`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´

winkyawaungFebruary 6, 20121min2014

`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´

အောင်ဘာလေထီ ကို(၂၇ရကြိမ်)မှစ၍ သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆုသိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာလိုင်း (၃)လိုင်းထပ်တိုးတယ်။ (၂၇၆ကြိမ်)မှာ `က´ အက္ခရာမှ `မ´ အက္ခရာအထိ(၂၅)လုံးပါ။ (၂၇ရကြိမ်)ကစပြီး`က´မှ `လ´အက္ခရာထိ(၂၈)လုံးတိုးထားတယ်။ ယခင်ထက် အက္ခရာ(၃)လိုင်း တိုးလိုက်တော့ ထီစောင်ရေ(၂၇)သိန်းတိုးလာပါ တယ်။ ဝယ်အား(ထီထိုးအား)များလာရင်လည်း နောက်ထပ် အက္ခရာလိုင်းတွေကို ထပ်မံတိုးသွားမယ်လို့ ကြားသိရပါတယ်။ အစိုးရထုတ်ဈေးကတော့ ထီတစ်စောင်(၂၀၀)ကျပ်သာတဲ့။ အစိုးရက ထီဈေးနှုန်းမတက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားပြည်သူတွေကတော့ ထီဖွင့်ခါနီးရင် ထီတစ်စောင် (၄၀ဝိ/၅၀ဝိ)ကျပ် သေချာပေါက်ပေးပြီး ထိုးကြရမယ်ထင်ပါတယ်။ ယခုလဆန်းပိုင်းကို ထီတစ်စောင်(၃၀ဝိ/၃၅ဝိ)ထိုး နေရပါပြီ။ ထီဆိုင်သူဌေးကြီးများနဲ့ ထီလက်မှတ် ဝယ်ယူခွင့်ရထားသူ (အခွင့်ထူးခံ) လူတန်းစားများသာ ပိုပြီး ပိုပြီး ချမ်းသာလာကြပါမည်။ အစိုးရထုတ်တဲ့ အောင်ဘာလေထီ ကို အပြင်မှ အမြတ်ပေးပြီး ကံစမ်းရတယ်ဆိုတာကိုက မကောင်းပါဘူး။ ဆင်းရဲနွမ်းပါးသူများ လျှော့ကျစေချင်ရင် အစိုးရထီကို အစိုးရက ထုတ်တဲ့ဈေးနဲ့ သာ ရောင်းပေးရပါမည်။ ထီဆုကြီး သိန်း(၁၅၀၀) ဆုနဲ့ တစ်လမှာ သူဌေးငယ်တစ်ဦး မွေးထုတ်မယ့် အစား အဲဒီထီသိန်း(၁၅၀၀) ဆုကြီးအစား လက်ရှိယူနစ်ဆု သိန်း(၁၀၀)ဆုများ အပြင် နောက်ထပ်သိန်း(၁၀၀) ဆုများ (၁၅)ဆုတိုးပေးလိုက်ရင်မကောင်းဘူးလား။ ဒါဆိုရင် တစ်လ တစ်လမှာ သိန်းတစ်ရာ ယူနစ်ဆုများ (၃၀) လောက်ဖြစ်သွားမယ်။ တစ်လ တစ်လမှာ သိန်း(၁၀၀)ဆုရကံထူးရှင်များ(၃၀)ဦးလောက် အိမ်တွင်းစီးပွားရေးလုပ်ငန်းလေး တစ်ခုခုကိုတော့ သေချာပေါက် ထူထောင်နိုင်ဖို့ အရင်းအနှီးများရသွားကြမယ်။ အဲဒီသိန်းတစ်ရာယူနစ်ဆုတွေထဲမှ အနည်းဆုံး တစ်သိန်းဆုရှင်တွေအများ ကြီးထွက်လာမယ်လေ..။ ယနေ့ခေတ် တစ်သိန်းဆု ဟာ မိသားစု တစ်စုရဲ့ မီးဖိုချောင်တော့ တစ်လလောက် အထောက်အကူရမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို လက်ပွှေ့ထီရောင်းသက် အနှစ်(၃၀) လောက် ရှိသူတစ်ဦးက အကြံပေးပြောကြားတာပါ။ သူ ပြောတာကို သေချာစဉ်းစားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ထီ တစ်စောင် (၂၀၀) ကျပ်နဲ့လည်း ထီထိုးလို့ရမယ်၊ သိန်း(၁၀၀) ယူနစ်ဆုတွေကလည်း တစ်လ တစ်လ(၃၀)ဆု လောက်ဆိုရင် အောက်ခြေလူတန်းစားတွေအတွက်တော့ ချောင်လည်သွားကြမယ်ထင်ပါတယ်။ ယခုတော့ နှစ်လုံး သုံးလုံးကလည်း မြန်မာတစ်ပြည်လုံးမှာ ပိတ်ထားတယ်ဆိုပေမယ့် ပြန်ပြီးလုပ်တဲ့ နေရာတွေမှာ ထိုးလို့ရနေကြပြန်ပါပြီ..။
ဒါ ဘာကြောင့်လည်းဆိုတော့ အစိုးရ အောင်ဘာလေထီက အစိုးရထုတ်ဈေးနဲ့ ထီထိုးလို့မရဘဲ ဈေးကြီးနေလို့ပါ။ လူများများ ထီပေါက်မယ်၊ လစဉ် လစဉ် ထောက်ပံ့မှုရပြီး ပေါက်တဲ့ သူ အရေအတွက်များ များလာအောင် သိန်း(၁၀၀) ယူနစ်ဆုတွေကို များများထည့်ပေးရင်တော့ ထိုင်း နိုင်ငံက နှစ်လုံးထီ သုံးလုံးထီကို အောင်နိုင်ပါလိမ့်မည်။ သူတို့ထီလို (၅ဝိ)ဖိုးကအစ ဈေးနည်းနည်းနဲ့ ကြိုက်သလောက် ထိုးလို့ရအောင် အစိုးရအောင်ဘာလေထီကိုလည်း ဆောင်ရွက် စီမံသင့်ကြပါပြီ..။ ယခုတော့ဗျာ တစ်ခါလာလည်း မဲပြာပုဆိုး ဂျာနယ်အစောင်စောင်တွေက အောင်ဘာလေထီ ဈေးကြီးနေပြီ ဘယ်လောက်အော်အော် ဘယ်လောက်ရေးရေး ဘာမှ ထူးမလာကြပါဘူး။ အစိုးရအောင်ဘာလေထီ အခွန်ဌာနကလည်း ပြည်သူ့ငွေတွေနဲ့ လခယူပြီး ပြည့်သူ့ဝန်ထမ်းစစ်စစ်တွေက အစိုးရထုတ်တဲ့ အောင်ဘာလေထီ တစ်စောင် ထုတ်ဈေး(၂၀၀)ကျပ်နဲ့ အများပြည်သူ တစ်ဦးချင်းဆီကို မရောင်းနိုင်ပါဘူး လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြား ထားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အခြား ကုန်ဈေးနှုန်းများကို ခေါ်ယူညှိနှိုင်းပြီး ဈေးနှုန်းကိုထိမ်းထားနိုင်သလို ထီဈေးနှုန်းကိုလည်း ထိမ်းထားသင့်ပါတယ်။ ထီဈေးနှုန်းကို မထိမ်းနိုင်ဘူး ဆိုရင်တော့ အောင်ဘာလေထီ ဟာ ပြည်သူလူထု ကြီးပွားချမ်းသာရေးမဟုတ်ဘဲ ထီဆိုင်သူဌေးကြီးများနဲ့အတူ ထီတကယ်မရောင်းကြဘဲနဲ့ ထီထုတ်ယူခွင့်ပါမစ်များကို လက်ဝါးကြီးအုပ်၊ နှစ်ပြတ်၊ လပြတ်၊ တစ်သက်တာ နဲ့ ထုတ်ယူပြီး တဆင့်ပြန်လည်ရောင်းစားထားကြတဲ့ အခွင့်ထူးခံလူတန်းစား လူတစ်စုသာ ဆက်လက်ချမ်းသာသွားကြပါဦးမည်..။ အောင်ဘာလေထီဌာနမှ ထီလက်မှတ်များကို လက်ကျန်မရှိအောင်ဆိုပြီး အပြတ်ပေးထားတဲ့ ကုန်သည် နဲ့ ထီဆိုင်ကြီးများကိုသာ လုပ်ချင်သလိုလုပ်ကြပါလို့ လွှတ်ထားသလိုဖြစ်နေပါတယ်။ ဒီလိုသာဆိုရင်တော့ အစိုးရအောင်ဘာလေဌာန နဲ့ ကြားခံကုန်သည် ထီဆိုင်ကြီးများသာ ပိုပြီးချမ်းသာ အဆင်ပြေသွားမှာ မလွဲဧကန်ပါ။ ဒီမိုကရေစီခေတ်ကြီးကို တကယ်လျှောက်လှမ်းမယ်ဆိုရင် ပြည်သူလူထု ဝမ်းဝရေး ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အောင်ဘာလေထီ ဌာနမှ ထိထိရောက်ရောက်ကူညီနိုင်အောင် ပြန်လည်ကြည့်ရှုသင့်ပါပြီ..။

4 comments

  • ချစ်ရင်ထူးနှစ်

    February 6, 2012 at 3:03 pm

    ကျွန်တော် လက်ခံပါတယ်… ကျွန်တော် ကြားသိရသလောက် အဲဒီ 1500 ကို ကျွန်တော် တို့ထဲက မပေါက် နိုင်လောက်ပါဘူး… (ဘာလို့လဲ တော့မမေးနဲ့ )နောက်ပြီးတော့ ထီ ဆိုလို့ ထီလိမ် တာတွေကလဲ အများကြီးပါ..အဲဒီ အကြောင်းလေး ရေးပါဦးမယ်.. အစိုးရဘက်က အဲလိုလုပ်ပေးနိုင်ရင် ပိုပြီးတော့ အဆင်ပြေလာ ဖွယ်ရှိတယ်လို့ ခံစားမိပါတယ်..
    ကျေးဇူးပဲ
    ကိုဝင်းကျော်အောင် ရေ….
    ချစ်ရင်ထူးနှစ်

  • စိန်ပေါက်ပေါက်

    February 6, 2012 at 3:16 pm

    သများတော့ ခါမှလဲထီပေါက်သံ ကြားဖူးဘူး
    အဲတော့ ထိုးကိုထိုးတော့ဘူး..
    သိန်းတစ်ရာဆု အစု သုံးဆယ်လောက် ထုတ်ပေးရင်တော့ ထိုးဖြစ်မယ်ထင်တယ်..
    အခုစနစ်နဲ ့တော့ သေတောင်ပေါက်မယ် မထင်ဘူး..
    အကွက်တစ်ရာရှိတဲ့ ၂လုံးထီတောင် မပေါက်တာ..
    အကွက်ပေါင်း သိန်းသန်းမကရှိတဲ့ အောင်ဘာလေ စိတ်ကိုမဝင်စားဘူးကွာ
    အက္ခရာ ကဏန်းလျှော့ပေးရင်ထိုးမယ်
    မလျှော့ရင် သေတောင် ထိုးဘူး.

  • နေဝန်းနီ

    February 6, 2012 at 4:34 pm

    တစ်ကယ်တော့ ထီဖွင့်ပြီး သူဌေးရွေးပေးတယ်ဆိုတာ အဲဒါကို ပဲ အာရုံထားနေတယ်ဆိုရင် အဲဒါ သီပေါမင်းလမ်းစဉ်လိုက်တာပဲ…။ သမိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲပြန်ကြည့်………..။

  • တကယ်တော့ ထီထိုးတာလဲမကောင်းပါဘူး။နှစ်လုံးထီ၊သုံးလုံးထီတို ့လိုပါဘဲ။
    တကယ်တော့ ကျနော်တို ့နယ်ဖက်တွေမှာ တစောင်ကို(၄၀၀-၁၀၀၀)ကြား
    ဈေးပေါက်ပါတယ်။ဒါပေမယ့်လဲ ထိုးမယ့်လူကရှိနေတာပါဘဲ။ဆင်းရဲတဲ့လူတွေ
    ကတော့ မမှန်းနိုင်ပါဘူး။

Leave a Reply