သစ်မွှေး အမျိုးအစား နှင့် မြန်မာ့သစ်မွှေး

Wai Aung Chan MyoFebruary 8, 201214min892

သစ်မွှေးပင် ဆိုသည်မှာ…

— သစ်ပင်၏အသားထဲမှ အမွှေးရနံ့ထွက်သော အပင်ကိုမဆိုလိုပါ။

— သဘာဝအတိုင်းသော်၎င်း၊ ဆေးသွင်းခြင်းဖြင့်သော်၎င်း ပင်စည်အတွင်းသားထဲ၌ ရှားပါး၊ အဖိုးတန်သည့်၊ ထူးကဲသော မွှေးရနံ့ထွက်လျက်၊ အဆီခဲဖြစ်တည်နေသည့် အပင်ကို သစ်မွှေးပင်၊ မြန်မာအခေါ် အကျော်ပင်(Agarwood) ဟုခေါ်ဆိုပါသည်။

သစ်မွှေးအမျိုးအစားများမှာ…

  • ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။

 

၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ကိုဝေအောင် (Green Agarwood -စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး)
0949348896, 0973070035, 095136753, 0949275907
email: waiaungchanmyo@gmail.com,

အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- အမှတ်(၁၅၃၆)၊ ထူပါရုံ (၁၆)လမ်းအရှေ့၊ (၁) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

သစ်မွှေးခြံလိပ်စာ- ပျဉ်ထောင်းချောင်းကျေးရွာ၊ နတ်စင်ကုန်းမှတ်တိုင်၊ (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်၊ ထမလုံမရောက်ခင် ၂မှတ်တိုင်အလို)၊ ( ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ သန်လျင်-ကျောက်တန်းကားလမ်းမကြီးမှ နတ်စင်ကုန်းမှတ်တိုင်တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

2 comments

  • sawluu

    February 8, 2012 at 8:59 pm

    သစ်မွှေး အမျိုးအစားနဲ့ မြန့်မာ့သစ်မွှေး ဆိုထားတော့ ကြော်ငြာတဲ့သဘောပဲ တွေ့ရတယ်၊
    မေးစရာရှိနေလို့ မေးပါရစေ၊
    (A S) ယိုးဒယားမျိုး စိုက်ထားလို့ဗျာ၊
    ၃ နှစ်ခွဲ သားအရွယ်ရောက်ရင် မှိုဆေးသွင်းချင်လို့၊ ကိုဝေအောင် (Green Agarwood -စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး) အနေနဲ့ ဘယ်လိုများ ဆောင်ရွက်ပေးနိုင်ပါသလဲဗျ ။
    စိုက်ထားတဲ့ အပင်ရေ (၅၀၀) ရှိပါတယ်။

  • Wai Aung

    February 9, 2012 at 12:46 pm

    ဟုတ်ကဲ့
    သစ်မွှေးနဲ့ပတ်သတ်လို့ ကျနော်ရေးထားတဲ့ တခြား Post တွေလည်း အကို ကြည့်သွားပါအုံးလို့ ဖိတ်ခေါ်ပါတယ်။
    Aquilaria Subintegra ယိုးဒယားမျိုးကို ၃နှစ်သားအရွယ်မှာ ဆေးထိုးပြီး၁နှစ်ခွဲအကြာမှာ အဆီထုတ်လို့ရတယ်ဆိုပေမယ့် အဆီထွက်နှုန်းတော့နည်းတာပေါ့ဗျာ။ အခုအကိုက ဘယ်နှစ်နှစ်သားရှိပြီလဲလို့ မဖော်ပြထားဘူးနော်။
    ကျနော်က လောလောဆယ် ဆေးထိုးတဲ့ အဆင့်ကို မဆောင်ရွက်သေးနိုင်ပါဘူး။ ကျနော့်အပင်က အခု၂နှစ်ခွဲရှိပြီ နောက်၁နှစ်ခွဲလောက်မှာတော့ ဆေးထိုးမယ့် အစီအစဉ်ရှိပါတယ်။ ကျနော့် မိတ်ဆွေတွေလည်း အဲ့ဒီအချိန်လောက်မှာပဲဆေးထိုးဖြစ်မယ်လေ။
    ပြည်တွင်းကုမ္ပဏီတော်တော်များများက ဆေးထိုးတာကို ဆောင်ရွက်နေနိုင်ပြီဆိုပေမယ့် တချို့တွေက ဈေးများတယ်ခင်ဗျ။ ပထမဆေးထိုးခကို ၁ပင်ကို ၃၀၀ဝကျပ်ကနေ ၆၀၀ဝလောက်ယူပြီး နောက်ပိုင်းအပင်ရောင်းရရင် သူတို့ကို ၃ပင် ၁ပင်နှုန်း၊ ၄ပင် ၁ပင်နှုန်း ပေးရတာတို့ရှိတယ်၊ တချို့ကြတော့ ပုပ်ပြတ်အနေနဲ့ ၁ပင် ကို ၃သိန်းတောင်းတယ်။
    တချို့ကြတော့ တောတော် သက်သာတယ်။ ၁ပင်ကို ၅၀၀၀ဝ ကနေ ၁သိန်းလောက်ပဲ တောင်းတယ်။
    ဒါပေမယ့်သူတို့က ဆေးရည်ကို လျော့ထိုးတယ်။ ဒါကြောင့် အဆီထွက်နှုန်းနည်းတယ်ပေါ့။
    ဘယ်လိုပဲဖြစ်ဖြစ်လေ အကို ဆေးထိုးမယ်ဆိုရင် သေသေချာချာစဉ်းစားလို့ရအောင် အချက်တွေရေးပေးလိုက်ပါတယ်။
    မှိုဆေးရည် ၁လီတာကို ၃၀၀၀ဝကနေ ၅၀၀၀ဝကျပ်လောက်ရှိပြီး ၁ပင်ကို ၁လီတာခွဲကနေ ၂လီတာလောက်ထိထည့်ရတယ်။

    ကျနော်က ကိုယ့်အပင်တွေကို ဆေးသွင်းရင် ကျန်တဲ့ မိတ်ဆွေအပင်တွေနဲ့ အကိုတို့လို စိတ်ဝင်စားတဲ့သူတွေပါ ဆေးထိုးပေးဖို့ အစဉ်အစဉ် ရှိပါတယ်။ အဲ့ဒီအခါကျရင် အကိုတို့အနေနဲ့ ဆေးဖိုးစိုက်၊ ကျနော်ဘက်က နည်းပညာနဲ့ စက်ဖိုးစိုက်ခ တပင်ကို ၁၀၀၀ဝပဲ ကျနော်ယူမယ်။ ဒါက ကျနော့်ဘက်က လုပ်ပေးနိုင်မယ့်ဟာကို ပြောတာပါ။ အောက်မှာ သတင်းအချက်အလက်တချို့ဖော်ပြလိုက်ပါတယ်။
    ခင်မင်စွာဖြင့်
    ကိုဝေအောင် (Green Agarwood)

    သုတေသနစာတမ်းများအရ သဘာဝအားဖြင့် သစ်မွှေးပင် ၁ဝပင်လျှင်၁ပင်သာ အဆီခဲ ဖြစ်တည်နိုင်သည်။ အဆီခဲဖြစ်တည်နိုင်သည့်အပင်မှာလည်း သက်တမ်း အနည်းဆုံး နှစ်၃ဝမှ၅ဝ အတွင်းမှသာ စတင်ဖြစ်တည်နိုင်သည်။

    သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။

    ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။

    တတိယအနေဖြင့် ထိုစွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်းက ခုခံတိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင်မှ ပဋိပစ္စည်းတို့ အချင်းချင်းတိုက်ခိုက်ရာမှ) သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲများဖြစ်တည်လာသည်။

    ထိုအဆီခဲများကို ပေါင်းခံချက်လုပ်ရာမှ အဖိုးတန်သစ်မွှေးဆီကို ရရှိသည်။ ကမ႓ာကျော် အဖိုးတန်ရေမွှေးများ အနံ့ချုပ်ရာတွင် ထို သစ်မွှေးပေါင်းခံဆီ အနည်းငယ်မျှထည့်ပေးရုံဖြင့် အဖိုးတန်ရေမွှေးအဖြစ်သို့ ရောက်ရှိသွားသည်။

    သဘာဝအားဖြင့် သူ့အလိုလို အဆီခဲဖြစ်တည်နေခြင်းကို သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိပြီးနောက် (Artificial Infection)ခေါ် သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်း ကို စမ်းသပ်လေ့လာခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

    ယခုအခါ ထို(Artificial Infection) ကို ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသောနိုင်ငံများတွင် ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
    မြန်မာနိုင်ငံတွင်လည်း ထိုနည်းပညာများကို လက်တွေ့အကောင်အထည် ဖော်လျက်ရှိရာ ၁၀၀% အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရသည်။

    (Artificial Infection)မှာ အကြမ်းအားဖြင့် သစ်မွှေးပင်၏ အသားထဲသို့ လွန်ကို ၃ဝဒီဂရီ၊ ၄၅ဒီဂရီ စသဖြင့်စောင်းပြီးမှိုဆေးထိုးထည့်ကာ ၁နှစ်ခွဲ၊ ၂နှစ်ခန့်အကြာတွင် သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲဖြစ်တည်သည်။

    (Artificial Infection) သဘာဝကိုတုပ၍ ဆေးထိုးသွင်းခြင်းကို အနည်း ဆုံး အပင်လုံးပတ် 3cm (DBH) (၂နှစ်သားမှ ၃နှစ်အတွင်း) ခန့်မှ စတင်ထိုးသွင်းနိုင်ပါသည်။ ဆေးထိုးပြီးနောက် ၁၈လ(တနှစ်ခွဲ)ကြာလျှင် အပင်ခုတ်လှဲ၍ အဆီထုတ်ယူနိုင်ပါသည်။

    သစ်မွှေးတစ်ပင်ချင်းစိ၏ အဆီထွက်နှုန်းမှာ ဆေးထိုးသွင်းမှုနည်းစနစ်ကျမှု၊ အပင်ကြီးထွားမှု တို့ပေါ်မူတည်နေပါသဖြင့် အဆီထွက်နှုန်း အကောင်းဆုံးအရွယ်မှာ ရနှစ်၊ ၈နှစ်သားအရွယ် ဖြစ်သည်။ အကောင်းဆုံးအကြံပြုလိုသည်မှာ စိုက်ပျိုးထားသောအပင်၏ ၁၀-၂၀%ကို ၄နှစ် သားအရွယ်တွင် ဆေးထိုးရောင်းပြီး ကျန် ၈၀-၉၀%ကို ၈နှစ်သားအရွယ်မှသာ ဆေးထိုး၊ အဆီထုတ်ရောင်းဖို့ အကြံပြုလိုပါသည်။

Leave a Reply