7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးတို့ ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ကြေညာချက်အမှတ်(၂)အားထုတ်ပြန်

klnJune 3, 20101min614

7 Day News ဂျာနယ်မှ မအေးသူစံနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးတို့အကြား ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြေညာချက်အမှတ် (၂/၂၀၁၀)ကို ဇွန်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြေညာချက် (၁/၂၀၁၀)တွင် 7 Day News ဂျာနယ်မှ မအေးသူစံနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးတို့အကြား ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်ထက်ထက်မိုးဦး၏ လုပ်ရပ်အပေါ် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာရှုတ်ချခဲ့ပြီးဖြစ်ကြောင်း၊ သတင်းထောက်မအေးသူစံကိုလည်း ဇွန်လ ၁ရက်နေ့က ခေါ်ယူတွေ့ဆုံ၍ လိုက်နာသင့်သည့်အချက်အချို့ကို အသိပေးပြောကြားခဲ့ကြောင်း ယခုထုတ်ပြန်ချက် (၂/၂၀၁၀)တွင် ပါရှိသည်။ သတင်းထောက်မအေးသူစံကို အသိပေးခဲ့သည့်အချက်များထဲတွင် (က) သတင်းအရင်းအမြစ်များနှင့် တွေ့ဆုံမေးမြန်းသတင်းရယူရာတွင် စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ (ခ) စာပေနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်သည့် ပြောဆိုပြုမူခြင်းများကို ရှောင်ရှားရန်ဟူသည့် အချက်များပါဝင်သည်။ စာနယ်ဇင်းများနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များသည် မီဒီယာတည်းဟူသော အမိုးအောက်တွင် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အတူတကွ ဆက်ဆံဆောင်ရွက်ကြရသည့်အားလျော်စွာ ဖြစ်ပွားခဲ့သည့် အဆိုပါကိစ္စရပ်အား တသီးပုဂ္ဂလခံစားမှုပြဿနာဟု မှတ်ယူပြီး ရေရှည်စည်းလုံးညီညွတ်မှုကို ရှေးရှုကာ ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က တိုက်တွန်းမေတ္တာရပ်ခံလိုက်သည်ဟု ကြေညာချက် (၂/၂၀၁၀)တွင် ပါရှိကြောင်း သိရသည်။

4 comments

  • BaKo

    June 3, 2010 at 8:42 pm

    ကြောက်ရတယ်။ စသုတ်ထမန်တိုင်ကြီးကလည်း ရွေမင်းသမီးနဲ့ တိတ်တိတ်ပုန်းခင်ပွန်းတော်တွေကို ကြောက်ရတယ်။

  • touch

    June 4, 2010 at 2:45 am

    “အမ မေးတာလေးတွေ ကောင်းကောင်းဖြေပေးပါ” “ထက်ထက် ဘဝကို ခဏ ခဏ ပြန်စနေရတာ” ဒီစကားလုံးတွေကရော ဂျာနယ်လစ်တယောက်က စာနယ်ဇင်း ကျင့်ဝတ်ပီသစွာ မေးလိုက်တယ် ထင်ပါရဲ့ ဗျာ…..”မအေးသူစံ ယောက်ျားခဏ ခဏယူနေတာ ဘာလို့လဲ ဟင်” အဲလိုလေး ကိုယ့် ကို ကိုယ် ပြန်မေးကြည့်ပါလား……
    စာနယ်ဇင်းဆိုပြီး ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ ကိုယ်ရေးကိုယ်တာ ကို လိုက်စော်ကားနေတာ အားနည်းချက်ကို စော်ကားတာ ……….အင်း ခက်တယ် ခက်တယ်

  • minminei85

    June 4, 2010 at 6:15 am

    i really support touch’s comment.

  • htethtet

    June 5, 2010 at 6:38 pm

    touch; ရေ
    ထက်ထက် နေရာ ကိုယ်သာဆိုရင်
    ပါးတင်ရိုက်မှာမဟုတ်ဘူး
    မိန်းမချင်း ကိုယ်ချင်းမစာ မေးစရာရှားလို့

    ခလေးယူတာတောင် ဘယ်တော့လဲတဲ့
    လာစမ်းပါ ဒီလောက် ပါးစပ်ယားနေတာ
    လက်တွေ့ပြလိုက်မယ် ဟင်း………….

Leave a Reply