ချိန်ခွင်လျှာ (ကဗျာ)

ရာသီတွေ ပြောင်း
ရွက်ဟောင်းတွေ ကြွေ
ရွက်သစ်တို့ ဝေခိုက်
အမှတ်တမဲ့ လေပြင်းတိုက်ခတ်လို့
အမြစ်က ပြုတ်ထွက်ခဲ့ရတဲ့ သစ်တစ်ပင် …..

လှလွန်းလို့ ရင်မှာချစ်မိ
ချစ်လွန်းတော့ ရင်မှာငြိတွယ်
ငြိတွယ်တော့ မခွဲနိုင်မခွာနိုင်
(တစ်စက္ကန့်လောက်မျှ)
မခွဲနိုင်တော့
နှစ်ယောက်အတူပေါင်းပြီး
ဘဝတစ်ခု တည်ဆောက်မယ်လို့ ရည်စူး
ရည်စူးထားလျက်နဲ့
အချစ်တစ်ခုဟာ ပြိုပျက်
အဲဒီလို ပြိုပျက်ခဲ့တော့
ရင်မှာ ရူးမတတ်ခံစားခဲ့ရတယ် …..

မျက်ရည် မိုးလိုရွာ
ရက်ရှည် လတွေကြာ
ဒီဝေဒနာ မျှဝေမယ့်သူမရှိ
တစ်ယောက်တည်းသာ ကြိတ်မှိတ်ပြီး
တိတ်တိတ်လေး ခံစားနေခဲ့ရတာပါ ….

ချစ်ခဲ့သမျှ အချစ်တွေအကုန်လုံး
နောက်ဆုံးမှာ
ရင်တစ်ခုလုံး ပျက်သုဉ်းလုမတတ်
လာပြန် ရိုက်ခတ်တယ် …..

တကယ်ဆို
ချစ်တတ်သူသာ အမှားပါ
ချိန်ခွင်လျှာဟာ
အလေးသာတဲ့ဘက်ကိုပဲ
ပါနေတတ်သလိုပေါ့ ………….. ။

မောင်ရွာ

7 comments

  • စိန်ပေါက်ပေါက်

    February 7, 2012 at 4:04 pm

    သများကိုလဲ တစ်ပုဒ်လောက် စပ်ပေးပါဦး
    သဂျီးတူမကို ပေးချင်လို ့..

    • စိတ်သာချ ..
      စပ်ပေးချင်တာမှ လက်ကို ယားနေတာပါပဲ …
      သဂျီးတူမ မကဘူး။ တစ်ကမ္ဘာလုံးက ဆော်တွေကပါ ကိုပေါက်ဖော်ကို ကြွေလာစေရမယ်ဗျာ …
      ဒါပေမယ့် ထုတ်တော့ပြရမယ်နော် … ခံစားချက်ကို ကြောဒါ …
      ဟီ .. ဟိ .. 😀 😀

  • Moe Z

    February 7, 2012 at 4:13 pm

    အဟမ်း .. ဘာမှမဟုတ်ဘူးဆိုကတည်းက တစ်ခုခုတော့ တစ်ခုခုပဲ
    ဦးလေးအံစာတုံးရေ ချိန်ခွင်လျှာကိုယ့်ဘက်အလေးသာအောင် အပီတန်ဝိတ်ဂိမ်းသောက်လေ 😀 😀

    • စိန်ပေါက်ပေါက်

      February 7, 2012 at 5:41 pm

      ဟုတ်ကဲ့ပါ ကိုမိုးဇက်..
      သောက်ပါ့မယ်

  • aye.kk

    February 7, 2012 at 8:02 pm

    ကမ္ဘာမြေရဲ ့
    စွန်းတဲ့နှစ်ဖက်
    ဝေးလျှက်ကွဲကွာ
    နေနေပါလည်း
    စိတ်မှာတူမျှ
    သတိရရင်
    နင်ဟာငါ့ရဲ ့နီးဆုံးလူ။

  • Khin Latt

    February 8, 2012 at 4:51 am

    ခြောက်မျက်နှာ ရေ – လက်မဘဲ ထောင်သွားခဲ့တယ်။
    စကားမစပ် – အခုခေတ်က ချိန်ခွင် မသုံးတော့ဘူး ကလေးရဲ့။ 😉

Leave a Reply