Joomla installation in localhost

wailynnooJune 3, 20103min1352

Requirement
1. web sever လိုအပ်ပါတယ်။ Apache ကတော့ အသင့်တော်ဆုံးပါပဲ။ အလကားလည်းရပါတယ်။
2.PHP လိုအပ်ပါတယ်။
3.MySql လိုအပ်ပါတယ်။

ကျွန်တော်တို့ အဲဒါတွေအားလုံးကို တစ်ခုချင်း install လုပ်မယ်ဆိုရင် လက်ဝင်ပါတယ်။ သူတို့အားလုံးကို တစ်ခါတည်းပေါင်းထားတဲ့ software တွေရှိပါတယ်။ WAMP, XAMPP, EasyPhp တို့လို software တွေကိုတင်လိုက်ရင် တစ်ခါတည်း လိုအပ်တာအကုန်ပါပါတယ်။
အဲဒီ sever software တစ်ခုခု install လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ joomla latest version ကို သူ့ site ကနေ download လုပ်ယူရပါမယ်။ ကျွန်တော် download လုပ်ထားတာကတော့ joomla 1.5.17 full package ပါ။ ဒီ link မှာ download လုပ်ယူနိုင်ပါတယ်။
download လုပ်ပြီးပြီဆိုရင် အဲဒီ zip file ကို web root folder ထဲမှာ joomla1.5 ဆိုတဲ့ folder တစ်ခုတည်ဆောက်ပြီး unzip လုပ်လိုက်ပါ။ web root folder ဆိုတာကတော့ အသုံးပြုတဲ့ software ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
WAMP ကိုတင်ထားရင် C:\wamp\www အောက်ကို web root folder လို့ခေါ်ပါတယ်။ XAMPP ကိုတင်ထားရင် C:\XAMPP\htdocs (or) C:\Program Files\XAMPP\htdocs အောက်ကို web root folder လို့ခေါ်ပါတယ်။ EasyPhp ကိုတင်ထားရင်တော့ C:\Program Files\EasyPHP5.2.10\www အောက်ကို web root folder လို့ခေါ်ပါတယ်။ install လုပ်တုန်းက အပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်။
အခုကျွန်တော်တို့ joomla install လုပ်ဖို့အားလုံးအဆင်သင့်ဖြစ်ပါပြီ။

Installation

အရင်ဆုံး phpMyAdmin ကိုသွားပြီး joomla အတွက် database တစ်ခုတည်ဆောက်လိုက်ပါ။ ကျွန်တော်ကတော့ joomla လို့အမည်ပေးခဲ့ပါတယ်။ အဲဒီ database ကို install လုပ်ရင်သုံးမှာမို့ အမည်သေချာမှတ်ထားပါ။

Step 1:

http://localhost/joomla1.5 ကို Browser မှာ run လိုက်ပါ။
ဒီလိုပေါ်လာပါမယ်။

ဒါကတော့ ပုံမှာရေးထားသလိုပါဘဲ။ language ရွှေးတဲ့အဆင့်ပါ။ default အတိုင်းဘဲထားပြီး အပေါ်က Next ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။

Step 2:

ကိုယ်တင်ထားတဲ့ sever မှာလိုအပ်တဲ့ အချက်တွေပြည့်စုံလားလို့ စစ်ဆေးတာပါ။ ပထမဆုံးအကွက် ကတော့အနီနဲ့ no ဆိုတာမပါသင့်ပါဘူး။ ပါနေရင်တော့ သင့်ရဲ့ server မှာအမှားတစ်ခုခုရှိနေနိုင်ပါတယ်။ Next ကိုဘဲ နှိပ်လိုက်ပါ။

Step 3:

License အကြောင်းရှင်းပြထားတာပါ။ Next ကိုဘဲနှိပ်လိုက်ပါ။

Step 4:

ဒီအဆင့်မှာတော့ ကျွန်တော်တို့ Step 1: မတိုင်ခင် creat လုပ်ထားခဲ့တဲ့ database ရဲ့အချက်အလက်တွေကို ထည့်ပေးရပါမယ်။
Host Name မှာတော့ localhost လို့ဖြည့်ရပါမယ်။
Username မှာတော့ ကျွန်တော်တို့ database ရဲ့ user name ပါ။ root ဖြစ်လေ့ရှိပါတယ်။
Password မှာတော့ ကျွန်တော်တို့ database ရဲ့ password ပါ။ ဘာမှပေးမထားရင် မဖြည့်ဘဲထားလိုက်ပါ။
Database Name မှာတော့ ကျွန်တော်တို့ အစမှာလုပ်ခဲ့တဲ့ joomla ပေါ့။
ပြီးရင်တော့ Next ကိုနှိပါလိုက်ပါ။

Step 5:

FTP Setting လုပ်တာပါ။ default အတိုင်းဘဲထားပြီး Next ကိုဘဲနှိပ်လိုက်ပါ။

Step 6:

Main Configuration အပိုင်းမှာတော့ အရင်ဆုံး Site Name မှာ ကျွန်တော်တို့ site ရဲ့နာမည်ကို ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ joomla1.5 လို့ပေးလိုက်ပါတယ်။ နောင်ပြန်ပြင်ချင်ရင် ပြင်လို့ရပါတယ်။
email လိပ်စာမှာ ကျွန်တော်တို့ရဲ့ email တစ်ခုခုကိုဖြည့်လိုက်ပါ။
password နေရာမှာ ကျွန်တော်တို့ အမြဲသုံးနေကြ passwrod ကိုပေးခဲ့ပါ။ administrator Back-end ကိုဝင်တဲ့အခါ သုံးမှာမို့ မှတ်မိဖို့လိုပါတယ်။

အဲဒီမှာ Install Sample Data ဆိုတဲ့ button လေးတစ်ခုကိုတွေ့မှာပါ။ အဲဒီ button လေးကိုနှိပ်မယ်ဆိုရင်တော့ သူ့ရဲ့ကြောင်းလေးတွေရေးထားတဲ့ data တွေကို Site မှာတစ်ခါတည်းပါလာတာကို တွေ့ရမှာပါ။ လေ့လာချင်တယ်ဆိုရင် နှိပ်လိုက်ပါ။ ကျွန်တော်ကတော့ Site လုပ်တဲ့အခါပြန်ဖျက်နေရမှာစိုးလို့ မထည့်တော့ပါဘူး။ Next ကိုနှိပ်လိုက်ပါ။

ဒီ dialog box လေးတက်လာတာတွေ့ရပါမယ်။ Sample data တွေ install မလုပ်ဘဲ ဆက်သွားမှာလားလို့မေးတာပါ။ OK ကို နှိပ်လိုက်ပါ။

Step 7:

ဒီအပိုင်းကတော့ install လုပ်လို့တော့ပြီးသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ joomla1.5 ဆိုတဲ့ folder ထဲမှာရှိတဲ့ installation ဆိုတဲ့ folder ကိုဖျတ်ခိုင်းတာပါ။ အဲဒါကိုမဖျက်ရင် ကျွန်တော်တို့ site ကိုဝင်တဲ့အခါ နေက်တစ်ခါ install လုပ်ပါလိမ့်မယ်။ အောက်မှာဖျက်ရမယ့် folder ကိုပုံလေးနဲ့ ပြထားပါတယ်။

အပေါ်မှာ Site နဲ့ Admin ဆိုပြီး button လေးနှစ်ခုတွေ့မှာပါ။ Site ကိုသွားရင်တော့ ဒီလိုတွေ့ရပါလိမ့်မယ်။

Admin ကိုသွားရင်တော့ ဒီလို့တွေ့ရပါမယ်။

နောင်အခါ admin ကို သွားဖို့ Browser မှာဒီလိုရိုက်ရပါမယ်။ http://localhost/joomla1.5/administrator/
site လိပ်စာနောက်မှာ administrator လို့ထည့်လိုက်တာပါ။
Username ကတော့ admin လို့ရိုက်ပြီး Password မှာတော့ ကျွန်တော်တို့ install လုပ်တုန်းက ပေးထားတဲ့ password ကိုရိုက်ရပါမယ်။

2 comments

  • sithuphyo

    June 4, 2010 at 1:52 pm

    အကိုရေကျေးဇူးဘဲ။ကျနော်သိချင်နေတာကြာပြီ။Joomla ကိုနောက်ပြီးတော့Joomla အကြောင်းကိုဆက်တင်ပေးပါဦး။ကျနော်တို့လေ့လာနေဆဲသူအတွက်အသုံးဝင်ပါတယ်။

    • wailynnoo

      June 5, 2010 at 10:59 am

      အတက်နိုင်ဆုံးကြိုးစားပါမယ်။ wordpress ဘက်ကိုစိတ်ရောက်နေလို့။

Leave a Reply