မစပ်စုမလေး

aye.kkFebruary 7, 20121min14515

ကျမသည်ကား…..ဘယ်နေရာမဆို သိချင်စပ်စုချင်မစပ်စုပင်ဖြစ်၏။ ဒါကြောင့်ပင်……….ကျမအားခင်မင်ရင်းနှီးလွန်းသည့် မေတ္တာရှိသည့် အဒေါ်ကြီးတစ်ချို ့က ချစ်စနိုးအဖြစ်မစပ်စုမလေးဟု နံမည်တပ်ကာအခေါ်ခံခဲ့ရဘူးပါသည်။
ကျမက………………….ဘယ်အရာမဆိုနားလည်နေချင် သိချင်နေသည်ကခက်၏ အတိုင်းထက်အလွန်ဟုလည်း ကိုယ့်ကိုကိုယ်ထင်မှတ်နေသည်အထိ ခံယူမိပါသည်။ ကျမသိချင်သမျှအရာအားလုံးကိုလည်း ဘကြီးအားမေးပါသည်၊ဘကြီးကမေးသမျှကို စိတ်ရှည်စွာပြောပြတတ်သူဖြစ်ပါသည်။ ဘကြီးဟုဆိုရလျှင်..အရင်းတော့မဟုတ်ပါ၊ဆွေမျိုးဟု စိတ်တွင်ထင်မှတ်နေကာချစ်ခင်နေမိသောကြောင့် ဖြစ်ပါသည်။ ငယ်ငယ်က(မူလတန်းအဆင့်)ကျောင်းတက်ရသည့် အရွယ်ကဖြစ်ပါသည် ကျောင်းသို့သွားလျှင်ဘကြီးအိမ်နောက်ဖေးရှိ အိမ်လမ်းကြားမှဖြတ်ကာကျောင်းသို့သွားတက်ရခြင်းဘဲ ဖြစ်ပါသည်။ မူလတန်းအဆင့်ပြီးတဲ့အထိ နေ့စဉ်ဆိုသလိုဘကြီးတို့ အိမ်မှပင်အိမ်နောက်ဖေးတံခါး အားဖွင့်ထားပေးရကာ ၊နောက်ဖေးအိမ်လမ်းကြားကလေးမှသာသွားရပါသည်။ ဖြတ်လမ်းတို၍ ကျောင်းကနီးနီးလေးမို့ အမေတို့ကစိတ်ချကာ သွားခိုင်းခြင်းဖြစ်ပါသည်။
ကျမ တတိယတန်းတက်သည့်အချိန်တွင် အိမ်နောက်ဖေးလမ်းကြား အိမ်ကလေးသို့မိသားတစ်စုပြောင်းရွေ ့ရောက်ရှိလာသည်ကို ကျမကတွေ ့မြင်ရခါသတိထားလာမိပါသည်။ အိမ်လမ်းကြားလေးဖြတ်တိုင်းပင် ဆူဆူညံညံအသံကလေးများ ကျမကြားနေရစမြဲ ဖြစ်လာပါသည်။ ဖြတ်သွားသည့်အခါတိုင်းလည်း ချောင်းကြည့်တတ်နေမိပါသည် တစ်ခါတွင်ဘကြီးအိမ်ရှိအိမ်အကူအား ၎င်းမိသားစုလင်မယား၏နာမည်တို့အား သိချင်သဖြင့်မေးမိလျှင် ဒီကလေးမလေးနော်..ကိုယ်နဲ့ဘာမှဆိုင်တာလဲမဟုတ်ဘဲနဲ့ ဘာလို့လျောက်လျောက်မေးရတာလဲဟု ပြောပါသည်။ ကျမစပ်စုတော့မည်ကို သူတို့သဘောပေါက်နေပါသည်။ သူတို့လည်းအသံဗလံဆူညံသံအမြဲကြားနေသဖြင့် ဒီလင်မယားတွေတစ်ချိန်လုံးရန်ဖြစ်နေ၍ ကလေးမတောင်သိချင်ကာစပ်စုလာပြီဟု ပြောပါတော့သည်။ ကျမကနာမည်ကိုမရမကမေးနေသည့်အခါ မနေနိုင်၍နားညီးသည်ဟုဆိုကာ ပြောပြပါသည်။ပြီးလျှင်ကျမအားနာမည်မခေါ်တော့ပါ………..မစပ်စုမ လေးဟုသာခေါ်ပါတော့သည်။
ကျမကနာမည်သိရပြီဖြစ်ခါ အိမ်တွင်အဖေ့အားပြောပြမိပါသည်။ ထိုအခါအဖေကဒီလင်မယားတွေက ဆွေကြီးမျိုးကြီးအသိုင်းဝိုင်းကောင်းက ဖြစ်ခါအဖေတို့အပြင်ဘကြီးတို့မိသားစုတွေအားလုံးသိကြသည်။အရင်းနှီးဆုံးမိတ်ဆွေများဖြစ်ကြခါ အတွင်းသိအစင်းသိများပင်ဖြစ်သည်ဟုပြောပြပါသည် ။ မိဘများသဘောမတူ၊တားသည့်ကြားက ခိုးရာလိုက်ပြေးကာ နှစ်ဖက်မိဘတို့ လက်မခံနိုင်ကြဘဲ ဘကြီးတို့အိမ်နောက်ဖေးတွင် အိမ်ငှားနေတာကို ကျမပြောပြသဖြင့်သိရှိသွားပါသည်။ကျမကအမြဲရန်ဖြစ်နေတာကြားရသည်ဟုဆိုလျှင်.. အဖေကမယုံချင်၊ဟုတ်ပါ့မလားဟု ပြောပါသည်။တကယ်ဟုတ်တာ..မယုံလျှင်၊ဘဘကြီး အိမ်က၊အိမ်အကူတွေအားလုံးသိကြတယ်။ နာမည်မေးတာမပြောပြချင်လို့သ္မီးကို စပ်စုရမလားလို့ ပြောသေးတယ် အဖေဟုပြောပြပါသည်။ ထိုအခါမှအဖေက သူတို့လင်မယားတွေစားရေးသောက်ရေး နေထိုင်ရတာအဆင်မပြေလို့နဲ့တူတယ်။ ကလေးတွေလည်းရနေပြီ….ချစ်နေတုံးကမိုးလား၊ကဲလားနဲ့ခုတော့ အသံတွေကြားနေရပြီ၊ငါတော့မနေနိုင်ပါ၊ကြုံရင်သူ့တို့မိဘတွေကိုနားချခါပြောပြပေးဦးမယ်.. ဟုအဖေကဆိုပါတော့သည်။
မိဘများနှင့်ခင်ကြောင်းသိရလျှင် မနေနိုင်တော့ချစ်၍လည်းယူထားသည်၊ဘာလို့ရန်ဖြစ်ရသလဲ..ဆိုတာခေါင်းထဲထည့်ကာ၊ဘကြီးအား မေးချင်နေမိပါသည်။ဒီအတိုင်းမေးရမှာလည်းကြောက်နေသည်။အိမ်အကူတွေ ့ရှေ့မှာမမေးရဲပါ၊ဖြစ်ချင်တော့..
နောက်နေ့မနက်ကျောင်းအသွားမှာ..လင်မယားအကြီးကျယ်ရန်ဖြစ်ကြပါသည် ပန်းကန်ပေါက်ခွဲသံများ၊ထမင်းစားပွဲခုံအားကန်လိုက်သည့်အချိန်၊ကျမကအိမ်လမ်းကြားဖြတ်ခိုက် ဆုံသွားသဖြင့် အရမ်းထိတ်လန့်သွားပါသည်။ထမင်းလုံးများလည်းကျမထံလွင့်စဉ်လာပါသည်။ ဘကြီးအိမ်ကအကူများလည်းပြေးထွက်လာခါဆွဲကြရသည်အထိပင်ဖြစ်ကြပါသည်၊ယောက်ျားက မယားကိုလက်ဖြင့်ရွယ်ကာရိုက်လိုက်သည်ကို လှမ်းမြင်လိုက်ပါသည်၊မယားကလည်းချုံးပွဲချကာငိုပါသည်။

ထိုမျှအထိဖြစ်ကြ၍၊ကျမသိချင်၊စပ်စုချင်နေသောစိတ်ကတားမရ….. အိမ်အကူတွေမရှိခိုက်မှာ ။
ထိုလင်မယား နှစ်ဦးလုံးအမြဲတစေရန်ဖြစ်နေသည့် အကြောင်းရင်းအား သိချင်ရကာ ဘကြီးအားမေးမိပါတော့သည်။
ဘကြီးပြောပြသည်မှာ………
မယားလုပ်သူ၏နဖူးဆံစသည်၊လွန်စွာကျဉ်းသည်…၊ဘကြီးဖတ်ဘူးသည့်၊လေ့လာထားသည့် အရဆိုလျှင် အိမ်ထောင်ရေးကံမကောင်းနိုင်ပါ၊အိမ်ထောင်ပြုကလင်ညှင်းဆဲခံရနိုင်သည်ဟုပြောပြပါသည်။
(ဘကြီးကအင်္ဂါရုပ်ရည်အဆင်းနှင့်ပတ်သက်၍ဝါသနာပါကာလေ့လာလိုက်စားထားသူဖြစ်ပါသည်)
ကျမကဒါဆိုရင်သ္မီးနဖူးကိုလည်းကြည့်ပေးပါ၊ နဖူးကျဉ်းတာဘယ်လိုကြည့်ရတာလဲဟုမေးမိပါသည်။ ထိုအခါတွင်ဘကြီးက…
သ္မီးရဲ ့လက်ဖဝါး(လက်မဖယ်ကာ)ကျန်သည့် လက်လေးချောင်းအားညီညီစိထားပြီး

နဖူးကဆံပင်အားသပ်၍သ္မီးရဲ့လက်နဲ့နဖူးကိုတိုင်းကြည့်ပါဟုပြောလျှင်….. ကျမက ဘကြီးပြောသည့်အတိုင်းပင် လုပ်ကြည့်၏ ။ ဘကြီးပြောပြပါဟုဆိုလျှင် ဘကြီးကကျမ၏ခေါင်းလေးအားကိုင်ကာ သေသေချာချာကြည့်ပြီး…သ္မီးနဖူးကသ္မီးရဲ ့လက်လေးချောင်းနဲ့ကွက်တိဘဲကိုးဟုပြောခါ သ္မီးနဖူးကကျဉ်းသည်ဟုပြောပြပါသည်။ဒါဆိုရင်တော့… သ္မီးအိမ်ထောင်မပြုနဲ ့နော် ။ သ္မီးအိမ်ထောင်ပြုရင် လင်အညှင်းဆဲခံရနိုင်သည်ဟုပြောပြပါသည်။ ကျမကဟုတ်ကဲ့ပါဟု
လွယ်လွယ် ပြောလိုက်မိပါသည်။ ဘကြီးကနာခံမခံသိချင်သည်ဟုဆိုကာထပ်မံပြော၍ဘကြီးက….သ္မီးရဲ ့ချေထောက်နှစ်ဖက်
ညီညီညာညာဖြင့် ရှေ ့ထုတ်ပြဟုဆိုပါလျှင်….ကျမကဂါဝန်လေးအားလက်ဖြင့်ဖိကာ ဘကြီးအားမိမိ၏ခြေထောက်လေးအား ရိုရိုသေသေဖြင့် ပြမိပါသည်။ ဘကြီးကကျမခြေထောက်လေးအားကြည့်ကာ သမီးရဲ ့ခြေညိုးလေးက ခြေမထက်ပိုရှည်သည်။ သမီးက ပြောသည့်အတိုင်းနာခံရန်မဖြစ်နိုင်ပါ မုချအိမ်ထောင်ပြုမှာကား အမှန်ပင်ဖြစ်သည်ဟုပြောပါသည် ။

ကျမကဘကြီးအား ခြေညိုးရှည်ကဘာဖြစ်လို့ နာခံမှုမရှိရတာလဲ.. သ္မီးသိချင်သည် ။ ရှင်းပြပါဟုဘကြီးအားမေးမိပြန်ပါသည်။ ဘကြီးက ခြေမထက်ခြေညိုးရှည်က မိဘတို့စီမံသည့်အတိုင်းနာမခံ တဇွတ်ထိုးဆန်ကာစိတ်လိုက်မာန်ပါပြုမူဆောင်ရွက် မည့်သူဖြစ်၍သ္မီးကအိမ်ထောင်ပြုမှာအမှန်ပင်ဖြစ် သည်ဟုပြောပါသည်။ (လွယ်လွယ်နှင့်ဂတိမပေးရန်၊စဉ်းစားပြီးမှဖြေရန်လည်းဆုံးမလိုက်ပါသေးသည်)
ကျမမှာဘကြီးပြောသောစကားအား နားဝထဲစွဲသွားခဲ့ပါသည်၊ ငယ်ငယ်ကကျမမြင်တွေ ့ထားသည့်၊ ထိုလင်မယားအဖြစ်အား မျက်စေ့ထဲမှာမြင်ယောင်ကာ ရိုက်ပုတ်နေသည့်အဖြစ်အား ကြောက်နေမိသည်မှာလည်း အမှန်ဖြစ်ပါသည်။ ကျမအပျိုဖားဖားဖြစ်သည့်အချိန်တွင် ပိုးပန်းသူအလွန်များခဲ့ပါသည်။ အထက်တန်းကျောင်းသူဘဝတွင် စာပေးခြင်းခံရလျှင် ကျမကထိုစာပေးသည့်သူများအား ထီး၊ဖိနပ်၊လွယ်အိပ် အစရှိသည်တို့နှင့် မထင်ရင်မထင်သလိုကောက်ပေါက်တတ်ပါသည်။(ထီးလည်းကျိုးဘူးပါသည်)
တစ်ချို ့ကကျမအားအငြိုးထားကာ မာနချိုးရန်ကြံစည်ခဲ့သူများပင်ရှိပါသည်။ ကျမ၏စိတ်ကိုအတော်များများကကြောက်ပါသည်။ ကျမ၏ထီးဖြင့်ပစ်ပေါက်ကာဒဏ်ရာရဘူးသူရှိခဲ့၍ ဖြစ်ပါသည်။ကျမအလုပ်ဝင်၍(၅)နှစ်ခန့်ကြာသောအခါ ကျမအားလက်ထပ်ရန်တောင်းဆိုချင်သည့်သူက ကျမအားကြောက်ခါ ဖွင့်မပြောရဲပါ။ သူ့အမေကအထင်လွဲကာ ကျမတို့ဘဝနှင့်သူတို့အခြေအနေက အတော်ကွာခြားသည် သူ့သားကြိုက်နေမှုအား လက်မခံရန်ကျမတို့အိမ်ရှေ ့မှနေ၍ လာပြောခဲ့သည်ကို
တွေ ့မြင်သူတွေက ကျမဘက်မှမခံမရပ်နိုင်ဖြစ်ကြကာ ကျမအား ဝိုင်းဝန်း ပြောဆိုကြပါသည်။တသက်နှင့်တစ်ကိုယ်အပြောမခံရဘူးသဖြင့် ရှက်စိတ်တို့မွန်ထူကာ ကျမမှစိတ်လိုက်မံပါပြုမူဆောင်ရွက်မိခဲ့သဖြင့် မမျှော်လင့်ပါဘဲအိမ်ထောင်ကျခဲ့ပါလေသည်….။
ဘကြီးပြောစကားမှန်လွန်းလှပေတော့သည်။ ကျမစပ်စုမိဘူးသည့်ကိစ္စလေးအားပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်။
(ဝေဖန်ထင်မြင်ချက်များတောင်းခံအပ်ပါသည်)

15 comments

  • Khin Latt

    February 8, 2012 at 4:05 am

    အစ်မအေး ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေထဲမှာ ဒီအပိုင်း ကပို စိတ်ဝင်စားစရာဘဲ။
    အစ်မကြည့်ရတာ ငယ်ငယ် က အတော်လေး စိတ်ထက်ပုံရတယ်။
    ကျွန်မ လဲ အစ်မလို ဝင်စပ်စုပြီနော်။ 😉
    ဘကြီးပြောတဲ့ နဖူးကျဉ်းရင် ….. ဆိုတာ မှားတယ်ဟုတ်။ 😀

    အစ်မ ဆက်ရေးဦးနော်။
    သော်တာဆွေ ရဲ့ ကျွန်တော့ဘဝ ဇာတ်ကြောင်း လို ဘဲ။
    အတော်စိတ်ဝင်စားဖို့ကောင်းတယ် အစ်မရေ့။
    အားပေးပါတယ်။
    ဆက်ဖတ်ဖို့ကိုလဲ မျှော်နေပါတယ်။

    ချစ်ခင်စွာဖြင့်
    မလတ်

  • Thel Nu Aye

    February 8, 2012 at 9:08 am

    အစ်မအေးရေ နှဖူးကျဉ်းတာကျယ်တာဟာအိမ်ထောင်ရေးသာယာမှု့နဲ့ဆိုင်၏၊ မဆိုင်၏၊ ကိုအစ်မရဲ့ကိုယ်တွေ့လေးပြောပြပေးပါအုံး။ ကျွန်မလဲစပ်စပ်စုစုသိချင်လို့ပါ။

  • htet way

    February 8, 2012 at 9:29 am

    နဖူးကျည်းတာ အိမ်ထောင်ရေးနဲ့ ဆိုင်မဆိုင် ယုတ္တိရှိမရှိမပြောလိုပါ
    သို့သော် နဖူးကျည်းသူများ ချစ်သူကအရမ်းချစ်တာခံရပြီး ရည်ရွယ်သူနဲ့ မညားပါ။
    ကျွန်ပ်သည် နဖူးကျည်းပါသည်၊ကျွန်ပ်ချစ်သူ ကချင်မလေးသည် အရမ်း ချစ်ခဲ့ ၏
    သို့သော် မညားခဲ့ပါ။၎င်းသည် စင်ကပူ၌ အလုပ်သွားလုပ်ကာ ယခုထိ ဆက်သွယ်မူ
    မပြုတော့ ၊ ပူစေလွမ်းစေ အလွမ်းတွေထဲ ကျွန်ပ်အားကြေကွဲခိုင်းခဲ့ပါသည်။
    နောက် တရုတ်အမျိုးသမီးလေးနဲ့ မေတ္တာမျှခဲ့လေရာ ၎င်းကလည်း တကယ်ချစ်ခဲ့ သည်
    သို့သော်… မညားခဲ့ပါ ။ ဤကားနဖူးကျည်းခြင်းကြောင့်ပေလော။ ဖြစ်ရပ်ကို ဆင်ခြင်
    ကြည့်မိပါ၏။

  • မိုက်ကယ်ဂျော်နီငပွ

    February 8, 2012 at 9:43 am

    အိမ်ထောင်ရေးအတိမ်းအစောင်းလေး တွက်တော့ဝမ်းနည်းပါတယ်ဗျာ
    ရွာထဲကအပျိုကြီးတွေကြားရင်တော့ သံဝေဂတွေရကုန်ကြဦးတော့မှာဘဲ
    နားနဲ့မနာဖဝါးနဲ့နာပါဗျာ
    ဘယ်သူ့ကိုကောင်းတယ် ဘယ်သူ့ကို မကောင်းဘူးဆိုပြီး
    ကိုယ့်သဘော အတ္တကြီး ရှေ့တန်းတင်ပြီးမပြောလိုပါဘူး
    ရံခါ သဂျီးမင်းတရားကြီးလည်း ဟောပြောပို့ချလေ့ရှိပါတယ်
    ရှေးအဆိုတွေလည်းရှိပေတာဘဲနော ဘာတဲ့ တစ်ယောက်မကောင်းတစ်ယောက်ပြောင်းဆိုလား
    မြန်မာ့ဓလေ့လားဘာလားတော့သိဘူး မိန်းကလေးတွေအိမ်ထောင်ရေးနဲ့ပတ်သက်ရင်
    သိပ်အနစ်နာခံရတယ် ကျုပ်ကတော့သိပ်လက်မခံဘူး
    မြှောက်ပေးတာတော့မဟုတ်ပါဘူး
    ဒီစကားမျိုးကျုပ်အဘရှေ့မှာဒီနေ့ထိမပြောဝန့်သေးပါဘူး
    မတော်နေ အဖိုးကြီးက သူ့မိန်းမ ကျုပ်အမေကို မြှောက်ပေးရကောင်းလားဆိုပြီး ဓားနဲ့လိုက်ခုတ်ရင်ဒုက္ခ 😀
    တစ်ခုလည်းရှိသေးတယ်ဗျ မြင်ဘူးတာပါ ( သူ့အပြောနဲ့သူပေါ့ )
    လင်မကောင်းဘူးဘာညာကွိကွပေါ့ သူဒုက္ခရောက်တဲ့အကြောင်းတွေပြောတာပေါ့နော
    ကျုပ်အမြင်ဆို သူမကောင်းတာသိရင် ခွဲလိုက်ယုံပေါ့
    သူ့ဟာက ဒီလိုလည်းမဟုတ်ဘူး ကလေးတွေ ခလောက်တွေကို အကြောင်းပြနေတော့လည်း
    ဘယ်လိုနားလည်ရမှန်းမသိတော့ပါဘူး ပြောရတော့အခက်သား
    သူများလင်မယားကြား မဝင်ကောင်းဘူးဆိုပြီး ဘယ်ကောင်ကမြှောက်ပေးလိုက်တယ်မသိ
    ဖျန်ဖြေပေးတယ်လို့မြင်လို့ရသလို ဝင်ရှုပ်တယ်လို့လည်းမြင်လို့ရပြန်ရော
    ကိုယ့်ကိစ္စမဟုတ်လို့ဝင်မရှုပ်တာ ဟုတ်တုတ်တုတ်ရှိပေမယ့် လူမှု့ရေးညံ့ဖျင်းတယ်လို့လည်းဆိုလို့ရပြန်ရော
    တစ်ခါတစ်လေတွေ့ဘူးမလားသိဘူး သူတို့ဖါသာ ဖေတော့မောင်တော့ ဆဲရေးတိုင်းထွာနေကြလို့
    ကိုယ်ကဝင်ဆွဲဝင်ခွဲတာ ကိုယ်ပါရောပြီးအဆဲခံလိုက်ရတာ ( ပွဲတွေ့ ) 😀
    ဆိုခဲ့ပြီးသလိုဘဲ ဆဲကြဆိုကြ ရိုက်ကြနှက်ကြနဲ့ မကြာပါဘူး လင်မယားတို့သဘာဝ
    ကလိထိုးကျီစယ်နေကြပြန်ရော တော်တော်နောက်တဲ့လူတွေ
    ဪ……………… လေရှည်နေလိုက်တာ
    စပ်စုတယ် ဆိုတဲ့စကားလေးကို ဆွေးနွေးခွင့်ပြုပါ
    ဒီဆိုဒ်ထည်း ဒေါ်အီးဒုံးလည်းပြောနေကြပါ စပ်စုတယ် ဆိုတာကိုပါ
    ဆိုတော့ကာ
    မိမိတို့ရဲ့ စူးစမ်းလေ့လာခြင်းကို စပ်စုတယ်လို့ မမြင်ကြစေလိုပါဘူး
    လေ့လာတယ်စူးစမ်းတယ်ဆိုတာ ပညာရှာတာပါ မသိရင်မေးမစင်ရင်ဆေးဆိုတဲ့ အဆိုလေးလည်းရှိပါတယ်
    သို့သော်
    အမှန်တစ်ကယ် စပ်စုတယ်ဆိုတာကတော့ ညံ့ပါတယ်
    ဒါ့ကြောင့် မိမိတို့ရဲ့ စူးစမ်းလေ့လာမှု့တွေကို စပ်စုတယ်လို့ မခံယူကြစေလိုပါကြောင်း
    ခပ်တည်တည်နဲ့ ဟောပြောပို့ချပြီး
    ပြေးပြီဗျို့
    ဗျစ်ဗျစ်ဗျစ်ဗျစ်

  • စိန်ပေါက်ပေါက်

    February 8, 2012 at 2:18 pm

    အန်တီအေးတို ့မိသားစုနဲ ့ အန်တီအေးပြောပြောနေတဲ့ ဘကြီးဆိုတာ တော်တော် စိတ်ဝင်စားဖို ့ကောင်းပါကြောင်းဗျာ.
    ဗဟုသုတ အလွန်ရပါတယ်..ဘကြီး အမွေအန်တီအေးရ..အန်တီအေးအမွေ ကျနော်တို ့ရပေါ့နော့
    ကျနော်တော့ ဆံပင်ရှည်ကြိုက်လို ့ထားရင်း ခေါင်းလျှော်လိုက်..ဆံပင်လှန်သပ်လိုက်နဲ ့ နဖူးပြောင်မှာဆိုးလို ့..ကြိုက်တာတောင်
    နဖူးပြောင်မည်ဆိုးပြီး ဆက်မထားတော့ပါကြောင်း 😆
    ကျနော့မိန်းမနဖူး ပြန်ကြီးဦးမယ်ဗျာ..
    ပြီးတော့
    ခြေညှိုးကိုကြည့်ပြီး ခန် ့မှန်းတာလဲ တော်တော်လေးမှန်တယ်လို ့ ထင်မိပါတယ်….
    နောက်ထပ် ဗဟုသုတလေးတွေလဲ ရေးပေးပါဦး

  • awra-cho

    February 8, 2012 at 2:39 pm

    ကျွန်ုပ်သည် နဖူးကျဉ်း၏။ နှာရောင် ကောက်၏။နှုတ်ခမ်းထူ၏။ အသားမည်း၏။ ခြေမ ကြီး၏။ ထို့ ကြောင့် ရပ်ကွက်အတွင်းရှိ ကလေးများ ကြောကြ်က ကုန်၏။ ကလေးများငိုသည် ရှိသော် ကျွန်ုပ် အားပြရျ် ခြောက် သော် ချက်ချင်းတိတ်ကုန်၏။ အပျိုကြီးကြီုးငယ်ငယ်များ မှောင်လာ လျင်ကျွန်ုပ် နှင့်ညား မည်စိုး ရျ ်အပြင် မထွက်ကြ၊ သို့ကြောင့်မိဘ များ ကျွန်ုပ် အားလွန်စွာ ကျေးဇူးတင် ကြကုန်၏။

  • aye.kk

    February 8, 2012 at 6:02 pm

    မလတ်,ဘကြီးပြောတာမှန်ပါတယ်..
    သည်းညည်းခံခဲ့ရပါသည်…
    အားပေးတာကျေးဇူးပါနော်..။
    thel nu aye,ေ၇..
    မိန်းခလေးတွေရဲ ့နဖူးအမှန်တကယ်ကျဉ်းရင်..
    အိမ်ထောင်မပြုတာအကောင်းဆုံးပါ..
    မတူညီတဲ့ပတ်ဝန်းကျင်နှစ်ခုအသိုင်းအဝိုင်းမှာကြီးပြင်းလာကြတာဆိုတော့..
    ကိုယ်နဲ့ကသဟဇာတဘယ်ဖြစ်ပါ့မလဲနော်…။
    မိုက်ကယ်ဂျော်မီငပွ,…
    ကျမကမေးတတ်လွန်းတော့..
    အိမ်မှာအစ်ကို၊အစ်မတွေကစပ်စုလွန်းတယ်ပြောလို့ပါ..
    ကျမအနေနဲ့ကဘယ်အရာမဆိုသိချင်နေမိတာကမွေးရာပါဗီဇလို့ပြောရမလားဘဲ..
    အစ်ကိုအစ်မတွေနဲ့ရင်းနှီးတဲ့သူတွေဆီကနာမည်ပြောင်တပ်ခေါ်ခြင်းခံခဲ့ရတာပါ…
    ရှင်းပြပေးတာကျေးဇူးပါနော်။
    စိန်ပေါက်ပေါက်,..
    အားပေးတာကျေးဇူးပါ၊သိတာလေးတွေထပ်မျှပါ့မယ်။
    awra cho,…
    အားပေးတာကျေးဇူးပါ၊ရယ်မောစရာလေးဖတ်လိုက်ရတော့လေ..
    တစ်နေကုန်နွမ်းနေတဲ့စိတ်ပြေသွားတယ်။

  • ကြောင်ကြီး

    February 9, 2012 at 9:57 am

    ကြောင်ကြီးနဖူးလည်း လက်လေးသစ်ပဲရှိတယ်။ ကယ်ဂျဘာအုံးဗျို့… ဒီလိုဆို နဖူးပိုပြောင်လာအောင် စောင့်ရမလိုဖြစ်နေဘီ….။ စားမှာပဲ စားမှာပဲ ဒို့ကိုလာမတားနဲ့…
    မအေးပြောတာတော့ မသိဘူး သို့ပေသိ ခြေညှိုးက ခြေမထက် ပိုရှည်ရင် သတိထားမိတာ အမှီအခိုမရှိဘဲ နေလို့ရတယ် (အမှီကင်းတယ် မဆိုလိုဘူးနော်) အမှီလိုက်ရှာမနေဘူး။ အထူးသဖြင့် ပျိုအကြီး လပြိုကြီးတွေမှာ တွေ့ရတတ်တယ်။ ရည်းစားရှိခဲ့မယ်ဗျာ…သို့သော် ကွဲသွားလို့ နောက်တယောက် မဖြစ်မနေရှာတာ၊ တွေးပူပြီး အိမ်ထောင်ပြုတာ မဖြစ်ကြဘူး။ ခြေမ ပိုရှည်သူများကြတော့ အိမ်ထောင်ရှင်များ ဖြစ်တာများတယ်။ အမှီမရှိဘဲ မနေနိုင်ဂျဘူး ထင်ပါရဲ့…။ ဗေဒင် လက္ခဏာ အလိုထက် စိတ်ထင်တာကို ပြောတာပါ။

  • bluerose

    February 9, 2012 at 1:04 pm

    တော်သေးတယ်လက်လေးလုံးထက်နဲနဲလေးပိုတယ်
    အဲဒါဆိုရင်တော့နှိပ်စက်မခံရလောက်ပါဘူးနော်
    🙂

  • manawphyulay

    February 9, 2012 at 3:38 pm

    အရမ်းလည်း မထက်နဲ့ဦး အေးရေ…. အတော်ကြာ အကုန် အဝေးက ရှောင်သွားနေဦးမယ်….

  • padonmar

    February 9, 2012 at 9:18 pm

    အေးကေကေရေ
    ပုပုပြောသလိုပဲ စပ်စုတယ်လို့ မထင်ပဲ စူးစမ်းတယ်လို့ပဲပြောချင်ပါတယ်။
    ဒီစာဖတ်ပြီး ကိုယ့်ခြေထောက်ကိုငုံ့ကြည့်တော့ ခြေညှိုးနဲ့ ခြေမတူတူပဲ၊
    ဒါကြောင့် အပျိုကြီးဖြစ်တာလား။
    မိဘစကားတော့နားမထောင်ခဲ့ပါဘူး၊သူ့ကျွန်မခံနိုင်ပြီဆိုပြီး မိဘက ပေးစားချင်တာတောင် အတင်းငြင်းခဲ့တာ။:D
    ဒါထက် အေးကေရဲ့ အဖိုးတို့ ဘကြီးတို့က တော်တော် ဗဟုသုတများတယ်နော်။သူတို့အကြောင်း ရေးထားလို့။
    အိမ်ရှေ့ကလာပြောတာ အေးကေ အမျိုးသားရဲ့ အမေလား။အခြားသူလား။

  • water-melon

    February 9, 2012 at 9:32 pm

    ဒါဆိုသွားပြီဗျ ကျွန်တော့်ကောင်မလေးနာဖူးလေးက သေးသေးလေးဗျ
    နောက်နေ့တိုင်းကြည့်အုန်းမှ 😀
    နောက်လဲ ရုပ်အင်္ဂါကြည့်ပြီး (အင်္ဂဝိဇ္တ)နည်းလမ်းလေးတွေပြောပြပါအုန်း အစ်မအေး။

  • unclegyi1974

    February 9, 2012 at 11:05 pm

    မအေးရေးသားမှုမှန်ကန်ကြောင်းအတည်ပြုရန်စစ်တမ်းအရင်ပြုလုပ်လိုက်ပါအုန်းမည်

  • ကျမ၏စိတ်ကိုအတော်များများကကြောက်ပါသည်။ ကျမ၏ထီးဖြင့်ပစ်ပေါက်ကာဒဏ်ရာရဘူးသူရှိခဲ့၍ ဖြစ်ပါသည်။ကျမအလုပ်ဝင်၍(၅)နှစ်ခန့်ကြာသောအခါ ကျမအားလက်ထပ်ရန်တောင်းဆိုချင်သည့်သူက ကျမအားကြောက်ခါ ဖွင့်မပြောရဲပါ။ သူ့အမေကအထင်လွဲကာ ကျမတို့ဘဝနှင့်သူတို့အခြေအနေက အတော်ကွာခြားသည် သူ့သားကြိုက်နေမှုအား လက်မခံရန်ကျမတို့အိမ်ရှေ ့မှနေ၍လာပြောခဲ့သည်ကို တွေ ့မြင်သူတွေက ကျမဘက်မှမခံမရပ်နိုင်ဖြစ်ကြကာ ကျမအားဝိုင်းဝန်းပြောဆိုကြပါသည်။တသက်နှင့်တစ်ကိုယ်အပြောမခံရဘူးသဖြင့် ရှက်စိတ်တို့မွန်ထူကာ ကျမမှစိတ်လိုက်မံပါပြုမူဆောင်ရွက်မိခဲ့သဖြင့် မမျှော်လင့်ဘဲအိမ်ထောင်ကျခဲ့ပါလေတော့သတည်း….။
    ဟူး ……မလွယ်ဘူး။ကြောက်ပါတယ်ဗျ။

  • aye.kk

    February 10, 2012 at 7:28 am

    ကိုကြောင်ကြီး,…ပြောတာမှန်ပါတယ်
    အိမ်ထောင်ရေးတွင်လည်းဦးစီးဦးဆောင်ပြုရွက်ပြုလုပ်တတ်ရ၏ဟုသာ..
    ထပ်မံဖြည့်စွက်၍ပြောပြချင်ပါသေးသည်။
    bluerose,….ရေ
    မိန်းကလေးကမိမိရဲ ့လက်လေးလုံးမျှထက်
    မိမိ၏နဖူးအားတိုင်းကြည့်လို့ပိုကျယ်နေပါကနဖူးကျဉ်းသည်ဟုမခေါ်ဆိုပါ။
    မနောရေ..
    အမကိုဘယ်လိုယောက်ျားမျိုးကိုမှယူမှာလည်းဆိုပြီး..
    အမကိုပိုးခဲ့တဲ့သူတွေကအံ့ဩနေခဲ့ကြတာပေါ့နော်…
    အမကသာမာန်ရိုးရိုးသားသားလူကိုသာ….
    လက်ထပ်သွားတော့မယုံကြည်နိုင်လောက်အောင်ဖြစ်ကုန်ကြခဲ့တယ်။
    ဒေါက်တာ,..ချေညိုးနဲ့ချေမအရှည်တူတာဟာ…
    အင်မတန်ကိုမှကောင်းမွန်လွန်းလှပါတယ်..
    နာခံလွယ်တယ်၊စဉ်းစားတွေးခေါ်ဆုံးဖြတ်မှုအားကောင်းတယ်..
    မျှတညီညွတ်စွာတွေးခေါ်ဆုံးဖြတ်နိုင်တဲ့သူတစ်ယောက်ပါ..
    ဘဘကြီးကပညာပြည့်ဝနှလုံးလှတဲ့သူတယောက်ဖြစ်ပါကြောင်းပါ..
    အမျိုးသားရဲ့အမေပါ..သူ ့သားကလက်ထပ်ချင်တော့..
    ကျမတို့နဲ့ကဘဝအခြေအနေခြင်းအတော်ကွာခြားလို့သိအောင်ပြောပြတာဆိုပြီး..
    ကျမတို့ရဲ့အိမ်ပြင်ခြံဝကနေအော်ပြောပြခဲ့တယ်…
    ဒါဟာအင်မတန်ကိုရိုင်းပြတဲ့အပြုအမူဖြစ်သွားတာပေါ့နော်..
    ကျမကဘယ်နည်းနဲ့မျှမှလက်မခံနိုင်ပါဘဲ..
    တရားစွဲမဲ့အခြေအနေမျိုးထိပြင်းထန်ခဲ့လွန်းတော့..
    လက်ထပ်လိုက်ရတဲ့ဘဝမျိုးအထိရောက်အောင်သာ
    အခြေအနေကတွန်းပို့တဲ့အထိမျိုးဖြစ်သွားခဲ့ရပါတယ်..
    ်အမျိုးသားကသူ ့အမေကပေးတဲ့ဖူးစာဆိုပြီးကျေးဇူးတင်ရှိသွားပါသည်။
    water-melon,..သိတာလေးတွေထပ်မံပြောပြပါ့မယ်။(အချိန်ရရင်ပေါ့နော်)
    အန်ကယ်ကြီး,..စစ်တမ်းအရင်လုပ်ပါနော်..
    ကျမကရုပ်ဝါဒီသမားဆိုတော့ကာ၊လက်တွေ ့ကြုံခါမှသာ..
    ဪ..မှန်၏ပေါ့နော်ဆိုပြီးမှသာ…။
    အတိသဉ္ဇာ,…စိတ်လိုက်မာန်ပါနဲ့ပြုလုပ်မိတာတွေကမကောင်းလို့၊ဆင်ခြင်ပါ့မယ်။

Leave a Reply