အတုမရှိ (မဟာအတုလဝေယန်)ကျောင်းတော်ကြိး (မန်းလေး)

1 မဟာအတုလဝေယန် အတုမရှိ ကျောင်းတော်ကြိး2 မှတ်တမ်း မှတ်ရာ

 

3 အတုလကျောင်းတော်အဝင် အရှေ့ဘက်က မြင်ရတာပါ

 

4 အဝင်တံခါးများ
4 အတွင်းထဲမှာရှိသော ဆင်းတုတော်
5 သင်္ကြန်မိုးကားထဲမှာ ပါတဲ့ တောင်ဘက်က ထနောင်းပင်
6 ဘုရားပေါ်တက်တဲ့လှေခါး
7 ကျယ်ပြန့်တဲ့ ပုရဝုဏ်
8 အဝင်ပေါက်က အပျောက်အမွှမ်းအနိးကပ်

 

9 ရွှေပြောင်ပြောင်တိုင်းလုံးတွေနဲ့အလင်းရဲ့အရိပ်
10 အဝင်တံခါးနဲ့အလင်းအရိပ်
11 ဟိုရှေးရှေးက မှတ်တမ်းဓါတ်ပုံ
12 လက်ရှိ ပြန်လည်တည်ဆောက်ထားတဲ့ပုံ

“အတုမရှိ အတုလဝေယန်ကျောင်းတော်”

 

ကျနော်ဆယ်တန်းကျောင်းသားဘဝ ကျောင်းခဏခဏပိတ်ပါတယ်။

အဲတော့ကျနော်တို့သူငယ်ချင်းတွေလဲ မန်းလေးမြို့ချောင်ကြိုချောင်ကြား

မကျန်အောင်လျှောက်လည်ကြတာပေါ့။

အဲဒီခေတ်ကတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။

ကျနော်တို့မကြာခဏရောက်တဲ့နေရာကတော့ အတုမရှိကျောင်းပျက်ကြီးဆီကိုပါဘဲ။

အရှေ့ကျုံးအတိုင်းလား 19လမ်း နန်းရှေ့တံတားရောက်ရင် အရှေ့ဘက်တက်။

62လမ်းရောက်ရင် မြောက်ဘက်ကွေ့ လမ်းကျဉ်းကျဉ်းပေါက်စနလေးအတိုင်းစက်ဘီးနင်း။

အတော်လေးသွားလို့ အုတ်ရိုးအပျက်တွေနားရောက်ရင် အနောက်ဘက်ကွေ့။

ရေနံချေးတွေဝနေတဲ့ ကျောင်းကြီးတွေ့လို အထဲဝင်လိုက်ရင် ထနောင်းပင်လေးတွေ

နောက်မှာ အုတ်ဖြူဖြူကျောင်းပျက်ကြီး။

တောင်ဘက်လှေခါးရင်းက ထနောင်းပင်အောက်မှာစက်ဘီးတွေထား။

အုတ်လှေခါးအတိုင်းအပေါ်တက်.

နံရံလေးဘက်ဘဲကျန်နေပြီး အမိုးအကာမရှိတဲ့ ကြီးမားလှတဲ့ကျောင်းပျက်ကြီးကိုငေး။

အတွေးတွေက ပျံ့လွင့် ………ဟိုးအဝေးကို။

ဒီကျောင်းပျက်ကြီးကိုရောက်တိုင်း လွမ်းတာလိုလို သတိရတာလိုလို အမည်မဖော်နိုင်တဲ့

မဆုံးသောခံစားမူ့အသစ်တွေကရင်ထဲကိုတိုးဝှေ့လို့လာမြဲ။

ကျနော်တို့ အလွန်နှစ်သက်ခဲ့တဲ့နေရာလေးက သင်္ကြန်မိုး ရှပ်ရှင်ထဲမှာပါလာတော့

ပိုလို့တောင် နှစ်သက်ခဲ့။

တစ်ခါတစ်လေ နေအောင်နဲ့ခင်သန်းနုရပ်ခဲ့တဲ့နေရာကိုသွားကြည့်မိ။

ထနောင်းပင်ဝါဝါလေးအောက်မှာ လူသွားလမ်းဖြစ်နေတဲ့မြေလမ်းသေးသေးလေး။

ဖုံထူထူနေပူတဲ့လမ်းကလွမ်းစရာ။

ပါတ်ဝန်းကျင်မှာတော့ အညာမှာပေါက်တဲ့ခြုံဖုတ်သေးသေးလေးတွေက နေရာအနှံ့။

ပါတ်ဝန်းကျင်က လူအသွားအလာနည်းတော့ တိတ်ဆိပ်။

သူ့အရှေ့ဘက်မှာတော့ ရွှေကျောင်းကြီး ညိုမှောင်မှောင်က အိန္ဒြေအပြည့်နဲ့။

မြင်မြင်သမျှ လွမ်းစရာ…………..။

 

ဒါပေမယ့် ဒီကျောင်းဟောင်းကြီးကို အသစ်ပြန်ဆောက်လိုက်ပါတယ်။

ကျောင်းကတော့ သစ်လွင်လာပေမယ့် ရင်ထဲက ခံစားမူ့တွေကတော့ ပျောက်ဆုံးသွားပါတယ်။

အရင်က ဒီနေရာရောက်ရင် အမည်မဖော်ပြနိုင်တဲ့ခံစားမူ့တွေရောက်လာပေမယ့်

အခုလိုသစ်လွင်တောက်ခမ်းနားနေတဲ့ ကျောင်းအသစ်ကိုရောက်တဲ့အခါ

ရင်ထဲမှာ ဘာမှရောက်မလာတာတော့အမှန်ပါဘဲ။

ဒါပေမယ့် ရောက်တုံးမှာ အမှတ်တရဖြစ်အောင်တင်ပေးလိုက်ပါတယ်။

အဟောင်းဆိုတာ သစ်လိုက်ရင် တန်ဘိုးကတော့ လျော့ကျသွားတာအမှန်ပါဘဲ။

ဟောင်းဟောင်းလေးဘဲကောင်းပါတယ်လို့ ထင်မိပါရဲ့။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(10-2-2012)

6 comments

  • Diamond Key

    February 11, 2012 at 11:22 am

    ဟိုးအရင်တုန်းကတော့ အတုမရှိ (မဟာအတုလဝေယန်)ကျောင်းတော်ကြိး မပြုပြင်ရသေးတဲ့ အချိန်မှာ မန္တလေးက အတွဲတွေ အမြဲရောက်တဲ့ နေရာ တစ်ခုဆိုပဲ။ (မန်းလေးမြို့ချောင်ကြိုချောင်ကြား၊
    မကျန်အောင်လျှောက်လည်ကြတာပေါ့။ အဲဒီခေတ်ကတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။ ကျနော်တို့မကြာခဏရောက်တဲ့နေရာကတော့ အတုမရှိကျောင်းပျက်ကြီးဆီကိုပါဘဲ။)
    အခုတော့ ပြင်ပြီးသွားပေါ့ဗျာ။

  • ဟုတ်တာပေါ့ ကိုသော့ရေ
    သင်္ကြန်မိုးထဲမှာတောင် နေအောင်နဲ့ခင်သန်းနုအဲဒီနားမှာချိန်းခဲ့ကြတာလေ။
    အတွဲတွေသွားနေကြနေရာလေးတစ်ခုပါဘဲ။
    ကိုသော့ရော…………………………………

  • blackchaw

    February 11, 2012 at 4:01 pm

    ကိုသော့လည်း သူ့ကောင်မလေးနဲ့ သွားခဲ့ဘူးတာပေါ့ ကိုပေါက်ရယ်။
    အဲဒါကြောင့် အခုတော့ ပြင်ပြီးသွားပြီပေါ့ဗျာ ရယ်လို့
    လွမ်းတသသ ပြန်ပြောနေရတာပေါ့။ 😆

  • စိန်ပေါက်ပေါက်

    February 11, 2012 at 4:20 pm

    အဟောင်းနဲ ့အသစ် ယှဉ်ပြတော့မှ သိရတယ်အေ့
    လူကြီးတွေကတော့ ဟောင်းတာလေးကို ပြန်တမ်းတနေတဲ့အချိန် များကတော့ သစ်ကလေးပဲ ကောင်းသလားလို ့
    အင်းလေ
    ဟောင်းတိုင်း လိုက်ပြင်နေရင်လဲ ရှေးဟောင်းလက်ရာတွေ ပျက်ရချည်ရဲ့
    ဪ..
    အဟောင်း.အဟောင်း..
    တော်တော်များမျာက ဟောင်းရင် တန်ဘိုးမဲ့တဲ့ခေတ်ထဲမှာ
    တစ်ချို ့တလေကြတော့လဲ ဟောင်းမှဆိုပြီး အဟောင်းမှ အဟောင်း ဖြစ်နေကြတာ..စဉ်းစားစရာပါလားနော်..

  • ဟောင်းတိုင်းကောင်းတယ်လို့မဆိုနိုင်ပေမယ့် ဒီလိုအဟောင်းလေးတွေကို
    နိုင်ငံခြားဧည့်သည်တွေက ပိုမက် ပိုကြည့်ချင်တယ် ပေါက်ကျော်မရဲ့။

Leave a Reply