ပါရမီ ယာဉ်လိုင်း များတွင် ကြိုတင် ငွေထည့် ထားသော ယာဉ်စီးခ ကတ်များ အသုံးပြုမည်

BayoteJune 4, 20101min1252

ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီမှ ပြေး ဆွဲလျက်ရှိသော ပါရမီ နှင့် အဓိပတိ ယာဉ် လိုင်းများတွင် ကြိုတင်ငွေ ထည့်ထား သော ယာဉ်စီးခကတ်များ အသုံးပြုကာ ကားခ ပေးချေသော စနစ်ကို အသုံးပြု နိုင်ရေး အတွက် ဗန္ဓုလ ပို့ဆောင်ရေး ကုမ္ပဏီ နှင့် အီး – ထရိတ် မြန်မာ ကုမ္ပဏီတို့ ဆွေးနွေး ညှိနှိုင်း မှုများ ပြီးစီးပြီ ဖြစ်သဖြင့် မကြာမီ စတင် အသုံးပြု တော့မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အီး – ထရိတ်မြန်မာမှ ကွန်ပြူတာ နည်းပညာ အသုံးပြုမည့် တပ်ဆင် ပေးမည့် ကိရိယာ များတွင် ခရီးသည်က ငွေကြိုတင်သွင်း ထားသော ကတ်များကို အသုံးပြုကာ ငွေပေးချေ ခြင်းဖြင့် ကျသင့် ငွေကို ကတ်မှ နှုတ်ယူသော စနစ်အရ ယာဉ်စီးခကို ကောက်ခံ နိုင်မည်ဟု ဆိုပါသည်။ နိုင်ငံတကာ တွင် ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေ ကြသော ယခုစနစ်ကို အောင်မြင်စွာ အသုံးပြု နိုင်မည်ဆိုလျှင် အနည်းဆုံး ခရီးသည် နှင့် ယာဉ် နောက်လိုက်တို့ အကြား အကြွေမအမ်း နိုင်သဖြင့် နေ့စဉ် ကြုံတွေ့ ရသော ပြဿနာ ဖြေရှင်း ပြီးသား ဖြစ်သွားမည် ဖြစ်ပါ သည်။ ယင်းစနစ် အသုံးပြု သော နိုင်ငံတကာ ဘတ်စ် လိုင်းများတွင် ယာဉ်နောက်လိုက် မလို သော်လည်း မြန်မာနိုင်ငံ တွင် စနစ်တကျ ရယူ ကောက်ခံနိုင်ရေး အတွက် မည်သို့ ဆောင်ရွက်မည်ကို အများက စိတ်ဝင် စားနေ ကြသည်။ ပါရမီနှင့် အဓိပတိ ယာဉ်လိုင်း များတွင် အဆင် ပြေပြေ သုံးစွဲနိုင်ပါက အခြားလိုင်း များတွင် လည်း သုံးစွဲ လာလိမ့်မည်ဟု ယူဆရ ပါသည်။

2 comments

  • လင်းဝေကျော်

    June 4, 2010 at 3:58 am

    ဒီလို RFID စနစ်သုံး Prepaid Card တွေပေါ်လာမယ်ဆိုတာကြိုဆိုပါတယ်။
    အလွန်မှ ဖြစ်သင့်သော စနစ်ဖြစ်နေပါပြီ။
    ယာဉ်နောက်လိုက်တွေပပျောက်လို့ ယာဉ်မောင်းတွေ လခ အပေါ် မှီခိုလာရင် ( ကြားပေါက်မရှာတော့ရင် )
    ရန်ကုန်ရဲ့ လူထုပို့ဆောင်ရေးစနစ်ကြီး ကောင်းလာမှာ ပါ။ ဘတ်စ်ကားအသုံးပြုနေရသူတွေအတွက် ဝမ်းသာစရာပါ။
    ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ( စည်ပင်ကောင်တွေ လမ်းကောင်းကောင်းခင်ဖို့ ၊ လမ်းပေါ်ဈေးရောင်းတာတွေ ဖမ်းဖို့ ) တွေသာလိုပါတော့မယ်။

  • etone

    June 4, 2010 at 4:34 am

    အင်းကောင်းတယ် ။ နို့မို့ ဆိုရင် စပယ်ယာတွေက အကြွေအမ်းခါနီးမေ့ချင်ယောင်ဆောင်ရတယ်နဲ့ ။ ကိုယ်ကမတောင်းမိလို့ မေ့သွားတာနဲ့ ။ အမြဲတမ်းကြီးဒီလိုဖြစ်နေတာ တင်းနေတာကြာပြီ ။

Leave a Reply