007JamesAugust 2, 20111min70125
ကျွန်တော် 007 ဧ။် ပထမဆုံးသော postဖြစ်ပြီး လိုအပ်ချက်များရှိပါက အကြံဉာဏ်ပေးကြပါရန်နှင့် လွန်ခဲ့သော (၁၅)နှစ်က အဖြစ်အပျက်လေးအတွက် ဒီနေရာမှ တောင်းပန်ရခြင်းဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ကျွန်တော့အမေ နှလုံးရောဂါနဲ့ ရန်ကုန်မှာဆေးရုံတက်ပါတယ်။ကျွန်တော်(၁၀)တန်းပေါ့။ မိတ္ထီလာကနေ ရန်ကုန်ကို အဖေနဲ့ကျွန်တော် ခဏခဏ သွားရတယ်။ စာမေးပွဲဖြေကာနီး တခေါက်အပြန်မှာဖြစ်တာပါ။အဲဒိနေ့က ရန်ကုန်ကနေ ည(၇)နာရီရထားနဲ့မိတ္ထီလာကို အပြန်မှာပါ။ ခုံက ရိုးရိုးတန်း အိမ်သာနားကပ်ရက်ခုံ။ တံခါးကလဲ အသံတအားမြည်နေတာ။ အနံကလဲဆိုးပေါ့။ ပဲခူးကို ည(၉း၃၀)လောက်ရောက်ပြီးပြန်အထွက်မှာ ကျွန်တော်က အိမ်သာတံခါးကို ထပိတ်ထားလိုက်တယ်။ အထဲလူရှိမရှိ မကြည်မိဘူး။ လမ်းတလျျောက် အိမ်သာတက်တဲ့လူတစ်ယောက်မှ မရှိဘူး။ တံခါးကလဲ တဂျုံးဂျုံးမြည်လို့ပေါ့။ ည(၁၂)နာရီလောက် တောင်ငူဘူတာမှာ ရထားခဏ ရပ်တော့လဲ အသံကမြည်တုံးပဲ။ တောင်ငူဘူတာကနေ ရထားထွက်ပြီး ခဏနေတော့ အဖွားကြီးတယောက် အီမ်သာထတက်တာမှာ […]