တောက ကိုရင်December 22, 20121min1016
ဇာခန်းဆီး၏ နောက်ကွယ် သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့် လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ … နင်.. ဂိမ်းတွေပဲ ဆော့နေတော့မှာလား မျက်လုံးတွေလည်းဝေဝါးနေပြီ… နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက် မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံး­မယ်လေ… နင်… အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့ အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး… နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက် လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့… နင်… အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့ အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး… တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို… နင်… တစ်ဖက်ကို မကြည့်ချင်တော့လ­ို့ အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား… ရိုးရိုးသားသား (ဘာလို့ နားတွေကို ပိတ်ထားရတာလဲ…) နင်… ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တေ­ွ ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ… မနာလို […]


တောက ကိုရင်December 22, 20121min712
ဇာခန်းဆီး နောက်ကွယ် (၂) အဲဒီတစ်ဖက်သတ်ဝေဒနာတွေက ကြေညာခွင့်မရှိတဲ့ ဒြပ်မဲ့အရာ စာရွက်ပေါ်မှာ ရေးခြစ်လိုက်တိုင်း (ကဗျာတွေ ဖြစ်လာခဲ့ပေမယ့်) သွေးညစ်တွေဝိုင်းနေတဲ့ နှလုံးသားက တိမ်စိုင်တွေလိုလေနှင်ရာလွင့်လူးရင်း အရူးအမူး (မသိမသာ) ရင်ခုန်ခဲ့ဖူးတယ­် တိတ်တဆိတ်နဲ့ အံကြိတ်ပြီး ငိုဖူးတယ် အသံမထွက်တဲ့ကာရန်တွေလည်း ခေတ္တပျက်ခဲ့ဖူးတယ် ထူးမခြားနား အဲဒီလင်္ကာတေးသွားတွေ ဂစ်တာအိုပေါ် ခုန်ပေါက်စီးဆင်း (မျက်ရည်တွေကို ရင်းနှီးလိုက်ရတယ်…) တစ်ခါတလေ ညည်းချင်းတွေလည်း ဆိုဖူးတယ်… အိုဘယ့်.. ကံကြမ္မာ အတ္တဝတ်ရုံလွှာကိုဖြေလျော့ထားကာမှ မရှိမဲ့ ရှိမဲ့ ပျော့ကွက်ကိုနင်း ကျပ်တည်းစွာ ချည်နှောင်ထုပ်ပိုးခြင်းခံထားရတ­ဲ့ ကျော့ကွင်းထဲက အပူတွေ အဲဒီဝန်ထုပ်အဟောင်းအဆွေးတွေကြားထဲမှာ ကိုယ့်ကိုယ်ကို တစ်ပတ်နွမ်း အလှဆင်လို့ အကျည်းတန် မှန်ကို ကြိုက်သလိုမျိုး အဝေးက ပြစ်တင်သံ တိုးတိုးသဲ့သဲ့ (ကြားလိုက်မိသလား…) နားတွေလည်း အူထွက်နေပြီ အနှစ်ကို ရှာ […]


တောက ကိုရင်December 21, 20121min1004
ဟာင်းနွမ်းသွားသော ဆန္ဒတစ်ခုဆီသို့…. ကြာခဲ့ပြီ.. အချိန်နာရီတွေ ရွေ့လျား မင်းရဲ့ ကိုယ်သင်းရနံ့ ပါးပါးလေးကို တပ်မက်ခဲ့မိတာ စောင့်စည်းခဲ့ရတဲ့ ဆန္ဒတစ်ခုပါ.. ကြံရာမရတဲ့ အဆုံး နှလုံးသားကို ထိပ်တုံးခတ်ဖို့ ကြိုးစားလိုက်ရတယ်.. ဒါပေမယ့်လည်း သော့မခိုင်လို့ ပြုတ်ထွက်ပြန်တော့ ရုတ်တရက် ဦးမော့လာတဲ့ဆန္ဒနဲ့ ကံကြမ္မာစစ်တလင်းမှာ အချစ်တွေ စစ်ခင်းကြည့်လိုက်ရင်… … ………. မျှော်လင့်နေပါရစေ.. သံသယတွေကို ပစ်ခွင်းဖို့ အချစ်မြားတစ်စင်းတော့ လိုအပ်လိမ့်မယ်.. မရဏကို မသွားခင် မင်းရဲ့ ရင်ခွင်ထံပါးမှာ အချစ်ထုထည် ခပ်များများကို သိမ်းဆည်းထားခဲ့ချင်တယ်.. ရှိသမျှအချစ်တွေပုံအောပြီး ရင်ဘတ်ဟောင်းလော­င်းဖြစ်သွားတဲ့အထိ ချစ်လိုက်ချင်တယ်.. ခွင့်ပြုပါ.. ပုထုဇဉ်လူသားတစ်ယောက်အတွက် သံသရာကို မခွာနိုင်သေးလို­့ ဆည်းဆာချိန် နေမဝင်ခင် ငါပိုင်တဲ့ လက်နှစ်ဖက်နဲ့ တစ်သက်စာ ထွေးပွေ့ခဲ့ချင်တယ်.. အတ္တကို စွန့်ပစ် လောကဓံရှစ်ကောင်ကို မြင်းလုပ် […]


တောက ကိုရင်December 21, 20121min831
ဒီဇင်ဘာ အလွမ်း… ဒီဇင်ဘာရေ…နှင်းတွေ ဝေသလား… ရင်ဘတ်ထဲမှာ မိုးတွေ စွေသွားတယ်… တစ်ရက်ပြီး တစ်ရက်..တစ်နှစ်ပြီး တစ်နှစ်… ပြက္ခဒိန်တွေလည်း…သစ်ပြီးရင်း သစ်နေဆဲ… မနေ့ကိုပြန်ကြည့်လိုက်တော့… အတိတ်ဆိုတာ ပစ္စုပ္ပန်ကို လွှမ်းမိုးသလား… အနာဂါတ်ဆီ ခရီးသွားဖို့… အားနည်းနည်းတော့ လိုတယ်… အလင်းရေ…မလာပါနဲ့အုံး… အိပ်မက်က ကောင်းနေတုန်းလေ… အပြင်မှာ နှင်းတွေ သည်းသည်းမည်းမည်း ဝေနေပြီ… လေပြည်တစ်ချက်ခတ်သွား… နှလုံးသားဆီ တိုးပွားလာတာ… အလွမ်းတဲ့လားဟင်… မနက်ဖန်ကို မြင်ရတော့မယ်… အရုဏ်မတက်ခင်လေး… ငါ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ပါ… ဟိုမှာ ရောင်နီလာနေပြီပဲ…. သက္ကရာဇ်တွေထဲ တဝဲဝဲလည်ရအုံးမယ်… နာရီကို လှမ်းကြည့်တော့… ဟင်…မနှစ်က ဒီအချိန်…. အဲဒီတုန်းကလည်း နှင်းတွေ ဝေနေတာပဲ… မှန်ထဲက ပုံရိပ်က ရင့်အိုသွားသလား… ငါရော… ဘယ်လောက်များ ရင့်ကျက်လာသလဲ… အတွေးထဲမှာတော့ […]


တောက ကိုရင်December 20, 20121min892
သွေးသောက် ကာရန် သွေးသောက်တွေဆို ဘေးရောက်စေလိုသလား သခင်မရယ် ရင်မှတွယ်ယှက် နှောင်ကြိုးဖျက်ခြွေ ဘယ်ဆီသွေခွာ နွေလာမှီချဉ်း ရင်မီး တွင်းလျှံ မြိုထားအန်ထွက် အဆိပ်တက်ဆို မငိုရဲဘဲ မျက်ရည်ဝဲတက် မိုးစွေလျှက်နွမ်း နှလုံးကျွမ်းမြေ့ အသိမေ့ချင် မတွေ့မြင်လွမ်း တွေးထင်မှန်းဆ အိပ်ပျက်ညအို သန်းခေါင်ကြိုလင့် နေခြည်မြင့်တက် တစ်မနက်ကူး အာရုံမူးဝေ မွန်းတည့်နေပြင်း နေဆယ်စင်းလို ရင်လှိုက်ဖိုကျွမ်း နေဝင်နွမ်းလျ အေးမြလရိပ် တမှေးအိပ်စဉ် အိပ်မက်မြင်ဆဲ စိတ်ထင်စွဲသည် လွမ်းတမြည်စိုး ဘဝင်ညှိုးခွေ ညလေပြေဆိတ် ပြတင်းပိတ်မှ အိပ်ခန်းကကျဉ်း သူလာချဉ်းကပ် မျက်ဝန်းဟပ်မီး ရေနှယ်စီးယို ချော်ရည်ဆိုလည်း သွန်ထုတ်ဆဲမှာ ပါးပြင်သာစို ထီးကျန်ငိုချင်းအက်ဆစ်ပြင်းလား သခင်အားရ ကျေနပ်မှလျှင်…။။ (သက်ဆုံးထိတိုင်ပျော်ရွှင်ချင်…။။) တောက ကိုရင် ၀၅.၀၈.၂၀၁၂


တောက ကိုရင်December 20, 20121min1728
မိုး အတွက် မိုး မိုးရိပ်ဆင် မိုးထင်မှ မိုးကျလွန် မိုးသွန်ဆဲ မိုးသည်းနေ မိုးလေပြင်း မိုးမင်းရွာ မိုးလာခို မိုးညိုမှောင် မိုးရောင်သန်း မိုးဖြန်းစေ မိုးစွေလျှက် မိုးစက်မှုန် မိုးတုန်ဟီး မိုးသီးကြွေ မိုးလေထန် မိုးမာန်တင်း မိုးညှင်းကဲ မိုးသည်းစိမ့် မိုးသိမ့်တုန် မိုးဟုန်ပျံ့ မိုးနံ့သင်း မိုးဝင်းလက် မိုးသက်ဆင် မိုးသွင်မှန်း မိုးတမ်းဖွေ မိုးတွေညို မိုးပြိုနိုး မိုးကြိုးလက် မိုးသက်တန့် မိုးလန့်ငို မိုးဆိုမုန်း မိုးတုန်းမှ မိုးညထဲ မိုးသည်းပျော် မိုးမျှော်ငေး မိုးဝေးလို့ မိုးသို့ထံ မိုးပြန်တမ်း မိုးလွမ်းတုန်း မိုးသုဉ်းပျက် မိုးစက်သွေ မိုးကြွေလွင့် မိုးသင့်ဆောင်း မိုးနှောင်းမှ မိုးကညို မိုးစိုရွှဲ မိုးထဲမှာ မိုးလာပြန် မိုးသံကြား မိုးခါးစွေ မိုးမြေလူး […]


တောက ကိုရင်December 19, 20121min811
မိုင်တိုင် 17/10 အောက်တိုဘာ တစ်ဆယ့်ခွန် အချိန်ကာလတွေ လွန်မြောက် ဒီမွေးနေ့ တစ်ကြိမ်ထပ်ရောက်ပြန်ပြီ…။ ရက်ကို လ,စား .. ခုနှစ်တွေသာ များလို့ ပြက္ခဒိန်တွေ ဟောင်းသွားပေမယ်­့ ငါကရော ဘာတွေ ပြောင်းလဲသွားခဲ့ပြီလဲ…။ တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်း အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း လောကဓံ ဖြစ်ပျက်ခြင်းတွေနဲ့လည်း ရင်းနှီးပြီးသား…။ အတ္တတွေ များများလာတာ မာနတွေ ခါးခါးလာတာ ဒီသံသရာ ခရီးကြမ်းမှာလေ…။ မနေ့က အတွေးဟောင်းတွေကို လွှင့်ပစ် မနက်ဖန်ကို စိတ်ကူးအသစ်တွေနဲ့ ထုဆစ်ဖို့ အနာဂါတ်ကို အားမာန်တွေနဲ့ ရွက်လွှင့်ဖို့ အမေ… ကျနော့်ကို မွေးဖွား ခွန်အားတွေ ပေးထားခဲ့တာ ဦးခိုက်ပါတယ် အမေ…။ တစ်နှစ်ပြီး နောက်တစ်နှစ် သက္ကရာဇ်တွေကို ကျနော် ဖြိုဖျက် လောကကြီးထဲက အခက်အခဲတွေ ရဲရဲ ရင်ဆိုင်… […]


တောက ကိုရင်December 19, 20121min1317
ပာရီလဲ့မှုန်… ပြာရီလဲ့မှုန် မြိုင်ရဂုံတွင် လင်းထုံပြက်လက် အုံ့ဆိုင်းလျက်သား သစ်ခက်ဝါးနွယ် နေခြည်ကွယ်လု ပင်ထက်နုသစ် ဖူးပုရစ်ဝေ ပန်းချစ်လိပ်ပြာပျံဝဲကာဖြင့် နံ့ထုံလွင့်သင်းလေပြည်ညှင်းက တောင်ထိပ်မှသည် တောင်ခြေဆီခို ရွက်အိုရွက်ဝါ မြေလွှာဆင်းသက် အထက်ရှုပ်ချင် အောက်ရှင်းမြင်သည် တွယ်ရာဖိတ်စမ်း အေးမြသည်…။ ရာသီဖွဲ့တုန် မိုးနွေကုန်ဟောင်း သည်ချိန်ဆောင်းညချမ်းမြလှိုက်မော ဖော်ဝေးတောတွင် မိုးကြိုးဆင်လျက­် နေပြင်းသက်ဝေ မိုးနွေ နွေမိုး နှင်းကိုခိုးလွမ်း မြူမှုန်လွှမ်းခြုံ စိတ်ဝယ်ကြုံနိုးဘဝင်စိုးထိတ် လှောင်ပိတ်ဝန်းကျင် နှင်းကိုမြင်မှ နှင်းကျနံနက် နေပျော်လျက်လေ တွေးခက်ပိုဝေး ရောက်နိုင်သေးပြ­ီ ဘယ်ခါစိတ်ဝမ်း နွေးရမည်…။ ဌာနီလှည့်ကြုံ တစ်ကြိမ်ဆုံခွင်­့ ပြန်ချိန်သင့်နိုး မျှော်ကိုးကြာရှည် နာရီမိနစ် နေ့သစ်နှစ်ဟောင်း ချိန်ခါပြောင်းလဲ တမ်းတမြဲတိုင် ဆုံနိုင်ဝေးကွာ ဆွေမျိုးညာတိ ကြင်မိသက်ထား လွမ်းနေလားလို့ နေခြည်ပျို့အန် ရောင်ခြည်ပြန်နှင့် မှာဆင့်လေပြေ ကျန်းမာစေကြောင်း ဆုခြွေတောင်းရင်း […]


တောက ကိုရင်December 18, 20121min1266
ဆည်းဆာ နာကျင်မှုတွေ ပေးပေး ဝမ်းနည်းမှုတွေ ပေးပေး မင်းကို ကျေးဇူးတင်လျှက်ပါ… အထီးကျန် ခြောက်သွေ့နေတဲ့ဘဝ မင်းကြောင့် သာယာ လှပလာခဲ့ တစ်ခါတလေ ထိရှနာကျင်ခဲ့ရတယ် ဆိုရင်တောင် ငါ့ခံစားမှုတွေကို ဘောင်ခတ်ပေးတဲ့အတွက် အဲဒီလောင်မြိုက်ခြင်းတွေကို ငါ ကျေနပ်တယ် ငါ့ရဲ့ ကျောက်ဆစ်နှလုံးသား ရှင်သန်နိုးကြားလာရတာ မင်းကြောင့်ပဲမဟုတ်လား တစ်ချိန်မှာ အဝေးဆုံးကို ထွက်ခွာသွားရင်တောင် ငါလေ… နောင်တတွေ မရပါဘူး ရေးသမျှ စာ ဖွဲ့သမျှ ကဗျာတွေတိုင်း မင်းရဲ့ မှတ်တမ်းတစ်စိတ်တစ်ဒေသ ခံစားမှုဆိုတာကလည်း နှလုံးသားအတွက် လိုအပ်တဲ့အာဟာရပဲလေ ပကာသနတွေ မဖက်ပါနဲ့ တစ်ခဏ, တစ်ဘဝ သံသရာက ရှည်လွန်းနေသလိုလို ငါ့အတွက်က နေမွန်းတည့်ဆို ဆိုသလောက် ဆည်းဆာကိုတောင် ကြောက်သွားမှာစိုး မင်းက အရမ်းရိုးသားလွန်းတော့လည်း ပွန်းပဲ့သွားတဲ့ငါ့အသည်းကို ငါ့ညနက်တွေထဲမှာပြန်ပြီးမြှုပ်န­ှံ သုဿာန် […]


တောက ကိုရင်December 18, 20121min872
သည်းဦးပန်း တမင်သက်သက် ရစ်ပတ်သည့် နွယ်၊ တွယ်ငင်သည့် ကြိုး ရင်ထဲတိုးဝင်၊ မညှိုးရွှင်လန်း သည်းဦးပန်းကို၊လန်းအောင်ပေါင်းသင် မြတ်နိုးကြင်မိ၊သခင်သိလေ…။ မသိသွေခွာ နွေသာရင်နင့်၊ ခိုဝင်သင့်စေ ပီတိဝေမြူး၊ ကြည်နူးရွှင်ပျ ပျိုးလက်စ ပန်း၊ သူဆင်မြန်းရုံ လှပဂုဏ်တင့်၊ လန်းဆန်းဝံ့မည်…။ တကယ်မထင် တွယ်ငင်နှောင်ဖွဲ့၊ လေပြည်သွဲ့ အေး ရုန်းထွက်ပြေးခွာ၊ ပွင့်ခြွေပါလို့ မြေမှာချနင်း၊ ရင်တွင်းနှလုံး ပျက်သုဉ်းကြေမွ၊နွေဘဝသာ…။ ။ တောက ကိုရင် ၀၃.၀၇.၂၀၁၂


တောက ကိုရင်December 17, 20121min1415
***ကွန်ချက်*** ပြိုမယောင်.. ယောင် ဟိုတောင်ဆီမှာ လာတဲ့မိုး (ငါ့အတွက်တော့…) နွေခေါင်ခေါင်မှာ ရွာတဲ့မိုးလို… (တစ်မျိုးမမြင်လိုက်ပါနဲ့} နင့်ရဲ့ဉာဉ်ဆိုးလေးတချို့ ငါ့အတွက်က ပိုပြီး ချစ်ဖို့ကောင်းနေ ပန်းရနံ့ကို နမ်းရှိုက်လို့ဝမ­ှ ပွင့်ဖတ်ကလေးတွေကို ခြွေချ အဲဒီတုန်းကလည်း လှပဆဲ… စမ်းရေထဲမှာ မျောပါခွင့်အတွက­် နင့်လက်ထဲမှာ ကြွေလွင့် ငါ့ကိုယ်ငါ အသင့်ပြင်ထားခဲ့တာ နင်ကတော့ ပီတိတွေဖြာလို့ အဲဒီတုန်းကလည်း လေထဲမှာ… ရွက်သစ်လေးတွေ ကြွေကျတာကိုပဲ နင် အမြဲမြင်ချင်ခဲ့တာဆို အဲဒီ သစ်ခြောက်ပင်အိုကလည်း လှောင်ရီသလိုနဲ့­… နင်ကပဲ ကပိုကရို မခို့တရို့ နေခြည်တွေ ပျို့အန်လာမှ ဆီးနှင်းတွေက သွေ့ခြောက် နင့်လက်နဲ့ တောက်ထုတ်ပစ်ရတာ ပျော်ပါသတဲ့ မြက်ခင်းပေါ်မှာကလည်း မျက်ရည်ပူတွေ အဲဒီငွေ့ရည်ကလည်း ဟာသဖွဲ့လို့… မနက်ဆိုကတည်းက အလင်းစက်က ပြန့်ကျဲနေရမှာ အဲဒါကလည်း နင့်အတွက် […]


တောက ကိုရင်December 17, 20121min1154
အချစ်သည် တစ်ခါတရံ၌… ဆောင်းမှာ အိပ်ယာဝင်ပြီး မိုးရေစက်တွေနဲ့ နွေမှာ မျက်နှာသစ်ဖို့ကြိုးစားရင်း မနေ့က သောက်တာ ဒီကနေ့မှာ မူးလို့ မနက်ဖန်မှ အန်ထွက် (အဟက်…) အချစ်ကို နှစ်ခြိုက်စွာ စားသုံးကာမှ နှလုံးသားတွေ သေဆုံးရသတဲ့…။ အဆိပ်ခတ်ထားတဲ့ ပျားရည်တစ်စက်က ဝိုင်ချိုထက်ပိုပြီး မူးယစ်ရီဝေ ဓါးသွားပေါ်မှာက နှင်းရည်တစ်စက် မနက်မှာခါးပြီး နေ့လည်မှာချို ညနေမှာ ဆည်းဆာကို ပျိုစေမတဲ့…။ သန်းခေါင်မှာ နေကိုထွက်ခိုင်း ကောင်းကင်ယံမှာ လှိုင်းကြမ်းတွေ ဆင် ရောင်နီမှာ အမှောင်ကိုစေလို­့ အလင်းကိုမြင်မှ အရုဏ်ဝေနိုင်လွန်း ဝင်ရိုးစွန်းမှာအပူလွန်ကဲသတဲ့…။ မျက်ကန်းကလည်း ကမ္ဘာကို တစ်ပတ် ကာရန်ကိုဖျက်တဲ့ကဗျာ ခံစားချက်ကို လွန်ကြူးစွာဖွဲ့မှ ရသတွေပျက်ရသတဲ့…။ စိတ်တွေ သေမသွားစေဖို့ စကားလုံးတွေ မျက်ရည်ဝဲချိန်မှာ ပန်းတွေက အပြုံးကို ဆင် ညကောင်းကင်တောင်နေသာသတဲ့…။ […]


တောက ကိုရင်December 16, 20121min1138
အဆိပ်သင့် ဝိုင်အို ငါကို ရင်တွေခုန်တတ်လာအောင် နင်ပဲ အဓမ္မ သင်ပေးခဲ့တာ… ငါ့ရင်ခုန်နှုန်းတွေ မြန်လာကာမှ တစ်မျှင်ချင်း အစဖြည်ဆွဲထုတ် သံစဉ်တွေလုပ်ပြီး တီးခတ် နင် အပျော်ကဖို့သက်သက်လား… မုသားတွေ ချိုမြိန်စေရုံ အာစွတ်ရုံသောက်တဲ့ ဝိုင်ချိုတစ်ခွက­် ငါ့အချစ်တွေနဲ့ နင်မြည်းရက်တယ်. (ပစ်စလက်ခတ်) ငါ့ရင်ဘတ်ကို ဟက်တက်ခွဲလို့ ငါ့ပါးပြင်ပေါ် ငရဲမီးတွေ သွန်ချ အကြိမ်ကြိမ်အခါခါ ကျဆုံးပြီးမှတောင် နင့်ရဲ့သရော်တဲ့အကြည့်လေးကို တမ်းတမြဲ လမ်းမထဲလျှောက်တဲ့ အရူးလို… (စူးစူးရဲရဲ) နင့်မျက်ဝန်းထဲကအတ္တခဲတွေကို စွဲလန်းစွာ အသိအမှတ်ပြုခဲ့မိပြီးမှ နုံအချင်ယောင် ဟန်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တာ အသိခေါက်ခက်တယ် ဆိုတာထက် ငိုပါလျှက်နဲ့ မျက်ရည်မကျတာမျိုး သက်သေပြသမျှက နင့်အတွက် ရိုးလွန်းနေတော့­လည်း ငါ့ဝဋ်ကံလို့ပဲ ထားလိုက်ပါလေ… နင့်အရုဏ်တွေ ရီဝေမနေပါနဲ့ နေခြည်ရဲ့ အနွေးဓါတ်အောက်မှာ နင့်ရဲ့နှလုံးသားကို လန်းဆန်းနေစေဖို­့ […]