တကယ်ချစ်ရင် နောက်ကျတယ်ဆိုတာမျိုး ရှိသလားလို့ မေးတဲ့ မေးခွန်းလေးတစ်ခု ကြားမိပါတယ်။အချစ်ဆိုတာ ဘာလဲလို့လည်း တခါတစ်ရံမှာ
ကျွန်တော်စဉ်းစားမိပြန်ပါတယ်။ အချစ်ကို ယုံကြသလားလို့ မေးရင် ကျွန်တော်ကတော့ မယုံနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ခံရပေါင်းများ၍ ဖြစ်ပါသည်။
အမှတ်မရှိသော ကျွန်တော်ကိုယ် ကျွန်တော်လည်းမုန်းမိပါသည်။
တခါက ကျွန်တော်သူငယ်ချင်းတစ်ယောက် ချစ်သူနဲ့ ကွေကွင်း ခဲ့ ရ၍ ရှုးသွပ်ခဲ့ ဖူးသည်။ စိတ်နုသည်၊ သမာဓိနည်းသည်ဟု မဆိုသာ တကယ်ချစ်၍ဖြစ်ပါသည်။
ချစ်သူရှိရာမြို့ရွာကို လိုက်သွား ရင်း ကြုံရာလုပ်စားကာ စောင့်မျှော်နေခဲ့ သည်။နောက်ဆုံး ချစ်သူ၏စွန့်ပစ်ခံဘဝမှာ သေရည်မှီဝဲ၍ ရှုးသွပ်ခဲ့ ရလေသည်။ဤမှ စ၍ ယခု
သည်းခြေပျက်အောင်ချစ်မိသည် ဝတ္ထုတိုလေးဖြစ်ခဲ့ ရသည်။
သည်းခြေပျက်အောင်ချစ်မိတယ်
အိမ်မဲမြို့မှာ ရဲခေါင်ဘတင့်ဆိုသော ဥပဓိရုပ်ကောင်းကောင်းနှင့် လူရွယ်တစ်ဦးရှိသည်။ချစ်သူရည်းစားမရှာအား စီးပွားရေးကိုသာကြိုးစားလုပ်ကိုင်သည်။ဗလကောင်းကောင်း
အမှတ်တမဲ့ ကြည်ပါလျှင် အလေးမသမားတစ်ဦးကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည်။အပေါ်ပိုင်းက ကြီးပြီးကြွက်သားများအမြောင်းလိုက်ထနေအောင်ပင် လက်မောင်း
လုံးများက တုတ်ခိုင်သန်မာသည်။ ပျိုမေတို့ အသည်းခိုက်အောင်စွဲမက်စရာကောင်းသော်လည်း သူကားချစ်သူမရှာခဲ့ ။တော်တန်ရုံသူက မချစ် တတ်ပေ။
တစ်နေ့တာ့ ရဲခေါင်ဘတင့် မြို့တစ်မြို့ကို အရောင်းအဝယ်လုပ်ရန် သွားရသည်။ထိုမြို့ ၌လည်း သူ၏သူငယ်ချင်းဖြစ်သူ မောင်မောင်သန်းဆိုသူတစ်ယောက်ရှိနေခဲ့ သည်။
ရဲခေါင်ဘတင့်က အလုပ်ကိုပဲစိတ်ဝင်စားသည် စီးပွားရေးအကွက် အကွင်းတွေလေ့လာသည်။ထိုမြို့၏ ဆုဆိုသောလက်ဖက်ရည်ဆိုင်ကလေးကို သူသဘောကျသည်။ဈေးရှေ့
၌ရှိပြီး မြင်ကွင်းကောင်းသည်။ အမျိုးသားများအကြိုက် မြင်ကွင်းလေးတွေစုံသည်။ရဲခေါင်ဘတင့်လည်း လူပျိုဆိုတော့ သူလည်း ငေးမောတွေးတောခဲ့ သည်။
အလှလေးတွေကလည်းစုံလို့ တစ်ယောက်ကို တစ်မျိုးနှင့် အလှကိုယ်စီ ရှိနေခဲ့သည်။ဒီမှာထူးခြားအောင် ရဲခေါင်ဘတင့်ကို စိတ်လုပ်ရှားစေခဲ့တာကတော့ စကဒ်အဖြူလေးနှင့် နောက်ပိတ်ဖိနပ်စီး ပြီးခြေအိတ် လက်အိတ်ဝတ်ထားတဲ့ ကောင်မလေးပင်။လက်အိတ်လေးတွေက အဖြူရောင်လေးတွေ ။ညင်သာစွာ တစ်လှမ်းခြင်းလျှောက်လာတဲ့ ဟန်ကို က သူ့နှလုံးသားကို ကိုင်လှုပ်လိုက်သည်။အို… ဟုပင် နုတ်ဖျားက အသံထွက်လိုက်မိသည်။ချစ်စရာကောင်းလှချည်လား
မိုက်လှချည်လား..။သူကငေးကြည့်နေမိရုံမက တခါမှ မဖြစ်ပေါ်ဖူးသော သတ္တိတွေ ဘယ်ကပေါ်လာသည်မသိ သူခြေလှမ်းတွေက ကောင်မလေးဆီသို့ ဦးတည်ပြီးနေပြီ
“ ညီမလေး အကိုနာမည် ရဲခေါင်ဘတင့်ပါ အိမ်မဲမှာနေပါတယ် ကုန်သည်ပါ”
သူရဲ့ မဆီမဆိုင်စကားတွေကြောင့် ကောင်မလေး စိတ်ပျက်သွားမှာစိုးမိတယ် ပါးစပ်ကလည်း လွတ်ကနဲထွက်သွားသည်ကို ကောင်မလေးကို ကြည့်လိုက်တော့
အသက်မပါသလိုအေးစက်စက် မျက်လုံးတွေနဲ့ ကြည့်နေပါတယ် ။လက်အိတ်လေးက အဖြူရောင်လေးဝတ်ထားတယ်။ဒီလက်ကလေးတွေ ဘယ်လောက်လှလည်း
သူသိချင်နေမိသည်။ဒီမှာတင် သူက “ ညီမရယ် အကိုကတကယ်ခင်မိတာပါ ဘယ်မှာနေလဲဟင် ” ကောင်မလေးက စကားတစ်ခွန်းမမပြောပါဘူး ရပ်ပြီးသူကို အံဩသလိုငေးလို့ အေးစက်စက်။ “ ကောင်မလေးက ဘာမှ ပြန်မပြောပေမယ့် အနားက ဖြတ်သွားတဲ့ အမျိုးသမီးကြီးကသူကို မကြားတကြားဆဲသွားတယ်သုဘရာဇာတဲ့။
ညီမ အကိုတို့ ဧရာဝတီသားတွေက သစ္စာကြီးပါတယ် ပြန်ပြီးခငိပါလို့….” ကောင်မလေးက ဘာမှ ပြန်မပြောပေမယ့် အနားကညဖတ်လျှောက်သွားတဲ့ လူကြီးကတော့ တောက်..လို့ မကျေနပ်တဲ့ သဘော
အသံပြုသွားပါတယ်။ လူငယ်တစ်ယောက်ကတော့ “ သောက်ရှုး“လို့ ထောပနာပြုပါတယ်။ ရဲခေါင်ဘတင့်နည်းနည်းတော့ ဖြုံသွားတယ်၊ဘာလဲ ဒီလူတွေက ဘယ်လိုလဲပေါ့
နောက်ပြန်ဆုတ်လိုက်ရပါတယ် ။သူတည်းတဲ့ မောင်မောင်သန်းအိမ်ကို ပြန်ခဲ့ ပါတယ်။
နောက်နေ့ကောင်မလေးဈေးအလာကို ဆုလက်ဖက်ရည်ဆိုင်က သွားထိုင်စောင့်နေမိတယ် ဟော လာပါပြီ။ ထုံးစံအတိုင်း အဖြူရောင် ဝမ်းဆက်နဲ့ သူရင်ခုန်သွားတယ် အာခေါင်တွေခြောက်သွားတယ် လက်တွေ တဆတ်ဆတ် တုန်လာတယ် ။အော်အချစ် .. ဇော်ပိုင် သီချင်းထဲကလို ရင်ခုန်ရလွန်းလို့ ရှုးမှာပဲဆိုသလို သူတော်တော်လေးခံစားနေရတယ်။ကောင်မလေးနားကို မဝံ့မရဲတိုးကပ်ပြီး “ညီမ ..မင်းနဲ့ မှ ချစ်တတ်လာတာပါ ကို က ချစ်သူလည်းမထားဘူးပါဘူး ယုံပါညီမလေး
ရယ်နော်လို့..” သူပြောလိုက်တော့ သာမန်မိန်းကလေးတစ်ယောက်ဆို စိတ်လုပ်ရှားရမယ်။ ဒေါသထွက်ရင်ပဲဖြစ်ဖြစ် ကြည်နူးလို့ပဲဖြစ်ဖြစ် နည်းနည်းတော့ ပုံစံပြောင်းရမယ်
သူမကတော့ လုံဝကိုပုံစံမပြောင်းပါဘူး အေးစက်စက်။ ဘေးက လူတစ်ချို့က သူ့ကို မိုက်ကြည့် ကြည့်ကြတယ်၊ သက်ပြင်းချသူချလို့ အများစုကတော့ အံဩတဲ့ သဘော
၊သူတို့ မြို့သူကို လာချိတ်တဲ့သူကို မနာလိုတာများဖြစ်နေသလားပေါ့။ “တစ်သက်တာလက်တွဲမယ်လို့ ဆုံးဖြတ်ပြီးသားပါ သိပ်ချစ်တာပဲ ညီမလေးရယ်..”ရဲခေါင်
ဘတင့် ပြောင်ပြောင်တင်းတင်းပဲပြောလိုက်မိတယ်။ကောင်မလေးက အခုမှ လှုပ်ရှားတယ်ဆိုရုံလေး လက်အိတ်စွပ်ထားတဲ့ လက်ကို ပွတ်သပ်တယ် ညင်ညင်သာသာလေး။
မရိုသေစကားပြောရရင် ဒီလက်ကလေးတွေ ဘယ်လောက်သွယ်လျှသလဲ သူစိတ်ဝင်စားနေတယ်၊ ဒီလက်ကလေးတွေကို နမ်းရှုံ့ ချင်မိတယ်။တကယ်ပါ ဒီလက်ကလေး
တွေကို ဖွဖွလေးနမ်းချင်တယ်။ကောင်မလေးက ဆံပင်ကလည်း နားနှစ်ဖက်ကို ဖုံးထားတော့ မျက်နှာလေးက ဝင်းပနေလို့ ။ ညီမလေး….သူခေါ်လိုက်တော့ ကောင်မလေးလေးမျက်လုံးလေးတွေက အေးစက်စက်နဲ့ နက်ဖြန်အိမ်လာခဲ့ မြို့စွန်က ခြံကျယ်ကြီးကို လာ တစ်လုံးထဲရှိတယ်
ကေင်မလေး ပြန်ပြောတော့ သူဝမ်းသာသွားလို့ အသံတောင်ထွက်မိတယ်။ ကောင်မလေးကတော့ ထွက်သွားပါပြီ သူကို ဆုလက်ဖက်ရည်ဆိုင်ထဲက လူတွေငေးကြည်
့နေကြတယ်။မျက်လုံးတွေက အံဩသော၊ ဝမ်းနည်းသော၊ ထူးဆန်းသော အကြည့်တွေ ။သူဂရုမစိုက်နိုင်ပါဘူး။ ဒီမြို့ကလူတွေက မနာလိုသူတွေ ကောင်မလေးက သူတို့ကို
မသုံးလို့ မနာလိုနေကြတာနေမှာပဲ။ သူတည်းခိုရာအိမ်ကိုပဲ ပြန်လာခဲ့တယ်။
နောက်နေ့ အစောကြီး ရဲခေါင်ဘတင့် အိပ်ရာက ထတယ် အိမ်ရှင်တွေမနိုးသေးဘူး ရေချိုးတယ်၊ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ရပ်လို ကာယဗလမောင်တွေလို လက်ကိုကွေးချည်ဆန့်ချည်လုပ်တယ်။ ဝရံတာကို လျှောက်သွားလိုက် ပြီးတော့ အိမ်သာထဲ ဝင်လိုက် ပြန်ထွက်လာလိုက် မှန်ရှေ့ရပ်လိုက် ကိုယ်ကို ဟိုလှည့်ဒီလှည့်
့လုပ်လိုက် ၊ အိပ်ခန်းထဲပြန်ဝင်လိုက် ပြီးတော့ ရေမွှေးတွေဆွတ်လိုက် ကောင်းနိုးရာရာအကျင်္ ီ ကို ရွေးဝတ်လိုက် ဂနာမငြိမ်ဖြစ်နေတာကို မောင်မောင်သန်းကတွေ့တော
့မေးတယ် မင်းဘာတွေဖြစ်နေတာလဲ..ရဲခေါင်ဘတင့် က မဖြေပါဘူး ဘာရယ်ဟုတ်ပါဘူးကွာ… သူတွေးတာက ဒီမြို့ကလူတွေဟာ မနာလိုတတ်ကြဘူး အခုမာင်မောင်သန်းက အိမ်မဲသားပေမယ့် ဒီမြို့သူနဲ့ ညားပြီး ဒီမြို့သားဖြစ်နေပြီ။ မပြောဘူးလို့ သူတွေးတယ်။
သူမြို့စွန်အိမ်ကြီးဆီကိုသွားတယ် မြို့ပြင်မှာအိမ်ကြီးကတစ်လုံးထဲ အော် ရှေးက မင်းဆွေမင်းမျိုးတွေများလား သီသန့်နေကြတာလားလို့ သူတွေးမိပါတယ်။ ခြံတံခါးကို
သူတွန်းဖွင့်လိုက်တော့ ခြံထဲမှာ အလုပ်လုပ်သူတွေရှိနေပါတယ်။ တူရိုက်နေကြသူတွေ၊ ပျဉ်းကိုဖြတ်နေကြသူနဲ့ စရွေးချိန်နေကြသူတွေ သုံးလေးယောက်တွေ့တယ် အော်
ဒါပရိဘောကလုပ်နေကြတာပဲ ငါ့မြို့မှာလည်းရှိတာပဲ သူကို ဘယ်သူမှ စကားမပြောကြပါဘူး။သူအိမ်ကြီးဆီလျှောက်သွားပြီး ဝင်လိုက်တယ် အဘိုးကြီးတစ်ယောက်ထိုင်
နေတာကိုတွေ့တယ် အဖိုးကြီးက ဆံပင်က ရှည်တာကျောလယ်ထိအောင်ပဲ…အေးလာကွ သမီးပြောထားလို့ သိပြီးပါပြီ ထိုင်ပါ. ဧည့်ခံတာတော့ မလုပ်တတ်ဘူး
ဒို့ဆီလည်းဘယ်သူမှ ဧည့်သည်အဖြစ်မလာဖူးကြဘူး။
အဖိုးကြီး က သမီးရေလို့ အသံပေးတယ် ရဲခေါင်ဘတင့်က လှမ်းကြည့်တော့ ကောင်မလေး လှလိုက်တာမပြောပါနဲ့တော့ လက်အိတ်လည်းစွပ်မထားဘူး
သူနမ်းရှံ့ ချင်တဲ့ လက်ကလေးတွေ ဒီတစ်ခါတွေ့ရပြီဆိုပြီးပျော်နေတယ် ။ကောင်မလေးက ငွေလင်ပန်းလေးကိုင်လို့ စားစရာတွေထည်ံလို့ ဒါ သူတို့ မင်းဆွေမင်းမျိုးတွေ
ရှေးအဆက်ဆက်က သုံးတဲ့ လင်ပန်းပဲဖြစ်ရမယ်လို့ သူတွေးမိပါတယ်။ သူငေးနေတာကို သတိဝင်ပြီး အဖိုးကြီးကို ကြည့်လိုက်တော့ ဆံပင်တွေကို လက်နဲ့ စုကိုင်ပြီး
ချည်နေတာကိုတွေ့ ရတယ်။ နံရံက ပန်းချီကားတွေကိုတစ်ချက်ကြည့်ပြီး အဖိုးကြီးကိုပြန်ကြည့်လိုက်တော့ အလို.. နားရွက်မှာပြည်တွေ၊ သွေးတွေစို့လို့
လက်ကလေးတွေက တိုတာတွေတိုပြီးတစ်ချို့က အနာတွေသွေးတွေထွက်လို့ နှာခေါင်..နှာခေါင်းကလည်း….ဟင် သူအံဩသွားတယ် ။ကောင်မလေး အနားရောက်
လာတော့ သူအင်မတန်မှ နမ်းချင်တဲ့ လက်ချောင်းလေးတွေ အို သူမအဖေလိုပဲ လက်လေးတွေက သွေးစလေးတွေ၊ပြည်စတွေ ဒါဘာလဲ..ဒါဟာ
သူပန်းချီးကားတွေဘက်လှည့်လိုက်တော့ ပန်းချီကားတွေက ဝေဝေဝါးဝါး။ သူ့နားထဲ မင်းနဲ့ မှ ချစ်တတ်လာတာပါ …တစ်သက်တာလက်တွဲမယ်လို့ ဆုံးဖြတ်ပြီးသားပါ
သူစကားသံတွေပြန်ကြားယောင်လာတယ် အသံတွေက ပဲ့တင်ထပ်နေသလို…။ သူကောင်မလေးဘက်ကိုလှည့်လိုက်တော့ ကောင်မလေးက ချာချာလည်နေတယ် သူအာခေါင်တွေ ခြောက်လာတယ်၊အသက်ရှု ကြပ်လာတယ် မျက်စိတွေပြာလာတယ်။ “အား “ သူအော်လိုက်မိတယ် ..သူလဲကျသွားတာကိုတော့နောက်ဆုံးသိလိုက်တယ်အားလုံးအမှောင်အတိ။ပတ်ဝန်းကျင်မှာတော့ လွှတိုက်သံ တူရိုက်သံ တွေက ပုံမှန်အတိုင်းထွက်ပေါ်နေတယ်။

သူကြီးမင်းခင်ဗျား ရဲခေါင်ဘတင့်ကို…..မြို့ သ င်္ချိုင်းအနီးက အိမ်မှာခက်ခက်ခဲခဲပြန်ခေါ်လာရပြီး အခုအခါ စိတ်ကျန်းမာရေးဆေးရုံ၌တင်ထားရပါတယ်
သည်းခြေထိခိုက် သွားတယ်လို့ သိရပါတယ်။

About htet way

has written 133 post in this Website..