ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်

ရဲ့ ဖြစ်ရပ်မှန် လေးပါ။ 28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်

ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်

စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့

အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်

General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို

တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်

ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်

က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး

စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်

ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့

နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား

လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး

မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။

ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ

တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်

ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိ

လက်ရောက် ယစော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထား

တာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီ

ဆိုတဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်

အလမ်းလည်း ပါဟန်မတူသေးပါဘူး။

ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊ မုဒိန်း

ကျင့်လို့ ရတယ်ဆိုတဲ့အကျင့်ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီးလေးတွေ

ကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။

ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်။

ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်

နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ

အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။

**** အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊ အလိုတော်ရိ တွေရဲ့ မျိုးချစ်

စိတ် မရှိမှုတွေကို ဘယ်လိုဖော်ထုတ်ပြီး၊ ပြုပြင် ပြောင်းလည်းသင့်တယ် ဆိုတာကို ၀ိုင်း

ဝန်းစဉ်းစားကြပါစို့ ။

***** 28.1.2012 မှာ ဖြစ်ပွားခဲ့ပါတယ် ……..

ဖတ်ရတဲ့ သတင်းကြားပြီး ဘယ်လိုတွေဖြစ်သလဲတော့ မသိဘူး စိတ်ထဲတော့ မကောင်းတာနဲ့ တင်ပေးလိုက်တာဗျာ သိတဲ့အတိုင်းပဲ ကျနော်တို့ဆီက ၀န်ထမ်းတွေက ဆက်ဆံရေးညံ့လို့ ဖြစ်ရတာလား ဘာ လားတော့မသိဘူး ဆက်ဆံရေး ညံ့လို့ဖြစ်ရင်တောင် ကိုယ်ထိလက်ရောက်အခုလို စော်ကားတာကို ဥပဒေ ကဒီလိုကြီး လုပ်လိုက်တာတော့ မကောင်းဘူး ကူးပြောင်းမယ်ပြောပြီးမှ ဖြစ်ပျက်တာတွေ များနေပြီ
ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်ခံရတာ အခုလိုဖြစ်တာ မြောက်ကိုးရီးယားက စာေ၇းဆရာကို စော်ကားသွားတာတွေ မန်းမြို့က တရုတ်နဲ့ ဗမာတွေဖြစ်တာတွေ နည်းနည်းလေးတော့
များနေပြီ

အဂ္ဂမဟာ ဒီမိုဖက်တီး ဆီက ကူးတင်ပေးလိုက်တာပါဗျာ မူရင်းလင့် ကတော့ အောက်မှာပါ
http://www.facebook.com/notes/%E1%80%A1%E1%80%82%E1%81%A2%E1%80%99%E1%80%9F%E1%80%AC-%E1%80%92%E1%80%AE%E1%80%99%E1%80%AF%E1%80%AD%E1%80%96%E1%80%80%E1%80%B9%E1%80%90%E1%80%AE%E1%80%B8/%E1%80%82%E1%80%BA%E1%80%95%E1%80%94%E1%80%B9-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%9F%E1%80%AF%E1%80%AD%E1%80%90%E1%80%9A%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%91%E1%80%99%E1%80%B9%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%95%E1%80%AB%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88/10150528588462327

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ