N+ 080212 သို့–>မိန်းကလေးတွေကို ဝီစီမှုတ်ခိုင်းမယ် … တဲ့

natureFebruary 8, 20121min41332

ဒီပိုစ့်ကလေးရဲ့

ရည်ရွယ်ချက် …..မိန်ကလေးမျာ း ကာယိနြေ႖ထိပါးခံရမှုမှ ကာကွယ်ရန်

လုပ်ဆောင်ချက် …..ဝီစီမှုတ်၍ အချက်ပေးခြင်း ၊

ရလာဒ် ……..???

ရည်ရွယ်ချက်ကောင်းပါသည်။ ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်ရန် ကားစီးသောမိန်းကလေးတိုင်းဝီစီ ဆောင်ထားရပါမည်။ ထိပါးလာပါက ဝီစီမှုတ်ရဲပါ့မလား။  ဝီစီမှုတ်ပါက အမျိုးသမီး၏ ပတ်ဝန်းကျင်တွင် ၃ ၊ ၄ ယောက် ရှိသော် မည်သူ့ကိုတီးရပါမည်နည်း ။  ဝီစီမှုတ်သောအခါ ဘေးမှ ဝိုင်းတီးကြပါမည်လော ကိုယ်နှင့်မဆိုင်သလိုမျိုး နေမည်လော။ ဝိုင်းတီးပါက ဝိုင်းတီးသောသူများသည် ရာဇဝတ်မှုမြောက်ပါသည်။ ကိုဆန်နီလည်း လာစော်ကားတဲ့ အမူးသမားကို ရိုက်မိလို့ ရဲစခန်းရောက်ဖူးတယ်လို့ ပြောဖူးပါတယ် ။

အမျိုးသားများဖက်ကတွက်လျှင် ကိုယ်နှင့်ရန်ငြိုးရှိသော အမျိုးသမီး ကိုယ့်အနားကပ်ပြီး ဝီစီမှုတ်သော်မခက်လော။

ရည်ရွယ်ချက်ကောင်းသော်လည်းဖြေရှင်းသော နည်းလမ်းတွင်အားနည်းမှုများစွာ ရှိနေသည်ဟုထင်မိပါသည်။

ထိရောက်စွာ ဖြေရှင်းနည်းကို အနည်းငယ်အကြံပေးလိုပါသည်။

မိန်းကလေးများ ကာယိန္ဒြေ ဖျက်ဆီးမှုသည် ရာဇဝတ်မှုမြောက်ပါသည်။ ထို့ကြောင့် ရဲများအရပ်ဝတ်ဖြင့်  ကားပေါ်တွင် လုံခြုံရေး အတွက် မထင်မရှား  လိုက်သင့်ပါသည်။ ၂ယောက်ခန့် လက်ထိတ် ၃ ၊ ၄ ခုေ လောက်နှင့် လိုက်သင့်ပါသည်။ လျို့ဝှက် ကင်မရာဖြင့် အသံဖမ်းစက်ဖြင့် သက်သေ ရယူရန်လိုပါသည်။  ကားဒရိုင်ဘာနှင့် စပယ်ယာများကိုလည်း ထိုကဲ့သို့အဖြစ်အပျက်များကြုံလာပါက ဝိုင်းဝန်းကူညီ ရန် ဂိတ်များမှ စည်းရုံးပေးသင့်ပါသည်။ အဖြစ်များသောကားလိုင်းများကို သတင်းပေးသင့်ပါသည်။ ရဲနှင့် ကားဒရိုင်ဘာ စပယ်ယာများ ပူးပေါင်း ဆောင်ရွက်လျှင် လျှင်မြန်စွာ အောင်မြင်နိုင်ပါသည်။

နောက်တခုကတော့ ထိုစီမံချက်များအတွက် ရဲများ အရပ်ဝတ်ဖြင့်ကားများပေါ်တွင်လုံခြုံရေးလိုက်မည့်အကြောင်း ရာဇဝတ်မှုမြောက်သဖြင့် ထိရောက်စွာ အရေးယူမည့်အကြောင် ဂျာနယ်များမှ ဖွလိုက်ပါ။ တကယ်လည်းထိရောက်စွာ အကောင်အထည်ဖော်ပါ။ နောက်ပြီ း အလံရှုး လုပ်၍ ဂျာနယ်များမှ  ၄ ၊ ၅ မှု လောက် အရေးယူပြပါ။ သိသာစွာလျှော့နည်းသွားမည်ဟုထင်မိပါသည်။

အဓိကဖြစ်ရသော အကြောင်းအရင်းမှာ မြန်မာပြည်သူားများသည် တရားဥပဒေ နှင့်ပတ်သက်သော အသိပညာ ဗဟုသုတ အားနည်းသောကြောင့် ဟု ထင်ပါသည်။ ရာဇဝတ်မှုမြောက်သည်ကို သိရှိသူနည်းခြင်း၊ သိသော်လည်း  ရဲစခန်းများတွင် အမှုမဖွင့်လိုခြင်း ၊ တကယ်တန်းတရားဥပဒေအရ တိုင်ရမည်ဆိုလျှင်လည်း ထိုသူကိုမှတ်မိရန်ခက်ခဲခြင်း ၊ မှတ်မိသော်လည်း သက်သေပြရန်ခက်ခြင်း တို့ဖြစ်တတ်ပေသည်။  ထို့ကြောင့် ထိုကဲ့သို့ဖြစ်ပါက မိတ်ဆွေ ၁ယောက်ကို အကူအညီဖြင့် ဟမ်းဖုံးဖြင့် ဓါက်ပုံရိုက် အသံဖမ်း သက်သေယူသင့်သည်ဟု ထင်မိပါသည်။

ကြားဖူးကြပါလိမ့်မည်။ ပရီမီးယားလိ တွင် မန်ယူမှ ဖာဂူဆန်၊ အာဆင်နယ်မှ အာဆင်ဝင်းဂါးတို့သည် သူတို့ပြောသောစကားတလုံး မှားသွားသည် နှင့် ပေါင် ၄၀၀၀-၅၀၀ဝ ဒဏ်ငွေဆောင်ရသည်မှာ မကြာခဏပင်ဖြစ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေနှင့် ညိစွန်းသောကြောင့်ဖြစ်ပါသည်။ သူတို့ပြောသောစကားများသည် ဂျာနယ်များတွင်ပါသဖြင့် သက်သေ အထူးရှာစရာမလိုတော့ပါ။ သူတို့မှားသွားသည်ဆိုသောစကားလုံးသည် ကျွန်တော်တို့အမြင်တွင် ဆိုးရွားသည်ဟု မထင်မိပါ။

လူတိုင်းသည်တရားဥပဒေကို သိရှိပြီး မှန်ကန်မျှတသောတရားဥပဒေ ၏ အကာအကွယ် ကိုရရှိခြင်းသည် ဒီမိုကရေစီရရှိခြင်း ပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

https://myanmargazette.net/99143/economic-news-international-news-news-industry-people-in-the-news-us-news-news

(မိန်းကလေးတွေကို ဝီစီမှုတ်ခိုင်းမယ် … တဲ့)

 

 

https://myanmargazette.net/90448/creative-writing

 

 

 

 

32 comments

  • kai

    February 9, 2012 at 4:19 am

    တိုကျိုမှာတော့ ရဲမေက.. စကပ်တိုဝတ်ပြီးထောင်ဖမ်းတာရှိတယ်.။
    ရထားမှာအများဆုံးဖြစ်တာဆိုတော့.. မိပြီဆို..ရှေ့ဘူတာမှာ ရဲလက်အပ်တာပဲ..။
    =
    အောက်ကသတင်းအရ.. ၂၀၀၉ကတောင်.. တိုကျိုရထားစီးအမျိုးသမီးငယ် ၃ယောက်မှ၂ယောက်က..ထောက်လှမ်းရေးဒဏ်ခံနေရတယ်တဲ့..

    Tokyo police act on train gropers
    By Roland Buerk
    BBC News, Tokyo

    Rush hour crowd at Tokyo railway station – file picture
    Tokyo’s trains are notoriously crowded at rush hour

    Tokyo police have begun a week-long crackdown against the twice-daily scourge of gropers on commuter trains.

    Undercover teams have been deployed on some lines in a bid to catch molesters in the act on crowded trains.

    Last year more than 6,000 people were arrested on suspicion of groping or taking unsolicited photographs.

    According to one survey, nearly two-thirds of young women have been groped on public transport. Some train lines have introduced women-only carriages.

    Tokyo police have begun what is being described as a “groping prevention week”.

    There are conspicuous extra police patrols in stations handing out leaflets, and undercover teams have been deployed on trains to try to catch men in the act.

    Gropers can be imprisoned for up to seven years in Japan.

    Local reports say the police are particularly concerned that gropers are using the internet to co-ordinate their activities and form gangs.

    Several suspects arrested in recent months are said to have told officers they had targeted particular train lines because of recommendations they had read on websites.

  • ကြောင်ကြီး

    February 9, 2012 at 9:10 am

    သဂျီးနဲ့ ကျနော် ဒီအမှုလိုက်ကြည့်ရအောင်။ ပြောနေကြာတယ်… ဘတ်စ်ကားလာနေပြီ….သဂျီးရှေ့ကတက် …။

  • memeseku

    February 9, 2012 at 9:47 am

    အောင်ကိုနေးချားရယ်..ရန်ကုန်မှာတင်ဘတ်စ်ကအစီးရေရာပေါင်းများစွားရှိတာ တစ်စီး၂ယောက်နှူန်းသာဆိုရင်ရဲစခန်းလူမကျန်လို.ရဲ.မိန်းမတွေစခန်းစောင့်နေရပါဦးမယ်…
    နောက်idea လေးတခုလောက်ရှာပါဦး….
    ခင်မင်စွာဖြင်.

  • မိုက်ကယ်ဂျော်နီငပွ

    February 9, 2012 at 10:50 am

    ဒါဆိုရင်လည်း ဒေါက်တာအီးတုံးလို ကတ်ကတ်လန်အောင်
    ပြန်ကလော်ဂျပေါ့ဗျ 😀 😀 😀
    သူကတော့ လိုင်းကားစီးဘူးလား မစီးဖူးဘူးလားသိဘူး
    ဒေါက်တာ မလာခင်ပြေးမှ
    ဗျစ်ဗျစ်ဗျစ်ဗျစ်

  • စိန်ပေါက်ပေါက်

    February 9, 2012 at 11:49 am

    အူးရဲကြီးတွေက လက်ထိပ်ကြီးပြပြီး လာထောက်ရင် ဘိုလုပ်မရဲဟင် 🙄
    ဘာပဲဖစ်ဖစ်.ဟိုဉာဏ်ကြီးရှင်တွေ ဝီစီမှုတ်တာထက် အန်တီနင်ဂျာ အစီစဉ်ဆွဲပြတာ ပို အဓိပ္ပါယ် ရှိပါဂျောင်း..
    ထောက်သွားပါတယ်.

    • စိန်ပေါက်ပေါက်

      February 9, 2012 at 11:51 am

      ကျေးဇူးပြု၍ “ထောက်သွားပါတယ်..” အစား ထောက်ခံသွားပါတယ် ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်
      မေတ္တာရပ်ခံအပ်ပါသည်။

      • nature

        February 11, 2012 at 10:06 pm

        တော်သေးတာပေါ့။ထောက်ရုံပဲထောက်သွားရင်ဝီစီမှုတ်တော့မလို့ ။ 🙂

  • inz@ghi

    February 9, 2012 at 12:01 pm

    စီစီတီဗီ ကင်မလာ တပ်သင့်ပါတယ်ချင့်

    သရမ်းတဲ့ ကိစ္စအစ ဆွဲကြိုးဖြတ် ဆံပင်ဖြတ် ခါးပိုက်နှိုက် အလယ်
    စပါယ်ယာ ဒလိုင်ဘာ ကိုပါ ထိန်းပီးသား ဖြစ်တွားမယ်…။

    ကားတစီးတစီး သိန်း ရာချီရင်းထားတာပဲဟာကို…
    စကျူရတီ ကိစ္စအတွက် ၃-၄-၅သိန်း ထပ် မရင်းနိုင်ဘူးလားချင့် …
    ပြည်သူလူထု အတွက် ဦးစားပေးပြီး …စဉ်းစားကြစေလိုပါတယ်…

    ပုံ
    လေဒီဂီဂီ

    • စိန်ပေါက်ပေါက်

      February 9, 2012 at 12:08 pm

      အမကြီးကိုလဲ ထောက်ပါတယ်..အဲလေ..ထောက်ခံပါတယ်..
      တစ်ဂယ်တော့ ဘယ်ဟာနဲ ့ထောက်ထောက် ကျမတို ့ပဲ ပေါက်တာဖြစ်တာမို ့..
      သများတို ့မပေါက်အောင် တန်ပြန်ထောက်ပေးကြစေလိုပါတယ်..
      ပုံ၊
      အာပုံဒေါ်စိန်ပေါက်

    • nature

      February 11, 2012 at 9:56 pm

      လေဒီဂီဂီပြောတာကောင်းပါတယ်။ စီစီတီဗွီ ကင်မရာတပ်ထား ရင် သက်သေအထူးပြစရာမလိုတော့ဘူး။ လေယာဉ်တွေက black box လိုမျိုးပေါ့။ တခုထက်မကတော့တပ်ဖို့ လိုလိမ့်မယ်ထင်တယ်။ ဒီလိုသိထားတဲ့အတွက် လုပ်တဲ့သူတွေလဲ နဲနဲတော့ တွန့်သွားလိမ့်မယ်။
      ဒါပေမဲပတခုခက်တာက ရိုက်ထားတာတွေအများကြီးကို ကို save လုပ်ပြီးပြန်ကြည့်နိုင်ပါ့မလား။ တိုင်တဲ့သူရှိရင်တော့ ဘယ်နေ့ဘယ်ကားနံပါတ် ဆိုပြီး ပြန်ကြည့်လို့လွယ်တယ်။ လူကိုသိပြီဆိုပါတော့ ဒီလူဘယ်မှာနေလဲ ၊ဘယ်လိုဖမ်းရမလဲဆိုတာ အခက်အခဲရှိနိုင်တယ်။ ဖြစ်လို့တိုင်မယ်ဆိုရင် အလုပ်သွားနေတဲ့သူ ၊ ရုံးသွားနေတဲ့သူ အလုပ်ကိုဖျက်ပြီးတိုင်နိုင်မလား။ လွယ်လွယ်ကူကူ တိုင်နိုင်အောင် တခုခု စီစဉ်ပေးရင်ကောင်းမလားပဲ။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ် ဒါမျိုး ပြစ်မှုတွေကို ဂျာနယ်ထဲက ၄ ၊ ၅ မှုလောက်ဖွလိုက်တာနဲ့ တော်တော် သက်သာသွားမယ်ထင်ပါတယ်။
      အဓိက ကတော့ ဥပဒေဆိုတာ ကိုယ်မတရားခံရရင် ကိုယ့်ဖက်က အကာအကွယ်ပေးမဲ့ပုဒ်မ တခုခု ရှိတယ်ဆိုတာကို သိရမှာဖြစ်တယ်လို့ထင်ပါတယ်။

  • myanmarcitizen

    February 9, 2012 at 2:44 pm

    တော်တော်ကို အောင်မြင်မယ့် အကြံပဲ။ ရွှေဉာဏ်တော် စူးရောက်ပါပေတယ်။ အကြံရတဲ့သူကလဲ ရတပ်တယ်။ ထဲ့တဲ့ဂျာနယ်ကလဲ ဘယ်လိုသဘောနဲ့ထဲ့တယ်တော့မပြောတပ်ပါဘူး။ ပြသနာ ရဲ့ရင်းမြစ်ကို အရှာပဲ ဝီစီမှုတ်ခိုင်းတယ်။ (ကားစီးရင် ဝီစီကိုလည်ပင်းဆွဲပြီးစီးရတော့မယ်ထင်တယ်)။ ကဲနောက်ကနေ မတော်တရော်လာလုပ်နေပါပြီတဲ့ မိန်းကလေးတွေကကော သူအဲ့လိုလုပ်ခံနေရတာကို အချက်ပေးပါ့မလား။ nature ပြောသလို့ အချက်ပေးလို့လာပြီးမကူရင်ဘယ်လိုလုပ်မလဲ။ (မကူပဲ ဝိုင်းကြည့်နေမှ ဒုက္ခ)။
    ကျွန်တော်တော့ အဲ့လိုလုပ်နေတဲ့ ၃ ယောက်လောက်ကို အကျင်္ီကော်လံကို ဆွဲပြီး “ဟေ့ကောင် လစ်တော့” လို့ခပ်တည်တည်နဲ့ ပြောဘူးတယ်။ (ဒါကလဲ ကိုယ့်ကိုရန်မလုပ်နိုင်တဲ့ သူတွေမှန်းသိလို့ပြောရဲတာပါ :-))
    ကျွန်တော့ရဲ့သူငယ်ချင်း တစ်ယောက်ကတော့ ဒေါသထွက်လွန်းလို့ ကားကိုရပ်ခိုင်းပြီး စောင့်ကန်ချခဲ့တဲ့ဆို ပဲ။ (သူပြန်ပြောပြတာ ကျွန်တော့မှာရီလိုက်ရတာ)။

  • မိုက်ကယ်ဂျော်နီငပွ

    February 9, 2012 at 3:11 pm

    ဟုတ်တယ်ဗျ
    သကောင့်သားကို သိပါပြီတဲ့ဗျာ ဘယ်လိုတုန့်ပြန်မယ်ဆိုတာ
    သိပ်အရေးကြီးပါတယ်
    သူများရွာမှာက ချက်ခြင်းဖုန်းကောက်ဆက်လိုက်ရင် ပိုးလိစမန်းက ချက်ချင်းလာမှာ
    ကျုပ်အမြင်ကတော့ စပါယ်ယာ နှင့်ဒရိုင်ဘာကို အထူးသင်တန်းပေးသင့်တယ်
    ပြဿနာက အချို့စပါယ်ယာတွေ သူကပိုဆိုးသလားဘဲ
    အဲ့လိုဖြစ်လာတဲ့အခါ စပါယ်ယာက ပါဝင်အော်ငေါက်ပေးတာတွေလုပ်ရင်
    နည်းနည်းပြေလည်မယ်ထင်တယ်

  • blackchaw

    February 9, 2012 at 4:39 pm

    ဝီစီ မှုတ်တာနဲ့
    ပါးစပ်နဲ့ ရန်တွေ့တာ ဘာကွာလဲ ဟင်င်င်…???
    ဝီစီသံကြားတိုင်း ရင်ခုန်နေရမယ့် အပေါက်ပါဗျာ။
    ဟီး။ 🙂

  • Shwe Ei

    February 9, 2012 at 4:49 pm

    မိန်းကလေးတွေ စွတ်စက်ကြောက်ပြမနေဖို့လဲ လိုပါတယ်။ ဒီခေတ်ကြီးမှာ လူကြားထဲ အရှက်ကွဲမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကြီး နေရာတကာထုတ်မသုံးသင့်တော့ပါဘူး။ ခံရတဲ့ ကာယကံရှင် က လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမလုပ်ဘဲ ရှက်လို့ငြိမ်ခံနေရင် ပိုအရှက်ကွဲတာဘဲ အဖတ်တင်မယ်လိုု့ ကျမတော့ မြင်တယ်။

  • စပါယ်ယာ ပိုက်ဆံ ပြန်မအမ်းတာတောင် မတောင်းရဲလောက်အောင် ရှက်ကြောက်တတ်တဲ့ မိန်းကလေးအတွက် ဝီစီ အစီအစဉ်ကတော့ တော်တော်ကို ရီစရာ ဖြစ်မှာပါပဲဗျာ။

    လိုင်းကားတွေ တိုးပြီး ပြေးဆွဲစေတာ၊ လူ တင်ရင်လည်း ကြပ်ညှပ်နေအောင် မတင်ဖို့ သေသေချာချာ စည်းကမ်းချမှတ်၊ အကြီးစား ဒဏ်ရိုက်ပေးတာပဲ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်ဗျာ။

  • MaMa

    February 9, 2012 at 8:08 pm

    ဖြစ်နိုင်ရင်တော့ ကားပေါ်မှာ မသမာမှုဖြစ်ရင် အဓိက အနီးကပ်ရှိနေတဲ့ ကားဒရိုင်ဘာနဲ့ စပယ်ယာကို အကူအညီပေးဖို့ တာဝန်ပေးထားသင့်ပါတယ်။
    ငယ်ရွယ်သူမိန်းကလေးတွေအနေနဲ့ ရှက်စိတ်နဲ့ ပြန်ပြောဖို့တောင် မဝံ့မရဲရှိနေရင် ဘယ်သူက ဘယ်လိုတာဝန်ယူမယ်မှန်းမသိတဲ့ ဝီစီမှုတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ ကိစ္စပါ။
    အကောင်းဆုံးကတော့ ကိုယ့်ကိစ္စကိုယ်ရှင်းနိုင်ဖို့ မိန်းကလေးတွေအနေနဲ့ သတ္တိရှိရပါမယ်။
    သတ္တိမရှိသေးရင်လည်း မွေးမြူထားသင့်ပါတယ်။
    သူများအပေါ် လိမ်ကောက်တာ၊ မတရားပြုကျင့်တာကသာ ရှက်စရာ ကြောက်စရာဆိုတာ ဖြစ်ပြီး ကိုယ့်အပေါ် မတရားပြုကျင့်လာတာကို ငြိမ်ခံနေစရာ မဟုတ်ဘူးလို့ သိထားရပါမယ်။
    မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဆိုသလို ရဲရဲရင့်ရင့် တုန့်ပြန်ပါ။
    အနည်းဆုံး အသံမထွက်ချင်ရင်တောင် တံတောင်နဲ့ တွက်တာ၊ ဒေါက်ဖိနပ်နဲ့ နင်းတာ၊ တွယ်ချိတ်ဆောင်ထားပြီး ထိုးတာတွေ အဆင်ပြေသလိုသာ လုပ်ပစ်လိုက်ပါ။ 😀

  • unclegyi1974

    February 9, 2012 at 10:22 pm

    အဓိကကကားဆရာ၂ယောက်အပေါ်မူတည်းပါတယ်
    သူတို့ကားပေါ်မှာဖြစ်တာကိုးသူတို့မှာတာဝန်အပြည့်အဝရှိပါတယ်
    မိန်းကလေးဘက်ကတိုင်ကြားလာရင်ဘယ်လိုအရေးယူဆောင်ရွက်ရမယ်ဆိုတာ
    သူတို့ကိုအဓိကပြောထားရပါမယ်
    ပြောတဲ့အတိုင်းမလိုက်နာရင်သူတို့ကိုပြစ်ဒါဏ်ဘယ်လိုပေးမယ်ဆိုတာရှင်းပြထားသင့်ပါတယ်
    တိုင်ကြားမှုမှန်ကန်ရင်နှဖူးစာရေးရင်ဘတ်စာကပ်လို့လူမှုရေးအလုပ်တွေ၁လလောက်လုပ်ခိုင်း
    ရပါမယ်လုပ်နေကြောင်းလည်းသတင်းစာအစောင်စောင်ဂျာနယ်အစောင်စောင်ကနေ
    ဓါတ်ပုံနှင့်တကွဖော်ပြမယ်ဆိုရင်ဖြင့်နမူနာ၁ဝမှုထက်မပိုဖူးလို့ထင်မြင်ကြောင်းပါဗျာ

  • nigimi77

    February 10, 2012 at 11:44 pm

    အင်း…အင်း…

    ထားပါတော့ …မသမာမှုလို ့ ။

    ဝီစီမှုတ် အလေ့အထက စကြပါပြီ ။

    အဆိုပါ အမျိုးကောင်း သမီးတို ့ နေ ့စဉ် အချိန်နဲ ့အမျှ စိတ္တဇ ရတော့မယ် ။

    ဘယ့်နှယ် ….သောက်လုပ်က တနေ ့တနေ ့ ရှုပ်ပါတယ် ဆိုမှ နေ ့စဉ် အလုပ်သွား အလုပ်ပြန်

    လိုင်းကားပေါ်မှာ ဘယ် အကောင်က ဖင် အနောက်ကို လာထောက်ပါတော့မဲ့ အရေး မျှော်တွေးပြီး

    ရင်ခုန်နေရမည့် ကိန်း ပါလား ။

    ဆိုကြပါဆို ့ …အဆိုပါ ဝီစီကိုင် အမျိုးသမီးဟာ သူ ့ဘာသာသူ စိတ်အေးချမ်းသာစွာနဲ ့ မြန်မာနိုင်ငံ…

    အထူးသဖြင့် ရန်ကုန်မြို ့ရဲ ့ ကားစီးရေနဲ ့မမျှအောင် ကျဉ်းမြောင်း နည်းပါးလှစွာသော မြေပြင်သွား

    ကားလမ်းများ ပေါ်မှာ ပြေးဆွဲနေတဲ့ အနှီ စုတ်ချာကျပ်သိပ် အစီးရေနည်း အချိန်မမှန် အပြည့်တင်သော

    လိုင်းကားများ ပေါ်မှာ စီးပြီး သွားလာနေတဲ့ အချိန်မှာ …စောင့်မျှော်နေရမဲ့ သဘောပဲ ။

    နည်းလမ်းကတော့ တကယ်ကို မှားနေပြီပဲ ။

    ကားများ ကျပ်လို ့ကတော့ ကျုပ်လဲ ဘယ်ရှောင်နိုင်မလဲ ။ အမျိုးသမီးများ ဖင်ကြီး ကားကျပ်ပါတယ်ဆိုမှ

    တက်လာလိုက်သမျှ တစ်ကားလုံး မာတုဂါမတွေပဲ ။

    ဘယ် အကောင်က သူ ့ အရှေ ့ သူ ့နဘေး သူ ့ အနောက် မှာရှိတဲ့ အမျိုးသမီးကို စိတ်မှာ အရသာခံ

    လိုတဲ့ အတွေးကို မတွေးပဲနေဦး ။ ရမယ်ထင်သလား ။ ဘယ် အကောင်ကမှ မရဘူး ။

    ဒီနေရာမှာ ပြောချင်တာ ကိုယ်က ရည်ရွယ်ချက် အပြည့်နဲ ့ သွားပြီး ဘယ် အမျိုးသမီးရဲ ့ ကြီးမားလှတဲ့

    ဖင်ကြီးရဲ ့ အနောက်မှာ ထောက် ပြစ်လိုက်မယ်လို ့ ကြံစည်ခဲ့တာ မဟုတ်ဘူးနော် ။

    အဲဒီ အမျိုး သမီးတွေရဲ ့ ကြီးမားလှတဲ့ ဖင်ကြီးတွေက ဒီ အကောင်တွေရဲ ့ အရှေ ့ကို မဖြစ်မနေရောက်

    လာတာ ။ တကားလုံး ကျပ်ပါတယ် ဆိုမှ ၊ တကားလုံး နီးပါး အမျိုးသမီးတွေပဲ ဆိုမှ ၊

    ဒီ…ရှိတဲ့ ချောက်တီးချောက်ချက် အမျိုးကောင်းသားတွေကို …လာရဲ လာကြည့် ဝီစီ ကောက်မှုတ်ပြစ်

    လိုက်မယ် ဆိုရင်……. ။ နိဂိမိတို ့များ ကား တောင် မစီးရဲ လောက်အောင်ကို ..ကြောက်ကြောက် ။

    အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်မျိုးများ ရှေ ့မှောက် ဖင်ကြီးများ ရောက်ခဲ့ရင်တော့

    မရှောင်နိုင်ကြောင်းပါ ခင်ဗျား………..။

    • nature

      February 11, 2012 at 9:59 pm

      nigimi77 ကတော့အထည်ချုပ်မှာလုပ်တာဆိုတော့ ကားပေါ်တက်လာပြီဆိုတာနဲ့ ဝီစီ ဝိုင်းမှုတ်တာနဲ့တင် နားပင်းလောက်တယ်။ 🙂

  • padonmar

    February 11, 2012 at 4:05 am

    စပယ်ယာတွေ ကို တာဝန်ပေးသင့်ပါတယ်။
    သူက အဲဒီလိုလူတွေကို ကားပေါ်က မောင်းချပေးတာ အနီးစပ်ဆုံး အများမထိခိုက်မယ့် အရေးယူမှုပါပဲ။

    • nature

      February 11, 2012 at 10:44 pm

      …..စပယ်ယာတွေ ကို တာဝန်ပေးသင့်ပါတယ်။
      သူက အဲဒီလိုလူတွေကို ကားပေါ်က မောင်းချပေးတာ အနီးစပ်ဆုံး အများမထိခိုက်မယ့် အရေးယူမှုပါပဲ။…
      ပညာပေးတဲ့အနေနဲ့ မောင်းချရင်ကားမှတ်တိုင်နဲ့ဝေးတဲ့နေရာမှာ မောင်းချရင်ပိုကောင်းပါမယ်။
      အဓိက ကတော့ ကားပေါ်မှာ ဒရိုင်ဘာနဲ့စပယ်ယာက အာဏာအရှိဆုံးပါပဲ။ တာဝန်အရှိဆုံးပါပဲ။ စပယ်ယာက တယောက်တည်းရှိလို့ အခက်အခဲတော့ရှိနိုင်ပါတယ်။ ရှက်ရှက်နဲ့ စပယ်ယာတွေကိုရန်ညိုးထားပြီးတုန့်ပြန်တာတွေလည်းရှိနိုင်ပါတယ်။ ဒါတွေလည်းသတိပြုသင့်ပါတယ်။

  • nigimi77

    February 11, 2012 at 6:33 am

    လုပ်ကြဘာအူး ။

    ဒေါ် ဗဒုံမာဂျီး ကိုယ်ပိုင်ကားစီးပြီး အမျိုးကောင်း သမီးတွေကို

    စပယ်ယာ အားကိုးခိုင်းနေဘာဒယ် …….။

    တူရို ့ဒွေက တားတို ့ထက် ပိုသွက်သဗျ ။

  • ဆူး

    February 11, 2012 at 11:27 am

    မြေမညီမညာတွေ များတော့ အမြဲတမ်း ဒေါက်ချွန်ချွန် စီးဖို့က သိပ်မလွယ်လှဘူး။
    အနားလာကပ်ရင် ဒေါက်အချွန်နဲ့ တချက်လောက် မြည်းခိုင်းလိုက်ရင် အခန့်မသင့်ရင် အရိုးတောင် ကြေနိုင်တယ်။ လူ ရဲ့ အလေးချိန် ရှိသမျှ ဒေါက်မှာစုပုံပြီး ကျအောင် နင်းမှတော့.. တခါတည်း မှတ်လောက်သားလောက် ဖြစ်သွားမယ်။
    စပါယ်ယာတွေ ကလည်း နေ့တိုင်း လူတင်လူချ လုပ်ပြီး အလုပ်လုပ်နေတာ ဆိုတော့ ရန်မများချင်ဘူးနဲ့ တူပါတယ်။ သိလည်း မသိချင်ယောင် ဆောင်နေကြတာဖြစ်လိမ့်မယ် ထင်တယ်။
    ဝီစီပါတဲ့ အမျိုးသမီးတွေ ပိုက်ဆံ ပြန်မအမ်းရင် ဝီစီ ဆက်တိုက် မှုတ်ပြီး စပါယ်ယာကို ပိုက်ဆံ ပြန်တောင်းလို့ ရတယ်။ ဟိဟိ..
    ဝီစီ ကိစ္စကတော့ လတ်တလော ဖြေရှင်းနည်း ဖြစ်မယ် ထင်ပါတယ်။
    နောက်ပိုင်း ဒီထက် ပိုကောင်းတဲ့ နည်းတွေ ရလာလိမ့်မယ် ထင်ပါတယ်။၂
    ဝီစီမြင်ရင် အနားမကပ်ရဲဘူး ဖြစ်ရတဲ့ ဘွ ရောက်တော့မယ်။ ဟိဟိ..

  • Uncle Lay

    February 11, 2012 at 2:19 pm

    ဝီစီမလို ……. ကားလမ်းတွေချဲ့ မိုးပြန်တံတားတွေဆောက် လိုင်းကားတွေ/လိုင်းတွေ ထပ်တိုး ခုံပြည့်ပဲတင်…။
    မတ်တက် လုံးဝမတင်နဲ့…။

  • Phaung Phaung

    February 11, 2012 at 3:56 pm

    ထောက်လှမ်းရေးကိစ္စနဲ့ပတ်သတ်ပြီး ဒီလိုစဉ်းစားမိပါတယ်…အဲလိုလူတွေကအရိပ်အကဲကိုကြည့်ပြီးမှလုပ်တယ်ထင်ပါတယ်..
    မိန်းကလေးတွေသိပ်မကြောက်တတ်ဖို့လိုပါတယ်။ကိုယ့်နားကိုကပ်လာရင်မိန်းကလေးလား၊ယောက်ျားလေးလားလို့သံသယမျက်လုံးနဲ့ကြည့်ပစ်လိုက်၊ အမြဲသတိထားနေရင်၊ ကိုယ့်နားကိုလူအရမ်းကပ်မခံရင်၊ခပ်စွာစွာပုံစံလုပ်ပြလိုက်ရင် အကြံအစည်ရှိတဲ့သူကမကပ်ရဲတော့ဘူးထင်ပါတယ်…
    စကတ်တိုတိုလေးတွေဝတ်ပြီးဖော်နေတဲ့မိန်းကလေးတွေ ဒါမျိုးတစ်ခါလောက်ကြုံသွားစေချင်တယ် 🙂 မစာနာလို့ပြောတာမဟုတ်ပါဘူး.. တချို့ဝတ်တာတွေက မြင်သူမရှက်၊ယိုသူရှက်မို့ပါ….
    ဝတ်စားတာဆင်ခြင်သွားမယ်ထင်တယ်နော်။ပြသနာဖြစ်လာရင် ပတ်ဝန်းကျင်က ဝတ်ထားတာလဲကြည့်ပါဦး၊လက်ယက်ခေါ်နေတာကိုးလို့တောင်အပြောခံရဦးမယ်..

    • MaMa

      February 11, 2012 at 10:15 pm

      ဖောင်းဖောင်း ပြောသလိုပဲ မိန်းကလေးတွေဘက်ကလည်း အဝတ်အစား အနေအထိုင်ကို သူ့နေရာနဲ့သူ ဆင်ခြင်သင့်ပါတယ်။
      ကိုယ့်ဘက်က ကိစ္စဖြစ်လို့ အကူအညီတောင်းရင်တောင် တိုတိုပြတ်ပြတ်တွေ ဝတ်လာရင် ကိုယ့်အားနည်းချက်က ပြောစရာ ဖြစ်လာနိုင်တာပေ့ါ။

  • char too lan

    May 10, 2012 at 10:58 am

    အဲ့ဒီ ဝီစီလေ.. ပန်းတနော်သွားတုန်းက ကျနော်သတိရတယ်ဗျ ..
    ပါရမီကားကြီးနောက်မှာ သောင်းကျန်းနေတဲ့ အဖွဲ ့ကြားထဲဝင်ပီး
    ဝီစီမှုတ်လိုက်ရမလားလို့ မနွယ်ပင်ကို မေးလိုက်သေးတယ်။
    နွယ်ပင်ကလဲပြန်ပြောရှာပါတယ် `နင်သွားမှုတ်၊ ငါရှေ့ကလူတွေစုပီး လာရိုက်မယ်´ တဲ့ haha 😆 haha

    • ဆူး

      May 10, 2012 at 11:06 am

      ဝီစီ ကို ချာတူး ကို မှုတ်ခိုင်းတာ မဟုတ်ဘူး.. အဲဒီ နောက်တန်း အလယ်လူတွေ ထဲက တယောက်ယောက် ကို မှုတ်ခိုင်းတာ.. အဟိ..

  • Thel Nu Aye

    May 10, 2012 at 12:29 pm

    ဒါ့ထက်အဲဒီဝီစီတွေအခုဘယ်ရောက်သွားတုန်း။ လိုက်လဲမပေး ဝီစီမှုတ်သံလဲမကြားပါလား။
    အင်း အထောက်တော်တွေမရှိတော့ဘူးထင်ပါ့။ မိန်းကလေးဘတ်စ်ကားလိုင်းကောရှိသေးရဲ့လား။ လူ့ဘဝရဲ့ ရေပွက်ပမာ ဆိုတဲ့တရားတော်ထဲမှာပါသွားပြီထင်ပါတယ်။

    • windtalker

      May 10, 2012 at 1:15 pm

      သဲလေးက ရန်ကုန်ကမို ့လားကွယ် ၊ သဲလေး တို ့က ဘော့စ်တွေမို ့ဘတ်စ်ကားမစီးတော့ မသိဘူးထင်ပါရဲ ့။

      • Thel Nu Aye

        May 10, 2012 at 2:15 pm

        ရန်ကုန်ကပါကိုပေရဲ့။ မယုံ လေးပေါက်မေးကြည့်။ ဒီတခါလေးပေါက်နဲ့တောင်တွေ့သေး။

  • jujuma

    May 10, 2012 at 1:08 pm

    စပယ်ယာ၊ ဒရိုင်ဘာတွေကလည်း တာဝန်ယူချင်ကြမှာမဟုတ်ဘူးဗျ ..
    သူတို့ က နေစဉ် ဒီလမ်းကပဲ ဖြတ်သွားနေကြဆိုတော့ မှတ်မိလွယ်သကိုး..
    မကျေနပ်တဲ့ ထောက်လှမ်းရေး က ချောင်းရိုက်မှ ဖြင့် ခက် မယ် ဗျို့ ..
    ဒီတော့ ကာယကံရှုင်မှာသာ အဓိက ကျမယ်ထင်ပါတယ် ..
    ဝီစီမှုတ်ရတာမှ ပိုတောင်ရှက်ဖို့ကောင်းသေးတယ်…
    မှုတ်ဘူးအေ … ကျူမီငှားးးးး လို့ပဲ အော်မယ် … :D:D:D

Leave a Reply