အမှတ်တရ ပုဂံပြည် .. အပိုင်း (၅)

we R oneMarch 14, 20123min28413

စူဠမဏိစေတီ

ပုဂံမှာ ထုထည်အားဖြင့် အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရားကို ဖူးမျှော်ပြီတဲ့ နောက် နံရံဆေးရေး ပန်ချီ အနုလက်ရာ မှာ ထင်ရှားတဲ့ စူဠမဏီ စေတီတော်ကြီး ကို ခရီးဆက်ခဲ့ ကြပါတယ်..။ ပုဂံရောက်ကတည်းက ရာသီဥတု သိပ်ပြီး မသာယာတာကြောင့် ညနေ ၅ နာရီကျော်လောက်ပဲ ရှိသေးပေမဲ့ နေလုံးကို မမြင်ရတော့ဘဲ အနည်းငယ်မှောင်စ ပြုနေပါပြီ..။ စူဠမဏီ ဘုရား ကိုဖူးပြီးနောက်.. အလိုတော်ပြည့်ဘုရား ကို ခရီးဆက်ခဲ့ ကြပါတယ်..။ အလိုတော်ပြည့်ဘုရားကို  ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်..။ အလိုတော်ပြည့်ဘုရား ဖူးပြီးနောက် မိုးကလည်းတော်တော်ချုပ်နေပြီး.. ဗိုက်ကလည်း တဂွီဂွီ အသံပြုနေပြီမို့.. မြန်မာဘူဖေးဆိုင် သို့ ခရီးဆက်ခဲ့ကြပါတော့…။စူဠမဏိ စေတီတော်

စူဠမဏိ စေတီတော်
စူဠမဏိ စေတီတော်
စူဠမဏိ စေတီတော်
နောက်ခံ နံရံဆေးရေးပန်ချီနဲ ဆင်းထုတော်
နောက်ခံ နံရံဆေးရေးပန်ချီနဲ ဆင်းထုတော်
နံရံဆေးရေးပန်ချီ
နံရံဆေးရေးပန်ချီ
နံရံဆေးရေးပန်ချီ
နံရံဆေးရေးပန်ချီ
အလိုတော်ပြည့်ဘုရား..
အလိုတော်ပြည့်ဘုရား..
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း
ြ့မန်မာဘူဖေး ထမင်းဆိုင်ကHandmade နောက်ဆုံပေါ်မီးဆိုင်း

ဆက်ပါအုံမည်…

we R one

13 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 14, 2012 at 11:34 pm

    ဒါ့ ပုံ လေး တွေ ကြည့်ရ ၊ ဘုရား ပုံတော် လေး တွေ ဖူးရတာ
    မင်္ဂလာ ရှိလိုုက်တာ ။ သပ္ပါယ်တော်မူလိုက်တာ ။
    ကျေးဇူးတော်ရှင်ဗုဒ္ဓရှင်တော် မြတ်ဘုရားအား ရိုလေလေးမြတ်စွာ
    ကန်တော့ပါ၏ ဘုရား ။
    ဘူဖေး ဆိုင်ကိုလည်း သတိယ မိပါ၏ ။

  • Khin Latt

    March 15, 2012 at 5:41 am

    အာဝမ်း လေးရယ်-
    မီးဆိုင်းကြီး ကို မကြည့်ချင်ပါဘူး ဟယ်။
    ဘူဖေး တွေကို ဘဲ ကြည့်ချင်ပါတယ်။
    ရှလွတ် …. 😉

    ပုဂံ ကိုတော့ ရှားရှားပါးပါး ရောက်ဘူးတယ်။ လွမ်းသွားပြီ။
    ပုံလေးတွေအတွက် ကျေးဇူးဘဲနော်။
    အခုအထိ အိမ်မပြန်ရသေးဘဲ ပုဂံမှာဘဲ ရှိနေတာလား။ jk 😀

  • Ma Ei

    March 15, 2012 at 12:25 pm

    ပုဂံပြည် ကိုတော့ ဘယ်နှစ်ခေါက် ရောက်ရောက်
    ဓါတ်ပုံတွေ ဘယ်လောက် ကြည့်ရ ကြည့်ရ
    မရိုးနိုင်တဲ့အတွက် ဆက်ပါဦးနော်…

  • ပုဂံက မမ
    ဗိုက်တွေ ဆာလှတာ ..
    တဂွီဂွီတောင် မြည်သတဲ့ဗျာ …
    ကျုပ်ဖြင့် မကြားမိပေါင် …. 😀

    အားပေးသွားတယ်နော့ …

  • windtalker

    March 17, 2012 at 8:08 pm

    အမြဲ ဖူးချင်နေသော အလိုတော်ပြည့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား ဖူးခွင့်ရလို ့၊ အထူးကျေးဇူးတင်ရှိပါတယ် ၊ မဝရုံး ရေ ။

  • MaMa

    March 17, 2012 at 8:32 pm

    ရှေးဟောင်းစေတီပုထိုးတော်တွေနဲ့ နောက်ခံအပြာရောင် မှိုင်းမှိုင်းလေးကိုကြည့်ပြီး ကိုယ်တိုင်တောင် ရာဇဝင်ထဲ ရောက်သွားသလိုပဲ 🙂

    • we R one

      March 20, 2012 at 6:01 pm

      ရာဇဝင်ထဲ က မမ ပေါ့လေ…:D

  • pooch

    March 17, 2012 at 8:40 pm

    ပျောက်နေတာ အခုမှပဲပေါ်လာတယ်။ ဆေးရေးပန်းချီတွေကို သေချာလေး ရိုက်ခဲ့တာပဲ။
    မီးဆိုင်းလေးတွေက အမြင်ဆန်းသလားလို့။

  • TTNU

    March 17, 2012 at 10:54 pm

    ဘယ်နေ့ကသွားတာလဲဟင်။
    ပုဂံဓာတ်ပုံတွေ တွေ့ရင်ငိုချင်တယ်။
    တီချာတို့ (၁၄.၃.၁၂) ကနေ.(၁၆.၃.၁၂) နေ့ထိ
    သွားပြီးရိုက်ခဲ့တဲ့ပုံတွေ အားလုံးပျက်သွားလို့လေ။

    • we R one

      March 20, 2012 at 5:56 pm

      ဒီဇင်ဘာ ၂၆ ရက်နေ့ က ရိုက်ထားတဲ့ ပုံတွေပါ.. ၂၅ ရက် နေ့ ည ပိုင်း က သွားတယ်.. ၂၈ ရက် ည မှ ပြန်လာတာ

  • ဆူး

    March 18, 2012 at 11:53 am

    ဘူဖေး စားချင်စိတ်တောင် ဖြစ်မိတယ်။
    ဘူဖေးဆိုင်က ဟင်းနုနွယ်သုတ် ကိုတော့ အရမ်းကြိုက်တယ်။
    ကြက်ကြော် လာချလို့ ကုန်သွားလို့ ထပ်မှာရင် စားလို့ ပြီးမှ ရောက်တာတော့ ကောင်းဘူး။ တခါမှာ မှ တခါ ထပ်ကြော်တာ ဆိုတော့လည်း သည်းခံရတာပေါ့လေ.. အဟင့်။

  • Mလုလင်

    March 22, 2012 at 10:12 pm

    ဒီဇင်ဘာ မှာတောင် ကောင်းကင် က သိပ်မကြည်ချင်တော့ဘူးနော့ …..

  • mamanoyar

    June 20, 2012 at 12:45 pm

    ကျေးဇူးတင်ပါတယ်ရှင် ပုဂံကို နောက်တစ်ခေါက်
    သွားချင်စိတ်တွေ ဖြစ်မိပါတယ်

Leave a Reply