အညာတမာAugust 20, 20121min18515
၂၀၀၄ ခုနှစ် ဧပြီလထုတ် Reader Digest မဂ္ဂဇင်း၏ စာမျက်နှာ ၁၁ရ တွင် နိုင်ငံများ၏ တရားဝင်အမည်များနှင့်ယှဉ်၍ ကမာ္ဘကရှေးယခင်ကပင် သိထားပြီး အမည်များကို ဖော်ပြထားပါသည်။ ဖော်ပြထားသောနိုင်ငံများမှာ….. တရားဝင်အမည်                             ကမာ္ဘကသိနှင့်ပြီးသောအမည် (၁)     EllasGreece (၂)     Shqiperia                                    Alvania (၃)     Al-Maghriba-Aqsa                         Morocco (၄)     Zhong Guo                                 China (၅)     Suomi                                        Finland (၆)     Konunggariket Sverige                  Sweden (၇)     Bharat                                       India (၈)     Magyarorszag                             Hungary (၉)     Swweiz                                                Switzerland (၁၀)    Nihou (Nipou)                             Japan (၁၁)    Deutseh Land                              Germany (၁၂)    […]


အညာတမာJuly 15, 20121min29424
ကျတော်တို့အညာဒေသမှာရှိတဲ့ အထူးသဖြင့် ရွာတွေမှာနေထိုင်တဲ့ လူတွေဟာ အေးအေးလူလူနေတတ်ကျတယ်၊ ဧည့်ဝတ်ကျေပြွန်တယ်၊ ဖော်ရွှေတယ်၊ ရိုးသားကြတယ်။ တကယ်တော့ ရိုးသားလွန်းအားကြီးရင် “အ” သလို ဖြစ်သွားတတ်တယ် ဆိုတာကို သူတို့ဘဝရဲ့ အဘိဓာန်မှာ မပါတဲ့ မီးနင်း (meaning) ပါ။ ဒါကြောင့် ကျတော်တို့ အညာသူ၊ အညာသား တွေဟာ  ရိုးသားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ပေါ်မှာ ဘဝ တလျှောက် ကြောင့်ကျမူကင်းစွာ နေထိုင်ခဲ့ကြတယ်။ ကျတော်တို့ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ခေါင်သလားမမေးနဲ့ လကမာ္ဘကို တိုက်ရိုက်သွားနိုင်ပေမယ့် ရန်ကုန်ကနေ ရွာကို ရောက်ဖို့ဆိုရင် ကား၊ သဘောင်္၊ နွားလှည်း ပြီးရင် ခြေလျှင်ပါ လျှောက်နိုင်မှ ရွာကို ရောက်တယ်။ အဲဒီလောက် ခေါင်းပါးတော့ တစ်ခုခုဆိုရင် ကျတော်တို့ ရွာသူ၊ ရွာသားတွေအတွက် အသစ်အဆန်းဖြစ်ရတယ်။ ကျတော်မှတ်မိနေသေးတယ်၊ […]


အညာတမာJuly 2, 20121min30117
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ထူးခြားဖြစ်ရပ်များဆိုတာကတော့ တခြားအရာတွေ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ရေးသားဖော်ပြကျတဲ့ အင်တာနက်စာမျက်နှာများ၊ Facebook များ၊ ဖော်ဝပ်မေးလ်များ၊ ပြည်တွင်းသတင်းဂျာနယ်များ တွင် ကျတော်ဖတ်ခဲ့သမျှတွေထဲမှ ထူးခြားမူ (ထူးခြားမူဟုထင်သောကိုယ်ပိုင်အယူအဆ) ဟု ဆိုနိုင်မည့်ဖြစ်စဉ်များ ကို ပြန်လည်ကောက်နူတ် တင်ပြခြင်းဖြစ်ပါသည်။ ကျတော် ကောက်နူတ်တင်ပြသောအရာများထက် လေးနက်သော၊ အဓိပ္ပါယ်ပြည့်ဝသောအရာများ ဤခရီးစဉ်တွင် မရေ တွက်နိုင်အောင် များပြားနေမယ်ဆိုတာ ကျတော်အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ ၁။ ၂၄ နှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်ဟာ ဒုတိယအကြိမ် နိုင်ငံခြားခရီးစဉ် ဖြစ်ခြင်း။ ပထမတစ်ကြိမ်နိုင်ငံခြားခရီးစဉ်ကတော့ ထိုင်းနိုင်ငံပါ။ ဇွန်လဆန်းက ကျင်းပခဲ့တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ညီလာခံတက်ရောက်ခြင်းပါ။ ၂။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၃ ရက် နိုဝင်ဘာလ ၂၀၁ဝ တွင်နေအိမ်အကျယ်ချုပ်မှ […]


အညာတမာJune 17, 20121min26819
ယနေ့ လက်ရှိပြောင်းလဲနေတဲ့ မြန်မာ့နိိုင်ငံရေးအပေါ် နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းမဟုတ်သော အသင်းအဖွဲ့များ၊ ထင်ရှားကျော်ကြားသောလူပုဂ္ဂိုလ်များ…စသော.. စသော နယ်ပယ်စုံအသီးသီးမှ အပြုသဘောဆောင်သော၊ အကောင်းမြင်သော ကြိုဆိုမူများကို တွေ့ရ၊ မြင်ရ၊ ကြားနေရပါတယ်။ နိုင်ငံပိုင်သတင်းစာများ၊ ပြည်တွင်းရှိ မြန်မာဂျာနယ်များတွင်လည်း ဤနိုင်ငံရေး အပြောင်းအလဲအပေါ် နိုင်ငံတကာမှ အသိအမှတ်ပြုမူများကို အလေးပေး ရေးသားလာတာကို တွေ့နေရပါတယ်။ တစ်ချို့ကလည်း ဤပြောင်းလဲမူသည် နှေးကွေးလွန်းသည်ဟု ဝေဖန်နေပေမဲ့ အပြုသဘောဆောင်သော လက်ခံမူများကိုတွေ့နေရပါတယ်။ တစ်နှစ်သားကျော်ကျော်သာရှိသေးသော မြန်မာ့နိိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းအပေါ် ဂျပန်နိုင်ငံရဲ့ တုန့်ပြန်မူကိုတော့ လေးစားရမည်ဟုပြောလိုပါသည်။ ကဲ…ကြည့်ရအောင် ဘာကြောင့်လေးစားစရာ ကောင်းရတာလဲ။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးရန်ရှိသော ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၂၃.၂၉၈ (Over 11 […]


အညာတမာMay 30, 20121min29023
ကျတော်ကြုံတွေ့ခဲ့တာလေးကို ရွာထဲမှာ မျှဝေ ဆွေးနွေးခွင့်ပြုပါ။ ပြီးခဲ့တဲ့ရက် ၁၉-၀၅-၁၂ တုန်းက အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်မူဇုန် စီမံခန့်ခွဲရေးရုံး၊ ကနောင်ခန်းမမှာ ကျတော်သွားတက်ခဲ့ရပါတယ်။ ဆွေးနွေးပွဲက နှစ်ပိုင်းခွဲဆွေးနွေးတာ ဖြစ်ပါတယ်။ မနက်ပိုင်းက အလုပ်ရှင်နှင့်စီမံခန့်ခွဲသူ၊ ညနေပိုင်းက အလုပ်သမားတွေနဲ့ သီးသန့် ခွဲဆွေးနွေးတာပါ။ ကျတော်ကမနက်ပိုင်းတက်ခဲ့ရတာပါ။ ကျတော်လည်း တွေ့ဆုံဆွေးနွေးပွဲ မစမှီ ၁ဝ မိနစ်အလိုလောက် ခန်းမကို ရောက်သွားခဲ့ပါတယ်။ ကျတော်ရောက်သွားတော့ လူတွေ တော်တော်စုံနေပါပြီ။ တစ်ချို့က တူညီဝတ်စုံ၊ တစ်ချို့က မြန်မာတိုက်ပုံနဲ့လုံချည်၊ တစ်ချို့ကတော့ အဆင်ပြေရာဝတ်စုံ အမျိုးမျိုး အရောင်အသွေးအစုံပါပဲ။ အဲဒီမှာ ကျတော်ချက်ချင်း သတိထားမိတာကတော့ အရောင်အသွေးအစုံတဲ့ ဝတ်စားဆင်ယဉ်မူ မဟုတ်ပဲ လူတိုင်း၊ ကျား၊ မ မရွှေး လက်ကိုင်ဖုန်းကိုယ်စီနဲ့ဆိုတာပဲ၊ တစ်ချို့ကခါးမှာချိတ်လို့၊ တစ်ချို့ကလက်ကကိုင်လို့၊ […]


အညာတမာApril 22, 20121min15012
ရွာထဲကိုမရောက်ဖြစ်တာလည်း ၂ ပတ်လောက်ရှိပြီ။ တိတိကျကျပြောရရင်တော့ သင်္ကြန်ရုံးပိတ်ရက်တွေ စကတည်းက ဆိုပါစို့။ ဒါကြောင့်မို့ သဂျီးခဗျာင်္း ဒီပို့စ်ဟာ တစ်ခြားးလူတွေ ရေးပြီးသားဆိုရင်တော့ Discard လုပ်ပေးပါခဗျားင်္။ သေချာတာကတော့ ကော်ပီပေ့စ် မဟုတ်ရပါဘူး။ ကျွန်တော်သိထားသမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး စဉ်းစားရေးထားခြင်းဖြစ်ပါတယ်။ သတင်းတွေအရတော့ ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွှေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေဟာ ၂၃ ဧပြီ ၂၀၁၂ တနလာင်္နေ့ကစပြီး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။ (ဒါပေမယ့် NLD ပါတီရုံးချုပ်တွင် ဧပြီလ ၂ဝ ရက်နေ့ နေ့ လည်ပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းမည့် လွှတ်တော်အစည်းအဝေးများသို့ NLD မတက်ရောက်ရန် ရာခိုင်နူန်းပိုများကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ […]


အညာတမာMarch 20, 20121min18911
NLD မှလွှတ်တော်ကိုယ်စားလှယ်များ ဂေဇက်မှ ရွာသူ / သားများအတွက် NLD မှလွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို တစ်စုတစ်ဝေးတည်း ကြည့်ရူနှိင်ရန်အတွက် ဒီပို့စ်လေးကိုတင်လိုက်ရတာပါ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွွှတ်တော်ကုိုယ်စားလှယ်များစာရင်း။ ၁. အမျိုုုုုုးသားလွွှတ်တော်ကုိုယ်စားလှယ်များစာရင်း။ ၁။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) Dr. မြင့်နိုင် ၂။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ***ဦးစောလှိုင်*** ၃။ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ဦးမင်းဦး ၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) ဦးအောင်ကြည်ညွန့် ၅။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) ဦးသိမ်းဆွေ ၆။ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) စိုင်းမြင့်မောင် ၂. […]


အညာတမာFebruary 21, 20121min20619
ကျွန်တော်ကတော့ မန်းလေးဂဇက်ကို မန်ဘာမဝင်ဘဲ ဖတ်ဖြစ်နေတာကြာပါပြီ။ အခုနောက်ပိုင်းတော့ မန်ဘာလုပ်ပြီး ဖတ်ဖြစ်ပါတယ်။ သူများတွေမန့်တာမြင်တော့ ကျွန်တော်လည်းမန့်ချင်လို့ မန်ဘာဝင်လိုက်တာ။ ခက်တာက ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကတော့ မြန်မာဖြစ်ပြီး မြန်လာလိုမရိုက်တက်ခြင်းပါ။ ဒါကြောင့် မတက်တခေါက် အင်္ဂလိပ်စာနဲ့ဘဲ မန့်ဖြစ်နေပါတယ်။ အင်္ဂလိပ်လို မန့်ရတာဆိုတော့ အခက်အခဲရှိတာပေါ့။ လိုရင်းကိုလဲ မရောက်ဘူးလေ။ မန်းလေးဂဇက်ကို ဖတ်ရပါများလာ၊ မန့်တာများလာတော့ နောက်ထပ်ပိုးတစ်မျိုးက ဝင်လာပြန်ရော။ မလန့်ပါနဲ့။အိပ်ချ်အိုင်ဗီပိုး မဟုတ်ပါဘူး။ကိုယ်ပိုင်ပို့(စ်) တင်ချင်တဲ့ပိုးပါ။ ဒါကြောင့် ဒီအကြောင်းအရာလေးကို ရေးဖြစ်တာပါ။ (စာရိုက်တာတော့ ကျွန်တော့ သားတော်မောင်ရဲ့ အစွမ်းပါ။) လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော်မူလတန်းတုန်းကပေါ့။ အဲဒီအဖြစ်အပျက်ကို ဒီနေ့အထိ မျက်စေ့ထဲ၊ ဦးနှောက်ထဲမှာ မြင်မိ၊မှတ်မိနေသေးတယ်။ ကျွန်တော်က အညာဒေသရဲ့ မြစ်တာဝေးရွာကပါ။ မေတ္တာမဟုတ်တဲ့ မြစ်တာပါ။ နိမ့်ရာမှမြင့်ရာကို စီးဆင်းတဲ့ […]