အချစ်ကြောင့် ပွင့်သော ပန်းကလေးများ….

alinsettFebruary 7, 20121min1258

( က )

ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်မကြီးတတ်သော သီတာ ့ကို ကျွန်တော် ချစ်ပါသည် ။

သီတာ သည် ကျွန်တော့် အိပ်မက် ဦး..ဖြစ်သည် ။ သီတာ့အကြောင်းကို ခေါင်းစဉ်များစွာ..ဖြင့်

အိပ်မက် မက်ရတာ ..ကျွန်တော်..ပျော်ပါသည် ။

ကျွန်တော် သည်…သီတာ့ကို ချစ်သောကြောင့်…ယဉ်ယဉ်လေး ရူးနေသော…လူငယ်အဖြစ်..ရှင်သန်ခဲ့ဖူးပါသည် ။

အဲဒါ…မှားယွင်းမှုတစ်ခု..လား….?

________________________________________________

( ခ )

အချစ်သည်..နှောင်ကြိုး..တစ်ချောင်း..ဖြစ်နေလိမ့်မည်..ဟု…

ဘယ်တုန်းက မှ…မထင်ခဲ့ပါ..။

ကျွန်တော့် ဘဝတစ်ခုလုံးကို… အထပ်ထပ်အခါခါ..ရစ်ပတ် တုပ်နှောင် ခံလိုက်ရပြီးမှ…

အချစ်၏ နှောင်ကြိုး ဆန် မှုကို….ကောင်းကောင်း ..သိသွားသည်..။

သို ့သော်…. နှောင် ဖွဲ ့တတ်သော…အချစ်၏ ချုပ်ကိုင် သိမ်းပိုက်နိုင်စွမ်းရှိမှုကိုပင်…

ကျွန်တော်က မက်မောနေပြန်သည် ။

( စွန် ့စားခြင်းကို..နှစ်သက်တတ်သော..လူငယ်များ၏ သဘာဝပဲ.ဖြစ်လိမ့်မည် ထင်ပါသည် ။ )

အချစ်သည်…..တော်ရုံ အင်အားဖြင့်…ရုန်ထွက် ၍ မရနိုင်သော ထောင်ချောက် တစ်ခု..ဖြစ်ပါစေဦးတော့..။

ထိုထောင်ချောက်ထဲမှာ အမိခံလိုက်ရသော…အရသာကို လိုချင်မိပါသည် ။

အဲဒါ…..မိုက်မဲမှု တစ်ခုလား….??
_________________________________________

( ဂ )

ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်သေးသောကြောင့်….သီတာသည်..ခပ်ညံ့ညံ့ မိန်းမတစ်ယောက် မဟုတ်ကြောင်းကို ပြောစရာ မလိုတော့ပါ ။

သိပ်တော်သော..မိန်းမတစ်ယောက်ကိုမှ…မြတိ်နိုးမိသောကြောင့်..ကျွန်တော့်ကိုယ် ကျွန်တော်..ပြန် အံ့ဩရပါသည် ။

ကျွန်တော်က အစစအရာရာ ညံ့နေသေးသော..လူငယ်သာဖြစ်ပါသည် ။ သို ့သော်…သီတာ့ကို ချစ်သော အချစ်ကိုတော့ အလွန်.

ခမ်းနားကြီးကျယ်စွာ…ပိုင်ဆိုင်ထားပါသည် ။

အဲဒါ….မဖြစ်သင့်တဲ့ ကိစ္စတစ်ခု လား….? ? ?
_______________________________________

( ဃ )

သီတာက ကျွန်တော့်ကို…မချစ်ပါ..။

သူမ မှာ မချစ်ပဲ..နေခွင့်..ရှိပါသည်။

ကျွန်တော်က သီတာ့ကို ချစ်သည် ။

ကျွန်တော့်မှာ ချစ်ပိုင်ခွင့် ရှိပါသည် ။

ထိုူ ့ကြောင့်..ကျွန်တော် သီတာ့ကို နှစ်နှစ်ကာကာ ချစ်နေပါသည် ။

ထိုအခါ…………………

ကျွန်တော့်သူငယ်ချင်းများက..ကျွန်တော့်အဖြစ်ကို..ရယ်ကြသည် ။

ကိစ္စမရှိပါ ။

သူတို ့မှာ…ရယ်ပိုင်ခွင့် ရှိပါသည် ။

___________________________________________

( င )

ကိုယ့်ကို ပြန်မချစ်သော..မိန်းမတစ်ယောက်ကိုမှ…

တွယ်တာ ကျွမ်းချစ်နေရသော..ကျွန်တော့်အချစ်သည်… နည်းနည်းတော့ သနားစရာကောင်းပါလိမ့်မည် ။

သို ့သော်……ကျွန်တော် ဆက်ချစ်သွားပါမည် ။

တစ်ဖက်သက် အချစ်သည် အလွန် ချို မြိန် မွှေးပျံ ့သော…၊ အလွန် အရသာ ရှိသော..အဆိပ်များကို..

မက်မောစွာဖြင့် သောက်နေရသလိုပင် ဖြစ်သည် ။

သီတာ့ကို ပို..ပို ချစ်လာခြင်းသည်…အဆိပ်တက် လာခြင်းပဲ.ဖြစ်သည် ။

အဲဒါ…အချစ် ရဲ ့ မာယာ တစ်ခုလား…..ဒါမှမဟုတ်..အချစ်ရဲ ့ကျိန်စာ တစ်ခုလား..? ? ? ? ?
____________________________________-

( စ )

ထိုသို ့ဖြင့်…………………………………………

ကျွန်တော်သည်….အဆိပ်များကြောင့် တဖြည်းဖြည်း..လောင်ကျွမ်း ပျောက်ကွယ်သွားပါလိမ့်မည် ။

အဲဒါလည်း..ကိစ္စမရှိပါ..။

ကိုယ့်ကို ပြန်မချစ်သော မိန်းမ တစ်ယောက်ကိုမှ..အချစ်ပြနိုင်ဆုံးသော..( ခပ်ညံ့ညံ့ ) လူငယ်တစ်ယောက်အဖြစ်..

ကမာ္ဘမြေပေါ်မှာ ရှင်သန်ခဲ့ရမှာ………………………………….

ကမ္ဘာမြေပေါ်..မှာ…ရှင်သန်ခဲ့ရမှာ……

အဲဒါ……ကျေကျေနပ်နပ် ဂုဏ်ယူ သွားရမယ့် ဖြစ်ရပ်တစ်ခု…မဟုတ်ဘူး..လို ့…

သင်…………ငြင်း မလား…..? ? ? ?

___________________—
( အချစ်ကို ရူးသွပ်စွာ ကိုးကွယ် သော..ညီငယ်တစ်ယောက်..သို ့….)

စာချစ်သူများ..အားလုံးကို…….
လေးစားစွာဖြင့် …

အလင်းဆက်

12 . 11 .2011 . 09 း 30 am…
( မာန်ပြေ ရန်ပြေ ဘုရားရင်ပြင်တော် )

8 comments

  • စိန်ပေါက်ပေါက်

    February 7, 2012 at 6:46 pm

    ကျမလဲ အချစ်ကို ရူးသွပ်စွာကိုးကွယ်ခဲ့ဖူးပါတယ်..
    ဒီလို ချစ်ခွင့်ရဖို ့ အူးသိမ်းစိမ်ဆီ ခွင့်ပြုချက်တောင်းစရာ လိုမယ်မထင်ပါဘူး
    ဒီမိုကဒေစီလို ့အော်အော်နေကြတဲ့အတွက် ကျမမှာ ရူးသွပ်ခွင့်ရှိပါတယ်..
    ဒါကြောင့် ရူးသွပ်စွာချစ်နေခွင့်ပြုပါလို ့ မပြောတော့ပါဘူး..
    ကျမမှာ ရူးသွပ်ခွင့်ကို အိုဘားမားက တားမြစ်လျင်တောင် သဂျီးတူလေးကို ရူးရူးသွပ်သွပ်ချစ်သွားမှာဖြစ်ပါတယ်..
    ပုံ၊
    ဒေါ်စိန်ပေါက်..

    စကားမစပ်
    အမရေ
    တဖြည်းဖြည်းချင်း လက်ရာမြောက်လာကြောင်း ပြောခဲ့ပါတယ်နော့..
    ဝမ်းဒေးကြရင် အမလိုရေးစပ်သီကုံးနိုင်အောင် ကျမလဲ ကြိုးစားပါဦးမယ်..
    ကျမမှာ ကြိုးစားပိုင်ခွင့်ရှိပါတယ်..ကြိုးစားပါဦးမယ်..
    အားပေးလျက်

  • alinsett

    February 7, 2012 at 6:56 pm

    ဒေါ်စိန်ပေါက်ပေါက်..တဲ့လား…။
    ကျွန်မ ကိုတော့ ..အဲလေ..ယောင်လို ့..ကျွန်တော့်ကိုတော့… အမျိုးသမီးလို ့မထင်လိုက်ပါနဲ့နော်.။

    ဒေါ်လေးစိန်နဲ့တွေ ့မှပဲ..ကျွန်မလည်း..(အဲ..ယောင်ပြန်ပြီ.).ကျွန်တော်လည်း… မိန်းမတစ်ယောက်လို ့ အထင်ခံရတော့တယ် ။

    ကြိူးစားပိုင်ခွင့် ၊ ရေးသီ ပိုင်ခွင့် ရှိပါသော…. ဒေါ်လေးစိန်ရေ….
    ဒေါ်လေးရေးတဲ ့ပို ့စ်တွေလည်း….အင်မတန် ကောင်းတာကို…ကျွန်တော် သိနေပါတယ်နော်။

    အားပေးသွားတာကို..ကျေးဇူးတင်ပါတယ် ။

    ခင်မင်စွာ….
    alinsett.art@gmail.com

  • water-melon

    February 7, 2012 at 9:37 pm

    သီတာမင်းသမီးလေးကို လိုချင်တပ်မက်မောသူ
    မောင်ဖရဲမင်းသားလေးနဲ့ မယှဉ်နိုင်
    ချစ်ပြိုင်ပွဲမှာ
    ကျွန်မကို နမ်းတာဘယ်သူတဲ့လဲ
    ငါပဲ ငါပဲ
    ကျွန်မကို ချောင်းတာဘယ်သူတဲ့လဲ
    စိန်ပေါက်ပေါက်
    ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး.. :mrgreen:

    အချစ်ကိုလိုတာထက်ပိုသွားရင် မကောင်းဘူးနော်။

    • စိန်ပေါက်ပေါက်

      February 8, 2012 at 12:22 pm

      ဘီအီးလဲ အဲလိုပဲ အမရဲ့
      လိုတာထက်ပိုသောက်ရင် မနက်ကျ မထနိုင်တော့ဘူးတော့

  • mandalarthu

    February 9, 2012 at 9:31 pm

    အဆိပ်တက် လာခြင်းနှင် ့
    မာယာ တစ်ခု လား ၊ ့ကျိန်စာ တခုလား…စကားလုံးတွေက အရမ်း လှတယ်..သုံးထားတာ။
    သင်ငြင်းမလားဆိုတော ့……
    မငြင်းပါဘူး…..။။
    သိပ်ကောင်းတဲ ့ ဝတ္ထုတိုလေးပါဘဲ။
    သဘောကျတယ်..။

  • alinsett

    February 12, 2012 at 5:44 pm

    မန္တလာသူရေ.. ကျေးဇူးပါပဲ.ဗျ။
    ကျွန်တော်..ရေးတဲ ့စာမူလေးကို သဘောကျတယ်ဆိုလို ့..။
    စကားလူံးတွေ..သုံးတာကိုလည်း…လတယ်..ပြောလို ့ အားတက်သွားပါပြီ။

    ကျေးဇူးတင်ပါတယ်..။

    စာဖတ်သူအားလုံးကို ခင်မင်စွာ…ကျေးဇူးတင်နေပါတယ်နော်.။

  • ကိုအလင်းစက်ရဲ ့အာဘော်လေးကို ကူးသွားတယ်နော်။ဒီလိုလေးပေါ့…..

    မေ က ကျွန်တော့်ကို…မချစ်ပါ..။
    သူမ မှာ မချစ်ပဲ..နေခွင့်..ရှိပါသည်။
    ကျွန်တော်က မေ့ကို ချစ်သည် ။

    ကျွန်တော့်မှာ ချစ်ပိုင်ခွင့် ရှိပါသည် ။
    ထိုူ ့ကြောင့်..ကျွန်တော် မေ့ကို နှစ်နှစ်ကာကာ ချစ်နေပါသည် ။
    ထိုအခါ…………………
    ကျွန်တော့်သူငယ်ချင်းများက..ကျွန်တော့်အဖြစ်ကို..ရယ်ကြသည် ။
    ကိစ္စမရှိပါ ။
    သူတို ့မှာ…ရယ်ပိုင်ခွင့် ရှိပါသည် ။
    ___________________________________________

  • MaMa

    February 12, 2012 at 8:53 pm

    အလင်းဆက်ရေ-
    လောကကြီးမှာ ဘယ်ဟာမှ တရားသေ ဆုပ်ကိုင်ထားလု့ိမရဘူးပြောရမလား…
    တွေ့ဖူးတာ – အရပ်ပုတဲ့လူက အရပ်ရှည်တဲ့လူကို ကြိုက်တယ်။
    အသားမဲတဲ့လူက အသားဖြူတဲ့လူကို ကြိုက်တယ်။
    ဝ တဲ့လူက ပိန်တဲ့လူကို ကြိုက်တယ်။
    မတူယှဉ်တွဲနေထိုင်ရေး လို့ပဲ ပြောရမလား….. :mrgreen:

Leave a Reply