မနော အလှူ သဂျီး ကောင်းမှု အပိုင်း ၃

manawphyulayFebruary 8, 20122min722
အဘိုးဆောင် ဖြစ်ပါတယ်။

နားခိုချွေးသိပ် ဆည်းဆာရိပ်

ဆည်းဆာကညို
အဘွားအို ငိုပါနဲ့
အားတင်းပါကွဲ့။

ညနေချိန်ဆို
အဘိုးအို ပျိုချိန်ငဲ့
တမ်းတပါရဲ့။

အဘိုးနဲ့ အဘွားအို
ပျိုချိန်ကို မျှော်ကာတမ်းလို့
လွမ်းပါနဲ့ဗျို။

ပျိုစဉ်က ဟန်မာန်ပို
ကြံဖန်ကာ လှုပ်ရှား
ကြင်ဖက်ပါ သားနဲ့သမီးတွက်
သွက်တဲ့လုပ်အား။

ဝဋ်ကြွေးရယ် ရှောင်မရလို့
ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။

သမီး သား ကြင်ဖက်ပါ
ဝဋ်ကြမ္မာဖယ်ရှား။
ဇရာအို ကံတရားက
ဆိုးလှချည်လား။

နေဝင်ချိန် အရွယ်မှည့်
တွယ်ရာမဲ့ ဘိုးဘွားအို
စိတ်ပျက်နဲ့ဗျို။

သဒ္ဓါတရား ပိုမို
ကုသိုလ်က ဆပွား
ဆည်းဆာဆို ဒီအရိပ်မှာ
ချွေးသိပ်ပါလား။

လက်ယာ(မေတ္တာတံခွန်)

အဘိုးများ ထားရာ အဆောင်ဖြစ်ပါတယ်။

ဖျားနေတဲ့ အသက် ၉၃ နှစ်ရှိတဲ့ အဘိုးတစ်ယောက်ဖြစ်ပါတယ်။
ဒီအဘိုးက ဇာတ်သဘင်လောကက ဇာတ်မင်းသား ဦးဗျာကစိန်လို့ပြောပါတယ်။ ခုက ဖျားနေတယ် သူက နေကောင်းနေရင် သီချင်းဆိုပြဆို မမောနိုင်အောင် ဆိုပြပါတယ်တဲ့ ခုတော့ လက်ကလေးတွေကိုင်ကြည့်တော့ နွေးပြီး ပူနေတယ်။ ဒါနဲ့ ထိုင်နေတုန်း စောင်လေး ခြုံပေးလိုက်ပါတယ်။

ရေချိုးပြီး လမ်းလျှောက်နေတာတဲ့
ဗေဒင်တွက်ပေးတဲ့ အဘ ဖြစ်ပါတယ်။ အသက်က ၈၃ နှစ်ရှိပါပြီတဲ့။ မနောကို လက္ခဏာကြည့်ပေးတော့ ရွာထဲက အဘဖောနဲ့တွေ့ဆုံပွဲတုန်းက အလုအယက် မေးကြသော ရွာသူရွာသားများကိုတောင် သတိရမိပါသေးတယ်။

မနော အလှူဆိုပေမယ့် အားလုံးရဲ့ နွေးထွေးအားပေးသော ကော့မန့်တွေလည်း အလှူထဲမှာ ပါဝင်နေပါတယ်။ အားလုံးအလှူလို့ ဆိုရမှာ ဖြစ်ပါတယ်။

အဘိုးတွေ အတွက် စီစဉ်ထားတဲ့ ကုတင်နဲ့ ဘီဒိုလေးပဲဖြစ်ပါတယ်။

သူကတော့ ကဗျာ မော်ဒန် ဘိုးအေကြီး ပဲ ဖြစ်ပါတယ်။ ခုကော ကဗျာတွေရေးသေးလားဆိုတော့ ရယ်နေပါတယ်။

2 comments

  • စိန်ပေါက်ပေါက်

    February 8, 2012 at 5:31 pm

    ဪ..
    ဘိုးပေတောင် တော်တော် အိုနေပါပကောလား

    • manawphyulay

      August 28, 2012 at 1:35 pm

      အသက်ကလေး ရလာတော့ ဒီလိုပဲပေါ့နော်။ ဒီအရွယ်ကို လူတိုင်းကျော်ဖြတ်ရမှာပါပဲ။

Leave a Reply