ညီမလေးအတွက် နှလုံးသားကပြောသောစကားလေးများ(4)

ညီမလေးအတွက်……….

နှလုံးသားကပြောသောစကားလေးများ(4)

…………………………………………..

 

ညီမလေးရေ………..

အကိုတို့မောင်နှမတွေဟာအမြဲတမ်းလည်းဆုံဆည်းရမှာမဟုတ်သလို၊ အမြဲတမ်းလည်းခွဲနေရလိမ့်မယ်လို့အကိုမထင်ဘူး။ ဒါပေမဲ့…

ဆုံးဆည်းတဲ့အခိုက်တန့်လေးမှာပျော်ပျော်ရွှင်ရွှင်လေးနေကြတာပေါ့ညီမလေး။ တကယ်တော့ တို့မောင်နှမတတွေဟာ ဘယ်ဘဝကရေစက်ပါခဲ့လို့

ဒီလူ့ဘဝကြီးထဲမှာဆုံခဲရတာမသိဘူးနော်။

ကံကြမ္မာကဆန်းကြယ်သလို၊ ဘဝကလည်းဆန်းကြယ်တယ်နော်။

လူဆိုတဲ့အသွင်သာတူပြီး အသွင်ပြင်အားလုံးကွဲပြားနေတယ်နော်။ ဒါပေမဲ့ ညီမလေး

အကိုကျေနပ်ပါတယ်။ညီမလေးလည်းကျေနပ်မိမယ်လို့ထင်ပါတယ်။

ခုလိုချစ်ချစ်ခင်ခင်ရှိကြတာကိုပျော်စရာတစ်ခုပေါ့။

နေ့တွေ နေ့တွေမှာမနက်ခင်း(မွေးဖွားခြင်း)အစ ခွဲခွာခြင်းအဆုံးတွေရှိကြတယ်လို့သတ်မှတ်ထားပေးနော်။

နောင်တချိန်မှာညီမလေးအချစ်ဆုံးလူနဲ့ခွဲရတဲအခါမထိခိုက်စေဖို့ပေါ့။

 

 

ညီမလေးလောကနိယာမကိုနားလည်နိုင်ပါစေ….။

 

 

မေတ္တာဖြင့်

……………

ကိုကို

 

 

 

ညီမလေးရေ………

`ဘဝဆိုတာ တိုက်ပွဲ´တဲ့ ငယ်ငယ်လေးကတည်းကတိုက်လာတဲ့ဒီတိုက်ပွဲ ယ္ခုအချိန်ထိပါပဲနော်။ ငယ်ငယ်ကတိုက်လာတဲ့ တိုက်ပွဲကိုကျော်လာခဲ့ပြီးမှ

အလယ်လောက်ရောက်နေတဲ့ဒီတိုက်ပွဲမှာကျရှုံးနေမယ်ဆိုရင်

အရှုံးပေးရာဖြစ်နေမယ်။ ဘယ်တော့မှဘဝကိုအရှုံးမပေးရဘူးဘဝမှာ လည်းကျရင်ပြန်ထနိုင်ရမယ်တဲ့၊ လဲကျပြီးပြန်မထတဲ့သူသည်သာရှက်စရာပဲတဲ့။

ဘယ်လိုပဲပြန်ထပြန်ထပြန်ထဖို့ပါပဲ..။ လဲကျပြီးပြန်မထတဲ့သူသည်ဟာအရာရာကို အရှုံးနဲ ့ပဲရင်ဆိုင်ရတတ်တယ်..ညီမလေး။

ကြိုးစားပါညီမလေးရယ်..မျှော်လင့်ချက်ရောင်နီတွေဟာ ရှေ ့လက်တစ်ကမ်းမှာ ရှိနေပါတယ်..၊

အမြဲတမ်းလည်းလဲမကျစေနဲ့နော်……။

အောင်နိုင်သောသူဖြစ်ရမယ်ညီမလေး…..။

 

အရာရာကိုအောင်နိုင်ပါစေ…………..။

 

မေတ္တာဖြင့်

…………..

ကိုကို

One comment

  • ဇွဲမာန်(အင်းဝ)

    February 7, 2012 at 11:24 pm

    ညီမလေးအသိအမြင်တစ်ခုတိုးပွားနိုင်ပါစေ…။

Leave a Reply