ပွင် ့သစ်လွင်ပြင် ပန်းချီပြ ပွဲနှင် ့လက်ရာမြောက်လှသော ဗိုလ်ချုပ်နှင် ့အမေစု ပုံရိပ်ပန်းချီကားများ(၂)

mandalarthuFebruary 7, 20122min13412

၂၀၁၂ခုနှစ်။ ဖေဖော်ဝါရီလ(၆)ရက်နေ ့က မန္တလေး၊(၃၁)လမ်း ၊ဓမ္မသာလာခန်းမ မှာ ကျင်းပသွားခဲ ့တဲ ့ပွင် ့သစ်လွင်ပြင် ပန်းချီပြပွဲမှ ရိုက်ကူးလာခဲ ့တဲ ့နှစ်သက်မိတဲ ့ ပန်းချီကားလေးတွေပါ။

လက်ရာမြောက် ပြီး ဆီဆေး၊ရေဆေး ကားတွေနည်းပေမယ် ့

ခေတ်ပေါ်နည်းတွေနဲ ့ရေးဆွဲထားတာတွေပါ။

ပန်းချီကားပေါင်း (၃၀၀)ကျော် ပြသထားပါတယ်။

ပန်းချီဆရာ တဦးကို (၃)ကား တင်ခွင် ့ရှိပြီး

မိမိနှစ်သက်ရာ စိတ်ကူးတွေနဲ ့တင်ပြထားတာမို ့

အမေဒေါ်စု ပုံ ရိပ်တွေနဲ ့ ဗိုလ်ချုပ် ပုံ ရိပ်တွေကို

အရင် စုစည်းပြီး မျှဝေလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • စိန်ပေါက်ပေါက်

    February 7, 2012 at 2:27 pm

    ကြည့်ခွင့်ရတာ ကျေးကျေးပါဗျား..
    ကိုယ်တိုင်ဆို သွားကြည့်ဖြစ်မှာမဟုတ်ဘူး..
    ပျင်းတာကော..ဝေးတာကော..နေပူတာကော..အပြင်ကိုမထွက်ချင်.

  • alinsett

    February 7, 2012 at 7:07 pm

    ပန်းချီကားတွေ..မြင်ရရင်..တအံ့ဩဩ နဲ ့ငေးမောတတ်တဲ ့ကျွန်တော့် ကို…
    အခုလို ပန်းချီပြပွဲ.ကြီး နဲ ့ မိတ်ဆက်ပေးလို ့ ကျေးဇူးပါပဲ..ဗျာ။

    အနုပညာလွတ်လပ်ခွင့်…ကို ဖော်ကျူးတဲ ့ပုံရိပ်တွေ..ကို..အမေစု ပုံနဲ ့ တွေ ့ချင်နေတာ..။
    အခု တင်ပြလိုက်တဲ ့ပုံလေးတွေ..ကိုလည်း..ကြိုက်တယ် ။

    အောက်ဆုူံးကနေ ရေရင်…ခြောက်ပုံ့မြောက်.. အပြာရောင်..တွေ ပြည့်နေတဲ ့ပုံကို အကြိုက်ဆုံးပဲ..။
    အခုလို ပန်းချီကားတွေ..ကို မြင်ခွင့်ရလို ့ ကျေးဇူးတင်ပါတယ်ဗျ ။

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • water-melon

    February 7, 2012 at 7:21 pm

    ခရီးထွက်နေတာနဲ့ သတိမထားမိဘူး
    သွားကြည့်အုန်းမှ
    မယ်စိန်ပေါက် လိုက်မှာလား
    လိုက်ရင် ဘီကနီနဲ့လိုက်ခဲ့ 😀

  • Khin Latt

    February 8, 2012 at 3:55 am

    မန္တလာသူလေးရေ –
    တကဲ့ ပြပွဲကို ဝင်ကြည့်ရသလို ခံစားရပါတယ်။
    ပုံတွေ အားလုံး ဟာ တကဲ့ကို အသက်ဝင်ပါတယ်။
    အကြိုက်ဆုံး ကတော့ အောက်ဆုံး ကနေ ရေရင် ဒုတိယမြောက် ပုံ – မျက်လုံး မှာ ကို တကယ် အသက်ဝင်နေတယ်။
    ပန်းချီဆွဲ တာ တော်လိုက်ကြတာနော်။
    ဒါဟာ Gifted ဘဲ လို့တောင်ပြောလို့ရတယ်။
    အမှတ်တရ အချိန်ယူ တင်ပေးထားလို့ ကျေးဇူးနော်။ 🙂

    ခင်မင်စွာဖြင့်
    အရီးလတ်

  • thit min

    February 8, 2012 at 6:28 am

    ပန်းချီကားတွေကြည့်ရတာတော်တော်ကောင်းပါတယ်။
    ကျေးဇူးပါ။ မန်ဒလာသူလဲ မတွေ့တာကြာပေါ့ဗျာ။

    နဲနဲ ပြောကြည့်မယ်နော်။ စိတ်ထဲဖြစ်နေတာလေးကိုပါ။
    လေးပုံမြောက်ကThe First Lady ဆိုတဲ့စကားကို သုံးထားတာ တွေ့နေကျ
    နေရာမဟုတ်လို့စိတ်ထဲဘဝင်မကျဘူးဗျာ။
    ဝန်ကြီးချုပ်ဇနီး၊သမ္မတဇနီးတွေကိုသာသုံးလေ့ရှိတာဘဲ ဖတ်ဖူးတော့
    တဆင့်နိမ့်နေတယ်လို့(ကိုယ့်အယူအဆနဲ့ကိုယ်)ထင်မိတယ်။
    The First Lady of Freedom အစား The Lady of Freedom
    ဆိုရင် ပထမနေရာရောက်သွားမလားလို့။
    ခင်မင်စွာ
    မောင်သစ်မင်း

  • etone

    February 8, 2012 at 10:56 am

    အမေစုလည်း … ပင်တိုင် မော်ဒယ်ဖြစ်လို့ ….
    အောက်ဆုံးကပုံကတော့ … လက်ရှိအသက်ရွယ်နဲ့ ပိုလိုက်ဖက်ပြီး .. အနီးစပ်ဆုံးတူညီတဲ့ပုံပါပဲ .. ။

  • mandalarthu

    February 8, 2012 at 5:12 pm

    ကိုစိန်ပေါက်နဲ ့အလင်းဆက်ေ၇……ပန်းချီကားတွေကို နှစ်သက် ခံစားရတာဆိုလို ့ ဝမ်းသာပါတယ်။
    အနုပညာကို ချစ်မြတ်နိုးတတ်မှုဟာ ဘဝမှာနေပျော်စရာပါ။
    ကိုဖရဲသီးေ၇……..ပွဲက (၃)ရက်ထဲဆိုတော ့ပြီးသွားပါပြီ။ဒီနေရာမှာဘဲ ကြည် ့လိုက်တော ့နော်။
    အရီး ခင်လတ်ေ၇…အရီးကြိုက်တဲ ့ပုံကို ကျွန်မလည်း နှစ်သက်မိတယ်။မျက်လုံးက အသက်ဝင် လို ့ပါ။
    ကို သစ်မင်းရှင် ့……ကျွန်မလည်းThe Lady of Freedom ဆိုတဲ ့အမည်နာမ လေးကို နှစ်သက်မိပါတယ်။
    ကြည ့်ရတာ ပြပွဲမှာ ပြထားတဲ ့ပုံက စာအုပ်တခုခု ရဲ ့မျက်နှာဖုံးကို ပြထားတာပါ။နို်င်ငံအမည်ကို မမေးခဲ ့လိုက်ရဘူး။
    အိတုံရေ…..အောက်ဆုံးပုံ က အပြုံ းက အသက်ဝင်လွန်းလို ့လူတိုင်းလို လို နှစ်သကိ ကြပါတယ်။
    ကျွန်မလည်းကြိုက်တယ်။အားလုံးကို ကျေးဇူးပါနော်။

  • inz@ghi

    February 8, 2012 at 6:37 pm

    ကို မာဒလူသန် ရေ…

    မဂီ လည်း အားပေးသွားတယ်နော်…
    ပန်းချီတွေကို ဒါ့ပုံရိုက်ရင်လေ ဖလက်ရှ်မသုံးရင် ပိုကောင်းမယ်ချင့်
    တချို့ပုံတွေ အဖြူအကွက်ကလေးတွေ ပါပါနေသလားလို့…
    အလင်းရောင်မလုံလောက်ရင်တော့ အင်း …သုံးရမှာပေါ့လေ…။

    ပုံလေးတွေ အားလုံးလှလို့ ကျေးကျေးပါ..

    ခင်တဲ့
    ဂီ

  • mandalarthu

    February 8, 2012 at 8:44 pm

    မမဂီေ၇…
    ကျွန်တော် ဒါ ့ပုံရိုက်တာ ဖလက်ရှ် မပိတ်မိတိုက်တာပါ။ပြီးတော ့တချို ့နေရာတွေက အလင်းရောင် နဲပြီး မှောင်နေသလားလို ့..ပါ။တချို ့ပန်းချီကားတွေက ပိတ်သားနဲ ့တိုက်ရိုက် ဖော်ပြထားတာမဟုတ်ဘဲ
    မှန်ဘောင်သွင် းထားလို ့အနောက်က မီးရောင်ရော၊ကင်မရာရဲ ့ဖလက်ရှ်ကြောင့်……အဖြူအကွက်ကလေးတွေ ပါသွားတာပါ။
    ကျွန်တော် လည်း ဒါ ့ပုံအကုန်လုံးကို စိတ်တိုင်းသိပ်မကျလှပါဘူး….ကိုယ်လိုချင်တဲ ့အလင်း အမှောင် အတိုင်းဖန်တီးယူလို ့မရတာကြောင် ့ပါ။
    မဂီ…ေ၇…နောက်ဆို ဖလက်ရှ် ကို ပိတ်ဖို ့လို မလို သတိထားပါ့မယ်နော်။ အကြံဉာဏ် အတွက်…..ရှဲရှဲပါ။
    ဒါ ့ပုံ ပညာမှာ…နော်က….ခုမှ စတာမို ့….လိုအပ်တာရှိရင် …မဂီ က လမ်းညွှန်ပေးပါဦးနော်။
    အားပေးသွားလို ့ကျေးဇူးပါ။

  • MaMa

    February 8, 2012 at 9:14 pm

    ဗိုလ်ချုပ် သတင်းစာ ဖတ်နေတဲ့ ပုံကို အကြိုက်ဆုံးပဲ။ သတင်းစာကိုပါ အနုစိတ်ဆွဲထားလို့။
    အမေစုပုံတွေထဲမှာတော့ အောက်ဆုံးကရေရင် ဒုတိယပုံက လောကဓံကို ခံရတဲ့ပုံလေး ပေါ်လွင်လို့ နှစ်သက်တယ်။
    အောက်ဆုံးကပုံကတော့ လောကဓံကို အနိုင်ယူထားတဲ့ အားမာန်တွေ အပြည့်နဲ့မို့ သဘောကျတယ်။
    ပန်းချီဆရာနာမည်တွေ မသဲကွဲဘူးနော်။ ပုံနဲ့ ရေးဆွဲတဲ့ ပန်းချီဆရာ တွဲသိရရင် ပိုကောင်းမယ်။

    • mandalarthu

      February 8, 2012 at 9:54 pm

      ဟုတ်ပါတယ်..မမရေ ..
      ဗိုလိချုပ်သတင်းစာဖတ်နေတဲ ့ပုံနဲ ့စီးကရက်သောက်နေတဲ ့ပုံက သိပ်စမတ်ကျတာ…ကျွန်မတော ့(၂)ပုံလုံးကို သဘောကျတယ်။
      အမေစုရဲ ့လောကဓံခံရတဲ ့ပုံလေးက အတော်ပီတယ်…ရင်ကို ထိတယ်။ဒါပေမယ် ့မျက်ဝန်းထဲမှာ …အားမာန်တွေကို တွေ ့ရတယ်နော်။
      ဟုတ်ကဲ ့ပါ …မမေ၇….ကျွန်မလည်း အဲဒီရက်တွေတုန်းက အချိန်သိပ်မရလို ့ပုံတွေအကုန်ရိုက်နိုင်ဖို ့ကိုဘဲ အဓိကအာရုံစ်ိုက်လိုက်မိတာပါ။ဒီ့ပုံတွေကို ကျွန်မ ့နာရီဝက်နဲ ့ အပြီးရိုက်ခဲ ့တာပါ။
      ပန်းချီဆရာတွေရဲ ့နာမည်တွေနဲ ့တွဲသိနိုင်ဖို ့…ကျွန်မနောက်ပုံစံ တမျိုးစီစဉ်ထားပါတယ်..။
      နောက်နေ ့တွေမှာ ..အဲဒါလေး ….တင်ပေးပါမယ်။

  • True Answer

    February 9, 2012 at 7:54 am

    ပန်းချီပုံတွေအတွက် ကျေးဇူးပါညီမရေ ။ အကို ပုံလေးတွေ ကူးယူသွားပါတယ်။

Leave a Reply