မီဒီယာလွတ်လပ်ခွင့် တကယ်ရပြီလား

etoneFebruary 8, 20121min19316

ညသန်းခေါင်ထက်စောပြီး အိပ်ယာမဝင်တတ်တဲ့ အကျင့်ဆိုးကျွန်မမှာ ရှိတာမို့ မအိပ်ခင် အချိန်ခဏလေးတွင်း စာအုပ်ဖြစ်ဖြစ် ဂျာနယ်ဖြစ်ဖြစ် ဖတ်ပြီးမှသာ အိပ်ဖြစ်ခဲ့ပါတယ် ။ မနေ့က ညကလည်း အိမ်မှာ ဘယ်သူဝယ်လာမှန်း မသိတဲ့ ဂျာနယ်တစ်စောင်ဖတ်ရင်း ငါးထောင်တန်ဖုန်းကိစ္စနဲ့ ပြည်သူတွေရဲ့ သဘောထား ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့  သုံးစွဲနိုင်တဲ့ လူဦးရေတွေအကြောင်း တစေ့တစောင်းလှစ်ဟပြထားပြီး … ဓါတ်ပုံလေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့ ဆောင်းပါး နှစ်ခု သုံးခုလောက်ကို အဲ့ဒီဂျာနယ်မှာပဲ ဖတ်ခဲ့ပါတယ် ။

အရင်ကထက်စာလျှင် ရေးသားချက်များ ပွင့်လင်း မြင်သာလာပြီး ၊ ရဲရဲဝံ့ဝံ့ဝေဖန် သုံးသပ်ရဲတဲ့စာမျိုးလည်း ပါဝင်လာတာမို့ … မီဒီယာ လွတ်လပ်ခွင့် တကယ် ရခဲ့ပြီလားဟု သိချင်စိတ်ပြင်းပျမိပါတယ် .. ။အောက်က ပုံလေးတွေကတော့ .. ငါးထောင်တန် ဖုန်းကဒ်ဖြစ်လာဖို့အရေး .. မီဒီယာစွမ်းနဲ့ တိုက်တွန်းပေးနေကြောင်း သက်သေပြနေပါတယ် … ။ ပြတ်ပြတ်သားသား ဝေဖန် ထောက်ပြ ရဲတဲ့  … Messenger Journal ကို အထူးပင် ချီးကျူးလေးစားမိပါတယ် ။

 

 

 

 

(ဓါတ်ပုံတွေက ကြည်လင်မှု မရှိတာ ဝန္ဒာမိပါ ….  ဂျာနယ်ကြီးကို လက်တစ်ဖက်က ကိုင်ပြီး ရိုက်ထားရလို့ပါ ..  😀   )

16 comments

  • htet way

    February 8, 2012 at 9:57 am

    ဆရာမ လွတ်တပ်ခွင့်ရတယ်ဆိုသော်လည်း ဥပဒေကရှိနေပါတယ်
    စာနယ်ဇင်းဆိုင်ရာဥပဒေအတိုင်းသား ဆရာမတို့ တေ ွရေးနေရမှာပါပဲ။
    သို့သော် သတင်းလွတ်လပ်ခွင့်ကတော့ အရင် ထက်သာလာတာတော့ အမှန်ပါပဲ။
    သတင်းကိုပြည်သူတွေကို မက်မောကြရာဝယ် သတင်းမှာလေးတစ်ချို့တလေတွေ့
    ွ့နေရပါကြောင်း၊ ကျွန်တော်တို့ သတင်းတွေကို ကြိုဆိုနေတဲ့ အခါ သတင်းသမား
    တွေကလည်း အစွမ်းပြ စေတနာနဲ့ ဖေါ်ပြ စေချင်ပါကြောင်း။

  • etone

    February 8, 2012 at 10:00 am

    မီဒီယာလွတ်လပ်ခွင့်အတွက် ဆွေးနွေးပွဲကျင်းပ
    ရတနာထွန်း
    အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ – ၉ ၊ ၂ ၊ ၂၀၁၂)

    အစိုးရသစ်တက်ပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ရက်တာ ပြုလုပ်ကျင်းပခဲ့သည့် ပြည်တွင်းပြည်ပ မီဒီယာသမားများ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲ၌ ပွင့်လင်းစွာ ဆွေးနွေး ပြောဆိုနိုင်မှုများအတွက် ကြိုဆိုကြောင်း ပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူများက မြန်မာတိုင်း(မ်)သို့ ပြောသည်။
    ဇန်နဝါရီလ ၃ဝ ရက်နှင့် ၃၁ ရက်နေ့က အင်းလျားလိတ်ဟိုတယ်၌ ‘ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုတွင် မီဒီယာဖွံ့ဖြိုးမှု’ (Media Development in a Dem-ocratic Society) ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသ တွင်းနိုင်ငံများမှ မီဒီယာသမားများ၊ သတင်းအဖွဲ့အစည်းများ ပါဝင် တက်ရောက်ခဲ့သည်။
    မီဒီယာနှင့် ဆက်စပ်ဥပဒေများ၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းအချက်အလက်ဖြန့်ဝေမှု၊ ဒီမိုကရေစီစနစ်တွင် မီဒီယာ၏ အခန်းကဏ္ဍအပေါ် သတင်းသမားများ၏ အယူအဆစသည်ဖြင့် အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ စင်ကာပူတို့မှ တက်ရောက်သူများအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဌာနကိုယ်စား စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ဦးဇေယျသူ တို့ကလည်း စာတမ်းများဖတ်ကြားခဲ့ပြီး တံခါးပိတ်ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့သည်။
    အဆိုပါပွဲတွင် Media Development and Role of Media in Peace Building အမည်ဖြင့် စာတမ်းဖတ်ကြားခဲ့သူ Voice of America (VOA) ၏ မြန်မာပိုင်းအစီအစဉ်၏ အကြီးအကဲ ဦးသန်းလွင်ထွန်းက အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးမှုများက မြန်မာ့မီဒီယာ လောက အတွက် အကျိုးကျေးဇူးရှိနိုင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။
    “မြန်မာနိုင်ငံမှာလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးတက်ခွင့်ရတဲ့ ပွဲလေ။ ကျွန်တော်ကြားရသလောက်တော့ ဒါမျိုးပွဲက ပထမ ဆုံးပဲ။ တချို့ပွဲတွေမှာ တက်ရောက်တဲ့သူတွေရဲ့ ရည်မှန်းချက်နဲ့ ဆွေးနွေးပွဲရဲ့ အကြောင်းအရာတွေနဲ့ ကွဲပြားတာတွေ ရှိတတ်တယ်။ အခု ဒီပွဲ မှာတော့ ဒီလောက်ကြီးကွာခြားတာကို မတွေ့ရပါဘူး။ အထူးသဖြင့် နိုင်ငံခြားကလာပြီး ပြောတဲ့သူတွေထဲမှာဆိုရင်လည်း သူတို့နိုင်ငံတွေမှာဖြစ်တဲ့ အခြေအနေတွေကို တိတိကျကျ တင်ပြပြီး ဒီဥပမာလေးတွေကို ဒီမှာလုပ်နေတဲ့သူတွေ စံနမူနာယူနိုင်အောင် တင်ပြသွားနိုင်တယ်ဆိုတော့ အကျိုးရှိမယ်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
    ဘီဘီစီသတင်းဌာန၏ မြန်မာပိုင်း အစီအစဉ်အကြီးအကဲ ဒေါ်တင်ထားဆွေ ကလည်း ဆွေးနွေးမှုများက အကြောင်း အရာစုံသည့် အပြင် မီဒီယာလောကသားများ၏ အခက်အခဲကို တင်ပြနိုင်ခဲ့သည့်အတွက် မီဒီယာလွတ်လပ်မှုအတွက်လုပ်ဆောင်ရာတွင် အထောက် အပံ့ဖြစ်စေသည်ဟုလည်း ပြောသည်။
    “ဒီအလုပ်ရုံဆွေးနွေးပွဲက ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ သတင်းထောက်တွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရဖို့ အထောက်အကူဖြစ်စေမယ် လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
    မီဒီယာလွတ်လပ်ခွင့်အတွက် ဆွေးနွေးပြောဆိုမှုများကို တွေ့ရှိရပြီး မီဒီယာ များ၏ လုပ်ကိုင်ခွင့် ပိုမိုရရှိရန် ဝိုင်းဝန်း ဆွေးနွေးမှုများ ကိုလည်း တွေ့ရှိရသည် ဟု ၎င်းက ပြောသည်။
    အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် Reutersသတင်း ဌာနမှ မြန်မာနိုင်ငံဌာနေ သတင်းထောက်ဖြစ်သူ ဦးအောင် လှထွန်းက ဆွေးနွေးမှုများပြုလုပ်ခြင်းသည် မီဒီယာလောကအတွက် အထောက်အကူပြုပြီး ယခုကဲ့သို့ ပွဲမျိုးကျင်းပခြင်းကိုလည်း ကြိုဆိုသည်ဟု ဆိုသည်။
    “ဂျာနယ်လစ်လုပ်တာ နှစ် ၂ဝ ရှိပြီ။ ဒါမျိုးတစ်ခါမှ မတွေ့ဖူးဘူး။ အရင်ကဆို မီဒီယာလွတ်လပ်ခွင့်ဆိုတာက ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ မပြောအပ်တဲ့ စကားတစ်ခုလို ဖြစ်နေခဲ့တယ်လေ။ အခုလို လုပ်ဆောင်ခြင်းဟာ နိုင်ငံတော်က ချီတက်နေတဲ့ လမ်းကြောင်း နဲ့လည်း သဟဇာတ ဖြစ်ပါတယ်။ ပြောတဲ့လူတွေကလည်း အစုံဆိုတော့ အရမ်းကိုမျိုးစုံတယ်။ တစ်ခုပဲ ဆုတောင်းတာက ဒီပွဲက ရလာတဲ့ ယူသင့်ယူထိုက်တဲ့ အကြံဉာဏ်တွေကို ရယူကျင့်သုံးနိုင်စေချင်တယ်” ဟု ၎င်းက ပြောသည်။
    ယခုကဲ့သို့ မီဒီယာနှင့် သက်ဆိုင်သည့် ဆွေးနွေးမှုများကို အခါအခွင့်သင့်လျှင် ထပ်မံပြုလုပ်စေချင်သည့် ဆန္ဒရှိသည်ဟုလည်း ၎င်းက ပြောသည်။
    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအသင်းနှင့်အတူ Asian Media Information and Communication Centre (AMIC) တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

    Credit to : http://www.myanmar.mmtimes.com/2012/news/555/news09.html

  • ကြောင်ကြီး

    February 8, 2012 at 11:03 am

    ဝါးဟားဟား….ပျင်းတောင်ပျင်းသေးဒယ်…ကြိုးစားလိုက်အောင် နောက်ထပ် ဆယ်နှစ်ဆယ်နှစ်…
    တက်ခြုပ်ကျီးကိုယ်စား ပြောပေးဒါ…။

  • စိန်ပေါက်ပေါက်

    February 8, 2012 at 12:35 pm

    မဖြစ်နိုင်စရာ သောက်ကြောင်းမရှိပါဘူးဗျာ..
    ဟိုနှမစောင်းတွေ မြိုလို ့ဆို ့လို ့ဝမှ အကိုတို ့ပြောနေတဲ့ ငါးထောင်ဆိုတာ ထောင်မှာ
    လောလောဆယ်တော့ အော်နေလဲ မောတာဘဲ အဖတ်တင်မယ်ဗျာ…
    ဂျာနယ်မဖတ်တဲ့လူတွေ အတွက် ခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် ကိုအီတုံးရေ
    သားဓု..ပါ

  • blackchaw

    February 8, 2012 at 12:50 pm

    မိုက်တယ်ဗျာ။
    စိန်ပေါက်ပေါက်ရေ။ နှမစောင်းဆိုတာ ဘာလဲဗျ။
    ခက်ဆစ်လေး ဖွင့်ပေးပါဦးနော….။ ဝါး………..ပျင်းလိုက်တာ။

    • စိန်ပေါက်ပေါက်

      February 8, 2012 at 1:25 pm

      နှမစောင်းဆိုတာ ဟို MPT(မပုတင်) ကကောင်တွေကို ဆဲတာဂျာ
      ကမကလ တွေ..သတစ တွေ..ငလမသ တွေ…သခဂျပ..တွေ
      လပ ကွာ

      • Thel Nu Aye

        February 8, 2012 at 1:40 pm

        သဂျီးဒေါ်စိန်ပေါက်ဆဲနေပါတယ်ဂျို့။

  • စိန်ပေါက်ပေါက်

    February 8, 2012 at 2:12 pm

    ဘယ်မှာချဲရို ့လဲ
    လပ ကွာလို ့ပဲ ပေါတာ..
    ဆဲဝူး.

    • Thel Nu Aye

      February 8, 2012 at 2:58 pm

      ချဲဝူးရား။ သများကချဲများချဲရားရို့။တိပါဝူး။ မွှားလို့။ တဂျီးချဲဝူးတဲ့။

  • surmi

    February 8, 2012 at 10:38 pm

    မနက်မနက် ပဲပြုတ်ဝယ်ပြီး ကောက်ညှင်းပေါင်းသယ်စောင်.ရတာလဲဒုက္ခ
    ကောက်ညှင်းပေါင်းဝယ်ထားပြီး ပဲပြုတ်မလာရင်လဲ ရင်မာရနဲ.
    အင်း———-၅၀၀ဝ တန်ဖုံးနဲ.ဆို — ဟလို လိုက်ရုံပဲ- — ကောင်းလေစွ။။။

    • etone

      February 9, 2012 at 3:14 pm

      ကိုဆာမိပြောသလိုပဲ .. ငါးထောင်တန်သာ တကယ်ထွက်လျှင် .. အလုပ်အတော်များများ … တစ်နေရာထဲက ထိုင်လုပ်လို့ရသွားပြီ … ။ ဆက်သွယ်ရေးစနစ်တွေလည်း ပိုထွန်းကားလာမယ် နည်းပညာတွေလည်း မြင့်မားလာမယ်ဆိုလျှင်တော့ … အတော်ဟန်ကျတာပါပဲ … ။

      သို့ပေမယ့် .. အခုဖုန်းတွေက စာဆိုစာပဲ ပို့လို့ရတယ်.. စာတောင် စာလုံးရေက ကန့်သတ်ထားပြီး .. ပုံတွေ ၊ သီချင်းတွေ တွဲပို့လို့ မရသေးဘူး … ။

  • kyeemite

    February 9, 2012 at 1:32 pm

    ဒေါ်စိန်ပေါက်တစ်ယောက်..မိုက်ကယ်ပုနေရာ ဝင်လုနေတယ်ဗျို့….အော်ပီးပြေးဘီ..

  • အင်းဗျာ missed calls ပေးတဲ့ပြဿနာကလဲ မသေးဘူးနော်။
    တစ်ခါက ဖတ်ဖူးတဲ့ missed called မ၊ဘေလ်သူခိုးမ ပို ့စ်ကို
    သတိရမိပါတယ်။ကျေးဇူးပါမမအိတုံရေ။

  • unclegyi1974

    February 9, 2012 at 10:36 pm

    မအိတုန်ရေ
    ဖန်ခွက်ထဲရေတဝက်ရှိပြီလို့ထင်ပါတယ်ဗျာ

  • Khin Latt

    February 10, 2012 at 5:06 am

    တုံတုံရေ့ – ပုံတွေက မဝါးပါ။
    အားလုံး ကို ကောင်းကောင်း မြင်ရပါတယ်။
    ပြည်ပကနေ တယ်လီဖုန်းခေါ် ရင် မြန်မာဟာ ဈေးအကြီးဆုံး နိုင်ငံ ဖြစ်နိုင်ပါတယ်။
    တရုပ်၊ အိန္ဒိယ၊ ထိုင်း ဆိုရင် ပြည်တွင်းခေါ်သလောက် နီးပါးဈေးချိုပါတယ်။
    တကယ်တော့ မြန်မာပြည်မှာ နည်းပညာ နိမ့်ကျလို့ မဟုတ်ပါဘူး။
    တစ်ဘို့ထဲ သမားတွေ က သူတို့ ချမ်းသာသည်ထက် ချမ်းသာအောင် လုပ်နေကြလို့ပါ။
    ပြောရင် အလွန်ဘဲ အကုသိုလ်ဖြစ်ရပါ၏။ 👿
    မီဒီယာ လဲ တကယ် လွတ်လပ်ခွင့် ရသေးမယ် မထင်ပါဘူး သမီးရေ။
    ကြည့်ရတာ သူတို့ထဲ မှာလဲ လမ်းသစ်ဖောက်ချင်သူများ နဲ့ လမ်းဟောင်း မှာ ဆက်စားနေချင်သူ များ လွန်ဆွဲ နေတယ်ထင်ပါရဲ့။
    တရားမှန်တဲ့ ဘက်က နိုင်ပါစေ ဆုတောင်းရမှာဘဲ။

    ဒါထက် – စကားအတင်းစပ်ရရင် ဆူးလား နွယ်ပင်လား ရဲ့ Post အဟောင်းလေး တစ်ခုမှာ (နေ့မှာ တွေ့ပြီး ညဖက်မှာ မန့်ဖို့ ရှာတော့ ပျောက်သွားလို့) တုံတုံ က စမ်းချောင်း ၂ ထွက်လို့ မန့်ထားတာ သိလိုက်လို့။ အရီး လဲ အဲဒီကျောင်းထွက် ဘဲ။ 😉
    ဘယ်နှစ် ၁ဝတန်း အောင်လဲ လို့တော့ မမေးလေနဲ့။ တော်ကြာ သမီးတောင် မမွေးရသေးဘူး ဖြစ်နေမှာ။
    ဆွေမျိုး စပ်လိုက်တာသမီးရေ့။
    ကျောင်းတော်ကြီးကို ပြန် အလွမ်းသား။ 😆

  • etone

    February 11, 2012 at 11:29 am

    ကိုသန်းထွဋ်ဦးရေ … ဟုတ်ပါရဲ့ … ကျွန်မအဲ့ဒီပို့စ်လေး ဖတ်ဖူးလိုက်တယ် … ဦးလင်းဝေကျော်ရေးတာလား ၊ ကိုဘီလူးရေးတာလားမသိဘူး … ။ ဖုန်းဘေလ်ကောက်ခံမှုစနစ်မှာ မတရားတာ နည်းနည်းရှိနေတယ် .. အဲ့ဒါကတော့ … ဖုန်းပြောလို့ ကြာမြင့်ချိန်ကို ကောက်ခံတာမဟုတ်ပဲ … စခေါ်ကတည်းက တူတူတူ … ဆိုတာကနေ .. ကောက်ခံတာကြောင့်ပါပဲ … ။ ဥပမာ ..ကိုုယ်က လူတစ်ယော်ကို ခေါ်တယ် ဆိုပါစို့ …. သူက ဖုန်းမကိုင်ဘူး … 40 sec လောက်ထိ … 42 sec လောက်မှ ဖုန်းကိုင်ပြီး … အင်း အင်း ပြောပြီး ချသွားတယ် .. .. 45 sec မှာ ဆုံးတယ် … ဒါဆို သူပြောချိန် 3 sec လောက်ပဲ ရှိတယ် .. သို့သော် .. ဖုန်းဘေလ်တွက်တာကျတော့ စခေါ်ကတည်းက တွက်ပြီး .. ဖုန်းမကိုင်သေးခင် ကြာမြင့်ချိန် တူတူကနေ စတွက်တော့ … 45Sec လုံးစာ ပေးရရော .. အဲ့ဒါမတန်ဘူး … ။ ကျွန်မသေချာ အဲ့ဒီကိစ္စ စမ်းကြည့်ပြီးသွားပြီ … ။ ဒါကြောင့် .. တဖက်လူကို ဖုန်းခေါ်လျှင် … စက္ကန့် 20ကျော်တာနဲ့ ပြန်ချပြီး နောက်တခါ ပြန်ခေါ်တယ် … တစ်မိနစ် ငါးဆယ်က မမွဲလောက်ပေမယ် ……. သူတို့ ညာချတာကို မခံချင်လွန်းလို့ပါ … 👿

    အန်ကယ်ကြီးရေ … ဖက်ခွက်ထဲကရေ … ပြည့်မှ ပြည့်ပါ့မလားဆိုတာ .. အချိန်ပေါ်မူတည်ပြီးစောင့်ကြည့်ကြတာပေါ့လေ .. ။

    အရီးလတ်ရေ … ကျွန်မလည်း ဂျာနယ်ဖတ်ပြီး အံ့ဩသွားလို့ .. အရင်ကဆို .. ဒီလို ဝေဖန်ချက်ပါတဲ့ စာမျိုးက …ဂျာနယ်တွေမှာ တွေ့ရခဲတယ်လေ .. … အခုလိုတွေ့ရတော့ … အမိရလေး .. သတင်းပေးလိုက်တာပါ .. ။
    မီဒီယာကလည်း အပြည့်ဝ လွတ်လပ်ခွင့်မရသေးဘူးလို့တော့ ထင်ပါတယ် … ။ သို့သော် အရင်ကထက်စာလျှင်တော့ … ပိုပြီး ဝေဖန်ချက်တွေ ၊ ထင်မြင်ချက်တွေ ၊ ရေးဟန်ပိုင်းမှာ ပါလာတာတွေ့ရတယ် … ။ ဖတ်လို့တော့ ပိုကောင်းလာတာ အမှန်ပါပဲ … ။ ဒါပေမယ့် … သတင်းမှန်တော့ဖြစ်ဖို့ လိုတာပေါ့နော် … ကိုယ့်ထင်မြင်ဝေဖန်ချက်နဲ့ ရေးတဲ့ သတင်းက .. အမှားကြီးဆိုလို့ကတော့ …ပြည်သူတွေကို သတင်းမှားပေးပြီး ပိုက်ဆံလိမ်တောင်းတာလို့ပဲ မြင်မိတယ် … ။

    စမ်းချောင်း(၂)က ထွက်ပါတယ် … သူငယ်တန်းကနေ ဆယ်တန်းအထိ နေခဲ့တဲ့ ကျောင်းပါ .. ဒါပေမယ့် .. သမီးက ကျောင်းပျင်းတယ် .. ကျောင်းသွားရမှာ ကြောက်လို့ ထွက်ခဲ့တဲ့ မျက်ရည်နဲ့ နှပ်ချေးတွေ မနဲဘူး … 😆 အတန်းကြီးတဲ့ အထိကျောင်းမတတ်ချင်ခဲ့ဘူး … မတတ်လို့ မရမှန်း သိပေမယ့် ကျောင်းသွားမယ့်အချိန်တွေ နောက်ကျအောင် တစ်ခုမဟုတ်တစ်ခုလုပ်ရင်း အချိန်ဆွဲခဲ့သေးတယ် … ။ နောက်ဆုံး အဖေက ဂုတ်ကဆွဲပြီး ကျောင်းခန်းထဲထိ လိုက်ပို့ခဲ့ရတာချည်းပဲ … ။
    သမီးတင်မဟုတ်ပဲ … သမီးရဲ့ အဖွား ဖြစ်သူရော ၊ အမေဖြစ်သူပါ စမ်းချောင်း(၂)ထွက်ပါ … ။ အဖွားဖြစ်သူဆိုလျှင် စမ်းချောင်း(၂)မှာ အထက်တန်းပြဆရာမ လုပ်သွားခဲ့သေးတယ် … ။ 🙂

Leave a Reply