တောက ကိုရင်February 2, 20131min2399
13 မှာ… ဒီနေ့က ဘာနေ့လဲ… အဲဒီနေ့က ဘာနေ့လဲ… ဖေဖော်ဝါရီရဲ့ တစ်ဆယ့်သုံး ကိုးလလုံးလုံး ဝမ်းကြာတိုက်မှာအားမွေး နိုင်ငံရဲ့သမိုင်းသစ်ကိုရေးဖို့ လက်သီးလက်မောင်းတန်းပြီး စစ်မျက်နှာဖွင့် ကမ္ဘာမြေရဲ့ စင်မြင့်ပေါ် လူသားတစ်ယောက်ဖြစ်တည်မွေးဖွား ကဗ္ဗည်းတင်ရေးထိုးထားရတဲ့နေ့…။ တစ်ခဏတာ တစ်ဘဝမှာ တစ်ညတာတောင် ကောင်းကောင်းမအိပ်စက် သူ့တစ်သက်တာလုံး ရင်းနှီးပေးဆပ်ခဲ့တာ… မင်းတို့တွေ မေ့ထားသလား… မင်းတို့တွေ မေ့သွားသလား… သင်းတို့တွေ တွေ့သွားတဲ့တစ်နေ့ အထိတ်တလန့် အရှိန်ကောင်းနေတဲ့ ယန္တရားကြီး ရပ်တန့်ပစ်ခဲ့ရတာ ကြီးမြတ်တဲ့မဟာလူသား အဲဒီလူကို မွေးဖွားခဲ့တဲ့နေ့…။ အမေ့ခက်တဲ့ နေ့ရက်တွေက အလီလီ မနက်ဆီ ညဆီ လရာသီဘယ်မှာ ကာလရှည်ကြာ အလင်းကိုဖွေရှာလို့မတွေ့ အမှောင်တွေနဲ့ ပိတ်နေကြ ဘဝများ လောင်နေတဲ့စိတ်တွေက ခြစား ငါ့သားသမီးတွေ မြေးမြစ်တွေ တေးအစစ်တွေနဲ့ မချော့မြူနိုင်တဲ့ ကာလများ (သူကတော့) […]


တောက ကိုရင်February 2, 20131min701
ဝင်သက်ပူတုန်း အစချီ အချီအချညီ (နဘေညီ) ပိုဒ်စုံရတု ဝင်သက်ပူတုန်း ရင်ထက်နုံးချိ မင်သက်မိဆို ညဉ့်အိုစိတ်ကူး ပိပြိုဖူးခက် ငိုဘူးလျက်မှ ဆူးချက်ကနာ နက်လှပါပြီ မြွက်ဟသီကျူး ရည်စူးတေးသံ ရူးဆွေးပြန်မိ် စူးငေးထိရှ တွေးမိတလွမ်း ငြိမှကမ်းဖြို မြကျွမ်းဖိုလှိုက် ငိုရှိုက်သည်းကြွေ ပြိုခိုက်စေစား သိုရိုက်ထားစဉ် မှားမြင်ပင်ထက် နားချင်လျက်သား ငှက်ခါးတောင်ပံ ကြားယောင်ပြန်လျှင် နားထောင်ညင်သာ မြင်ပါလျက်မြူ ရင်မှာဆူအုံး ပူတုန်းဝင်သက် ခြွေနေလား…။ မြင်ခက်မြူဖုံး ကြင်သက်ဆုံးတိုင် ယှဉ်လျက်ထိုင်ငေး မှိုင်ဆွေးနှင်းဖြူ လှိုင်မွှေးကြူသို့ တွေးပူလို့လေ သူညှို့စေငြား ပျို့လေအားတင်း စို့စေညှင်းလျက်လင်းခက်ရီဝေ ထက်ဆီနေရောင် ပြက်မည်မှောင်ထွ­န်း သည်မြောင်ကျွန်းဝယ် သောင်ထွန်းမယ်ဆို ကွန်းငယ်ခိုဝင် လိုအင်ဖွင့်ဟ ငြိုငြင်တလှမ်း ထိုပင်တန်းမျှော် မှန်းရော်ရီငေး တမ်းဖော်ဝေးလှစ်­ ဆွေးရစ်ကာလေ သစ္စာခြွေမှ မေတ္တာခသွန်း လှလွန်းမွှေးကြူ […]


တောက ကိုရင်January 31, 20131min772
အသိမဲ့ခြင်း ငါချစ်ခဲ့တာတွေလည်း သဲထဲ ရေသွန် ငါ့ရဲ့ နိစ္စဓူဝဖြစ်တည်မှုက အစ္ဇျတ အလွန်…။ သမရိုးမကျတဲ့ နှလုံးသားနွံအိုင်ထဲ အတ္တတွေနဲ့ လွန်ဆွဲခဲ့ပြီးသည့်နောက် အသိတွေ ပျောက် နေ့နဲ့ည ချောက်ချား အာရုံတွေ မှောက်မှားလို့ ကိုယ့်ကိုယ်ကို ပြန်ကြောက်သွားရတဲ့ အထီးကျန် အကျည်းတန်ငိုပွဲမှာ မျက်ရည်တွေကို ရုပ်သိမ်းပေးလို­က်ရသလိုမျိုး မျိုးပွားဆဲလ်တစ်ခုရဲ့ ပူလောင်မှုက ရင်ဘတ်ထဲမှာ သန္ဓေတည်ပြီး တစ်ကိုယ်လုံး ပျံ့နှံ့မွေးဖွား သွေးသားတွေ သောင်းကျန်းပြီးမှ ရေပုပ်မြောင်းမှာ တအိအိပြိုကျပျော­­က်ကွယ်သွားတဲ့ တမံကန်သင်းလိုပေါ့ ခြေလှမ်းတွေကျွံလွန်နေသလား ခြေလှမ်းတွေကျဲ လွဲနေသလား ခြေလှမ်းကျယ်ကျယ် လှမ်းသွားပြီးမှ နစ်မွန်းခြင်းရဲ့ ရသကို ခုံမင်လို့ မျက်နှာလွှဲပြီး ညတွေကို တွန်းလှန်နေရသလိ­­ု သောက ကွန်ယက် ကြက်ခြေခတ်တွေ မြင်တိုင်း ရိုင်းစိုင်း ခက်ထန် မုန်တိုင်းတွေ ထန် ဒေါမာန်တွေ […]


တောက ကိုရင်January 29, 20131min710
မေတကယ်ချစ်ရင် မေတကယ် ချစ်ရင်လေ တွယ်ရစ်ငင် ဆယ်နေကဲသော်လည်း ရင်ထဲမယ် လမင်းသာလို့ ညခင်းပမာ အေးမြမယ်လေ…။ မေ့စကားတွေ ဗွေမယူပါကွယ့် နွေဆူရာအရပ်မှာ မောင်ပြုံးပျော် ကန္တာသော်မှ မောင်ဖြတ်ရစေ အားပေးနေ မေ့အသံတွေကြားလိ­­ု့ နေ့ညမနား မောင်လှမ်းမယ်လေ…။ အမှောင်လမ်းတွေ တားဆီးစေတော့ သောင်ကမ်းဖွေ ပင်လယ်ပြင်ထဲ ရဲရဲဝံ့ဝံ့ လက်ပစ်ကူးလို့ မောင် ဒူးမညွတ်ပါမေ…။ မေသိစေ တောမြိုင်စုံထဲ သားဆိုးကျားရဲ ပေါပါစေ ဆူးခင်းနေ သည်ခရောင်းတော မောင် မမောတမ်း လျှောက်မယ်လေ…။ ထက်ဝဠာဘွေ မိုးစွေထစ်ချုန်း မိုးကြိုင်းမုန်တိုင်း လေပြင်းရိုင်းတောင် ဆင်ခြေတွေ မောင်မပေး လွင်တီးခေါင်ထဲ မောင်စတေးရစေ…။ ယောင်ငေးပါ့မယ် လျှပ်စီးဖြိုးဝေ ရတက်မီးခိုးခြွေ မေမသိအောင် နေပါ့မယ်လေ…။ မေလည်းလေ မောင့်သစ္စာ ကတိစကား အမြဲကြားယောင် နားဆင်ပါလေ မောင်ပြန်ချိန် […]


တောက ကိုရင်January 29, 20131min540
သဗ္ဗေသတ္တာ မင်းတို့တောင်းသမျှလည်း ငါမပေး မင်းတို့ ပေးသမျှလည်း ငါ မယူ ငါ့ဘာသာ တစ်ယောက်တည်း ငါ့စံနဲ့ငါ လူဖြစ်လာတာ…။ မင်းတို့ရဲ့ စွပ်စွဲချက်တွေအောက်မှာ ငါ မနေဘူး မင်းတို့ရဲ့ မြှောက်ပင့်ခြင်းပေါ်မှာလည်း ငါ မထိုင်ဘူး စိတ်ဓါတ်တွေက အခြေခိုင်ပြီးသား ယိုင်နဲ့အောင် လာမပြုစားကြနဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေ ရှားပါးလွန်းပါတယ်…။ မင်းတို့ရဲ့ သတ်မှတ်ချက်တွေန­­ဲ့ ငါ့ကိုလာပြီး မပညတ်နဲ့ မင်းတို့ရဲ့ နားလည်ပေးမှုကို ငါ မတောင်းဘူး နားလည်မှုမရှိဘူးရယ်လို့လည်း ငါ့ကိုလာပြီး မသမုတ်နဲ့ ငါ့ရဲ့ သင်ရိုးညွှန်းတမ်းမှာ ငါ့မာတိကာတွေကို ငါ့ဘာသာ ပြဌာန်းပြီးသား…။ မင်းတို့တွေလာပြီး လေ့လာတီးခေါက်ရအောင် ကမ္ဗည်းတင်ထားတဲ့ကျောက်စာလည်း မဟုတ် မှတ်ကျောက်လည်း တင်ကြည့်စရာမလို သက်သေပြချက်တွေကိုလည်း ငါ မုန်းတီးပြီးသား…။ သမိုင်းတွင် မတွင် အရိုင်းထင် မထင် […]


တောက ကိုရင်January 26, 20131min983
လူရွှင်တော် လူရွှင်တော်ပြယုဂ်နဲ့ ဟာသတွေ လုပ်ပြတတ်တယ် ငါ့ကိုယ်ငါ ယူဆချက်က အရူးတစ်ယောက်လို မနက်ဖန်ကို သေနေ့ထား ညတာက ရှည်လျားရန်ကော ဘယ်အချိန်မှာ ကမ္ဘာပျက်မလဲ ငါ့ရဲ့ လက်ကျန်ဘဝထဲမှာ အားလုံးကို ပျော်တော်ဆက်သွားမယ် နောက်ဆုံးထွက်သက်မတိုင်ခင်လေး နှေးနေတဲ့ အချိန်နာရီတွေအစား သက္ကရာဇ်တွေကို အားနာမိတယ် နိဒါန်းမှာ စခဲ့ရလည်း နိဂုံးအတွက် ဆုံးဖြတ်ချက်တွေမခိုင်မာခင် အနိုင်ကိုသာ မင်တတ်တဲ့ လူတွေအကြောင်း စာလုံးပေါင်းကြည­­့် သန်းခေါင်ထက် ညဉ့်နက်တာ အရုဏ်မှာလေ…။ အလင်းရောင်မလာခင်အချိန်က အမှောင်ဆုံးဆို… နှောင်ထုံးတွေ မဖြည်ချင်တော့ဘူး တစ်ပင်ခုတ်ပြီး တစ်ပင်စိုက် အဲဒီလို လက်စားချေခြင်းမျိုးနဲ့တော့ ငါ့နှုတ်ခမ်းတွေ မမဲ့တော့ဘူး နေက ဘယ်လောက်မြင့်မြင့် အမြင့်ဆုံးထက်တော့ ပိုပြီးမမြင့်နိုင်ဘူးလေ… အရူးတွေ .. အရူးတွေ အရူးအချင်းချင်း တမူးပိုသာသွားတာ ရင်နာဖို့ မကောင်းဘူးလား လကွယ်တာကို […]


တောက ကိုရင်January 25, 20131min854
သစ္စာရင် နေမြင့်ပြီ…ခင­­် အရူးရင့်ပြီ ထင်ပါသလား ရင်ကြားက စိမ့်ထွက် လိမ့်တက်လာသည့် သည်းခြေရည် ခါး….။ မျက်နှာထားကို ပလီ သစ္စာတရားတွေ ဘယ်ဆီမှာ တွယ်မှီရာ ရင်ရပ်ဝန်း မျက်ရည်နဲ့ သွန်း…။ တောင်စွန်းမှာ နေမကွယ်ခင် ရွှေဓါးကိုလွယ်ဖို့ပြင်မှ ဆည်းဆာအလှကို တပ်မက် လှည့်ထွက်ကျောခိုင်း မုန်တိုင်းရင်ခွင်…။ မှုန်မှိုင်းနေ လွင်ပြင်ထဲ ရင်ကွဲပက်လက် လမ်းဆုံမှ ခွဲထွက် တွဲလက်ကို ဖြုတ်စေ…။ ကာလတွေ ဘယ်လိုပြောင်း ရာသီတွေ ဘယ်လိုနှောင်း အကြောင်းကံ အကျိုးမမှန်ခဲ့ခြင်းမှာ အရိုးခံအချစ် အငြိုးဒဏ်သင့်လို့လေ တွေဝေရာအရပ် ဝေဒနာ ထပ်…။ လျှပ်ပြက်တာကို မမြင် ကန့်လန့်ကာ ရင်တစ်ခြမ်း မမြင်ကန်းလို့ ရင်နွမ်းလောင်မြိုက် အမှောင်တိုက်အတွင်း လောင်တိုက်သွင်း မှောင်မိုက်ခြင်း လမ်းမထက်မှာ…။ တွေ..ဝေ..မူး.. ရူးချင်ရူး မိုက်ချင်မိုက် […]


တောက ကိုရင်January 25, 20131min934
သစ္စာရှင် အပင်မြင့်သလား ခင် ရင်နှင့်ဖြားယောင်း အချစ်ကို ခါးစောင်းမှာတင်…။ နေညိုရင် ဆည်းဆာလှ လကွယ်ညမှာ ကြယ်ရောင်မြင် လိပ်ပြာပင် တောင်ပံခတ် သံယောင်လိုက်လို့ ငိုပွဲဆင်…။ ခင်… မကြင်နာ ရင်မနာပါ ခင် ခင်သာ ရင်မှာ အကြင်နာဝင် နာချင်အိပ်မက် နှိပ်စက်မယ်ပြင် အိပ်ရာထက်တွင် လွန့်လူး မုန်တိုင်းမြူးသည့် ရင်ပါခင်…။ တမင်တကာ ရင်အနာ ဝင်လာဆားခတ် (ဓါးထက်ထက်နဲ့ ခင်မွှန်း) နှလုံးသားလည်း သွေးစွန်းပါစေခင­်…။ ဝေဒနာရင် ကြေညာချင်လည်း ရင်ကိုခွဲ အသည်းကိုထုတ် ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်…။ ခင်လိုရင် မနှမြော သေငယ်ဇောဝင် မြောစေတော့ ဒီမျက်နှာ မဖျော့ပါခင်… ဒီအပြုံး မလျော့ပါခင်…။ အနာကျက်ချင်လျက် အသားမာမတက်သည့်ရင် ခင်ဘယ်လိုပင် စေစား နှလုံးသားလည်း ဝေဝါးမယ်မထင်…။ […]


တောက ကိုရင်January 23, 20131min951
တမ်းတပါသည်… (ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု) တမ်းတပါသည် ပြာရီမျက်ရွှန်း လက်လွန်းနေရောင်ဝေမှောင်မြင်ခက်­­ရင်ထက်ငွေ့လို မေ့ကိုသာလွမ်း မှာတမ်းဆင့်ခြွေနင့်စေအန်ထွက် ပြန်ခက်ယိမ်းလိုကိန်းခိုရာဝယ် ဖြာမယ်နွေအား ခြွေထားပြင်းခက်­­ဆင်းသက်မြိုင်အို ကြိုင်လိုမွှေးပန်း ဆွေးနွမ်းမှောင်­­ရီ ရောင်နီပြန်လှပ်လျှံအပ်လွင်မြဲ ယှဉ်ဝဲကျေးငှက် ကြွေးလျက်နားခိုသွားလိုထက်ဆီ ခက်ပြီစေရွယ် နေကွယ်မှားခြင်းနားရင်းဗွေဖောက်­­နေပြောက်မှိုင်းရင့် ပြိုင်းနင့်တိုင်းဂုံ နှိုင်းရုံဆောင်နှင် ရှောင်ချင်ပြေးပုန်း ဆွေးတုန်းတွယ်ရာဖယ်ခွာမုန်းလို့မျက်ပြီလား…။ ကျွမ်းမြတာရှည် ရာသီစက်ဝန်း ခက်လွန်းစေအောင်ရေရောင်ရင်ထက် မြင်လျက်တွေ့ဆို မေ့လိုခွာလှမ်း ပြာနှမ်းလွင့်စေမြင့်ရေလျှံတက် ကန်ထက်စိမ်းစို ယိမ်းလိုကြာနွယ် ညှာတွယ်စေသား ကြွေသွားနှင်းစက် ဝင်းလက်ယိုင်ပြို ဆိုင်လိုဆွေးကျွမ်း ဝေးလှမ်းနှောင်သီ ချောင်ဆီကန်စပ် တံလျှပ်မြင်ဆဲ ပင်လဲတွေးခက် ဆွေးလျက်မှားကိုထားသိုခက်သည် မျက်ရည်ခြွေလွယ်စွေမယ်အားတင်း သွားရင်းခြေခေါက် ရေနောက်လှိုင်းဆင့် ဆိုင်းလွင့်ပြိုင်းဟုန် လှိုင်းထုံဘောင်ဘင် နှောင်ငင်ဆွေးပြုံး ပြေးပုန်းကွယ်ရာတွယ်တာဆုံးမို့ ပျက်မည်လား…။ နွမ်းလျခါမှီ နာရီပျက်ယွန်း နက်လွန်းကေသျှောင် ပြေယောင်ဆင်လျက်မင်သက်မေ့ဆို နေ့အိုညှာကျွမ်းခါရမ်းလွင့်ကြွေပွင့်ဝေပန်ခက် မာန်တက်ယိမ်းဆိုတိမ်းလိုရာတွယ် ခွာဖယ်ဝေဝါး […]


တောက ကိုရင်January 23, 20131min681
ကဗျာ ရှာတွေ့ခြင်း လေပြေပမာ ဝေ့ဝဲလာခိုက် ကဗျာရှိုက်လို့ ဖွာမိသည်။ ကဗျာကဗျာ ရင်မှာသာ၍ လေညာရှေ့နောက် သံစဉ်ရောက်သော် ဖြေဖျောက်ရင်တွင်း နရီခင်းလျက် သီရင်းဖွဲ့ကာ ခံစားပါလို့ ကဗျာပျို့နှင့် စိတ်ချမ်းသာ။ လေပြေပမာ စိတ်စေရာနယ် ကဗျာဘယ်ကို ရောက်မည်နည်းးး။။ ။ တောက ကိုရင် ၂၀.၀၁.၂၀၁၃


တောက ကိုရင်January 18, 20131min893
မေ့အတွက်ဆိုရင်လေ (တေးထပ်) ပန်းတော်ဝင်တဲ့လား ပင်မြင့်ဖျား ထက်ဆီ နေရောင်လည်း မတွယ်မှီ ဝေမှောင်ရီ အုံ့ဆိုင်း သည်မြိုင်ထဲ ပွင့်သဇင် လိုက်ရှာစဉ် မိုးတိမ်ကမှိုင်း။ လေနီရိုင်း ဆင်ချင်ဆင် ပတ်ဝန်းကျင် တုန်ခိုင်း မိုးသွန်းစဉ် သည်မုန်တိုင်း ပင်လယ်လှိုင်း မောင်ကူးမယ် မေ့သက်လှယ် မောင်မဆိုင်း မေစေခိုင်း ခူးပါ့မယ်ကွယ်။ ရေစီးကြမ်း လမ်းသွယ်သွယ် အားမငယ် မေ့တွက်ရည်စူး မေပန်ဘူး ငြင်းရက်မှပင် ပြင်းခက်လှထင် ငိုဖူးချင်တယ်ဆိုလျှင် မေဘဝင် ညှိုးမှာပေါ့လေး။ ။ တောက ကိုရင် ၁၇.၀၁.၂၀၁၃


တောက ကိုရင်January 13, 20131min862
နွမ်းလျော့ကာတမ်း (ပိုဒ်စုံရတု) ရွက်ဟောင်းလွင့်ကြွေ၊ တောင်လေပွေ၍၊ စိတ်ထွေထုံထိုင်း၊ ဂိမှာန်တိုင်းဝယ်၊ ပျော်ဖွယ်ဝေးရုံ၊ ဝိုင်းသွယ်ခြုံထ­ား၊ တောင်ရံများဖြင့်၊ မှိုင်းလင့်လင့်သာ၊ ဆွေးဆင့်ဗျာပူ၊ ဝေးနေသူကို၊ စိတ်မူမလန်း၊ နေ့စဉ်လွမ်းအောင်၊ နွမ်းယောင်ဖွဲ့ကာ၊ တေးသံသာဖြင့်၊ ကူကာနွဲ့လျက်၊ ဥဩငှက်သည်၊ ရွက်မဲ့ရိုးတံ၊ ကိုက်ချီပျံကူး၊­ ဟိုသည်လူးလား၊ ငြိမ်မနားသို့၊ တစ်မြို့တစ်ရွာ၊­ တစ်ဌာနာဖြင့်၊ ဘယ်မှာသောင်ကမ်း၊ ဘယ်ကြငှန်းတွင်၊­ ဘယ်လျှင်ဘယ်ထို၊ပုရိပျိုအား၊ မုန်ယိုချစ်ကြိုး၊ ခိုင်ခိုင်တိုးမှာ၊ စိုးကြောက်ကာမျှော်၊ ရွှေရင်ရော်ရိ၊ အားငယ်ချိ၍၊ နွမ်းဘိနှလုံး ဆွေးတယ်ကို…။ ရက်ပြောင်းဆင့်ဗွေ၊ ဝဿန်ရေနှင့်၊ တောင်ရေစမ်းချောင်း၊ ငှက်အပေါင်းလည်း၊ မိုးနှောင်းရာသီ၊ တောကိုမှီ၍၊ စီစီညံမြွက်၊ ပျော်ပါးလျက်သို့၊ မှိုင်းမို့စိမ်းညို၊ ဝတိံခိုလင့်၊ မာလာပွင့်ပန်း၊ လှသွေးလွှမ်းခြုံ၊ တောဂုဏ်တောင်ဂုဏ်၊ စံပယ်ငုံသို့၊ မွှေးထုံသာမော၊ ဝနေတောသည်၊ ဖြေမဆည်နိုင်၊ မျက်ရည်ဖြိုင်စေ၊ ဌာနေဝေးလှမ်း၊ တစ်ဖက်ကမ်းတွင်၊­နှစ်လျှင်ရှည်ကြာ၊ ခွဲခွာသူကို၊ […]


တောက ကိုရင်January 13, 20131min653
ချစ်သူသို့ တမ်းတမိသောကဗျာ (၆) ချစ်သူရေ. . . အခြေအနေအရ (နင်နဲ့ငါ) တစ်မြေစီ ဝေးနေရတာပါ. . . အနားမှာ ငါမရှိပေမယ့် နင်အိပ်စက်တဲ့ အချိန်တွေတိုင်း နင့်အိပ်မက်ထဲကို ငါ မရောက်ရောက်အောင် လာခဲ့ပါ့မယ်. . . အနားမှာ နင်မရှိပေမယ့် ငါ့အိပ်မက်တွေတိုင်း အမြဲပြုံးနေတတ်တဲ့နင့်ကို မြင်ယောင်နေမြဲလေ. . . သန်းခေါင်ယံ တရေးနိုး နင့်အတွက် အနမ်းမိုးတွေ စွေနေမြဲ ငါ့ရင်ခွင်ထဲ နင်မှေးစက် နင့်အရုဏ်တွေတိုင်း လင်းလက်နေမှာပါ.. . တစ်ယောက်တစ်နေရာ­ ခန္ဓာကိုယ်တွေ ဝေးကွာနေခဲ့လည်း­ စိတ်တွေထဲမယ် အမြဲနီးလို့ နှလုံးသားချင်း ရင်းနှီးပြီးသား. . . မြစ်ချောင်းပင်လယ် ဘယ်လိုခြားပေမယ့် တောမြိုင်တောင်တန်း ဘယ်လိုတားပေမယ့်­ ငါ့ခြေလှမ်းတွေ ဘယ်ကိုသွားပေမယ့် နင့်အကြည့်တွေ […]