George W Bush joins social networking giant Facebook-ဘီဘီစီသတင်း

yannaingechJune 3, 20101min821

အမေရိကန်သမ္မတဟောင်း ဘုရှ်တစ်ယောက် Facebook Account တစ်ခုဖွင့်လိုက်ပြီလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ Account ဖွင့်ပြီး နာရီပိုင်းအတွင်းမှာ လူ ၂၀၀၀၀(နှစ်သောင်း) ကျော်ဝင်ကြည့်ကြလို့ မစ္စတာဘုရှ်ရဲ့ Account ဟာ အတော်ပေါက်သွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူက Bush Clinton Haiti Fund နဲ့ Barbara Bush Foundation နှစ်ခုကို သူအကြိုက်ဆုံး ဝက်ဘ်ပေ့တွေဖြစ်တယ်လို့ရေးထားပါတယ်။ ကြားခံလူတစ်ယောက်နဲ့တင်ထားတဲ့ သူ့ရဲ့ ပထမဆုံးပို့စ် မှာ ၂၀၀၈ခုနှစ် သမ္မတရာထူး လွှဲပြောင်းပြီးတဲ့နောက်ပိုင်းမှာကတည်းက သူဟာ တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ရှိနေခဲ့ကြောင်း ရေးသားထားပါတယ်။

Account ဖွင့်ပြီးနာရီပိုင်းအတွင်းမှာပဲ လူအတော်များများက သူ့ဝက်ဘ်ပေ့မှာ ဆွေးနွေးချက်တွေရေးကြပါတယ်။ “ကျွန်တော်ကတော့ ဘုရှ်အစစ်က အမေရိကန်ပြည်သူတွေအတွက်တစ်ခုခုရေးတာကိုလိုလားပါတယ်။ ဒီမှာတင်ထားတာတွေအားလုံးက လူထုဆက်ဆံရေးတာဝန်ခံတစ်ယောက်က ဖြတ်တောက်စီစစ် ပြီးမှ တင်ထားတာတွေဖြစ်နေတော့ စိတ်ပျက်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်ပေးပါ” လို့ လူတစ်ယောက်က ဘုရှ်ရဲ့ဝက်ဘ်ပေ့မှာ ရေးထားခဲ့ပါတယ်။

မစ္စတာဘုရှ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ David Sherzer က အဲဒီ Facebook Account ဟာ ဘုရှ်ရဲ့Account အဟုတ်ဘူးလို့ AFP news ကို ပြောခဲ့ပါတယ်။ ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်ဇ် က ကျူးဘားသမ္မတဟောင်း ဖီဒယ်ကက်စထရို နဲ့ ဘိုလီးဗီးယားခေါင်းဆောင်  အီဗိုမော်ရေးတို့ကို Twitter မှာ သူနဲ့ ဆုံဖို့ တိုက်တွန်းခဲ့ပြီးနောက် တစ်လအကြာမှာ ဘုရှ်ဟာ လူမှုကွန်ယက်ကမ္ဘာကို ဝင်ရောက်လာခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။

(Ref: http://news.bbc.co.uk/2/hi/world/us_and_canada/10221253.stm)

One comment

  • BaKo

    June 3, 2010 at 8:40 pm

    သူ့မိန်းမစာအုပ်ထုတ်ပြီးတော့ သူကထပ်ထုတ်ဖို့ရှိတာမို ့ မြန်မာဂျာနယ်လစ်တွေအပြောအတိုင်းဆိုရရင် ဖွတာပေါ့။
    သူ့လက်ချက်နဲ့အမေရိကားလည်းဖြူပြာကျသွားတာ သူ့စာအုပ်ထွက်မှ သူဘယ်လိုဖြုန်းတီးခဲ့ကြောင်း ဖတ်ကြည့်ရမယ်။

Leave a Reply