alinsettApril 17, 20171min26410
ပင်လယ်ဆီကို ပို့တဲ့စာ —————– မြစ်ကြီးက ပင်လယ်ကြီးနဲ့ တူချင်လို့. . . အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း… မီးပြတိုက်ကလေးကတော့ . . . ငြိမ်သက်စွာသာ . . . လက်ပိုက်နေလေရဲ့။ မပြည့်တဲ့အိုးတွေ မျောလာပြီး မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . . မြင်တွေ့ရတာ များခဲ့ပြီ တဲ့။ —————— သင့်အေးရိပ် ဧပြီ၊၁၇၊၂၀၁၇                    


alinsettApril 6, 20171min1892
                                                ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့  လွင့်ပျံ့လာတဲ့ အရောင် ———————————————– ကြားလိုက်သလား။ ဟိုး. . . အဝေးဆီက. . . ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊ ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . . နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့ လင်းတလက်လက်ကြယ်ပွင့်တချို့တောင် … ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။ ——– ကြားနေရတဲ့ ဂီတထဲကနေ တစ်သက်မမေ့ချင်စရာ […]


alinsettMarch 27, 20172min2406
မရှိမာန ————————- မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ ခေတ်ထဲမှာမှ. . . ငါက. . . လှံ အမြင့်မှန်သမျှ မြေမြှင့်ပြီး ဖို့ပစ်ချင်တဲ့သူ. . . – ဘာရယ်တော့ မဟုတ်ပါဘူး။ ငါက. . . သာမန်တောရွာကလေးဆီက ၃ပေ ၆ပေ မြေသား တစ်ပုံတစ်စရယ်ပါ။ ————— သင့်အေးရိပ် မတ်လ ၁၂ရက်၊ ၂၀၁၇ (photo- internet)


alinsettFebruary 28, 20172min1893
“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။ “ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ် အလင်းထွန်းညှိပေးနိုင်တော့မယ်” သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။ ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။ ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။ (ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊ ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို) —————————————————— ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်… ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့် အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။ အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ… အချိန်များစွာ […]


alinsettFebruary 24, 20171min2016
  “ခြေရာ” ————————————————————- “ဒါ ကျားခြေရာဆိုတာ သေချာရဲ့လား” “သေချာပါတယ်၊ ဘာဖြစ်လို့လဲ” “ဪ… ဘာရယ်တော့ မဟုတ်ပါဘူး။ ကြောင်ခြေရာကို အကျယ်ချဲ့ပြီး ကြည့်လိုက်တာလားလို့ပါ၊ အင်း….. ဖြစ်တတ်လို့ပါ။” တာရာမင်းဝေ ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခြေရာ”အမည်ရှိ ဝတ္ထုတို။ ————————————————————- လွန်ခဲ့သော လေးငါးခြောက်ရက်တုန်းက ကျွန်တော် ကြောင်ခြေရာတစ်ခုကို အကျယ်ချဲ့ကြည့်မိပြီး ကျားခြေရာကြီး မြင်မိသလိုမျိုး ခံစားချက်တွေ အိုဗာ ဖြစ်မိခဲ့ပါသည်။ ပြဿနာ တစ်ခုနှင့် ကြုံရသည့်အခါတိုင်း သွေးဆူလွယ် ခံစားလွယ်တတ်သော ကျွန်တော့် ထုံးစံအတိုင်း တအုံ့နွေးနွေးဖြင့် မပြီးနိုင် မစီးနိုင် ခံစားမှုတွေ ပြင်းထန်ပြီး စိတ်ထင်ရာတွေ ပြောမိ၊ရေးမိ၊ လုပ်မိသည် ဆိုပါစို့။ အမှန်တော့ ကြုံရသည့် ပြဿနာသည် […]


alinsettFebruary 20, 20171min1692
”ထောင့်ချိုး” __________ | | | | | ”ဒါ ဘာလဲ” ထိုမေးခွန်းကို တစ်ယောက်က ဖြေ၏။ ”အဲဒါ မျဉ်းကွေး၊ မျဉ်းကောက်တစ်ကြောင်းပေါ့” နောက်တစ်ယောက်က ထပ်ဖြေသည်။ ”အဲဒါ နိုင်းမြစ်ပဲ၊ သူ့နောက်ခံကားက ကမ႓ာ့မြေပုံ မဟုတ်လား” ဖြေဆိုသူ နှစ်ဦးစလုံး သူ့ထောင့်မှသူ မှန်ကြပါသည်။ သို့သော်. . . | | | | | | | | |___________________ တာရာမင်းဝေ *ကျွန်တော် တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ စာအုပ် (၁၉၉၇၊နိုဝင်ဘာ)မှ * | | | | | | | | | | […]


alinsettFebruary 15, 20173min3809
ပေါ်တင်ပဲဟေ့ ဆိုတာ မဲဆွယ်မလို့ :k:   မဲ မဆွယ်ခင် ဝတ္ထုတိုလေးတစ်ပုဒ် အရင် ဖတ်ပေးပါခင်ဗျ   ———————————————-       “တောက်… မီး ဖို မရလို့ ချမ်းရတဲ့အထဲ ဒီကျောက်ခဲကြီးကလည်း အေးစက်စက်နဲ့… သွားကွာ… ” ထိုသူက သူ့နံဘေး မြေပြင်မှ ကျောက်ခဲကြီးကို ဆွဲယူ လွှင့်ပစ်ရန် ပြင်လိုက်သည်။ “ဟာ … မလုပ်နဲ့လေ” အဖော်ဖြစ်သူက တား၏။ ပြန်မေးလိုက်သည်။ “ဒီ ကျောက်ခဲ အေးအေးကြီးက မီးခတ်ကျောက် ဖြစ်မလာနိုင်ဘူးလို့ ခင်ဗျား ပြောမလား” တောချောက်သံများပင် ခေတ္တ ငြိမ်သက်သွားလေသည်။ (ဝတ္ထုတို အမည် – ခရီးသည်များ ဝတ္ထု ရေးသားဖန်တီးသူ – တာရာမင်းဝေ ၁၉၉၇၊ […]


alinsettFebruary 7, 20171min2667
    (ဝတ္ထု) မျဉ်းဖြောင့်တစ်ကြောင်းက သူ့အမြီးကို ပါးစပ်ဖြင့် ပြန်မျိုပြီး စက်ဝိုင်းဖြစ်အောင် လုပ်ပြ၏။ သတင်းစာ ဆရာများက ဝိုင်းမေးကြသည်။ "ခုလို ဖန်တီးနိုင်အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ" အမြီးကို ပြန်ကိုက်ထားရသော မျဉ်းဖြောင့်က ပါးစပ် မအားသဖြင့်... "အင်း...အစ်... အစ်... အွန်း...အီး..." "အခုလို လုပ်ပြနိုင်တော့ ဘယ်လို ခံစားရပါသလဲခင်ဗျာ" "အင်း...အစ်... အစ်... အွန်း...အီး..." "ရှေ့လျှောက် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ" "အင်း...အစ်... အစ်... အွန်း...အီး..." "ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုမျဉ်းဖြောင့် ခင်ဗျား" -------- (ဝတ္ထုတိုအမည်- ပြပွဲ၊ ရေးသားသူ- တာရာမင်းဝေ၊ ကျွန်တော် တူးဖော်ခဲ့သော မြေစိုင်မြေခဲများအကြောင်းစာအုပ် -၁၉၉ရ ၊ ------------------------------------------------------ […]


alinsettJanuary 26, 20171min2975
“ကိုယ်တွေက အပုပ်နံ့ ခံရလွန်းလို့ အသားကျနေပြီ” —————————————– အဟမ်းးးးး ပြောပြီဗျို့။ Dအစိုးရနှယ်, ကိုယ်တွေရဲ့ နေသားတကျ လူနေမှုဘဝကလေးကို ဖျက်လိုဖျက်ဆီး လုပ်ရက်တယ်ဗျာ။ ကိုယ်တွေက လမ်းဘေးမှာ တဲထိုးပြီး ကျူးကျော်အဖြစ်နဲ့ နေသားကျနေပြီ။ ဒါကို စာရင်းတွေကောက်ပြီး အိမ်တွေယာတွေ စီစဉ်ပေးဖို့လုပ်တယ်။ ဒီလို လမ်းဘေးမှာ အသားတကျနေ နေကြတာကို မကျေနပ်လည်း အရင်အစိုးရလို ဘော်ဒူဇာနဲ့လာထိုးပါတော့လား။ အခုတော့. . .ဗျာ။ သူတို့လုပ်တာနဲ့ပဲ လမ်းဘေးမှာ သာသာယာယာနေနေတဲ့ကျူးကျော်တွေ အိမ်နဲ့ယာနဲ့ ဖြစ်ကုန်တော့မယ်။ Dအစိုးရ မကောင်းဘူးဗျာ။ ———————————- ကိုယ်တွေက ကွမ်းတံတွေးတွေ တပျစ်ပျစ် ထွေးထားတဲ့လမ်းပေါ်မှာ လျှောက်ရတာ နေသားကျနေပြီ။ တစ်ခါတစ်ခါဆို ကားပေါ်ကနေ ဗျစ်ခနဲထွေးချသွားတဲ့ ကွမ်းတံတွေး- ထွေးသူတွေကြောင့် စိတ်တိုကြ ဒေါသထွက်ကြ ရန်တွေ ဖြစ်လိုက်ကြနဲ့ […]


alinsettJanuary 23, 20171min3076
“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ‌အထက်ပါ link ကတော့ ”မပြန်လမ်းတဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…”ဆိုတဲ့ အမည်နဲ့ အမြန်လမ်းအကြောင်း ပွစိပွစိနည်းနည်း ပြောထားတဲ့ပိုစ့် ဖြစ်ပါတယ်။     အဲ့ဒီပိုစ့်ကို ရေးတုန်းက နိုဝင်ဘာ ၂၂/၂၀၁၆ ။ အဲဒီပိုစ့်ထဲမှာ အမြန်လမ်းရဲ့ အလယ်က လမ်းအလယ်ကျွန်းကြီးဟာ မလိုအပ်ဘဲ သိပ်ကြီးပြီး ကျယ်နေလွန်းတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။                                               […]


alinsettJanuary 19, 20171min41212
                                      ”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း” တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။ ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . . ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .   ကြွေမှာကြောက်ရတယ်… နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . . ဒါပေမဲ့ ”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး… နည်းနည်းတော့ အချိုပေါ့ထားတယ်။   ပြီးပါလေရော. . . ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. […]


alinsettJanuary 18, 20171min2386
                  စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ဆိုတဲ့ ပိုစ့်ထဲမှာ မပြုံးက ဒီလို ဝင် ဆွေးနွေးခဲ့ပါတယ်။ ဝင့်ပြုံးမြင့် says: ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား။ . နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား ဆိုတာကတော့ ကပ်သီးကပ်ဖဲ့ မေးခွန်းပါပဲ။ အဲ့လို မေးခွန်းမျိုးကို ပြန်ဖြေရင် ကျွန်တော်ပဲ ချောက်(ဂျောက်)ကျမှာ။ ဘာနဲ့မှ မတူအောင် နက်ရှိုင်းလှတဲ့ အနုပညာ ကမ်းပါးနံဘေးက ချောက်ထဲ ကျွန်တော် ထိုးကျ သွားပါလိမ့်မယ်။ ဆိုတော့ မဖြေရေးချ […]


alinsettJanuary 11, 20171min3078
“ဤ”ကို ခပ်လွယ်လွယ်… ကျွဲချင်သူတွေ…များလွန်းတော့လည်း… ———————————————————————————– “Good driving ! Ko Thura” အဲဒီ စကားဟာ ကျွန်တော် ကားမောင်းနေစဉ် မကြာခဏ ကြားရလေ့ရှိတဲ့ စကား ဖြစ်ပြီး အဲဒီ စကားကို မကြာခဏ ပြောလေ့ရှိသူကတော့ ကျွန်တော် အလုပ် လုပ်ကိုင်ရာ ရုံးမှာ အရေးပါ အရာရောက်သော/ ရာထူးကြီးသော ပရောဂျက် ဒါရိုက်တာ/ အင်္ဂလိပ် အမျိုးသမီးကြီး ဖြစ်ပါတယ်။ အဲဒီ ချီးကျူးစကားကို ကျွန်တော် ကားမောင်းနေစဉ် သူမက အနောက်ခန်းမှာ ထိုင် လိုက်ပါရင်း ပြောလေ့ရှိတာပါ။ အမှန်တော့ အသက် ၅ဝ ကျော်ပြီ ဖြစ်သော အဲဒီ အမျိုးသမီးကြီးဟာ အလွန်တရာ စိတ်တို ဒေါသ ဖြစ်လွယ်သော… အလွန်တရာ ဂမူးရှူးထိုး […]