်ကြား မှာ Respect ရှိရမယ် ဆိုတာ သူကြီး လက်ခံ/မခံ???
    လက်ခံလား?
    Respect ဆိုတာကို လက်ခံ တယ် ဆိုရင်တော့ သူကြီး ပြောတဲ့
    ~~~ လူ့သဘာဝတရားကို ပိတ်ပင်ဖို့ တခြားလူသားမှာအခွင့်အာဏာမရှိပါဘူး ~~~
    ဆိုတာမှားပါတယ်။
    ဘယ်မိဘ ကမှ ကိုယ့်သမီး ကို ပါတ်ဝန်းကျင်က အထင်သေးတဲ့ အကြည့် နဲ့ အကြည့်ခံစေမှာ မဟုတ်ပါဘူး။
    မြန်မာပြည် ရဲ့ ယဉ်ကျေးမှု ထုံးတမ်း အရကိုဘဲ မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့ မိန်းခလေး ဟာ လက်ထပ်ရင်တောင်မှ မိဘ ခွင့်ပြုမှသာ လက်ထပ် ရပါတယ်။
    ဒါကို မော်ဒန်အောက်နေပါပြီ လို့ ပြောလို့ မရပါဘူး။
    အဲဒီ ယဉ်ကျေးမှု ရဲ့ နောက်ကွယ်မှာ မိဘ နဲ့ သားသမီး ကြား မှာ Respect ဆိုတာကို တွေ့နိုင်ပါတယ်။
    မိဘက ဆိုးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ဆိုးတဲ့ မိဘ ကို သားသမီးက သိမ်းသွင်းနိုင် ပါတယ်။
    သားသမီးက ဆိုးနိုင်ပါတယ်။ အဲဒီ ဆိုးတဲ့ သားသမီးကိုလဲ မိဘက သိမ်းသွင်း နိုင်ရပါမယ်။
    အဲဒီ အတွက် မိဘ နဲ့ သားသမီးကြား မှာ အပြန်အလှန် Respect လိုပါတယ်။
    အချင်းချင်း Respect မရှိလို့သာ ပြဿနာ တွေဖြစ်တာပါ။
    ဒီတော့ မိဘကို Respect ရှိရင်ဖြင့် သူတို့ မသိဘဲ နောက်ကွယ်မှာ ရာဂသောင်းကျန်း နေတာဟာ မှားပါတယ်။
    ဒီလိုဘဲ ပါတ်ဝန်းကျင် နဲ့ ကိုယ် ရဲ့ကြားမှာလဲ Respect ထားရမှာပါဘဲ။
    ဦးဦးပါလေရာ ပြောသလိုပါဘဲ။ ယောက္ခမတွေ ယောင်းမတွေ ယောက်ျားဘက်ကအသိုင်းအဝိုင်းတွေ ရှိပါသေးတယ်။
    ဒီတော့ အဲဒီပါတ်ဝန်းကျင်မှာ နေရင် အဲဒီ ပါတ်ဝန်းကျင် ကို မထိခိုက်အောင် Respect ရှိရပါမယ်။

    အရေးကြီးဆုံး နောက်တစ်ချက်ကတော့ အဲဒီ ယဉ်ကျေးမှု ကို ကမ္ဘာအနှံ့ သယ် ပြီးဖြန့် နိုင်ပါတယ်။
    မြန်မာပြည် က မိန်းခလေး တစ်ယောက် အနောက်တိုင်းက ကောင်လေး တစ်ယောက် နဲ့ ချစ်သူဖြစ်နိုင်ပါတယ်။
    ဒါပေမဲ့ အဲဒီမိန်းခလေး က မြန်မာပြည် ရဲ့ ယဉ်ကျေးမှု ထုံးတမ်းကို သေချာစွာ ရှင်းပြပြီး လက်မထပ် ဘဲ အတူ မအိပ် နိုင်ဘူး လို့ ရှင်းပြနိုင်ပါတယ်။
    အဲဒီ မိန်းခလေး ကို တကယ်စုံမက် ရင် အဲဒီ ကောင်လေး ဟာ လိုက်နာပါမယ်။
    ဒါဟာ Respect ပါ။ (အဲဒါ ကျွန်မ ထွင်ပြောတဲ့ ပုံပြင် မဟုတ်ပါ)
    ပြီးရင် သူတို့ သားသမီး ကို လက်ဆင့် ကမ်းပါမယ်။
    ဒီလို နဲ့ စောင့်စည်းခြင်းတတ်ခြင်း ဆိုတဲ့ အလှတရား ရှိတဲ့ ကျွန်မတို့ ရဲ့ မြန်မာပြည် ရဲ့ ယဉ်ကျေးမှု ဟာ ကမ္ဘာကို ပြန့်မသွားပေဘူးလား။
    ရှင့်ရဲ့ စကားကို ယူသုံးပါရစေ။ ကြယ်ငါးလေးတွေ ကို နဲနဲချင်း ပေါ့။

    ဒီလို လဲ တဆုံး ရှည်ရှည်လေး ကြည့်လို့ ရပါရဲ့ သူကြီးရှင့်။ အဟိ 😉
    ဒီလို မျိုး မကြည့်နိုင်ရင်တော့ 👿
    သို့သော် မကျေလည် က ဆက်ငြင်းနိုင်ပါ၏ until 14th of Feb.

    PS – လူတစ်ယောက် နဲ့ တစ်ယောက်ကြား မှာ Respect ရှိရမယ် ဆိုတာ သူကြီး လက်မခံ ဘူး ဆိုရင်ဖြင့် သူကြီး ကိုယ့်သေတွင်းကိုယ်တူး လိုက်သလို ဖြစ်နိုင်/မနိုင် ???? 😆

    • kai

      February 7, 2012 at 6:41 am

      အရီးလတ်ရေ..
      ဆိုလိုကြတာချင်း.. နည်းနည်းလေးတော့လွဲနေပါပြီ..
      လွဲလွဲလေးမကောင်းလို့ ပြင်ပါရစေ..။

      Respect ကို.. မြန်မာလို.. အပြန်လှန်လေးစားမှုလို့ပြန်မယ်နော..
      ဒီအသုံးအနှုန်းဟာ မြန်မာ့ယဉ်ကျေးမှုမှာ တကယ်လိုအပ်တာပါ.. လိုအပ်တာမို. ဆရာတပည့်ဆက်ဆံရေး.. ဘုန်းကြီးးဒကာဆက်ဆံရေး.. အစိုးရပြည်သူဆက်ဆံရေးတွေမှာ Respect ထားကြဖို့လိုကြောင်း.. ကျုပ်ကပဲ.. ထပ်ခါပြောခဲ့ပါတယ်..။
      “ထိုက်သင့်တဲ့အပြန်အလှန်လေးစားမှု”ရှိကြရမယ်လို့.. ထိုက်သင့်တာလေးဖြည့်ဖြည့်ရေးပေးထားခဲ့သေးတယ်..။

      ဒီထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမှုနားလည်နေသူအရွယ်ရောက်ပြီးသူတွေအတွက်.. “လူ့သဘာဝတရားကို ပိတ်ပင်ဖို့ တခြားလူသားမှာအခွင့်အာဏာမရှိပါဘူး”ဆိုတာ.. အဓိပါယ်ကျယ်ပြန့်ပေမဲ့.. ရှင်းရှင်းလေးပါပဲလို့… :mrgreen:
      ဒါဟာ လူသားတဦးချင်းစီအတွက်.. မွေးရာပါအခွင့်အရေးဖြစ်ပါတယ်..။
      =
      ကြုံလို့ပြောရရင်.. ဗုဒ္ဓဘာသာဟာ.. လက်မထပ်မှီအတူနေခြင်း.. ကာမဆက်ဆံခြင်းကို.. ပညက်ချက်နဲ့.. ပိတ်ပင်မထားပါဘူး… ခရစ်ယန်ဘာသာမှတော့ ကျမ်းစာထဲမှာကို လက်သင့်မခံကြောင်းထည့်ရေးထားတယ်..
      http://www.bible.com/bibleanswers_result.php?id=152

      စကားအတင်းစပ်ထပ်ပြောရရင်..
      မြန်မာပြည်မှာ.. မြန်မာအမျိုးသမီးတွေ.. လက်မထပ်မှီ ကာမဆက်ဆံဖူးကြတာ.. ကမ္ဘာတန်းနဲ့.. ချိန်ဆရင်.. မများရင်တောင်.. မနည်းလောက်ပါဘူး..
      ရန်ကုန်၊မန္တလေး မြို့ကြီးတွေမကြည့်နဲ့လေ…
      လူများစု.. နယ်တွေကျေးလက်တွေ.. ကြည့်..
      .. အာဟိ…။ 🙂

  • aye.kk

    February 7, 2012 at 5:23 am

    ချစ်သူများနေ ့အတွက်…
    ၁။အမှတ်တရမြင်းစီးခြင်း(သက်လုံကောင်းမှုရှိမရှိ)
    ၂။အမှတ်တရရေကူးခြင်း(ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုရှိမရှိ)
    ၃။အမှတ်တရတောင်တက်ခြင်း(မည်မျှအမောခံနိုင်မှုရှိမရှိ)
    ၄။အမှတ်တရအတူနေထိုင်ခြင်း(စိတ်သဘောထားခြင်း၊ မည်မျှ
    ထိတိုက်ဆိုင်၍နားလည်မှုရရှိနိုင်စေရန်အတွက်
    တစ်ဦးနှင့်တစ်ဦးသိအောင်ပြုလုပ်ခြင်းဖြင့်သူငယ်ချင်းကဲ့သို အတူ့နေထိုင်ကြည့်ခြင်း)
    တို့ပြုလုပ်သင့်သည်ဟုထင်မြင်မိပါကြောင်း။

    • Khin Latt

      February 7, 2012 at 5:27 am

      အစ်မ အေးရေ – အဲဒီလိုမျိုး တစ်ခါမှ မတွေးဘူးဘူး။
      ကောင်းလိုက်တဲ့ အကြံဉာဏ် ပါဘဲရှင့်။ 🙂

  • blackchaw

    February 7, 2012 at 9:02 am

    ဟိုက်ရှားဗား…။
    ဝိုင်းဆွေးနွေးပေးထားကြတာ ကျေးဇူးတင်ပါတယ်။
    သူကြီးရေ။
    ကျွန်တော်ရေးတာကိုက နည်းနည်းလိုသွားတာခင်ဗျ။
    သူကြီးပြောတဲ့အရွယ်ရောက်ပြီးသူများကတော့
    သူ့ ကြိုက်ရင် သူ့သဘောပေါ့ဗျာ။
    အရွယ်မရောက်သေးသူတွေကျတော့ အဲဒီလို သဘောထားပေးသလား။

    ဟိုတယ်မှမဟုတ်.. ဘယ်နေရာမှာမဆို.. အသက်မပြည့်သူပါပြီး.. သူတို့အတူတူနေတာတွေ့ရင် ချက်ချင်းအရေးယူတယ်..

    ဒါက မြန်မာပြည်ပါ သူကြီးရေ။
    ပိုက်ဆံပေးလို့ကတော့ မှတ်ပုံတင်တောင် ပေးစရာမလိုဘူးခင်ဗျာ။
    ဥပဒေတော့ ရှိမယ်။ ဥပဒေမစိုးမိုးတာပေါ့ဗျာ။
    ညက တစ်ညလုံး ပြန်ရှာတာ မတွေ့လို့ ဒီနေ့တော့ ပြန်မရေးနိုင်သေးဘူးဗျ။
    အမေရိကားမှာလည်း အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တဲ့ ပြသနာ ရှိနေတာ
    ဖတ်ခဲ့ဘူးပါတယ်။
    အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်လို့ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း
    ဖတ်ခဲ့ဘူးပါတယ်။
    အခုကိစ္စက တော်တော် သိသာထင်ရှားနေတဲ့ ကိစ္စမျိုးပါ။
    ရသလောက်လေး ရေးလိုက်တာပါ။

  • water-melon

    February 7, 2012 at 9:16 am

    ကို ဘလက်ရေ
    ဒီမှာက အရွယ်မတိုင်ခင် ဗိုက်ရှိလဲ
    ကွက်ပျောက် ကွက်ဖော် ဖျက်ချလို့ရနေပြီဗျ
    မြင်ရောင်ပါသေးတယ်
    ဟိုတယ်တွေလဲ ငှားကောင်း
    အဖော်တွေလဲ ရောင်းကောင်း
    videoတွေလဲ ရိုက်ကောင်း
    အတွဲတွေလဲ အင်း ကြောတော့ဘူး ……
    ဒုတ် ဒုတ်……ဘာဖြစ်တာလဲ 😆

  • lu nyo chaw

    February 7, 2012 at 4:11 pm

    ဟိုတယ်တွေမှာ တွေ့တဲ့ကိစ္စတွေကို သိပ်မပြောကြပါနဲ့ဗျာ။ လမ်းဘေးတွေ ခြုံထဲတွေမှာဖြစ်ကုန်ကြရင် ပိုဆိုးပါမယ်။

  • thit min

    February 7, 2012 at 8:49 pm

    အင်းပါ။
    ဖြင့်သင့်တယ်လို့ပြောချင်ပါတယ်။
    မတတ်နိုင်ဘူးလို့လဲ ဆိုရအုန်းမှာပါ။
    ဂျပန်က မိဘတိုင်းတောင် သူတို့သမီးကိုလက်မ
    ထပ်ခင် အတူနေတာမကြိုက်တဲ့
    သူတွေအများကြီး-အများကြီး ကိုရှိနေသေးတာပါ။
    ဒါပေမဲ့ သူတို့လဲ အညာခံရ (သို့) လျှစ်လျှူရှူ့ခံနေရတာပါဘဲ။
    ဒါတွေက လူ့ကျင့်ဝတ်တွေပါ။
    အသက်မပြည့်သေးရင်တော့ ဥပဒေရှိပေမဲ့ အသက်ပြည့်ပြီးသားကတော့ လူ့ကျင့်
    ဝတ်နဲ့ဘဲ ထိန်းသိမ်းကြရတာမျိုးပါ။
    လူ့ကျင့်ဝတ်ဆိုတော့ မဟုတ်တာလုပ်ရင်လူ့အသိုင်းအဝိုင်းရဲ့ တုန့်ပြန်မှုဘဲရှိမှာပါ။
    လိုက်နာသင့်တာကိုလိုက်နာရင်တော့ လူပီသရာရောက်တယ်ပေါ့ဗျာ။ ၁၀၀%
    မလိုက်နာနိုင်ကြပါဘူး။ အဲဒီလို အသိမကြွယ်သေးတဲ့ ကလေးတွေမပြောပါနဲ့ အသက်ကြီး
    တဲ့သူတွေတောင် သုံးစားမရတာ တွေ တပုံကြီးပါ။
    အဲဒီတော့ လူ့ကျင့်ဝတ်ဆိုတော့ မလိုက်နာရင် လူကဲ့ရဲ့မယ်။နှာခေါင်းရှုံ့မယ်
    လူအထင်သေးတာခံချင်လဲခံရမယ်။
    ဒါပေမဲ့ ခု ဒီမှာရှိတဲ့ ကော်မန့်တွေအရတော့ မကဲ့ရဲ့တဲ့သူတွေလဲရှိနေတာဘဲ။
    ဗာလဲန်တိုင်းကို အကြောင်းပြုပြီးခုလိုတွေ ဖြစ်တာတော့မကောင်းဘူးဆိုတာ လက်ခံပါတယ်ဗျာ။
    ဘယ်လိုမှလုပ်လို့မလွယ်ဘူးဆိုတာကိုလဲ သဘောပေါက်ထားပါတယ် ဆိုတော့
    အပျံသင်စကာစ ငှက်ငယ် ကိုယ့်ဘဝကိုယ်အထင်ကြီး–ဆိုတဲ့ သီချင်းလေးကိုဘဲဆိုလိုက်မိပါတယ်။

  • Khin Latt

    February 7, 2012 at 10:12 pm

    သူကြီး နဲ့ ငြင်းရင်း System ကို Analysis လုပ်တာ အရမ်းကျယ် သွားလို့ လိုရင်းမရောက်ခဲ့ တာ ဖြစ်နိုင်ပါတယ်။ 😉

    ဒီတော့ကာ
    ချစ်သူများနေ့ (Valentine’s Day) မှာ ကိုယ့်ချစ်သူ မိန်းခလေး ဆီက ကာမ တောင်းမဲ့ ကိုယ်တော်များ ရဲ့ စိတ်ကို ကျွန်မ ဒီလို စွပ်စွဲပါမယ်။

    – အဲဒီ မိန်းကလေး ကို တကယ်ယူမှာ မဟုတ်ပါ။
    – အဲဒီ နေ့ ပြီးတာ နဲ့ အဲဒီ မိန်းကလေး အပေါ်ထား တဲ့ ကောင်လေး စိတ်ဓာတ် သည် စတင် ရိုးအီခြင်းကို ပြောင်းပါမည်။
    – အဲဒီ နေ့ ပြီးတာ နဲ့ အဲဒီ မိန်းကလေး ထက် ဟော့တဲ့ လှတဲ့ မိန်းကလေး ကို နောက်တွေ့လာရင် အလွယ်ပြောင်းမှာသေချာပါတယ်။
    – အဲဒီ နေ့ ပြီးတာ နဲ့ အဲဒီ မိန်းကလေး ဟာ ကောင်လေးကို ချုပ်ကိုင် နိုင်ဖို့ ကြိုးစားရင်း ပဋိပက္ခ အသွင် ဆောင်လာပါမည်။
    – အဲဒီနောက် ကောင်မလေး သဝန်တို တာ အကြောင်းပြ၍ ထားခဲ့ပါမည်။
    – အဲဒီ ကောင်လေး ဟာ ပါးစပ် မလုံပါ။ သူများ တွေကို ပါးစပ် အရသာခံ ပြောပါမည်။
    – အဲဒီ ကောင်လေး ဟာ သူ တကယ်ယူ မဲ့ မိန်းမအတွက် အေးဆေး သူကို ရှာယူပါမည်။
    – ဒီလို ကောင်လေး ဆီမှာ ရောဂါပိုး တွေ အများကြီး ရှိနေနိုင်ပါတယ်။
    – ကိုယ့်ကို တန်ဖိုး ထားရင် (အဆုံးစွန် – မတော်လို့သာ မှားချင်မှား မယ်) ဒီလို ဟိုတယ်မှာ ကြိုတင်ပြီး အစီအစဉ် နဲ့ လုပ်မထားပါ။ ကိုယ့်ကို တန်ဖိုးမထားလို့ သာ ဒီလို အပေါစား ကြေးစား မိန်းခလေး လို ဆက်ဆံခြင်းပါ။ ကိုယ့်ကို တန်ဖိုး မထားလို့သာ ဒီလို တောင်းခံ တာပါ။

    အပေါ်က အချက်တွေကို ဂရုမစိုက် တဲ့ မိန်းခလေး ဆိုရင် အရေးမကြီးပါ။
    ဒါပေမဲ့ ချစ်သူ က သူ့အလို မလိုက်ရင် မုန်းမှာကြောက်လို့၊ ဒါမှမဟုတ် ကိုယ်လဲ စမ်းကြည့်ချင်လို့ ဆိုတဲ့ မိန်းကလေးများ စဉ်းစားပါ။
    မယုံမရှိပါ နဲ့။ အရီး ဟာ အစ်ကို မောင် များကြား မှာ ကြီးလာသူပါ။
    ကဲလွန်း ချွဲလွန်းတဲ့ မိန်းကလေးတွေ၊ လွယ်လွန်းတဲ့ မိန်းကလေးတွေကို ဝေဖန်တဲ့ သူတို့ရဲ့ စကားတွေကို မင်းတို့ ကြားစေချင်ပါတယ်။

    ကိုသစ် ကို အားကျပြီး သီချင်းတစ်ပုဒ် ခေါင်းထဲ ဝင်လာတယ်။
    ဟိုးအရင် ဖိုးချို ဆို ခဲ့တဲ့ “ချစ်သူကို” သီချင်းထဲ က စာသားလေး။
    “ချစ်သူ ကို လက်ဖျား နဲ့တောင် မထိရက် နိုင်တယ်၊ အလှလေး ပွန်းပဲ့ သွားရင်ကို ရင်ကျိုး လှချည် ရဲ့”
    အဲဒီ သီချင်း ကို ရင်ထဲက ခံစား တတ်သူများလဲ ဒီ ခေတ်မှာ တော့ ရှိ နေနိုင်ပါသေး တယ် လို့ ဘဲ ဆုတောင်းပါတယ်။
    ဒီ ခေတ်မှာ ဒီလိုမျိုး စိတ် ရှိတဲ့ မောင်မင်းကြီးသားလေး များ ကို တကယ်ဘဲ ချီးကျူးပါရဲ့။
    သူတို့ အတွက် ထိုက်တန်တဲ့ မိန်းမကောင်း လေးတွေ အများကြီးပါ။

    ဒါကြောင့် တစ်ည ကို တစ်ဘဝ နဲ့ မလဲ ကြပါနဲ့ မိန်းခလေးတို့ရေ။

    မင်းတို့ အတွက် ယောကျင်္ားပီပီသသ နဲ့ မြတ်မြတ်နိုးနိုး တကယ်ချစ်တဲ့ သူ ကိုသာ စောင့်ကြပါ လို့ တိုက်တွန်း ရင်း။

    PS – သူကြီး နောက်ကြုံ ဦးမှာပါ။ ထပ်ငြင်းဖို့။ 😉

    • kai

      February 8, 2012 at 2:14 am

      တကမ္ဘာလုံးငြင်းနေကြတဲ့..ကိစ္စတွေပါ..အရီးလတ်ရေ..
      အခုတော့..ခဏ ငြိမ်းချမ်းရေးယူတော့မယ်နော..။ 😆
      =

      ဆိုတော့..
      မြန်မာပြည်အတွက်.. လက်တွေကျကျ..
      အသက်မပြည့်တာတွေ.. စုံတွဲဟော်တယ်-တည်းခိုခန်းထဲဝင်ရင်.. ဟော်တယ်က.. ဥပဒေအတိုင်းလုပ်နေမနေ မီဒီယာက ခိုးထောက်လှမ်း.. ဓါတ်ပုံတွေနဲ့.. သတင်းလုပ်တင်…။
      (ရောင်းကောင်းလိုက်မယ်ဖြစ်ခြင်း…)

      အသက်ပြည့်သူတွေဆို.. ဆေးခန်း.. နန်းပရော့ဖစ် အသင်းအဖွဲ့တွေက… ကွန်ဒုံတို့.. ဘာညာတို့.. ပညာပေးဖလိုင်ယာလေးတွေ.. ကမ်း..။

      …စီးပွားရေးအကွက်မြင်သူတွေက.. အသည်းပုံ ..အရုပ်.. ချောကလက် စတာတွေကို ဟော်တယ်ပေါက်မှာတင် အတင်းထိုးရောင်း…ဒီလိုသွားကြရမယ်ထင်မိတယ်..
      🙂

      ပြောရရင်.. အလုပ်အကိုင်သစ်..မားကက်တင်းကျွမ်းတဲ့..ဂျပန်တွေ.. ဗာလင်တိုင်းနေ့..ဘာမဆိုင်ညာမဆိုင်.. ချေကလက်ထိုးရောင်းတာ.. အဲဒီအတွက်ရောင်းရငွေက တနှစ်လုံးစာတဝက်လောက်ရှိတယ်…။
      http://japanese.about.com/od/japanesecultur1/a/Valentines-Day-In-Japan.htm
      Now the chocolate companies in Japan sell more than half of their annual sales during the week before Valentine’s Day. Men are supposed to return gifts to ..

      ယူအက်စ်မှာတော့.. ဗယ်လင်န်တိုင်းနေ့ဟာ..ပြီးခဲ့တဲ့..စက်တင်ဘာကစလိုက်တဲ့.. ရှော့ပင်ဆီဆန်ရဲ့..နောက်ဆုံးနေ့ပဲ…။
      အဲဒီနေ့မှာ.. လမ်းထောင့်တွေမှာပါ.. အရုပ်တွေ..ပန်းတွေ..ထိုးရောင်းတော့တာပဲ..။ ဓါတ်ပုံတင်ပေးဦးမယ်..။

      • Khin Latt

        February 8, 2012 at 4:45 am

        အဲဒီ ဗယ်လင်န်တိုင်းနေ့ ဆိုတာ အမှတ်တရ ပစ္စည်းလေးတွေ၊ ကဒ်တွေ၊ ချောကလက်တွေ၊ မွေးပွရုပ်တွေ၊ ပန်းစည်းတွေ နဲ့ ဆို ပိုပြီးလှပါတယ်၊
        အဲဒါကို အပြည့်အဝ ထောက်ခံပါတယ်။
        သူများတွေက အဲဒီအချိန် အဲဒါတွေ နဲ့ စီးပွါးရှာချိန် တို့ပြည်မှာတော့ ဟိုတယ်တွေ စီးပွါးဖြစ်တယ် ဆိုတာ တွေးမိရင် စိတ်ထဲမကောင်းဘူး။
        ဒီရက် ကိုမှရွေးပြီး သောင်းကျန်းဖို့ အခွင့်အရေး စောင့်သလိုဘဲ။ 🙁

        • inz@ghi

          February 8, 2012 at 6:59 am

          မားကတ္တင်း နဲ့ ဂျာပန်ဆိုတဲ့ ကီးဝါ့ဒ် ၂ခု ပါနေလို့ ..ချရေးလိုက်ပြီဗျာ…
          သည်ငတိတွေက စီးပွားရေးမလုပ်ရ မနေနိုင်တဲ့ ဟာတွေဗျာ …
          အလုပ်များမလုပ်ကြရရင် (ဝါ) ပဒေသာပင်များ ပေါက်ရင် ဂျူးနဲ့ ဂျပန် မျိုးတုန်းသွားမယ်ထင်ရဲ့
          😀

          ဗယ်လင်တိုင်းဒေးကို သည်မှာ အဒက်ပတေးရှင်း လုပ်ထားတယ်ခည …
          ဖယ်ဖျော်ရီ-၁၄ ဆိုရင် ကောင်မလေးတွေက အလုပ်ထဲက ကောင်လေးတွေ
          အားလုံးကို ချော့ကတ် ပေးတယ် …(ဂယ်ကြွေတဲ့လူကိုတော့ ဟဲဗီး ပေါ့ဗျာ…
          ကျန်တဲ့လူကိုတော့ စတိပေါ့)

          ယဉ်ကျေးမှု အရ တဖက်လူကို ယူက စိတ်ဝင်စားစရာကောင်းပါတယ် ဆိုတဲ့သဘောမျိုး
          အားပေးရာ ရောက်တဲ့ အယူအဆ နဲ့ အားလုံးကိုပေးတယ်ဆိုပဲ ……။

          အဲ့ မတ်လ-၁၄ရက်နေ့ကိုတော့ ဝှိုက်ဒေး လို့ ခေါ်ပြီးကောင်လေးတွေက
          ကောင်မလေးတွေကို ပြန်ပေးရတယ်ခင်ဗျ ….။
          (ဂျာန်တွေ လုပ်ပေါက်များ ပြောပါတယ် …ဈေး၂ခါရောင်းရအောင်လို့ ၂ခါခွဲလုပ်ကြတာများ…
          စိန့်ဗယ်လင်တိုင်း ၂ခါပြန်သေပေးရမလို ….)

          သဂျီး ပြောသလို စီးပွားတွက်တွက်မယ်ဆိုရင် ပြောပါတယ်…
          အနောက်တိုင်းအယူအဆ ကို နေ့စဉ် လူမှုစနစ်ထဲကို ဆွဲထည့် (မွမ်းမံ) ပြီး
          ဝယ်လိုအားကို ဒီဖိုင်းလုပ် သည်အပေါ်မှာမှ ပရိုမိုးရှင်း လုပ်သွားကြတာ …

          အင်း ဗမာပြည်မှာတော့ …………………………………….

          စကားမစပ် ဗယ်လင်တိုင်းမှာ ထန်းလျက် ကမ်ပိန်း မလုပ်ကြဝူးလားဟင်င်င်
          ချောကလက်လည်း ချိုတာပဲ ထန်းလျက်လည်း ချိုတာပဲ …မဟုတ်လားဗျာ …
          အနည်းဆုံး အညာက တောင်သူတွေတော့ စီးပွားဖြစ်မှာပေါ့ နော…

        • inz@ghi

          February 8, 2012 at 7:12 am

          ပွဲတော်ရက် ရွေးသောင်းကျန်းတာကတော့ အရီးရေ …
          ရိုးရာလိုကို ဖြစ်နေပြီ ….ဗျ။

          အရက်ကစပြောရရင်
          သင်္ကြန်ပဲ ကြည့်လေ. …။
          ကြိုက်တတ်ရင် အရက်သမားဘွဲ့ခံပြီး သောက်ကြပေါ့ဗျာ ..
          ဘယ့်နှယ့်ဗျာ ..ခုတော့ အကုန်ကြွက်တွင်းတွေ ကျနေတာပဲ ..
          ဂလု ကြတာများပြောပါတယ်….။
          နျူးရီးယား စမ်းဦးမလား တီလုပ်နှစ်ကူး ကြည့်ဦးမလား …။

          သည်တော့ စီးပွားရေးသမားကလည်း ဒီအချိုးတွေကို ကြည့်ပြီး
          လုပ်စားကြတာ မဆန်းတော့ဘာဘူး ..။(ဂယ်က မလုပ်သင့်ပေမယ့်ပေါ့နော်…)

          ပရိုမိုးရှင်း လုပ်တာ အများကြီးတော်သေးရဲ့ဗျာ …
          အဲ့ထက်ဆိုးတာကတော့ ဝယ်လိုအား ကိုကြည့်ပီး ပစ္စည်း ဝယ်လှောင် …
          ဈေးကစား ..အတုဖြန့် ….. သိပ်ရွံဖို့ကောင်း၏။

          ဗယ်လင်တိုင်း ကို ပြန်သွားပါ့မယ်….
          ကိုသစ်ပြောသလို အဝဲယားနက်စ်နဲ့ အင်ဒဗီဂျူဝယ် ရီဖောင်းပဲဗျ ….
          ရောင်တော်ပြန်နဲ့ ရောလွှတ်တဲ့ (ဝါ) တိုက်တယ်လ် တခုဗန်းပြပြီး
          ကိုယ့် အတ္တကို ဇက်ကြိုး လွှတ်ပေးတတ်တဲ့ အကျင့်လေးတွေပြင်သင့်ပီ …

          (အသက်ပြည့်သူတွေအတွက်ပါ …)
          ကိုယ့်ဟာကို မထိန်းသိမ်းနိုင်လို့ …နေကြရင် ၃ရာ၆ဆယ့်နဲ့မှ၅ရက်အတွင်း
          ကြိုက်တဲ့အချိန် ကြိုက်သလို လိမ့်လို့ ရနေတာကို ဗယ်လင်တိုင်း ခေါင်းစဉ်အောက်
          လျိုပြီး (အက်သစ်မကောင်းတဲ့ မာကတ်တာတွေ ပရိုမိုးရှင်းပေးတာကို) စားသုံးတယ်
          ဆိုရင်တော့ အင်း …..
          ကိုယ့်အသုဘနှစ်ပတ်လည်မှာ ကိုယ့်ရည်းစား သူများနဲ့ ပျော်ပျော်ကြီး အိပ်တယ် လို့သာ မြင်ကြည့်
          ခံစားကြည့်ကြပါကုန်လို့ …..။

          အသက်မပြည့်သူတွေအတွက်ကတော့ ပြောစရာကို မလိုတော့ဘူးထင်ပါရဲ့ဗျာ….

          ပုံ
          ရောင်တော်ပြန် သောင်းကျန်းသူများနှင့်
          ခါတော်မီ လုပ်စားကြသူများကို အားကြီး မုန်းတဲ့
          ဂီ

  • ကြောင်ကြီး

    February 8, 2012 at 10:39 am

    ယောက်ျားတယောက်အနေနဲ့ ကိုယ်ချင်းမစာပြောရရင် အလွယ်ရကြိုက်သပေါ့ဗျာ.. 👿 ကိုယ့်နှမအမ ဆွေမျိုးသားချင်းပါရင်တော့ နာသပေါ့ဗျာ၊ ကိုယ်ချင်းစာကြည့်ကြပေါ့.. 😡
    များသောအားဖြင့် ဒီပုပ်ထဲဒီပဲ မိန်းမတွေ ဖြစ်တာများပါတယ်။ နဂိုထဲကမှ လွယ်ပြီးသားတွေလေ၊ သူတို့အဖို့ ပိုနာမသွားတော့ဘူး၊ အတိုကောက်ပြောရင် ကကတွေဖြစ်ပါတယ်။ သူတို့က ကိုယ့်လယ်ကွက်ကို သီးစားချယုံတင်မက သူများကိုပါလိုက်ဖို့ စည်းရုံးဆွဲဆောင်ကြသဗျ။ စိုးရိမ်တာ အတုခိုးမှား လိုက်ကြမဲ့ သီးစားချဖို့အချိန်မကျသေးတဲ့ (အရွယ်မဟုတ်ပါ) အမျိုးကောင်းသမီးပျိုများကို ဖြစ်ပါတယ်။ လက်မထပ်ခင် အတူနေချင်ရင် အသက်ဆယ့်ရှစ်နှစ် ပြည့်ရုံတင်မက ကိုယ့်ဘဝကိုယ် ထူထောင်နိုင်စွမ်းလည်း ရှိဖို့လိုတယ်။ နို့မို့ရင် အသက်နှစ်ဆယ့်တနှစ်အထိ စောင့်ကြပေါ့ဗျာ။ မိန်းခလေးဖက်က ကြည့်ပြောတာပါ။ ယောက်ျားလေးကတော့ ရရင် တနေ့မဆိုင်းလိုချင်တာပေါ့။ ရပြီးတော့လည်း များသောအားဖြင့် အရီးလတ်ပြောသလို အပျော်ကြံ အလေးမထားတတ်ဘူး။ ဆယ်ယောက်လောက် စားဝါးပြီးရင်တော့ နောက်ဆုံးအိပ်တဲ့တယောက်ကို အတည်ကြံချင်ကြံမယ်။ တွေ့မိတဲ့ မိန်းခလေး အတော်များများ အဲဒီလိုနဲ့ ဆရာမကြီးတွေဖြစ်ပြီး အိပ်မနာဆိတ်မနာ ဖြစ်ကုန်တာများတယ်။ ခက်တာ တခါစားဖူးရင် အခါခါစားချင်၊ တခါခိုးဖူးရင် နောင်ခိုးဖို့ဝန်မလေး ဖြစ်တာနဲ့တူလို့ လုပ်စရှိရင် ဆက်သွားဖို့ ၈၀%+ သေချာကြောင်းပါခင်ဗျာ..။

  • မြန်မာပြည်က လူငယ်များသည် လိင်ပညာနှင့်ပါတ်သက်၍ စနစ်တကျမသိကြပါ။
    အကာအကွယ်ယူ၍ဆက်ဆံရကောင်းမှန်းမသိကြပါ။
    ထိုအတွက် ကျားနှင့် မ ဆိတ်ကွယ်ရာတွင်တွေ့သည်နှင့် နွားသိုးကြိုးပြတ်ဖြစ်ကုန်တာများ၍ အန္တရာယ်ကြီးပါ၏။
    မတော်တဆ ကိုယ်ဝန်ရှိသွားပါက ယောက်ျားလေးမှ တာဝန်မယူပါက
    မိန်းကလေးမှာ အရှက်ရစရာဖြစ်ကျန်ခဲ့ပါ၏။
    ထိုအခါ အများ၏ အပြစ်တင်ခြင်းသာ ခံယူကြရကုန်၏။
    တရားဝင်ကိုယ်ဝန်ဖျက်ချနိုင်သော အခွင့်အရေး မရှိပါ။
    ်(ထို့ကြောင့် အချို့ဘဝပျက် အချို့ မိမိကိုယ်မိမိသတ်သေ)
    ထို့အတွက် လောလောဆယ် ကိုချော ပြောတာ မှန်ပါသေး၏။
    ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီးအဖြစ်ပြောင်းလဲနိုင်၍ နိုင်ငံတကာနှင့်အဆက်အသွယ်များလာသောအခါ
    မြန်မာပြည်သူပြည်သားများလဲ့ ခေတ်မီလာပါက သူကြီးပြောသလို သေချာပေါက်ဖြစ်လာနိုင်ပါ၏။
    ထို့ကြောင့် ဆန္ဒ မစောပါနှင့်ဟုပြောချင်ပါ၏။

Leave a Reply