သူတို့ ပြန်လာပြီ

Ma MaFebruary 8, 20121min19741

မနေ့က ဧရာဝတီက အောင်ဇော် ပြန်လာတယ်ဆိုတဲ့ သတင်းကြားရတယ်။
လူချင်းတွေ့ဖူးတာ၊ သိကြခင်ကြတာ မဟုတ်ပေမယ့် ပရိတ်သတ်တစ်ယောက် အနေနဲ့ စိတ်ထဲကနေ ရင်းနှီးနေတဲ့ (သူမသိ ကိုယ်ခင်ဆိုတဲ့) ဆွေမျိုးလိုပါပဲ။
ဘီဘီစီနဲ့ ဗွီအိုအေ တို့ကလည်း ပြန်လာကြတယ်လို့ ကြားရပါသေးတယ်။
ဟုတ်မဟုတ်တော့ သေသေချာချာ မသိပါဘူး။
ဒီဗွီဘီက နေဇော်နိုင်ဆိုရင်လည်း သူတို့တင်ဆက်ပြသတာတွေကို နားသောတဆင်ပြီး ရင်းနှီးနေတာပေ့ါ။
အဲဒီလို ဟိုက ဒီက ပြန်လာတယ်ဆိုတဲ့ သတင်းတွေကြားနေရတော့…..
ငါတို့သဂျီးရော ပြန်လာမလား။ (အလည်အပတ်သဘော ပြောတာပါ။) 😀
ငါတို့သဂျီးက ဘယ်လို ပုံစံများ ဖြစ်မလဲ 😕
အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား လို့ တွေးနေမိပါတယ်။ 😆
ဒီနေရာမှာ ကိုယ်ကြိုက်ရာ ကိုယ်တွေးနိုင်ခွင့်ရှိတော့ ….
သဂျီးသမီးက ရှင်ဂွမ်းဂွိ လိုများလား။
ရှင်ဂွမ်းဂွိနဲ့များ တူလေမလားလို့ တွေးနေကြသူတွေလည်း အများကြီး ရှိလိမ့်မယ်ထင်တယ် နော။

41 comments

  • Thel Nu Aye

    February 8, 2012 at 8:54 am

    သဂျီးပုံတင်ပေးပါ။ ဓါတ်ပုံပြောပါတယ်။ ဒို့သဂျီးမြင်ဖူးချင်လို့ပါ။

    • MaMa

      February 8, 2012 at 4:01 pm

      သဲနုအေးကတော့ ပြောနေပြီ သဂျီးရေ။
      မင်းကိုနိုင်တို့ကို လူထုဦးစိန်ဝင်းက ဆုံးမစကားပြောသလို ကိုယ်ချစ်ခင်လေးစားရတဲ့လူဆိုရင် မြင်ချင်တွေ့ချင်ကြတာ ဓမ္မတာမို့
      ကိုယ်ထင်ပြသင့်ပြီ ထင်တယ်နော် 😛

  • amatmin

    February 8, 2012 at 9:08 am

    သဂျီးသမီးက ရှင်ဂွမ်းဂွိနဲ့တူရင်တော့ သဂျီးကအာတာလွတ်မြို့စားကြီးနဲ့ တူမယ်ထင်တယ်..
    ဒါနဲ့သဂျီးကတော် ကတော့.ဒေါ်သေးမျှင်နဲ့ မတူလောက်ပါဘူးနော်.. 😆

    • စိန်ပေါက်ပေါက်

      February 8, 2012 at 1:09 pm

      ဟုတ်ပါတယ်
      ဒေါ်သေးမျှင်နဲ ့ မတူပါဘူး
      ဒေါ်ကြီးမျှင်နဲ ့ပဲ တူတာပါ

    • MaMa

      February 8, 2012 at 7:59 pm

      အမတ်မင်းနဲ့တွေ့မှပဲ ကိုယ့်ဖာသာတောင် ကြောင်သွားတယ်။
      မှားများပြောမိသလားပေ့ါ။
      သမိန်ပေါသွပ်ရော၊ တွတ်ပီရော၊ ငတက်ပြာရော၊ ဦးကပ်စီးရော ရောသမမွှေပြီး ရေးလိုက်ရရင်……

  • KoNyeinChan

    February 8, 2012 at 9:25 am

    ဗေလုဝ နဲ ့ အမွှာညီအစ်ကိုတဲ့ 😀 😀 😀

    • MaMa

      February 8, 2012 at 8:14 pm

      သဂျီးကို အဲလောက်ကြီး မမြှောက်နဲ့လေ 😆

  • koyinmaung

    February 8, 2012 at 9:27 am

    မမပြောတဲ့သဂျီးပုံကတော့မိုက်သဗျို
    (အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား)တဲ့
    ဟာ….သဂျီးသမီးကလဲရှင်ဂွမ်းဂွိနဲ့တူမယ်ပေါ့
    ဒါဆိုရွာထဲမှာပေါသွတ်နေရာယူမဲ့သူတွေတန်းစီခိုင်းမှဘဲ
    ကဲကဲ..လူပျိုလူလွတ်တွေ မလွတ်တလွတ်တွေ
    မမဆီသာစာရင်းပေးလိုက်ပါတော့…ရွာသားအပေါင်းတို့

  • Diamond Key

    February 8, 2012 at 10:34 am

    ဟုတ်သပါ့ သဂျီးရာ၊ တို့သဂျီးတော့ မြင်ဖူးချင်သား။
    အခု မမြင်ဖူးသေးတော့ ပိန်ရင် ဗေလုဝ၊ ဝတော့ ဟာသသရုပ်ဆောင် ဝက်မ လောက် ထားကြည့် မြင်မိတယ် 😉
    တစ်ကယ်တွေ ့မှ ငယ်ရင် နေတိုး၊ ကြီးလှ ရန်အောင်လို့ဆိုရအောင် …… ဆိုရင်တော့ လည်း …. :mrgreen:

  • ကြောင်ကြီး

    February 8, 2012 at 10:48 am

    သဂျီးပျံလာရင် ယောင်လို့အပေါ် မော့မကြည့်ဂျပါနဲ့…။ ကြည့်မိလို့ နှလုံးရောဂါ ရကုန်သူတွေ မနည်းဘူးဒဲ့…။ 😆

  • ဆူး

    February 8, 2012 at 11:43 am

    သဂျီးပုံကတော့ အရှေ့က ပိုစ်တမျိုး ဘေးက တမျိုး အနောက်က တမျိုး အမျိုးမျိုး ရိုက်ထားတာ အောင်ပု ဆီမှာ ရှိတယ်။
    အောင်ပု ဆီမှာ တောင်းကြည့်ကြ..

  • manawphyulay

    February 8, 2012 at 11:50 am

    အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား လို့ တွေးနေမိပါတယ်။

    အဲလိုပုံ ဟုတ်ဖူး မမရေ… ခန့်ချောကြီး.. မနောလို မျက်မှန်နဲ့….. လို့ မဆိုလိုပါဘူး ဟီး။
    မနောဆီမှာရှိတယ် တင်လိုက်ရမလား……….(မှတ်ချက် သဂျီးပေးထားခြင်းမဟုတ်ပါ)
    သဂျီးက သူ့ပုံချောချောတင်ပေးတယ်ဆိုပြီး ပွိုင့်တွေ အရမ်းတိုးပေးမှာတော့ စိုးရိမ်မိတယ်…….. 😛

  • စိန်ပေါက်ပေါက်

    February 8, 2012 at 12:29 pm

    သဂျီးဗျာ.
    ဆံပင် အလယ်ခွဲကြီး မထားစမ်းပါနဲ ့
    ဟို..အူးလေး..နီးဂီးမီးလို ဝမ်းဝေးနဲ ့ ထောင်ထားစမ်းဘာ..
    စကားမစပ်..
    သဂျီးလာရင် တစ်ရက်လောက် သွားဂလုကြရအောင်
    ပြောသာပြောရတာ..အမေဒီကန်ကလူတွေက ရေမရောပဲ ကစ်တာ..
    များတို ့ကတော့ ရေလေးနဲ ့မျှောမှ ရှလောဆိုဝင်တာ..
    ဪ..ဪ..
    မှာရဦးမယ်..
    လာရင် တူမလေးလဲ ခေါ်ခဲ့ဦး…
    ဘာမှ ဟုတ်ပါဘူး..
    များတို ့ထုတ်စီးတိုးတမ်း ကစားချင်လို ့ဘာ

  • inz@ghi

    February 8, 2012 at 12:44 pm

    ဧရာဝတီက ဆြာက ၅ရက်ဗီဇာနဲ့ ခနပြန်တာပါဗျာ …။လေ့လာဖို့တဲ့….

    စကားမစပ် သဂျီးက ဂယ် ပြန်လာမှာလားဟင်င်င်င်….။

    စိုးတယ် စိုးမိတယ် စိုးထိတ်မိတော့တယ် ဦးမာမာ ရေ….။
    (လွန်ခဲ့တဲ့ ၁ပါတ် ၂ပါတ် အတွင်းက ပိုစ့်တွေ ပြန်လှန်ရင်ဖြင့် …)

    ၁။ သဂျီး က လူဦးရေ သန်း-၁၀ဝ ကို ဒို့အရေး အော်ထားလေရဲ့…။
    ၂။ ရွာသားတယောက် သဂျီးလက်ထဲက ပီယသိဒ္ဓိကျမ်း နဲ့ အင်းနဲ့ လဲမယ် ဆိုလား …။
    ဆက်စပ်တွေးကြည့်လိုက်ရင် ….ဖယားဖယား ……။
    😀
    😀
    😛

    တီရုတ်မလေး သန်း၂ဝ အင်ပို့လုပ်ပါမယ်ဆိုမှ ….
    ပုံ
    ကြောင်ဖားကြီး ဝင်လာ လို့ ကြောင်နဲ့ ဖား ဝေစုလျော့မှာ စိုးထိတ်မိနေတဲ့
    ဖားသက်ပြင်း..

  • blackchaw

    February 8, 2012 at 2:02 pm

    သူကြီး ပြန်လာရင် ကော်ဇောနီ ခင်းပြီးကို
    ကြို
    ဦး
    မှာ……….။

  • kai

    February 8, 2012 at 2:45 pm

    တိုက်တိုက်ဆိုင်ဆိုင်.. ဒီနေ့ပဲ အမေးခံလိုက်ရသေးတယ်..။
    မပြန်နိုင်သေးပါဘူးဗျ..။ တခါပြန်.. ဒေါ်လှ၂၀၀ဝလောက်ကုန်မှာ.. 😆

    စကားမစပ်.. ကျုပ်တူမ..တူမနဲ့.. ဟိုမှာ အသက်၁ဝနှစ်မပြည့်သေးဘူး..။
    ကျုပ်လည်း လိကြဦးနော..။

    • Thel Nu Aye

      February 8, 2012 at 2:59 pm

      သဂျီး။ သဂျီး။ လိပ်စာပေးပါလား။ လူကြုံရှိတယ်။ ပဲကြီးလှော်ထည့်ပေးမလို့။ ပြီးရင်သဂျီးပုံဓါတ်ပုံရိုက်ခိုင်းလိုက်မလို့။

    • စိန်ပေါက်ပေါက်

      February 8, 2012 at 3:01 pm

      အူးလေးကလဲ
      အသက်ပြည့်အောင် စောင့်နိုင်ပါတယ်..အဲလေ.ဟုတ်ပါဘူး..
      အူးလေးတူမရှိမှန်းတောင် သိပါဘူး.ချစ်လို ့နောက်တာ
      ကျုပ်လည်း လိကြပါမယ်..အဲလေ..ကြည့်ကြပ်လုပ်ကြပါလို ့
      အူးလေးတူကော နေကန်းလား
      😆

      • ကျုပ်လဲ လိကြပါ ဆိုတော့ ဘာများလဲလို ့ဗျာ။
        ကိုစိန်ပေါက်ပေါက်က တခါ နေကန်းလားဆိုဘဲဗျာ။
        သူကြီးရေ မြန်မာပြည်ပြန်လာမယ့်ချိန်လေးတော့ ကြို
        ပြောနော်ဗျ။

    • nature

      February 8, 2012 at 10:10 pm

      အတော်ပဲ ကျွန်တော့်သားလည်း ၁ဝ နှစ်မပြည့်သေးဘူး။ 🙂

    • ကြောင်ကြီး

      February 9, 2012 at 9:29 am

      ဒါဆို သဂျီးခယ်မလေး အသက်ဘယ်လောက်ရှိဘီဒုံး…။ 😳

      • inz@ghi

        February 9, 2012 at 9:39 am

        သဂျီးခယ်မလေးကတော့ သများတို့အရွယ် ဝတ်ကလေး ဆိုလား …
        ခစ်ခစ်…
        နောက်တာပါ ကိုကိုကြောင်ရယ်…

        😀

        ပုံ
        လေဒီဂီဂီ

    • inz@ghi

      February 10, 2012 at 3:08 pm

      ပိုစ့် နဲ့တော့ ရီလိတ်မတတ်ဘူး
      ဂွေဇွက် နဲ့တော့ ရီလိတ်တက်တယ် ..
      သိပီးသားဖစ်ချင်လည်း ဖစ်မယ်
      အသုံးတည့်ချင်မှလည်း တည့်မယ် …
      တည့်တယ်ဆိုရင်တော့ အတိုင်း အထက်အလွန်ပါ …

      တွေ့တော့လည်း မနေနိုင်လို့ မန့် လိုက်ပါတယ်ချင့်
      သဂျီးရေ ….အင့် အင့် ….

      http://wp.smashingmagazine.com/2012/02/08/wordpress-theme-design-and-development-trends-for-2012/

      ပုံ
      လေဒီဂီဂီ

  • laypai

    February 8, 2012 at 2:59 pm

    သူကြီးပြန်လာချိန် သူ server ကို မြန်မာ connection နဲ့ ဘယ် လိုထိန်းမလဲ။
    သူကြီး ကို လဲ ပြန်လာစေချင်တယ်။ မန်းဂေဇက်ကိုလဲ အမြဲ မပြတ် ဖတ်ချင်တယ်။

  • AKKO

    February 8, 2012 at 3:33 pm

    သဂျီးဆိုလို ့ကြုံတုံးပြောရအုံးမယ်။ ရွာသူရွာသားတွေက လက်ဆောင်များများပေးမယ့် အစီအစဉ်တွေများများလုပ်ပါလို ့တောင်းဆိုနေကြပြီ။ သဂျီးကတော်ရော အခြေအနေ?????? သတင်းမေးတာနော်။ သိနေလို ့ ဂရီးဒင်းလုပ်တယ်လို ့ပြောပေးပါဦးနော်။ အားလုံးအဆင်ပြေပါစေလို ့ဆုတောင်းပေးလိုက်တယ်နော်။

  • pooch

    February 8, 2012 at 8:08 pm

    သူကြီးက ဆံပင်အလယ်ခွဲကြီးနဲ့ ဝဲနေတာပဲ ။ မျက်မှန်းကြီးကလည်း တပ်ထားသေး။ တိုက်ပုံ အနက်ကြီးနဲ့ တောင်ရှည်အစိမ်းကြီးနဲ့ ခန့်ချောကြီးပြောတာပဲ။ နှုတ်ခမ်းမွှေးကြီးကလည်း ကားလို့တဲ့။ ပြောကြတာပဲ။ 😆

    မယ်စိန်ပေါက်ကတော့ တူမ ငယ်သေးတယ်ဆိုတာနဲ့ တူဘက်ကိုလှည့်သွားပြန်ပြီ သူ့ကို မနိုင်ပါဘူး :mrgreen:

  • TTNU

    February 8, 2012 at 8:14 pm

    Kai,
    ဟုတ်တယ်၊ ပြန်လာရင် မန ္တလေးရွှေဘဲမှာ ဟင်းချိုုရည်ပူပူ
    နဲ့လောင်း( မဟုတ်ပါဘူး) ထမင်းကောင်းကောင်းကျွေးပါမယ်။

  • weiwei

    February 8, 2012 at 8:23 pm

    သူကြီးပြန်လာရင် မဟာမြိုင်တောထဲပို့မယ့်သူနဲ့ … ဖားအောက်ကိုပို့မယ့်သူနဲ့ … ဆိုတော့ …..
    ပြန်လာဖြစ်ရင်တောင် အသံပေးမယ် မထင် …. 🙂

    ကြောင်ကြီးပြန်လာရင်တော့ ကားအစိမ်းကြီးနဲ့ သွားကြိုအုန်းမှာ … 😛

    • MaMa

      February 8, 2012 at 8:57 pm

      ဝေဝေရေ-ခုလတ်တလောအခြေအနေအရ ပုပု ပြန်လာရင်တော့ ဒေါ်စိန်ပေါက်ကို သွားကြိုခို်င်းရမယ်။ (ဓာတ်တူနာမ်တူတွေမို့) :mrgreen:

  • MaMa

    February 8, 2012 at 8:47 pm

    koyinmaung ပြောတာ နောက်ကျသွားပြီ။ ရွာသူားတွေက VIP roll ကနေ သဂျီးဆီ တိုက်ရိုက် စာရင်းတင်နေကြတာ။ 😉
    ကိုစိန်သော့ရေ- (ငယ်ရင် နေတိုး၊ ကြီးလှ ရန်အောင်လို့ဆိုရအောင် …… ) ဆိုတဲ့စာကို ဖတ်ပြီး သဂျီးက နှုတ်ခမ်းမွှေးကြီးတွေကို သပ်ပြီး မိန့်မိန့်ကြီး ပြုံးနေလိမ့်တယ်ထင်တယ်။ 🙂
    အမောင်ကြောင်- (သဂျီးပျံလာရင် ယောင်လို့အပေါ် မော့မကြည့်ဂျပါနဲ့) ဆိုတော့ မောင်မင်း မော်ဖူးစေလို့ သဂျီးကို ပြောရမှာလားဟင်။ (သဂျီးရေ စိတ်မရှိပါနဲ့၊ ကန်တော့နော်။)
    ဆူးနဲ့ မနောရေ-
    ဒေါ်စိန်ပေါက်က အင်ဒါရိုက်စပိချ် နဲ့ သဂျီးပုံ သူ့မှာရှိကြောင်း ခြိမ်းခြောက်ပြီး
    သဂျီးတူမ..
    အဲ- မှားလို့ သဂျီးတူ…
    အယ် ဘာကို တောင်းမှာလဲ… ကိုစိန်ပေါက် ခေါ် ဒေါ်စိတ်ပေါက် ရေ။ :0
    မောင်ဂီ- သဂျီးက တရုတ်မလေး သန်း၂ဝ အင်ပို့လုပ်မှာကို ကြောင်နဲ့ဖား အဝေမတည့်မှာစိုးရင် ဂျာပွန်မလေး သန်း ၃ဝ တပါတည်း ခေါ်လာလိုက်ပေ့ါ မာကက်တာကြီးရဲ့။ 😉
    (တခါတည်း မာကက်တင်းဘယ်လောက်တော်ကြောင်း သက်သေပြတဲ့အနေနဲ့ပေါ့။)
    ကိုချောက ကော်ဇောနီခင်းရင် ကျမက ဝင်းခင်းပေးဖို့ တာဝန်ယူမယ်။ ရှင်ဘုရင်၊ မူးကြီးမတ်ရာနေရာတွေမှာ ပါဝင်သရုပ်ဆောင်ချင်သူတွေ စာရင်းပေးလု့ိရတယ်နော။
    သဂျီးရေ- ဒီနေ့ပဲ အမေးခံလိုက်ရသေးတယ်ဆိုတော့
    အင်းးးးးးး နောက်လည်း ထပ်အမေးခံရဦးမှာ။
    laypai ရေ- သိပ်လည်း စိတ်မပူပါနဲ့။ သဂျီးပြန်လာရင် အနစ်နာခံတဲ့အနေနဲ့ သဂျီးရဲ့ နေရာကို အမွေဆက်ခံ ပေးပါ့မယ်။ 😛
    AKKO ရေ- ???????? တွေ သိချင်နေတယ်နော။
    ကိုပေါက်လိုပါပဲ-သဂျီးပြန်လာရင် ရွာသူားတွေအားလုံး ဝမ်းမြောက်ဝမ်းသာ ရှိကြပါလိမ့်မယ်။
    poochရေ- ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသလိုပါပဲလား။ 😆
    တီချာရေ- သဂျီးလာရင် ဧည့်မြှောင်လုပ်ပြီး မန္တလေးကို လိုက်လာဦးမှပဲ။ 😀

  • thit min

    February 8, 2012 at 10:23 pm

    ကိုအောင်ဇော်ကိုတော့ မဆုံဘူးပါဘူး။ သဘောကောင်းမဲ့ပုံပါဘဲ။
    အဲ သေသေချာချာတော့မသိပါဘူး။
    ကျန်တဲ့ မီဒီယာသမားတွေကိုတော့ ဘာဆို၊ဘာမှမပြောလိုပါဘူး။
    ကျနော် အဲဒီအကြောင်းတွေ စဉ်းစားမိလိုက်တိုင်းလည်ပင်းထဲတစ်ဆို့ဆို့ကြီး။
    ကြုံဘူးပေါင် ဂုဏ်ထူးဆောင်တို့ရယ်ဟုသာ။

    • MaMa

      February 9, 2012 at 10:26 am

      ကိုအောင်ဇော်ရဲ့ ပြောဆိုတာကို နားထောင်ပြီး အင်မတန်ထက်မြက်သူလို့ ထင်မိပါတယ်။ သူ့ရဲ့ရဲရင့်ပြတ်သားတဲ့ အပြုအမူတွေကို သဘောကျတယ်။
      ကိုသစ်ပြောတဲ့ တစ်ဆို့ဆို့ကြီးကိုလည်း သိချင်သား။ 😀

  • Khin Latt

    February 9, 2012 at 4:32 pm

    မမ ရေ – မနေ့ထဲက ဖတ်ပြီးပြီးချင်း သူကြီးပုံရိပ်ကို မန့်ချင်တာ အခွင့်မသာလို့။

    ကိုဘလက် ရဲ့ လက်စွမ်း ကျောင်း ပုံရိပ် တွေ နဲ့ မှာ မမ ပြောခဲ့တဲ့ အထဲက
    ~~~
    ကျမတို့တက်တုန်းက ဖရက်ရှာ ကောင်လေးတွေ ဩဘာလမ်းကို အုပ်စုလိုက် ဖြတ်လျှောက်တာ မှတ်မိသေးတယ်။
    သူတို့ကလည်း အုပ်စုလိုက်ဆိုတော့ မထီမဲ့မြင်ပေ့ါ။ စစလျှောက်ခြင်း ခပ်တည်တည်ပဲ။
    ဘေးက အဆောင်ပေါ်က စီနီယာကြီးတွေကလည်း ရာဇဝင်ကို အဖျက်ဆီးမခံဘူး။
    အသည်းအသန် ဝိုင်းပြီး ဩဘာပေးလိုက်ကြတာ လမ်းတစ်ဝက်တောင် မရောက်သေးဘူး
    ကောင်လေးတွေ ဘေးနားကပန်းပင်တန်းတွေကို ခုန်ကျော်ပြီး ထွက်ပြေးကြပါလေရော။
    အဲဒီမှာ ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်ကျတော့ ပြေးလည်း မပြေးနိုင် ခုန်ကျော်လွှားလည်း မလုပ်နိုင်ပဲ လမ်းလယ်မှာ ဒုက္ခရောက်သွားတာ ရီလိုက်ရတာ။
    ~~~~
    အဲဒီ ဝဝတုတ်တုတ် ကောင်လေး ဟာ သူကြီး ဖြစ်နိုင်တယ်။
    ဘာလို့ လဲ ဆိုတော့ ရေစက် ဆိုတာ ဒီလို ဘဲ ပြန်ပြန် ဆုံတတ်တယ်။
    အခုတော့ သူ့ ရဲ့ ဂေဇက်ထဲ ကနေ ပြန်မထွက် နိုင်တော့တဲ့ မမ ကို သူ ရီနေပြီပေါ့။

    ဆိုတော့ ကာ ….
    သူ့ ရဲ့ ငယ်ပုံရိပ် ကို မှန်းလိုက် ရင် ယနေ့ ခေတ် သူကြီး သည် အမေးရီးကား မှ Big Portion အစား များ နှင့် ပျော်မွေ့ ပြီးနေပါမူ ပို၍ ပင် horizontal ဖွံ့ဖြိုး လာမည် မလွဲ ဟု ခန့်မှန်း ကြည့် မိပါကြောင်း။
    မဟုတ်ပါက သက်သေ အထောက်အထား ခိုင်လုံအောင် ပြရပါမည်ဟု တင်ပြ လိုက်ရပါကြောင်း။ 😀

    စကားအတင်းစပ် –
    ~~~
    AKKO said::::
    သဂျီးဆိုလို ့ကြုံတုံးပြောရအုံးမယ်။ ရွာသူရွာသားတွေက လက်ဆောင်များများပေးမယ့် အစီအစဉ်တွေများများလုပ်ပါလို ့တောင်းဆိုနေကြပြီ။ သဂျီးကတော်ရော အခြေအနေ??????
    ~~~
    သူ့ ကြည့်ရတာ သူကြီး နေရာမှာ ဝင်ပြီး ကိုယ်ချင်းစာ နေ ပုံရတယ်။
    တုံတုံ သမီးရေ – Mrs ကို ရှေ့တန်းထား မဲ့ သူတော်ကောင်း လေးကွဲ့။
    အမှတ် ပို ပေးလိုက်။ 😉

  • MaMa

    February 9, 2012 at 5:25 pm

    မလတ်ပြောလို့ သဂျီးရဲ့ ပုံရိပ်ကို အာတာလွတ်မြို့စားကြီးနဲ့ တူတယ်လို့ ပြောင်းပေးလိုက်ပြီ။
    (ဂေဇက်ကနေ ပြန်မထွက်နိုင်လို့ သဂျီးအရီခံရတာကို တန်ပြန်တာ) :mrgreen:

    • စိန်ပေါက်ပေါက်

      February 10, 2012 at 3:23 pm

      အာတာလွတ်မဟုတ်ပါဘူးဂျ
      ကန်စွန်းဥ မြို ့စားကြီးပါ

  • padonmar

    February 10, 2012 at 2:22 am

    သဂျီးကို ကတွတ်ပီနဲ့ကောတူတယ်လို့ မထင်ဖူးလားဟင်င်င်င်င်၊
    နှစ်လုံးပြူးနဲ့ ပစ်မယ်ချည်းကျိန်းနေတာ။
    သဂျီးကတော်ကိုတော့ မသေးမျှင်နဲ့တူမယ်လို့ မထင်ပေါင်
    နန္ဒာလှိုင်ခေတ်ကောင်းတုံးက ကိုယ်လုံးနဲ့ သင်ချာဝင့်ကျော်မျက်နှာမျိုးနေမှာပါလေ (လေဒီဂီဂီ့စကားလေးငှားသုံးရမယ်)
    (ကိုယ့်အချင်းချင်းတော့ စည်းလုံးထားမှလေ၊မတော်တဆ လော့ကျနေတဲ့အိမ် ကိုရောက်ဖြစ်ရင် သဂျီးကတော်ချက်ကျွေးတဲ့ ထမင်းစားရအောင်)

  • Khin Latt

    February 10, 2012 at 4:07 am

    အစ်မ ပဒုမ္မာ ကျွန်မတို့ ခေတ်တုန်းက သချင်္ာဦးဝင့်ကျော် ဆိုတဲ့ ဆရာရှိဘူးတယ် …..
    ဆိုတော့ကာ …. ကျွန်မ အဲဒီ ဆရာ့ မျက်နှာကို မှန်းကြည့်နေမိတယ်။ အဟိ 😉 jk နော်။
    ဒါနဲ့ စကားအတင်းစပ် – အစ်မ သန်းခေါင်ကျော် ထိ ရွာထဲမှာ လှည့်နေတုန်းဘဲကိုး။
    လော့ကျနေတဲ့အိမ် ဆိုတာကို သဘောကျ လို့ မဆုံးဖြစ်သွားပါ၏။ 😀

  • MaMa

    February 10, 2012 at 10:27 am

    ပဒုမ္မာနဲ့ မလတ်ရေ-
    သဂျီးဦးဘစီနဲ့ တူတယ်ဆိုရင် ပိုပီပြင်သွားလိမ့်မယ်ထင်တယ်။ 😛
    အဲဒါမှ ခုတလော ရွာထဲမှာ လှည့်လည်သောင်းကျန်းနေတဲ့ ဒေါ်…. တို့၊ လေဒီ…. တို့ကို ထိပ်တုံးလည်း အသုံးချပြီး ဆုံးမလို့ရမယ်။ 😉
    သဂျီးကတော်ကိုတော့ (သူ့စာတွေဖတ်ပြီး) မှန်းကြည့်တာ မဟုတ်မှ လွဲရော…
    မေသန်းနု လို ဖြစ်ရမယ် 😀
    (ကိုယ်လည်း မပြောနိုင်ဘူး။ တစ်နေ့ကျရင် လော့ကျနေတဲ့အိမ်ကို ရောက်ဖြစ်ရင်လည်း ရောက်ဖြစ်မှာ)

    • inz@ghi

      February 10, 2012 at 10:36 am

      သများတို့ ခြောက်တွားဒါ ဦးမာ တို့ အပြစ်လည်း မကင်းဘာဘူးချင့်…
      သများဟာ သများ ..နှူးဘာဂိုဏ်းထောင်စားနေတာ …ဟင့် …။

      ဦးမာ တို့က ရွာသူလေးတွေ စိတ်ဝင်စားမယ့်
      မိတ်ကပ်-ဖက်ရှင်-ဒီဇိုင်း-မိတ်ကပ်-ဇာထိုး-ပန်းထိုး-ဒိုင်းယက်-ယောဂ-လှနည်းပနည်းပေါင်းစုံ
      မရေးကြဘဲ ကီးမြင့်တာတွေပဲ ရေးတော့ ….ရွာသူလေးတွေ က ရှားပါး … နှူးဘာဒွေ နားကားပီး
      သကာလ ..သများတို့ ခြောက် ကုန်ရတာ ဖြစ်ပါတယ်ချင့်….

      သများတို့ကို ထိတ်တုံး ခတ်မယ့် သဂျီးရဲ့ ရုပ်ပုံလွှာကတော့…
      ကတ်ပီတန် ဂျက်စပဲရိုး နဲ့ တူကြောင်း ကိုကြောင်ရဲ့ ပိုစ့် တခုမှာ
      ကာယကံရှင် ကိုယ်တိုင် ဝန်ခံထားတာ ဖတ်ဖူးပါကြောင်း …

      ပုံ
      လေဒီဂီဂီ

      p.s
      မာမားရေ… တားတား ဒီနေ့ညနေ စာပို့သမား လုပ်မလို့ဂျ…

      • MaMa

        February 10, 2012 at 10:47 pm

        လေဒီဂီရေ-
        မိတ်ကပ်-ဖက်ရှင်-ဒီဇိုင်း-မိတ်ကပ်-ဇာထိုး-ပန်းထိုး-ဒိုင်းယက်-ယောဂ-လှနည်းပနည်းပေါင်းစုံ တွေဆိုရင် လေဒီတို့က ပိုကျွမ်းတာ မဟုတ်ဘူးလား။ 😆

        ဒါ့ထက် နှူးဘာဒွေကို ပြောရဦးမယ် နှူးဘာဂိုဏ်းလို့ မခေါ်ပဲ
        ဖိုးသခွားလေးတွေပါ။ မခုတ်တတ်တဲ့ ကြောင်လေးတွေ (ကြောင်ကြီး မဟုတ်ပါ) ပါလို့ ….
        ခေါင်းစဉ်တပ်လိုက်ရင်…… :mrgreen:
        (တီချာနဲ့ နိုဇိုမီရေ ဝှိုက်လိုင်းလေးပါနော်။)
        ဟူးးးးးးးးး မာကက်တာကို မာကက်တင်း သင်ပေးရတာ မောထှာ- နားဦးမယ်။ 😉

        (တားတား ဒီနေ့ညနေ စာပို့သမား လုပ်မလို့ဂျ…)
        အော်- လခထုတ်ပြီကိုးးးးးးးးးးးး

Leave a Reply