ညီမလေးအတွက် နှလုံးသားကပြောသောစကားလေးများ(3)

ညီမလေးအတွက်………
နှလုံးသားကပြောသောစကားလေးများ..(3)
……………………………………………..
ညီမလေးရေ…………..
ညီမလေးရဲ့ဘဝအကိုယ့်ရဲ့ဘဝတွေဟာ
ပန်းခင်းလမ်းမှာလျှောက်နေရတဲ့သူတွေမဟုတ်ဘူးနော်။
စိမ်းလမ်းစိုပြေမှုမရှိသောတောကျေးရွာတစ်ခုမှာ ဖုန် ကျောက်ခဲ နင်းပြီးလျှောက်နေရတဲ့ဘဝတွေပါ။
အဆင်မပြေမှုဆိုထားမပြောနဲ့ ပျော်ရွှင်မှုဆိုတာမရှိခဲ့ဘူး။ ဒါပေမဲ့တခါတလေကြရင် ပျော်ရွှင်မှုတွေရယူနိုင်ကြတယ်နော်၊
ဒါဟာ`အနေတက်ခြင်း`တဲ့…..။
မိမိရရှိတဲ့ဘဝလေးတွေမှာပျော်တက်ကြတာဟာအနေတက်ခြင်းတစ်မျိုးစီပါပဲ။
ဘယ်လိုပဲဘဝကြမ်းတမ်းပါစေ ဘဝကိုတော့အရှုံးမပေးရဘူးတဲ့။ နေမှု ထိုင်မှု
စိုပြေမှုမရှိရင် နေစေတော့ဘဝစိုပြေမှုရှိအောင်တော့နေပေးနော်။
ပြည့်စုံမှုရှိနေတဲ့အရပ်မှာနေပြီးပျော်ရွှင်မှုရတာထက်
ကြမ်းတမ်းပြီးရုန်းကန်ရတဲ့အရပ်မှာနေရပြီးပျော်ရွှင်မှုရတာဟာ ပိုပြီးပျော်ရွှင်မှုရဲ့ရသကိုခံစားရတယ်။
အရသာရှိတယ်လို့ထင်မိတယ်ညီမလေး..။
မယုံမရှိနဲ့ တနေ့ကြုံတွေ့လာလိမ့်မယ်နော်။
ပျော်ရွှင်ခြင်းရသကိုအပြည့်အဝခံစားနိုင်ပါစေ………..။
                                                              မေတ္တာဖြင့်
                                                            ……………
                                                                  ကိုကို
ညီမလေးရေ……….
စိတ်ညစ်တယ်ဆိုသောစကားဟာလူတိုင်းရဲ့ပါးစပ်ဖျားမှာရှိနေကြ
တက်ပါတယ်။ ဒါဟာလည်းရှိနေသင့်တယ်လို့လည်းအကိုထင်တယ်၊
ရှိလည်းရှိကြပါတယ်။ အကိုလည်းရှိတယ်၊ညီမလေးလည်းရှိနေတယ်
မရှိဘူးလို့ပြောတဲ့သူတွေဟာလောကမှာရေတွက်လို့ရတဲ့
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေလောက်ပါပဲ။
ကျန်တဲ့ပုထုဇဉ်တွေကတော့တနေ့မဟုတ် တနေ့ရှိနေကြပါတယ်။
စိတ်ညစ်တိုင်းတော့အားမငယ်ပါနဲ့ အားလုံးဟာအတူတူပါပဲ။
စိတ်ညစ်တိုင်းထင်ရာလုပ်နေမယ်ဆိုရင် အမြဲလိုလိုစိတ်ညစ်နေရမှာပဲ။ တနေ့(၂၄)နာရီ ရှိတဲ့အထဲကနာရီ(၂၀)
လောက်ကစိတ်ညစ်နေပါလိမ့်မယ်လို့ယုံကြည်မိပါတယ်။ တကယ်တော့စိတ်ညစ်တယ်ဆိုတာစိတ်ရဲ့ဖြစ်ပေါ်နေမှုပေါ်မှာမူ
တည်နေတယ်ညီမလေး။
စိတ်ညစ်ရင်ပျော်ရွှင်မှုကိုလုပ်ယူရတာပဲမဟုတ်လား…..။
                                  အရာရာကိုပျော်ရွှင်နိုင်ပါစေ………။
                                                          မေတ္တာဖြင့်
                                                        …………….
                                                                ကိုကို

One comment

  • ဇွဲမာန်(အင်းဝ)

    February 7, 2012 at 11:24 pm

    ညီမလေးနားလည်နို်င်မယ်လိုမျှော်လင့်ပါတယ်…။

Leave a Reply