နယ်မြေသစ်များစွာ…….

နယ်မြေသစ်များစွာရှေ့က….တူတူသိမ်းပိုက်မှာဘဲဟေ့။ဆိုတော့ အဆိုတော်အငဲ ရဲ ့LMN စီးရီးကိုသွား
သတိရမယ်ထင်ပါတယ်။မဟုတ်ပါဘူး ခုက စကြဝဠာရဲ ့အပြင်ကိုခြေဆန် ့နေတဲ့ သိပ္ပံပညာရှင်တွေရဲ ့အကြောင်းကို သတင်းစာထဲဖတ်ရတော့ ပြန်ဝေမျှလိုက်တာပါ။သိပြီးတဲ့လူတွေလဲရှိနိုင်သလို၊မသိသေးသူတွေ
လဲရှိနိုင်ပါတယ်။

    နေစကြဝဠာအပြင်ဘက်မှာ ဂြိုဟ်သစ် (၁၁)လုံးကိုနာဆာရဲ ့ကီပလာအာကာသ
အဝေးကြည့်မှန်ပြောင်းဖြင့် ရှာဖွေတွေ ့ရှိခဲ့ပြန်ပါပီ။ထို ့ပြင် နေစကြဝဠာအပြင်ဘက်
မှာ စုစုပေါင်းဂြိုဟ်သစ် (၂၆)လုံးတွေ ့ရှိထားပြီးဖြစ်ကြောင်း FEB 2nd နေ ့မှာသတင်း
ထုတ်ပြန်ထားပါသည်။
    ယခုတွေ ့ရှိထားသော. ဂြိုဟ်သစ်များ၏အရွယ်အစားမှာ ကမ္ဘာဂြိုဟ်ရဲ ့အချင်း
ထက် ၁.၅ ဆ မှ ၅ ဆထိ ပိုမိုကြီးမားကြောင်းနှင့် ၎င်းတို ့သည် သောကြာဂြိုဟ်အ
ရွယ်နီးပါးရှိသည်ဟု နာဆာမှ ထုတ်ဖော်ပြောကြားလိုက်သည်။ယခုတွေ ့ရှိရသော 
ဂြိုဟ်များကိုလေ့လာသည့် ကီပလာအာကာသအဝေးကြည့်မှန်ပြောင်းမှာ နေဂြိုဟ်ကို
လဲအနီးကပ်လေ့လာနိုင်သည်။၎င်းမှန်ပြောင်းဖြင့်ပင် နေစကြဝဠာအပြင်မှ ဂြိုဟ်သစ်
ပေါင်း (၆၀)ကျော်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။
    နောက်ထပ်အထူးခြားဆုံးသတင်းကတော့ နယ်မြေသစ်များစွာခြေဆန် ့ဖို ့ရာကြံစည်နေတဲ့၊ လူသားတွေ အခြေချနေထိုင်ဖို ့ရာအကောင်းဆုံးနေရာတစ်ခု ရှာဖွေတွေ ့ရှိခြင်းပါဘဲ။
    အာကာသ အတွင်း ကြယ်တာရာတစ်ခုရဲ ့အနီးမှာရှာတွေ ့ခဲ့တာပါ။အဲဒီဂြိုဟ်ရဲ ့
မျက်နှာပြင်ပေါ်မှာ ရေကဲ့သို ့အရာတွေကို တွေ ့ရှိရကြောင်း ကယ်လီဖိုးနီယားတက္က
သိုလ်မှ သုတေသနပညာရှင်များက FEB 5th နေ ့မှာ သတင်းထုတ်ပြန်ပါတယ်။အဲဒီ
ဂြိုဟ်ကို နာဆာရဲ ့ဟိုလီဂရေးလ်အာကာသလေ့လာရေးယဉ်မှ တွေ ့ရှိခဲ့တာပါ။
    အဲဒီဂြိုဟ်မျက်နှာပြင်မှာအပူချိန်လွန်ကဲမှုနဲ ့အအေးလွန်ကဲမှုများမရှိကြောင်း၊မျက်နှာပြင်ပေါ်မှ အရည်များမှာ ရေဟုတ်မဟုတ် စစ်ဆေးရမည်ဟု သုတေသနပညာ
ရှင်များက ပြောသွားပါတယ်။
     အဲဒီဂြိုဟ်မှာ လူသားနဲ ့သတ္တဝါတွေ အသက်ရှင်နေထိုင်နိုင်မယ့် အပူချိန်၊ရာသီ
ဥတုနဲ ့မြေမျက်နှာပြင်အနေအထားတို ့ရှိကြောင်း၊ကမ္ဘာမှ အလင်းနှစ် ၂၂ နှစ်ခန် ့
တွင်ရှိကြောင်းပြောသွားပါတယ်။

  1AU=149600000000 m(AU=astronomical unit)

1 light year=9461000000000000 m

12 comments

  • အာရက္ခ မြေသား

    February 8, 2012 at 10:58 am

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
    5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

    အထက်ဖော်ပြပါ စည်းကမ်းတွေကို ကိုယ့်ညီကိုက မသိလို ့ထင်ပါတယ်။မတွေ ့ရတာကြာပီလားလို ့ဗျာ။
    တကယ်တော့ မအားမလပ်တော့ မသုံးဖြစ်တော့တာနဲ ့၊ကိုယ့်ညီကိုတို ့ရဲ ့စိတ်နာစရာအပြုအမူတွေကြောင့်
    ဖတ်ဖြစ်ရုံထက်မပိုဘဲငြိမ်နေတာပါ။

    • myaphay

      February 8, 2012 at 11:22 am

      မေင်ရင်သိအောင်ပြောလိုက်မယ်။ငါတို ့ သံတွဲမြို ့ကိုအများအကြည်အညိုပျက်အောင်၊လီဆယ်ပံ့ပိုးရေးသားခဲ့တဲ့
      နင်အပါ၊တုတ်ကြီး၊Thantwethar၊maythakhin၊seahorse တို ့အားလုံးဝိုင်းပြီး သပွတ်အူလိုက်မွှေလို ့မြို ့နာတာကွ။
      နင်တို ့လို မလှိမ့်တပတ် သာပေါင်းညာစားတွေ ကိုဝေးဝေးကရှောင်တယ်။မရှိတာအကောင်းဆုံး၊နင်တို ့ကိုမြင်ရင် မနေ
      နိုင် ဝင်မန် ့မိပြန်ပီ။

  • phoekhwarchay

    February 8, 2012 at 11:04 am

    ဟေ့ကောင် အာလူးယက္ခ….
    လာပြီး ဟိုဖက်လိုလို၊ဒီဖက်လိုလို အသံကောင်း ခုနှစ်အိမ်ချီ ဟစ်မနေနဲ ့ကွ။
    လုပ်ပါအုံး ကိုယ့်ညီကိုတို ့ရေ…..ဟိုလိုရှိတယ်၊ဒီလိုမဟုတ်ဘူး။
    နောက်မှမသိချင်ယောင် ဟိုလှည့်ထွက်၊ဒီလျှောချသွားတဲ့ကောင်။
    ထွီ……ပုပ်တယ်ကွာ။

  • tharbaw

    February 8, 2012 at 11:13 am

    အော် ကိုအာရက္ခရယ်…
    သနားစရာလေးပါလား ခင်များနှယ့်ဗျာ၊MG ကိုသပိတ်မှောက်လိုက်သည်ဆိုပြီး
    ဝင်မန် ့သွားသေးတယ်နော်။ခင်များတို ့လိုကောင်တွေ ဗလောင်းဗလဲမြန်တာလဲ
    ဒါကြောင့်ပါလား။

  • The Angry Man

    February 8, 2012 at 11:30 am

    ဟေ့….ဟေ့……တော်ကြတော့။ဘယ်နှယ့်ကွာ နင်တို ့ကိုယ်တိုင် အပြင်မှာ ရှင်းကြ၊နားအေးပီမှတ်တယ် ပြန်ပေါ်လာပြန်ပီကွာ။
    မဆိုင်တာ ဝင်ပြီးမှတ်ချက်ပေးနေကြတယ်၊ပို ့စ်တင်တဲ့ လူအားနာကြစမ်းဘာ။

  • moethuzar

    February 8, 2012 at 11:40 am

    ကိုယ်တွေဆီကနေ အလင်းနှစ် ၂၂ နှစ်ဆိုတာ ဘယ်လောက်တောင်ဝေးသွားမလဲနော်။

      1AU=149600000000 m(AU=astronomical unit)
    1 light year=9461000000000000 m
    ဒါလေးတွေက အကွာအဝေးကို တိုင်းတာတာလား။ရှင်းပြပေးပါ။

    • ကြောင်ကြီး

      February 8, 2012 at 11:45 am

      အလင်းနှစ်တခုအတိုင်းအတာသည် မန်းလေးတပြနီးနီး အကွာအဝေးရှိတယ်လို့ ဝီခီပီးဒီးယား (ကတ်ဗားရှင်း) မှာဖတ်ဖူးတယ်။။။

  • မောင်တုတ် ကြီး

    February 8, 2012 at 11:54 am

    မောင်တုတ်ကြီး သိရသလောက်ပေါ့ဗျာ ။ခုလိုမျိုးနားမလည်နိုင်သေးသူတွေကိုလဲ ထပ်ဆင့်သူတောင်းပန်
    ခဲ့ပြီးတာကို မေ့မနေကြနဲ ့အုံးလေ။သူကဘဲ သူကိုယ်တိုင် ပွင့်ပွင့်လင်း သူ ့ကိုယ်တိုင်သုံးအကောင့်နှစ်ခုရှိတယ်
    ဝန်ခံခဲ့ပြီးပြီလေဗျာ။ခင်များတို ့မှာရော မရှိလို ့လား။ဝန်ခံလိုက်စမ်းပါ။ဒါပေမယ့်ဗျာ….အတိုင်းအတာတစ်ခုထိ
    တော့ နားလည်ပေးကြဘို ့တောင်းဆိုပေးပါရစေ။သူလဲ နားလည်သွားနေပီဘဲ။
    ကိုကြောင်ကြီးနဲ ့တုတ်ကြီး တွေ ့နေပီ။လုပ်ပါအုံးဗျာ တပြဆိုတာ ဘယ်လောက်ဝေးသလဲဗျို ့။

  • awra-cho

    February 8, 2012 at 1:38 pm

    အလင်းရဲ့ အလျင်နှုန်းနဲ့( တစ်စက္ကန့်=တစ်သိန်းလေးသောင်းကျော် မိုင်နှုန်း) နဲ့ တစ်နှစ်သွားရတဲ့ အကွာ ဝေးကို ခေါ်တာပါ။ ရေးထားတဲ့ အကွားဝေး ၂၂နှစ်ကလဲ လွဲတယ်ထင်တယ်။ သတင်းစာမှာ လဲ ၂၂နှစ် ပဲ တွေ့တယ်။ သန်း ကျန်ခဲ့တယ်ထင် တယ်၊ ၂၂သန်း ဖြစ်မယ်၊ ၂၂ နှစ်ဆို စပေ့မှာ တော်တော် နီးတယ် ပြောလို့ရတယ်။ ဘယ်လောက်ဖြစ်ဖြစ် လက်ရှိ လူတွေရဲ့ နည်းပညာအရ နေအဖွဲ့ အစည်း ကို ကျော် ပြီးသွား ဖို့ မဖြစ် နိုင်သေး ကြောင်းပါ၊(ရန်တော့ မဖြစ်ကြ ပါနဲ့ဗျာ)

  • mgmgmone

    February 8, 2012 at 7:13 pm

    အလင်းနှစ်ကို သန်းပေါင်းနဲ ့ဖော်ပြတယ်လို ့သိထားတယ်။ခုက မှားနေနိုင်တယ်။
    တနေ ့ကဘဲ ကမ္ဘာဟာ လည်ပတ်ချိန် တစ်မိနစ်လျော့သွားတယ်လို ့သတင်းမှာ
    ကြားမိတယ်။နေထိုင်တဲ့ မြေကမ္ဘာကို ထိန်းသိ်မ်းဖို ့မကြိုးစားကြဘဲ အသစ်ရှာဖို ့ပြင်
    နေတာ“ငါးစိမ်းမြင်လို ့ငါးကင်ပစ်”သလိုဖြစ်နေပီ မဟုတ်လား။

  • maetu

    February 8, 2012 at 7:27 pm

    ရွာလူကြီး ဦးခိုင်မှာ အမေရိကားကဆိုဟန်တူ၏။သို ့အတွက်ကြောင့် ပိုမိုလေ့လာထားမည်ထင်ရ၏။
    ရွာသူကြီးဦးခိုင်မှ ဖြေကြားရှင်းလင်းပေးပါရန် လေးစားစွာဖိတ်ခေါ်ပါရစေ။

  • ဟိုက်ရှားဘား !!!!!
    သံတွဲသား လူစုံပါလားဗျာ။ကျေးဇူးတင်ပါတယ်ဗျာ။ကျနော်တင်တဲ့ ဒီပို ့စ်က Copy/paste ဖြစ်နေလို ့
    ဝင်မန် ့သူနည်းမယ်ထင်ခဲ့တာ တကယ်ပါဘဲ ဥိီးကြောင်ကြီးတစ်ယောက်ထဲပါဘဲ။ဒါပေမယ့် မတွေ ့ဖြစ်တာ
    ကြာပီဖြစ်တဲ့ အာရက္ခမြေသားတို ့၊မောင်တုတ်ကြီးတို ့ပါ ဝင်မန် ့တာတွေ ့ရတော့ အံ့ဩရပြန်ပါရောဗျ။တချိန်
    က ကိုအာရက္ခတို ့မောင်တုတ်ကြီးတို ့ပြုခဲ့သမျှကို ကျနော်က နားလည်နိုင်ပေမယ့် သူတို ့ခွင့်လွတ်ဖို ့ရာ အကို
    တို ့ကိုယ်၌ မှာဘဲတာဝန်ရှိတာပါ။ဒီပို ့စ်အောက်မှာတော့ ရန်ဆက်မဖြစ်ကြပါနဲ ့တော့။တောင်းပန်ပါတယ်ခင်မျာ။

Leave a Reply