အဖြစ်ကတော့ ဒီလိုပါခင်ဗျာ… တစ်နေ့ မှာ ရန်ကုန်သားလူရိုးလေး ကို ဖွေးဖွေး နဲ့ မိုးယုစံ တို့က Sedona မှာသွားစားကြမယ် (မုန့်ကိုပြောတာနော်…) ဆိုပြီး အတင်းလာခေါ်လို့ အားနာနာ နဲ့ လိုက်သွားခဲ့ရပါတယ်။  စားပြီးလို့ ပိုက်ဆံရှင်းတော့ ၇၅ကျပ်(FEC နော်) ကျပါတယ်။ အဲဒီမှာ ဖွေးဖွေး နဲ့ မိုးယုစံ က ရန်ကုန်သားလူရိုးလေး ကို သူကျွေးမယ် ငါကျွေးမယ်ဆိုပြီး (ရှင်းရပြန်ပြီ…မုန့်နော်…မုန့်…) ငြင်းနေကြတာ နဲ့ တစ်ယောက် ၂၅ကျပ် စီ သုံးယောက် အတူတူ ရှင်းမယ်လို့  ရန်ကုန်သားလေးက ဆုံးဖြတ်ပေးလိုက် ပါတယ်။ သိပ်မကျေနပ် ပေမဲ့လည်း ရန်ကုန်သားလေး ရဲ့ စကားကို မလွန်ဆန်နိုင်ကြတာကြောင့် (သည်းခံဖတ်ပေါ့ဗျာ…ဟဲ…ဟဲ…)  ပိုက်ဆံကို ၂၅ကျပ် စီ သုံးယောက် […]


မနေ့ က ပုံ ကျန် သွား လို့ တင် ပေးလိုက်ပါတယ်။    ယုံတဲ့ သူ ရှိ သလို မယုံတဲ့ သူလည်း ရှိမှာပါ။    ကျွန်တော် ကတော့ သတင်း အဖြစ် တင် ပေး ထားတာ ပါ။       ကိုယ့် ရွာကလူတွေ သူများ ပြော ရင် မသိဘဲ နေမှာစိုး လို့ စေတနာ နဲ့ ပါ။     ကြိုက်သလို သဘော ထား ကွဲလွဲ နိုင် ပါ တယ်။    ရွာသား အပေါင်း ကျန်းမာ ချမ်းသာ ကြပါစေ။


အရင် အပတ် နဲ့ ဒီတစ်ပတ် ထုတ် Oasis ဂျာနယ် ထဲက အကြောင်းလေးပါ။  Oasis ဂျာနယ်က သတင်းထောက် မဂျူလိုင်မိုး ကိုယ်တိုင် ပင်ပင်ပန်းပန်း နဲ့ လိုက်ထားတဲ့  သတင်း ပါ။  ကလေးလေး နေတဲ့နေရာက  ရန်ကုန် နဲ့မိုင်၅၀ဝကျော်လောက်ဝေးပါတယ်။ စစ်ကိုင်းတိုင်း အရာတော်မြို့ ကနေ နောင်ကြီးအိုင်လမ်းကြောင်းအတိုင်း ၈ မိုင်လောက် ဆက်သွားရင် ရှားကုန်း ဆိုတဲ့ ရွာလေးကိုရောက်ပါတယ် ။ အဲဒီကနေ နောက်ထက် ၈မိုင်လောက်ဆက် သွားရင် သူနေတဲ့ ဖုတ်ထန်းတော(ဖုတ်ထတော) ရွာလေးကိုရောက်ပါတယ်။ ကလေးက မိဘနှစ်ပါး၊ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် နဲ့အတူ ရွာပြင်လယ်တောထဲက တဲလေးမှာနေပါတယ်။ကလေး နာမည်က မောင်သူရကျော် ပါ။  မဂျူလိုင်မိုး တို့ရောက်သွားတဲ့အခါ လာကြည့်တဲ့သူတွေတဖြေးဖြေးများလာပြီး ကလေးက […]


ယနေ့ နေ့လည် ၁ နာရီခန့်က အားအားယားယား လူငယ် တစ်သိုက် ရှမ်း၉မီးရိုက်ကြရာ   အနည်းငယ် မူးနေသူ လူငယ်တစ်ဦးမှာ  ၁ကိုပွတ်လျှင်ကုလားတက်ခြင်း ၊ ၈(သို့)၉ကိုပွတ် ပြီး ကုလားမျှော်လျှင် ၂၊၃ တို့သာလာပြီး ကုလားပျောက်နေခြင်း၊ ၁ဝနှင့်ဆွဲလျှင်ကုလားတက်ခြင်း၊ အပွင့်တူလျှင် ဒိုင်က ကုလားဖြင့် ပါဝါသာပြီး အစားခံရခြင်း တို့ ကြိမ်ဖန် များစွာဖြစ် ပြီး သကာလတွင် ဒေါသများပွင့်အံပြီး   ဖဲထုပ်ထဲမှ ကုလားများအား သီးသန့် ရွေးပြီးမီးရှိ့ လိုက်ပါကြောင်း… နောက်ဆက်တွဲသတင်း ဖဲထုပ် အသစ်နှင့် ဆက် play ကြရာ ထို သူငယ် bank ပေါက်သွားပါသည်။