ဖတ်ခဲ့ဖူးတဲ့ဟာသတွေ

etoneJune 4, 20101min920

တို.သိချင်တာ ဒါကွ
အမေရိကန် သူလျိုကို မြန်မာစစ်တပ်မှ ဖမ်းမိသည်။ သူ.ကို အချုပ်ခန်းထဲ ထည့်လိုက်သည်။
မကြာမီ ထောင်ထောင် မောင်းမောင်းဗလကောင်းကောင်း ဗိုလ်ကြီးတစ်ယောက် ဝင်လာသည်။ စစ်မေးမည့်သူ ဖြစ်သည်။
မတောက်တခေါက် တတ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် သူလျိုကို မေးသည်။
“What is your name ?”
“ဂျွန် စမစ်”
အမေရိကန်ဧ။် မျက်ခွက်ကို ဗလကြီး အားထည့်ပြီး လေး ငါးချက် လက်သီးစာကျွေးလိုက်သည်။
ထပ်မေးသည် ။
” What is your name ?”
“ဂျွန် စမစ်”
ဒီတခါ လက်ရော ခြေထောက်ပါ ပါလာသည်။ ဒီအတိုင်း နာရီ အနည်းငယ် ကြာသွားသည်။
မေးလိုက် ထိုးလိုက်နှင့် သူလျိုဧ။် မျက်နှာမှာ ကြည့်လို့ပင် မကောင်းတော့ ။ မျက်နှာတစ်ခုလုံးယောင်ကိုင်းပြီး
သွေးတွေနဲ့ နီရဲနေသည်။ သူလျိုသည် ကြောက်စိတ်နှင့် တကိုယ်လုံးတုန်နေသည်။ ဗိုလ်ကြီးလည်း လိုချင်သည့်
အဖြေမရသဖြင့် စိတ်တိုသထက်တိုလာသည် ။ ထိုးကြိတ်ရဖန်များတော့ လက်တွေ နာနေပြီဖြစ်သည်။ သို့နှင့် အိတ်ထဲမှ
ဖြောက်လုံးပြူးကို ထုတ်ကာ အမေရိကန်ဧ။် နားထင်ကို တေ့လိုက်သည်။ ထို.နောက် သိချင်သည်ကို ဒေါသတကြီး
ထပ်မေးသည်။
ဒေါသကြောင့် ထင်သည် ။ ဗိုလ်ကြီးဧ။် ပါးစပ်မှ အင်္ဂလိပ်စကား မဟုတ်ပဲ ဗမာစကားထွက်လာသည်။

” ဟေ့ …မင်းကိုနောက်ဆုံး အကြိမ်မေးမယ် ။ မင်းနဲ. အတူ နောက်ထပ် ဘယ်နှကောင် ပါသလဲကွ ဟေ ”

*** အမှန်တော့ ခုခေတ် တပ်မတော် ဗိုလ်သင်တန်းဆင်းတွေ E တော်တော်ကောင်းကြပါတယ် ။ နိုင်ငံခြားပညာတော်သင်စေလွတ်တာတွေလဲ တော်တေ်ာ များပါတယ်။

***************************

နာရီ
ရွေပြည်တော်မှ ကျနော် တို.ရဲ့ ဘဘကြီး ကွယ်လွန် အနိစ္စရောက်ပြီး ကောင်းကင်ဘုံသို. ရောက်လာသည်။
တံခါးဝတွင် ဘယ်သွားရမှန်း မသိ ယောင်လည်လည်လုပ်နေတုန်း စိန်. ပီတာ ရောက်လာသည်။
” ဪ မင်းရောက်လာပြီလား ”
” ဟုတ်ကဲ့ …ကျနော် ဘယ်သွားရမလဲ ခင်ဗျ”
” မင်း ဘယ်ရောက်မလဲဆိုတာ သိချင်ရင် အောင်စာရင်း သွားကြည့်လေ။ ဒီက အောင်စာရင်းက အပြစ်တွေကို
နာရီတွေနဲ့ ပြထားတယ်။ အပြစ်များရင် များသလို နာရီက ပိုမြန်နေမယ် ။”
ဘဘကြီး အခန်းတခုထဲ ဝင်သွားပြီး အောင်စာရင်းသွားကြည့်သည်။ မဟတ္တမ ဂန္ဒီ ဧ။် နာရီကိုတွေ.ရသည်။ အလွန်.အလွန်
နှေးကွေးစွာသွားနေသည်။ အမေရိကန် သမ္မတ ဘုရှ်ရဲ့ နာရီကို တွေ.ရသည်။ မြန်နေသည်။ ရုရှား ဝန်ကြီးချုပပ်ဟောင်း ဂျိုးဇက် စတာလင်
ဧ။် နာရီကိုတွေ.ရသည်။ တော်တော်လေး မြန်နေသည်။
ခနကြာတော့ ဘဘကြီး အော်ဟစ်ပြီး ပြေးထွက်လာသည်။ စိန်. ပီတာ ကမေးသည်။
“ဘာတွေ.လို.လဲ ”
“ဘာမှ မတွေ.ဘူးဗျ။ ကျနော့ကို လူမှာပြီး ခေါ်လာတာထင်တယ် ။ ကျနော့် နာမည်နဲ့ နာရီ မတွေ.ဘူး..ဟူး..ဟူး..”

“ဪ…မင်းကို ပြောဖို. မေ့နေလို.ကွာ.. ။ မရဏမင်းက သူ.အခန်းမှာ ပန်ကာမရှိလို. မင်းနာရီကို ခဏ ယူသုံးထားတယ်ကွ ”

*** ဒီဟာသကို ဖတ်ဖူးကြမှာပါ ။ ရုရှား သမ္မတ စတာလင် ကို ခွပ် ထားတဲ့ ဟာသပါ။ စတာလင် က ကျနော်တို.နဲ့ ဘာမှ မဆိုင်တော့
သူ.နာမည် နဲ့ မရေးချင်ဘူးလေ ။ တမျိုးတော့ မထင်ပါနဲ့ ။ ရွေမြို.တော်ဆိုတာ အအေးဆိုင်တဆိုင်ပါ ခင်ဗျာ။

*********************

လွတ်လပ်မှု
အမေရိကန် ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးဦး မှော်ဆရာ တို. ရွေ ပြည်တော်ကို ရောက်လာတုန်းကဖြစ်သည်။
ရွေပြည်တော် က ဘဘကြီးနဲ့ တွေ.ဆုံ စကားပြောသည်။
” ကျနော် မြင်နေရတာတော့ ဒီက လူတွေမှာ ကြောက်စိတ်တွေ နဲ့ ပြည့်နေတယ်ဗျ ။
ကျနော် တို. အမေရိကန် မှာ ဆိုရင် သမ္မတကို မကျေနပ်ရင်တောင် အိမ်ဖြူတော်ရှေ.သွားပြီး
သမ္မတကို မကျေနပ်ဘူး လို. အော်လို.ရတယ် ။ ”
ဘဘကြီး က သုံးနေကြအတိုင်း ငါးမူးကွက်တွေ သုံးပြီး ပြန်ဖြေသည် ။
” ဒါများဗျာ ။ ကျနော်တို. တိုင်းပြည်မှာလဲ ဒါမျိုး လုပ်ခွင့်ပြုထားပါတယ်ဗျာ ။
လူထုတွေ မြို.တော်ခန်းမ ရှေ.ကိုသွားပြီး အမေရိကန် သမ္မတ ကို မကျေနပ်ဘူးဟေ့.. လို.အော်လို. ရပါတယ် ။
ကျနော် တို. မဖမ်းပါဘူး။… ငှဲ … ငှဲ … ငှဲ …. “