သစ်မွှေး အသုံးဝင်ပုံ အပိုင်း (၁)

Wai Aung Chan MyoFebruary 7, 20121min930

ရှေးအခါ သစ်မွှေးအပေါ် ယုံကြည်မှု နှင့် အသုံးဝင်ပုံ

— သစ်မွှေးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ဝကျော်ကပင် အာရိယာန်လူမျိုးတို့က အစောဆုံး တွေ့ရှိသည်ဟု အဆိုရှိခဲ့သည်။ ကရစ်ရှနားနတ်ဘုရား၏ လက်ကိုင်တူရိယာပလွေသည် သစ်မွှေးဖြင့်ပြုလုပ်ထားသည်ဟု အိန္ဒိယနိုင်ငံ၊ ဟိန္ဒူဘာသာဝင်များက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။

— ဂေါတမရှင်တော်ဘုရား၏ ရုပ်ကလာပ်တေဇောဓါတ်လောင်ကျွမ်းရာ၌ ရှစ်ပြည်ထောင်မင်း တို့က သစ်မွှေးဆီခဲများကို အလေးအမြတ်ပြု ပူဇော်ခဲ့ကြကြောင်း သုတေသီများက ဖော်ပြထားသည်။

— အိန္ဒိယအာယုဗေဒကျမ်းများတွင် အသက်ရှည်ဆေးအဖြစ် သစ်မွှေးဆီများကို မီးရှို့ရှုရှိုက်ပါက ရောဂါဘယကင်းစင်စေပြီး ကိုယ်ခံစွမ်းအား မြှုင့်စေသည့်အပြင် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးနိုင်သည်ဟု ဖေါ်ပြထားသည်။

— ခရစ်တော်ယေရှု၏ ဈာပနကို သစ်မွှေးဆီ/ခဲ များဖြင့် အထွတ်အမြတ်ပြု ပူဇော်သဂြိုဟ်ကြ ကြောင်း ဟီးဘရူးကျမ်းစာ၌ ဖော်ပြထားသည်။

— အိုမန်နိုင်ငံသားတို့သည် ဘုရားကျောင်းဝတ်ပြုရာ၌၎င်း၊ ဘာသာရေးပွဲတော်/အခမ်းအနား များ၌၎င်း၊ လူ့အသုံးအဆောင်ကုန်ပစ္စည်းများ၌ အမွှေးအကြိုင်အဖြစ် သုံးစွဲရာတွင်၎င်း၊ သစ်မွှေးဆီကို အသုံးပြုခဲ့ကြသည်။

— အာရှတိုက်နှင့် ဥရောပတိုက်ရှိ နိုင်ငံအချို့တွင် ခရစ်ယန်ဘုရားကျောင်းများ၌ သစ်မွှေးကို မီးရှို့ပူဇော်ခြင်းကို ယနေ့တိုင် အလေးအမြတ်ထား ပြုလုပ်နေကြဆဲ ဖြစ်သည်။

— အေဒီ ၁၁ရာစုခန့်ကပေါ်ပေါက်ခဲ့သော Persian ဆေးသမားတော်ကြီးတစ်ဦးဖြစ်သူ အဘီစီးနားက သစ်မွှေးသည် ရောဂါအမျိုးမျိုးကို ဆေးဖော်စပ်ရာ၌ ဘက်စုံအသုံးဝင် ကြောင်းကို သုတေသနပြု၍ ဖော်ထုတ်ပြောကြားခဲ့သည်။

— ဂျပန်နိုင်ငံတွင် သစ်မွွှေးကို ဂျင်ကို့(Jin-Koh)ဟုခေါ်ပြီး ကိုဒို(Kodoh) ခေါ် အမွှေးနံ့သာ ပွဲတော်များတွင်း ယနေ့တိုင် သစ်မွှေးဆီ/ခဲများကို တန်ဖိုးကြီးစွာ ဝယ်ယူသုံးစွဲလေ့ရှိသည်။

— Bible ၌ ခရစ်ယာန်ဖွာမြင်စဉ် အရှေတိုင်းမှ ပညာရှိ ၃ဦးလာရောက်၍ ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင် ၃မျိုးပါလာရာ တစ်ခုမှာ (Mura)မူးရာခေါ်သစ်မွှေးဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်၌ သစ်မွှေးကို Bible ပါရှိသည့်အတိုင်း မူးရာဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်သည်။

ယနေ့ခေတ် သစ်မွှေး၏ အသုံးတွင်ကျယ်လာမှု

— သစ်မွှေးပင်ကို ပေါင်းခံအဆီထုတ်၍ ရရှိသောအဆီကို ရေမွှေးအနံ့ချုပ်ရာတွင်၎င်း၊ လူ့သုံး အမွှေးအကြိုင်ပစ္စည်းများ ထုတ်လုပ်ရာတွင်၎င်း၊ ဆေးဘက်ဆိုင်ရာ၊ ဆေးဝါးထုတ်လုပ်မှု များတွင်၎င်း၊ အသုံးပြုကြသည်။

— သစ်မွှေးကို အများဆုံး အသုံးပြုသူများမှာ အာရပ်နိုင်ငံမှ ရေနံသူဌေးများနှင့် စော်ဘွားများ ဖြစ်ကြသည်။ ဘာသာရေးဆိုင်ရာပွဲတော်များတွင် သစ်မွှေးကို မီးရှို့၍ အလေးအမြတ်ထား ပူဇော်ကြသည်။ အရေးကြီးသည့် အစည်းအဝေး၊ ကိစ္စရပ်များဆောင်ရွက်ရာတွင် အောင်မြင်ပြီးမြောက်စေရန် သစ်မွှေးဆီကို နှုတ်ခမ်းကိုတို့၍ သစ်မွှေးခဲကို အဆောင်အဖြစ် အိတ်ထဲထည့်ထားပါက လိုရာဆန္ဒပြီးမြောက်စေသည့် အယူရှိကြသည်။

— သဲကန္တရထဲခရီးသွားလာရသောကြောင့် မောပန်းနွမ်းနယ်နေသော ကုလားအုတ်များ၏ နှာဝကို သစ်မွှေးဆီတို့ပေးကာ အနံ့ရှုရှိုက်စေခြင်းဖြင့် ချက်ချင်းအကောင်းပကတိဖြစ်ကာ လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ရှိသည်ဟုဆိုသည်။

— မံမီရုပ်အလောင်းများကို နှစ်ပေါင်းရာချီ၍ မပုပ်မသိုးအောင်စီရင်ရာ၌ သစ်မွှေးဆီကို ထည့် သွင်းအသုံးပြုထားကြောင်း သုတေသီအချို့က လေ့လာတွေ့ရှိထားသည်။

— ထိခိုက်ရှနာဒဏ်ရာများ၊ အနာရင်း၊ အနာအဆိပ်သင့်စသောဝေဒနာများကိုလည်း သစ်မွှေး ဆီ လိမ်းကျံကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်ဟု ဆေးဆရာများက ညွှန်းဆိုထားသည်။

— သစ်မွှေး၏အနံ့သည် လူ၏စိတ်ကို ကြည်လင်အေးချမ်းစေသောကြောင့် တရားဘာဝနာပွါး များအားထုတ်ရာတွင်အနံ့သင်းသင်းလေးလွှတ်ထားခြင်းဖြင့် ပို၍တရားအားထုတ်နိုင်သည် ကို လက်တွေ့လေ့လာသိရှိသူတချို့၏ ပြောပြချက်အရ မှတ်သားရသည်။

— ၎င်းပြင် သစ်မွှေးကို မောပန်းနွမ်းနယ်ခြင်း၊ အင်အားချိနဲ့ခြင်း၊ အသက်ရှုမဝခြင်း၊ နှလုံးရော ဂါ၊ ပန်းနာရင်ကြပ်၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ အာရုံကြောအားနည်းခြင်း၊ အသဲရောဂါ၊ အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာမကြေခြင်း၊ အစာအိမ်ရောဂါ၊ အဆစ်အမြစ်ရောင်၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လေးဘက်နာ၊ စသည့်ရောဂါများသာမက အသက်ရှည်နုပျိုဆေးအဖြစ် တိုင်းရင်းဆေးကောင်းတစ်ပါးသဖွယ် အသုံးပြုလျက်ရှိသည်။

— သစ်မွှေးဝယ်လိုအားမြှင့်တက်ရခြင်း အဓိက အကြောင်းအရင်း၂ချက်မှာ-

  • Ø ကမာ္ဘ့ဈေးအကြီးဆုံးရေမွှေးအများစုကို ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းမှာ သစ်မွှေးဆီ ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တို့၏ ထုံးစံအရ alcohol(အရက်)ဖြင့် ပြုလုပ်ထားသော ရေမွှေးများကိုမသုံးစွဲကြဘဲ သစ်ပင်မှရရှိသောအဆီအခဲ၊ အမွှေးအကြိုင်များကိုသာ အသုံး ပြုကြသောကြောင့် သစ်မွှေး၏လိုအပ်ချက်မှာ မြင့်တက်လျက်ရှိသည်။
  • Ø နောက်ဆုံးပေါ်သုတေသနပြုချက်အရ AIDS ရောဂါကာကွယ်ဆေးကို ဖေါ်စပ်ရာတွင် လိုအပ်နေသော ကုန်ကြမ်းမှာ သစ်မွှေးဆီ ဖြစ်သည်။

— ၂၀၀၉ခုနှစ်၌ ကမာ္ဘ့ဈေးကွက်တွင် သစ်မွှေးဆီလိုအပ်ချက်သည် တစ်လလျှင် သိန်းလေး ဆယ် စီစီ (4,000,000cc)ဖြစ်၍ သစ်မွှေးထွက်နိုင်ငံများအနက် အများဆုံးထုတ်နိုင်သော ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ထွက်ရှိမှုသည်တစ်လလျှင်တစ်သိန်း နှစ်သောင်းစီစီ (120,000 cc) ခန့်သာ ဖြစ်သည်။

— ထို့ကြောင့်သစ်မွှေးထွက်နိုင်ငံများအနေဖြင့် ၁နှစ် ထက်၁နှစ် ဈေးကွက်လိုအပ်ချက် ပြည့်မီ စေရန် အတော်ပင်အချိန်ယူ ကြိုးပမ်းရဦးမည်ဖြစ်သည်။

— ယခင်နှစ်များက ကျန်အရှေ့တောင်အာရှ နိုင်ငံများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံတွင် စိုက် ဧက အလွန်ပင်နည်းပါးနေသည်။

— ၎င်းပြင်သစ်မွှေးပင်၌ ဆေးသွင်း/အဆီထုတ်နည်း ပညာတို့တွင်လည်း အားနည်းလျက် ရှိပါသည်။

ယခုခေတ်တွင် တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးလာမှုတို့ ကြောင့် ဆေးသွင်း/ အဆီထုတ် နည်းပညာတို့ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည့် အခြေအနေ သို့ရောက်ရှိလာပါသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အနာဂတ်ပို၍လှပစေရန် အခွင့်အရေးကောင်းတစ်ခု လက်မလွှတ်သင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။