ရာသီတွေ ပြောင်း
ရွက်ဟောင်းတွေ ကြွေ
ရွက်သစ်တို့ ဝေခိုက်
အမှတ်တမဲ့ လေပြင်းတိုက်ခတ်လို့
အမြစ်က ပြုတ်ထွက်ခဲ့ရတဲ့ သစ်တစ်ပင် …..

လှလွန်းလို့ ရင်မှာချစ်မိ
ချစ်လွန်းတော့ ရင်မှာငြိတွယ်
ငြိတွယ်တော့ မခွဲနိုင်မခွာနိုင်
(တစ်စက္ကန့်လောက်မျှ)
မခွဲနိုင်တော့
နှစ်ယောက်အတူပေါင်းပြီး
ဘဝတစ်ခု တည်ဆောက်မယ်လို့ ရည်စူး
ရည်စူးထားလျက်နဲ့
အချစ်တစ်ခုဟာ ပြိုပျက်
အဲဒီလို ပြိုပျက်ခဲ့တော့
ရင်မှာ ရူးမတတ်ခံစားခဲ့ရတယ် …..

မျက်ရည် မိုးလိုရွာ
ရက်ရှည် လတွေကြာ
ဒီဝေဒနာ မျှဝေမယ့်သူမရှိ
တစ်ယောက်တည်းသာ ကြိတ်မှိတ်ပြီး
တိတ်တိတ်လေး ခံစားနေခဲ့ရတာပါ ….

ချစ်ခဲ့သမျှ အချစ်တွေအကုန်လုံး
နောက်ဆုံးမှာ
ရင်တစ်ခုလုံး ပျက်သုဉ်းလုမတတ်
လာပြန် ရိုက်ခတ်တယ် …..

တကယ်ဆို
ချစ်တတ်သူသာ အမှားပါ
ချိန်ခွင်လျှာဟာ
အလေးသာတဲ့ဘက်ကိုပဲ
ပါနေတတ်သလိုပေါ့ ………….. ။

မောင်ရွာ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။