ရာသီဥတု ပြောင်းလဲမှုအပေါ် တောရိုင်းသဘာဝ၏ တုန့်ပြန်မှု

introJune 3, 20101min690

သိပ္ပံသုတေသီများက ကမ္ဘာ့မြေပြင်၊ ရေပြင်ပူနွေးလာမှုသည် ကျေးငှက်တိရစ္ဆာန်များနှင့် သစ်ပင်၊ ပန်းပင် ငယ်များအား ပို၍အေးသောဒေသများ သို့ပြောင်းရွှေ့စေကာ အခြားအပြောင်း အလဲများလည်း ဖြစ်ပေါ်စေကြောင်း ထုတ်ဖော်ပြောလာ ကြပါသည်။ အဆိုပါ လေ့လာမှုများအရ ပူနွေးလာသည့် ဥတုရာသီက တောသတ္တဝါများအား မိမိတို့ ဇာတိဒေသ သဘာဝ ဝန်းကျင်များမှ စွန့်ခွာသွားစေကြောင်း တွေ့ရှိလာကြပါသည်။
သဘာဝ Nature မဂ္ဂဇင်းပါ ဖော်ပြချက်အရ သစ်ပင်ပန်းပင်များ ဖူးပွင့်မှု၊ ငှက်များ၏ ခရီးဝေးပျံသန်း ပြောင်းရွှေ့မှုတို့သည် ယခုနှစ်တွင် အချိန်ပိုမိုစောစွာ ဖြစ်ပေါ်ခဲ့ရသည်။ အကျိုးဆက်အားဖြင့် သဘာဝဝန်း ကျင်ယိုယွင်းခြင်း၊ ဒေသတွင်း သဘာဝ တောတိရစ္ဆာန်နှင့် ငှက်များ ဆုံးရှုံးပျက်စီးရခြင်း၊ အချို့သော ရှားပါးသတ္တဝါများ လုံးဝမျိုးသုဉ်း ကွယ်ပျောက်ခြင်း စသည့် အန္တရာယ်များရှိ လာနိုင်ကြောင်း သိပ္ပံသုတေသီတို့က သတိပေးကြပါသည်။
သစ်ပင် ပန်းပင်များနှင့် တောနေ သတ္တဝါများသည် သဘာဝဝန်းကျင် အပြောင်းအလဲကို အမြဲတစေ တုံ့ပြန်ပြုမူလေ့ ရှိသည်။ သိပ္ပံပညာရှင်များက စက်မှုလုပ်ငန်းများနှင့် ယာဉ်များသည် လေထုအတွင်းသို့ လှောင်အိမ်သဖွယ် ပိတ်ဆို့နေစေသည့် အပူငွေ့နှင့် အဆိပ် ဓာတ်ငွေ့များကို ထုတ်လွှတ်နေကာ ကမ္ဘာ့ရာသီဥတုကို ပိုမိုပူနွေးစေ ကြောင်းပြောဆိုကြပါသည်။
တက္ကဆပ်ပြည်နယ် တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ကယ်မလီ ပါမီဆန်နှင့် ဝစ္စလီယန်တက္ကသိုလ်မှ ဘော ဂဗေဒပညာရှင် ဂယ်ရီယိုဟေတို့အဖွဲ့သည် သဘာဝ တောသတ္တဝါ အမျိုးပေါင်း တစ်ထောင့်ခုနှစ်ရာတို့၏ ပြောင်းရွှေ့ကျက်စားမှုများကို သချင်္ာဗေဒ ကွန်ပျူတာ ပရိုဂရမ်များဖြင့် နှစ်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့ကြသည်။ အဆိုပါ အဖွဲ့သည် မြောက်အမေရိကနှင့် ဥရောပရှိ အမျိုးအစား ကိုးဆယ့်ကိုးမျိုးသောငှက်၊ ပိုးမွှားနှင့် အပင်ငယ်များကို အထူးပြုကာ အသေးစိတ် စူးစမ်းခဲ့ကြရာ အပင်ငယ်များ၊ တောသတ္တဝါပိုးမွှားများသည် ပို၍အေးသော မြောက်ဘက်ပိုင်း ဒေသများသို့ တစ်ဆယ်နှစ်လျှင် ပျမ်းမျှ ခြောက်ကီလိုမီတာခန့်၊ ဥရောပတိုက်ရှိ အချို့လိပ်ပြာမျိုးများသည် ကီလိုမီတာ တစ်ရာခန့်အထိ မြောက်ဘက် ဒေသများသို့ ရွှေ့ပြောင်းကြကြောင်း တွေ့ရှိကြသည်။
၎င်းတို့အဖွဲ့၏ အခြားလေ့လာ မှုတစ်ခုတွင် သဘာဝ တောသတ္တဝါများနှင့် အပင်ငယ် အမျိုးပေါင်း တစ်ရာခုနစ်ဆယ့် နှစ်မျိုးကို အချိန်ယူ လေ့လာခဲ့ရာ အကောင်ပေါက် မွေးဖွားခြင်း၊ ပန်းပွင့်ခြင်းတို့မှာ ဆယ်စုနှစ် တစ်စုလျှင် ပျမ်းမျှနှစ်ရက် စောစွာဖြစ်ပေါ်ကြောင်း တွေ့ကြပါသည်။
ယနေ့ကမ္ဘာမြေပေါ်တွင် လူဦးရေ အဆမတန် တိုးပွားခြင်း လူတို့၏ စီးပွားရေး လောဘကြောင့် သစ်တောများ၊ ဒီရေတောများ ဖြုန်းတီးကာ သဘာဝ ဂေဟစနစ် ယိုယွင်းလာပါသည်။ အမျိုးသား အော်ဒူဘွန်အဖွဲ့ National Audubon Society သုတေသန စာတမ်းတစ်စောင်တွင် မြောက်အမေရိက ဟာဝိုင်အီနှင့် ပေါ်တိုရီကို ငှက်မျိုးများစွာသည် သဘာဝဝန်းကျင်နှင့် ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှုကြောင့် ၂၅ ရာခိုင်နှုန်း(လေးပုံတစ်ပုံ) ခန့်လျှော့နည်းသွားခဲ့ရကြောင်း၊ စဲယူလင်းဝါဘလာ Cerulean Warbler ကဲ့သို့သောတေးသီငှက်များ အရေအတွက်မှာ ၇ဝ ရာခိုင်နှုန်းကျော် အထိပင် လျော့နည်းသွားခဲ့ကြောင်း။ အမေရိကန် အလယ်ပိုင်း နယ်မြေတွင် ဟင်စလို စာကလေး Henslow’s Sparrow များဦးရေသည် ၈ဝ ရာခိုင်နှုန်းလျော့ နည်းခဲ့ကြောင်း။ ဟာဝိုင်အီရှိ အကီကီ ငှက်မျိုးမှာ ၁၉၇၃ ခုနှစ်က ငှက်ကောင်ရေ ၆၈ဝဝ ကျော်ရှိခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် တစ်ထောင်ခန့်သာရှိတော့ ကြောင်း တင်ပြခဲ့ပါသည်။
အမျိုးသား အော်ဒူဘွန်အဖွဲ့သည် ကမ္ဘာတွင် ရှေးအကျဆုံးနှင့် အကျယ်ပြန့်ဆုံး ကမ္ဘာ့ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်ကာ သုတေသန စာတမ်းကို အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများမှ ပညာရှင်တို့၏ လေ့လာတွေ့ရှိချက်ကို စုစည်းတင်ပြခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါအဖွဲ့ကြီးမှ ပညာရှင် ဖရင့်ဂီးလ်က ငှက်မျိုးများစွာကို လုံးဝ မပျက်သုဉ်းမီ ကြိုတင်ကာကွယ် ပေးကြပါရန် ကမ္ဘာ့နိုင်ငံ အစိုးရနှင့် အဖွဲ့အစည်းများကို သတိပေး မေတ္တာရပ်ခံပါသည်။ အဆိုပါ ပညာရှင်က ငှက်လောကသည် ကမ္ဘာမြေကြီး၏ ကျန်းမာရေး ကောင်းမွန်မှုကို စစ်ဆေးတိုင်းတာခြင်း တစ်နည်းဖြစ်ကြောင်း။ ငှက်ကလေးများကို ဥပဒ်အန္တရာယ် ဖြစ်စေသည့် အရာတို့သည် လူတို့ကိုလည်း အလားတူ ဥပဒ်ဘေး ဖြစ်စေပါကြောင်း။ ငှက်ငယ်များစွာ ဦးရေ လျော့နည်းလာရခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာမြေ၏ သဘာဝဝန်းကျင် ဖျားနာနေကြောင်း သတိပေး ခေါင်းလောင်းသံဖြစ်ကြောင်း ပြောဆိုပါသည်။
Ref:Wildlife Reacting To-climate changes: Birds Threa tened. (By.G.Grow/Mosoic 3/03)