တပ်မတော်အတွင်းသို့ ရောက်ရှိသွားသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀ဝ ရှိခဲ့

klnJune 3, 20101min580

တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော်အတွင်းသို့ ရောက်ရှိသွားသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀ဝ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ သတင်းရရှိသည်။ “ အယောက် ၁၀ဝ မြောက် ဖြစ်တဲ့ကလေးတစ်ဦးကို မေလ ၂၆ရက်နေ့က အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ် ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ စတိ(ဖ်)မာရှယ်က မေလ ၂ရရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အသက်(၁၈)နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပေးပညာပေးသင်တန်းများကို ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။