မျိုးကြီးတော့ စိတ်ကုန်နေလောက်ပီ….

mgmyogyi.ic@gmail.com . အဆိုတော် မျိုးကြီး အကောင့်ပါ .. အဲ့လိုမထင်ဝူးလား . .အင်း အမှတ်တမဲ့ကြည့်ရင်တော့ ထင်တယ် ဒါပေမဲ ့မသေချာဘူး. . အော် ဒါဆို chat ကြည့်ပေါ့ . . chat ကြည့်တော့လည်း အဆိုတော်မျိုးကြီးပဲ . .{ ဟုတ် } .. အဲ့ဒါမသိတဲ့ လူတွေနေလိမ့်မယ် တကယ်တော့ . .အဲ့ဒါ အိုင်စီ က အဆိုတော် ကိုမျိုးကြီးအကောင့်မဟုတ်ပါဘူး . . ဒီလူက . .သူ ့ကိုသူ မျိုးကြီးပါဆိုပြီး . . အမျိုးမျိုးပြောတယ် . . ပြီးတော့ ဆိုးတာ က . . သူ ့ဂျီတော့ခ် အကောင့်မှာ . status မှာ မဟုတ်တာတွေ အကုန်တင်တယ် . .မဟုတ်တာတွေဆိုတာ . . ဟို ကာမ ကိစ္စမဟုတ်သေးပါဘူး . .သူက . . သူ ့ကို သူ မျိုးကြီး ပုံစံ မျိုးလည်းဖြစ်အောင် . . လူတွေလည်း စိတ်ဝင် စားအောင် ဆိုပြီး မဟုတ်က ဟုတ်က စာသားတွေတင်တယ် .. တချို ့က မျိုးကြီး ကအဲ့လိုလားတွေဖြစ်ကုန်ပြီ ..သူ ့status messageတွေကို ဥပမာ ပြောရရင်…….
***mgmyogyi.ic: ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရုပ်ရှင်ရိုက်မယ့်အစား ဗုဒ္ဒမြတ်စွာဘုရားအကြောင်းကို ရုပ်ရှင်ရိုက်ကြပါလား။ ကမ္ဘာတောင်ကျော်သွားဦးမယ်။
******
******
mgmyogyi.ic: ကန်တော့ကန်တော့ ဗုဒ္ဒအကြောင်းကိုရုပ်ရှင်ရိုက်ရင် ဘုရားနေရမှာ အကြည်ညိုဆုံးကောင်းတဲ့ လူကိုပဲထည့်သင့်တယ်။
*******
mgmyogyi.ic: လူတွေများ ကိုယ့်အားထားရာ ဗုဒ္ဒမြတ်စွာဘုရားအကြောင်းကိုတော့ ရုပ်ရှင်မရိုက်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ဖြစ်နေကြတယ်။
*******
mgmyogyi.ic: ဗုဒ္ဒအကြောင်းကို ရုပ်ရှင်ရိုက်ရင် ဗိမိသာရမင်းကြီးနေရာမှာ ညွန် ့ဝင်းကိုထည့်ရမယ်။ အဇာသသတ်နေရာမှာ ဖိုးကျော်ကိုထည့်ရမယ်။
***********

အဲ့လိုမျိုးတွေတင်တယ်ဒါက ဥပမာပြတာ . . ကျနော် ့အသိ သူငယ်ချင်းတွေက မျိုးကြီးထင်ပြီး
add ထားကြတာ . .ဒီစာတွေလည်းမြင်ရော မျိုးကြီးက အဲ့လိုပါလား တဲ့ . .
ကျနော်တို ့ အားကျ သဘောကျ ကြိုက်နှစ် သက်တဲ့ အဆိုတော် မျိုးကြီး တော့ ကွိုင်ပြီ. .
ဘယ်ကလူမှန်းလည်း မသိ . . တော်တော် များများ သူ ့အကောင့်ထဲမှာရှိပါလိမ့်မယ် . .
ဒီလိုကို နဲနဲလေးတော ့ . . အကျိုးအကြောင်းပြောသင့်ပါတယ် .. တော်တော် ဆိုးနေပါပြီ
ကျေးဇူးပြုပြီး .. မျိုးကြီးကိုကြိုက် နှစ်သက်သူတိုင်း . . ဝိုင်းဝန်းကန် ့ကွက်မှု လုပ်ကြပါ ဒါမှမဟုတ်ရင် ဘယ်လို လုပ်သင့်ပါသလဲအကြံပြုပေးစေလိုပါတယ်။
*************************************************
(မေးလ်ထဲမှသူငယ်ချင်း၏ ခံစားချက်ကို ခံစားချက်ချင်းထပ်တူဖြစ်၍ ပြန်၍ဖော်ပြလိုက်ပါတယ်။MG ရွာသူားများ၏ တန်ဖိုးရှိလေးစားရသော ကွန်မန် ့များအားမျှောလင့်လျှက်ပါ။

9 comments

  • water-melon

    February 8, 2012 at 10:13 pm

    celebrity နဲ့ပက်သတ်ပြီးတော့ ဘာမှတော့မပြောချင်ပါဘူး
    မျိုးကြီးအကောင့်မှ မဟုတ်ပါဘူး
    တစ်ခြားမင်းသမီးမင်းသားအဆိုတော်တွေကို ခုတုံးလုပ်ပြီး ရိုက်စားပတ်စားလုပ်နေတာတွေမနည်းပါဘူး
    ဝိုင်းဝန်းပြီးကန် ့ကွက်ရအောင်လည်း လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ်တောင် ယားလို့မကုတ်အားသေးတော့ ဖြစ်နိုင်မယ်မထင်။
    စိတ်ရှုပ်မခံပါနဲ့ဗျာ
    တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး 😀

  • ဟုတ်ပါတယ်ဗျ ကိုဖရဲရေ။
    အဲဒါအမှန်ပါဘဲ။တစိချို ့ဆို မင်းသမီးနာမည်တွေနဲ ့ဆိုတော့
    ခက်သားလားဗျာ။

  • chityimhtoo

    February 9, 2012 at 7:23 am

    သူကိုယ်တိုင်ပါဘဲဗျအဲ့ဒါ။သူနဲ့သိတဲ့ဆွေမျိုးအကြောင်းမေးကြည့်တဲ့အခါမှာ အသေအချာဘဲ။mgmyogyi.ic@gmail.com ဆိုတာကိုမျိုးကြီးဘဲချက်တာပါ။သူ့ဂျီတော့မှာအဲ့လိုမျိုး
    တွေအမြဲတင်တတ်တယ်။

  • inz@ghi

    February 9, 2012 at 7:55 am

    မျိုးကြီး ဆိုလို့ နည်းနည်း ဝင်ပွားလိုက်ဦးမယ်…
    ဒီသီချင်းက ဆင်ကျားပူ နေရှင်နယ်လ်ဒေး ဆောင်းဂ် ဆို…
    သိသူများ ပြောပြပေးပါဦးဗျာ..

    http://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=1&ved=0CB4QtwIwAA&url=http%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3D_hH1XsEaOEY&ei=ix8zT7bzJNHjmAWu5qXRBQ&usg=AFQjCNH67OZnP5BnB03kDDaiBkJ-qhTShw&sig2=p0eMrHIz2dYwPZwyjwX5GA

  • ကြောင်ကြီး

    February 9, 2012 at 9:01 am

    သူ့စိတ်ထဲရှိရာ ရေးတာ၊ ဘာသာတရားကို မရှုံ့ချမစော်ကားရင် ပြီးတာပဲ။ ဆီလီဘရစ်တီတယောက်အနေနဲ့ အင်တာနက်ခေတ်မှာ ထိခိုက်ရှလွယ်တာ သိထားဖို့တော့လိုမယ်။ မင်းမော်ကွန်း တက်တူးပုံတက်လာလို့ အဆော်ခံရသလိုပေါ့။
    အိုင်စီလို နိုင်ငံထိပ်တန်းတေးဂီတ အဖွဲ့တခုအနေနဲ့ ကိုယ်ပိုင်ဒိုမိန်းဝယ်ထားဖို့ကောင်းပြီ။ ဒါမှ အဖွဲ့သားတဦးချင်းစီအတွက် တရားဝင် အီးမေးလ်ကိုယ်ပိုင် ရှိပါမယ်။ အဆက်အသွယ်လုပ်သူများ အနေနဲ့လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါလိမ့်မယ်။ လုပ်ငန်းတဲ့ဆိုင်တဲ့အကောင့်၊ ပတ်ဗလစ်အကောင့်၊ ပရိုက်ဗိတ်အကောင့်ဆိုပြီး သုံးလေးခုစီ ခွဲထားပါ။ အီးမေးနောက်မှာ တွဲပါနေတဲ့ ဒိုမိန်းနာမည်ကို ကြည့်ချင်းအားဖြင့် ဘယ်ကလာတယ်ဆိုတာ ချက်ခြင်းသိနိုင်ပါတယ်။ ရာဟူး၊ ဂျီမေးလ်တို့ဆိုတာ လူတိုင်းသုံးနိုင်လို့ သိပ်အလေးအနက် မထားပါနဲ့။ အတွေ့အကြုံ မရှိသူများကို လိမ်တဲ့အခါ အဲသလိုပဲ အများသုံး ဒိုမိန်းရှေ့မှာ ဘဏ်နာမည်၊ ဌာနအမည် သုံးပြီး ငွေတောင်း၊ အင်မော်မေးရှင်းတောင် လုပ်တတ်တယ်။

  • စိန်ပေါက်ပေါက်

    February 9, 2012 at 11:13 am

    ကြုံလို ့ပြောရဦးမယ်
    စိန်ပေါက်ပေါက် အဒ် ဂျီမေးလ် ဒေါ့ကွန်းလုပ်ပြီး
    စီမက်ဆေ့မှာ သဂျီးတူမ နာနဲ ့ရ..တူမမရရင် တူလေးရ ဆိုပြီး ပေါက်ကရလျှောက်ရေးနေကြရင် မယုံကြပါနဲ ့
    ဒေါ်စိန်လပေါက်ဟာ အပြိုလဂျီးဖြစ်ပါတယ်..မယုံကြပါနဲ ့..ယုံကြပါနဲ ့

  • ကိုချစ်ရင်ထူးရေ….တကယ်ဟုတ်ရဲ့လားဗျ။ဟုတ်မယ်ဆိုရင်တော့ နည်းနည်းတော့
    စိတ်မကောင်းဖြစ်မိပါတယ်။
    ကိုအင်ဇာဂီ………မေးထားတဲ့ နေရှင်နယ် သီချင်းအကြောင်းကို ကျနော်ကမသိပေမယ့်၊
    သိသူများဖြေပေးစေလိုပါတယ်။ကျေးဇူးပါဗျာ။
    ကိုကြောင်ကြီး…….ကိုယ်ပိုင်. Domain တစ်ခုပိုင်ဆိုင်သင့်ကြောင်း အိုင်စီအဖွဲ ့ကို
    အကြံပြုပေးတဲ့အတွက် လေးစားရပါကြောင်းဗျ။
    ကိုစိန်ပေါက်ပေါက်…..ဘယ်တုန်းက အသွင်ပြောင်းသွားတာလဲဗျ။စ လိုက်တာပါနော်။
    စိတ်မဆိုးကြေးပါ။လူပျိုကြီးပေါ့……..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 2:50 pm

    မျိုးကြီးကခရစ်ယာန်ဘာသာဝင်ပါ အဲဒီလိုတော့ဘာသာရေးထိခိုက်ပြီးမပြောလောက်ပါဘူး။
    တစ်ယောက်ယောက်လက်သရမ်းတာဖြစ်ပါလိမ့်မယ်။

Leave a Reply