လိုအပ်ချက်

naywoon niFebruary 6, 20121min1237

ပန်းပွင့်လေးတွေဟာ
အချိန်တန်ရင် ကြွေတာပဲလို့ချည့်ပြောနေကြ
လူတွေကတော့ မသေတဲ့အတိုင်း…..။
ပန်းကြွေလေးတွေတောင်
သူတို့ရနံ့နဲ့
လူတွေကိုလွမ်းအောင်လုပ်နိုင်သေးရင်…..
ငါတို့တွေလည်း
နေစဉ်ခဏ ရိက္ခာ ပြည့်အောင် ကြိုးစားချိန်မှာ
လူထဲကလူ
လူ့အသိစိတ်
လူ-လူ ချင်း လူလိုမြင်တဲ့
လူသားဆန်တဲ့ စိတ်ပြည့်ဖို့တော့ လိုလိမ့်မယ်နော်……။

နေဝန်းနီ

7 comments

  • စိန်ပေါက်ပေါက်

    February 6, 2012 at 4:27 pm

    ခုတလော
    ပန်းတွေနဲ ့ချည်း တင်စားနေပါကလား ဒေါ်နီရေ
    ဝမ်းဒေးတော့ ဒေါ်နီ ့လို ကဗျာစပ်တတ်အောင် လုပ်ဦးမယ်ဗျာ..
    လောလောဆယ်တော့ ဒေါ်နီတို ့ဆီက ဖတ်မှတ်နေတုန်းပဲ

  • blackchaw

    February 6, 2012 at 6:28 pm

    ကိုနေကတော့
    ပန်းတွေနဲ့
    စကားတွေ ပြောနေပြီ။
    ပန်းစကားပြောသော ကိုနေပါဗျာ။

    • နေဝန်းနီ

      February 6, 2012 at 6:52 pm

      မဟုတ်ပါဘူး ကိုချောရယ်..။ ကိုယ်ရံတော်ကဗျာ မှာတုန်းက ကျွန်တော်ပေးတဲ့ ဥပမာ ထက် ပိုပြီး ပန်းတွေကြွေတဲ့ အကြောင်း ပြောနေကြလို့ ဒီလိုစိတ်ကူးပေါက်သွားတာ

  • ကိုနေဝန်းနီရေ အားပေးဖတ်ရှုသွားပါတယ်နော်။ဒီနေရာလေးကိုပိုကြိုက်လို ့ပါ။

    နေ ့စဉ်ခဏ ရိက္ခာ ပြည့်အောင် ကြိုးစားချိန်မှာ
    လူထဲကလူ
    လူ့အသိစိတ်
    လူ-လူ ချင်း လူလိုမြင်တဲ့
    လူသားဆန်တဲ့ စိတ်ပြည့်ဖို့တော့ လိုလိမ့်မယ်နော်……။

  • မိုက်ကယ်ဂျော်နီငပွ

    February 6, 2012 at 11:29 pm

    ရံခါ ကဗျာတွေဟာ ငါ့ဘဝဘဲ
    ရံခါ ကဗျာတွေဟာ အသိတရားဘဲ
    ရံခါ ကဗျာတွေဟာ အတွေးအခေါ်တွေဘဲ
    ရံခါ ကဗျာကဗျာတွေဟာ လူနေမှု့ဘဲ
    ရံခါ ကဗျာကဗျာတွေဟာ ဘဝဘဲ
    ရံခါ ကဗျာကဗျာတွေဟာ ငါ့ရဲ့စိတ်ဘဲ
    ရံခါ ကဗျာကဗျာတွေဟာ ငါ့ရဲ့အနာဂတ်ဘဲ
    ရံခါ ကဗျာကဗျာတွေဟာ ငါ့ရဲ့ လုပ်ငန်းဆောင်တာတွေဘဲ
    ရံခါ ကဗျာကဗျာတွေဟာ ငါ့ဘဲ 😀 😀 😀
    ငါက ကဗျာဘဲ
    ငါက အသိတရားဘဲ
    ငါက အတွေးအခေါ်တွေဘဲ
    ငါက လူနေမှု့ဘဲ
    ငါက ဘဝဘဲ
    ငါက ငါ့ရဲ့စိတ်ဘဲ
    ငါက ငါ့ရဲ့အနာဂတ်ဘဲ
    ငါက ငါ့ရဲ့ လုပ်ငန်းဆောင်တာတွေဘဲ
    ငါက ငါ့ရဲ့ တွေးခေါ်ခြင်းဘဲ
    ငါက
    ငါက
    ငါက
    ငါက
    ငါက
    ငါက
    ငါက
    ငါက
    …………………………………………
    ဟဲဟဲဟဲ
    ………………………………………….
    ကဗျာချစ်သူ
    မိုက်ကယ်ဂျော်နီအောင်ပု

    • မိုက်ကယ်ဂျော်နီငပွ

      February 6, 2012 at 11:35 pm

      ကျနော် ကဗျာတွေကို ချစ်ပါတယ်
      ဒါပေသိ
      ကျနော် ကဗျာရေးတတ်ပါဘူး

  • အော် ကဗျာသာ မရေးတတ်ဘူးပြောပါတယ်။ခုရော ကဗျာလေးဖြစ်သွား
    ပီလေဗျာ။ငါ့အဖြစ်ပေါ့ ရံခါ လို ့နာမည်ပေးရအောင်လားဗျ။

Leave a Reply