လောကအကျိုး တို့သယ်ပိုး (တကယ်လားဟင်)

mggwaFebruary 7, 20121min868

ယနေ့ခေတ် ကျောင်းထိုင်ဘုန်းကြီး အင်္ဂါ (၅) ပါး

” စားပြီး အိပ်ပြန် အနှိပ်ခံ၊
သုံးတန် ဝတ္တရား၊
ထိုမှ တစ်ဖန် ရေချိုးပြန်၊
ကုဋိမှန်မှန်သွား၊
ကျောင်းထိုင် ဖြစ်ရန် ဤငါးတန်၊
မှန်မှန် ကျင့်ကြံပွား၊ ”

ယနေ့ခေတ် ဘုန်းကြီး အရည်အသွေး (Quality)

” ဗေဒင် လက္ခဏာ၊ ဆေးဆရာ၊
ရိပ်သာ၊ တရားဟော၊
ဣတိ ဘုန်းကြီး တန်ခိုးကြီး၊
ပစ္စည်းလာဘပေါ၊။
စာသင် စာချ၊ လာဘ်လာဘ၊
မရ နတ္ထိနော။ “

ယနေ့ခေတ် ဘုန်းကြီး ဂုဏ်ရည်သစ်

” ညမှာ ဘောပွဲ၊ နေ့မှာ ချဲနှင့်
စာလည်မအံ၊ ဆွမ်းမခံပဲ၊
ဘောကန်၊ ဇယ်တောက်၊
အရက်သောက်လျှက်၊
လမ်းလျှောက်၊ သီချင်းဆို၊
မဒီပျိုးနား၊ ကွမ်းယာဝါးလျှက်၊
စကားလက်ဆုံ၊ ပြောမကုန်သည်၊
ဂုဏ်ရည် အသစ်၊ မှတ်လေလော့။ “

(ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု၊
သာဓု၊  သာဓု၊  သာဓု၊ )

8 comments

  • kyeemite

    February 7, 2012 at 10:44 am

    မောင်မောင် ဂွ တို့ကတော့လုပ်ချလိုက်ပြန်ပီ…ရှာရှာဖွေဖွေဘယ်ကများရလာပါလိမ့်..
    ကိုယ်တိုင်စပ်ထားတာလားဟင်…ကာရံနဘေတော့အတော်ကောင်းသား…တချို့တော့ရှိမှာပါ
    ဒါပေမဲ့ အားလုံးကိုဝါးလုံးနဲ့ သိမ်းမရမ်းသင့်ပါဘူး..ရဟန်းကောင်းရဟန်းမြတ်တွေကို လုံးဝမတွေ့
    ဖူးလို့လား…မလုပ်ပါနဲ့ဗျာ..

  • aungnng87

    February 7, 2012 at 10:54 am

    ဦးဇင်းများတို့ရေ..မောင်ဂွကတော့ပြောနေပြီ.။ လုပ်ကြပါဦး…။ မောင်ဂွပြောသလိုဟုတ်နေရင်တော့ ရှက်စရာကြီး…

  • lusoegyikoko

    February 7, 2012 at 11:49 am

    mandalay မှာတော့ ဥိီးပိ်န် ထန်းတော မှာ ထန်းရေလာသောက်တဲ့ ကိုယ်တော် တော့ တွေ့ဖူးတယ်။
    ” ဗေဒင် လက္ခဏာ၊ ဆေးဆရာ၊
    ရိပ်သာ၊ တရားဟော၊
    ဣတိ ဘုန်းကြီး တန်ခိုးကြီး၊
    ပစ္စည်းလာဘပေါ၊။
    စာသင် စာချ၊ လာဘ်လာဘ၊
    မရ နတ္ထိနော။ “ ကျောင်းတိုက်ရပ်တည်ဖို့ လုပ်ကျ ရတာပါ။

  • Thel Nu Aye

    February 7, 2012 at 1:42 pm

    လွန်ခဲ့တဲ့၄၊၅ နှစ်လောက်တုန်းကကျောက်ကုန်းမှာအမတွေဆိုင်ဖွင့်ထားတော့ညဆိုရင်စာသင်သားရဟန်းငယ်တွေ
    ညစာလာလာစားတာတွေ့ဖူးတယ်။ ဂျင်းဘောင်းဘီနဲ့တီရှပ်နဲ့ဦးထုပ်နဲ့။ အမတွေဆိုင်မို့သွားရင်းနဲ့ သူတို့နဲ့ရင်းနှီးလာလို့မေးကြည့်တာ။ ဘယ်စာသင်တိုက်ကဆိုပြီးပြောကြတယ်။ မနက်ကျတော့လဲသူတို့ပဲ သင်္ကန်းနဲ့ဆွမ်းခံထွက်နေတာ။ နောက်တော့လဲကျောင်းထိုင်ဘုန်းကြီးကသိသွားပြီးကျောင်းကနေ ထုပ်လိုက်တယ်။

  • awra-cho

    February 7, 2012 at 2:37 pm

    ပိုက်ပိုက် စုရတာပေါ့။ များများရလာရင် လူထွက် မိန်းမ ယုူမလေ။ဒါပေသိ တကယ်ကြိုးစားတဲ့ ကိုယ်တော်တွေ အများ ကြီး ရှိပါသေးတယ်၊ ဝါးလုံး ရှည် နဲ့ ရမ်းလို့ မဖြစ်ပါဘူး၊

  • မိုးချမ်းမြေ့

    February 7, 2012 at 4:25 pm

    တို့များငယ်ငယ်တုန်းက(ဦးပဇင်းတစ်ချို့)…အင်တာနက်ဆိုင်ထဲမှာကြည့်ပါ…ဟိုကားဒီကားကြည့်ကာ..
    စကားတွေနေတိုင်းများတာ…တို့ရဲ့တကာမတွေရယ်လေ…တွေ့နေပါလား…မင်းတို့ငါတို့..
    ကိုရွှေဘုန်းဘုန်းတွေ …တန့်ဒန်တန်…တန့်ဒန်တန်..ဒန်ဒန်ဒန်ဒန်
    (တွံတေးသိန်းတန်သီချင်းကို copy လုပ်မိခြင်းအတွက်တော့…sorry ပါ အရပ်ကတို့)

  • water-melon

    February 7, 2012 at 7:55 pm

    ရေရေလည်လည်ခိုက်သွားပြီ
    ကူးသွားတယ်ဗျိ့
    ကိုယ်တိုင်ရေးတာလားဟင် :mrgreen:

  • lionking

    February 13, 2012 at 6:34 pm

    ဒါတင်ဘယ်ကမလဲဗျ။ ကြုံတုန်း ဝင်ပြီး ကနော့လိုက်ဦးမယ်။
    တို့အိမ် ခေါင်းရင်း ချဉ်ပေါင်ခင်း
    ပုဇွန်နှစ်ကောင် အိမ်ထောင်ကျ
    မယ်ဖလားက ဆွမ်းပို့လာ
    ကြက်သားပါလား ဝက်သားပါလား
    ပါပါ့ကိုယ်တော် ပုဇွန်ကြော်
    တယ်တော်တဲ့ ငါ့မိန်းမ
    မပြောကောင်းဘူး ဘုန်းကြီးရယ်
    အာပတ်သင့်တတ်တယ်
    အာပတ်ဆိုတာ ချို(ဂျို)နဲ့လား
    ဘုန်းကြီး ကာလသား။

Leave a Reply