alinsettMay 9, 20141min28917
  ယောကျာ်းတွေနဲ့ ပတ်သက်ပြီး ဟိုတို့ ဒီတို့ တွေးတော ရေးပြောနေမိတာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ်နေပြီလား လို့ လည်း တွေးမိပါသေးတယ် ။   ဒါပေမယ့် ကိုယ်ကလည်း ကောင်းစေလိုတဲ့ ဆန္ဒနဲ့ ရေးမိတာပဲလေ ဆိုတဲ့ စိတ်ကလေးနဲ့ . . .ရေးတာပါ။   ပြီးတော့ ကိုယ့်မျက်လုံးထဲမှာ အမြင် ကန့်လန့်ဖြစ်သွားပြီ ဆိုရင် ပြောချင်လာတာ လျှာပါ ယားလာရော ။   စကားအဖြစ် အသံနဲ ့ပြောဖို့ကျတော့ နားထောင်ပေးသူက ရှိဦးမှ။ ရှိဦးတော့ ကိုယ်က စကားကို အမြီးအမောက် တည့်အောင် သိပ်မပြောတတ်။ ဆိုတော့ လက်ကပါ ယားလာရော ။   ဒါနဲ့ပဲ ကျွန်တော်တို့ ယောကျာ်းတွေ […]


alinsettMay 7, 20141min49337
  ((( အရင်ကတည်းက ဆရာမဂျူးရေးတဲ့ ကျွန်မတို့မိန်းမတွေ ဆိုတဲ့ ဆောင်းပါးလေးတွေ ဖတ်ခဲ့ရတယ်။   အဲဒီ မိန်းမတွေဘက်က အကြောင်းအရာတွေကို ဂျူးရေးသလို ကျွန်တော်လည်း ကျွန်တော်တို့ ယောကျာ်းတွေနဲ့ ပက်သက်ပြီး ကျွန်တော် မြင်မိတာလေးတွေ ရေးချင်လာတယ်လေ။   ရေးမယ် ဆိုပြီး တွေးထားပေမယ့် တော်တော်နဲ့ မရေးဖြစ်ခဲ့ပဲ အခုမှ စရေးဖြစ်တယ်ဆိုပါတော့။   ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ်တွေရဲ့ ယောကျာ်းသားဖြစ်မှုကို အမွှန်းတင် အကောင်းပြောတာမျိုးလည်း မဖြစ်အောင် အဆိုးအပြစ်တွေ ကြံဖန်ပြောတာမျိုးလည်း မဖြစ်အောင် ရေးဖို့ ကြိုးစားပါ့မယ် ။   ကျွန်တော့် အမြင်တွေကို ပြောတာဖြစ်တဲ့အတွက် တခြားသူတွေနဲ့ အမြင်ချင်း ကွဲပြားနိုင်ပါသေးတယ်။   အဓိကကတော့ ကျွန်တော်က ကျွန်တော်တို့ယောက်ျားတွေနဲ့ ပတ်သက်ပြီး ကောင်းစေလိုသောစိတ် တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ […]


alinsettMay 2, 20141min35818
  ပင်လယ် နှင့် မိုး သို့. . . _______     တစ်ခါက နေများ ညများသည် . . အရာရာမှုန်ဝါးဝါးဖြစ်သွားဖို့ရာကစောနေသေးသလားမသိ။   ပြီးပြီးပျောက်ပျောက်ဖြင့် သက်ရောက်မှုကင်းကင်း ခပ်ရှင်းရှင်းဖြစ်စေချင်သော်လည်း . . . အခုတော့ . . . အင်းလေ. . . ဘယ်တတ်နိုင်မှာလဲ . . . တဟဲဟဲ ရယ်ပြရုံကလွဲလို့. . .   ************************************   အဲသည်အချိန်က ကျွန်တော် . . .17 နှစ် ။   ပထမဆုံးအကြိမ်အဖြစ် ရည်းစားတစ်ယောက်ထားဖို့ စိတ်ကူးယဉ်ပြီး မကြာခင် . . […]


alinsettMay 1, 20141min44928
ဘုရား ဘုရား ဒီညလည်း အိပ်မပျော် လန့်နိုးလာခဲ့ပြန်ပြီ။   အတွေးတွေနဲ့ ကြောက်လန့်တကြား လန့်နိုးခဲ့ရတဲ့ အိပ်ပျက်ညတွေ အတော်များပြီပဲ။   တကယ်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည် ။ ဘာအတွက် ထိတ်လန့်နေသလဲ ဘာကို ကြောက်ရွံ ့နေသလဲ ဘာက ကျွန်တော့်ကို တုန်ရီလှိုက်မောစေသလဲ အဖြေမရှိသော ပုစ္ဆာတော့မဟုတ်ပါ ။   ရင်တွင်းတနေရာရာက တုန်တုန်ရီရီဖြစ်နေတာ သေချာသည် ။ တစ်ခုခုကို ကြောက်ရွံ ့ ထိတ်လန့်နေတာ သေချာသည်။ အချိန်က ည နှစ်နာရီ လူတွေအားလုံး အိပ်မောကျနေချိန် ဒါလည်း သေချာသည် ။ ကံကြမ္မာဆိုးတွေ ထပ်ဝင်လာမှာကို ကြောက်နေတာများလား။ အတိတ်တုန်းကလို သေချင်လောက်အောင် ပူဆွေးသောက ရောက်ခဲ့တဲ့အဖြစ်ဆိုးမျိုးတွေနဲ့ ထပ်ကြုံရမှာကို ကြောက်နေတာ ထင်ပါရဲ […]


alinsettApril 29, 20141min26814
    အခုတလော . . . သူရ ဖတ်ဖြစ်နေတဲ့စာအုပ် သုံးအုပ်ရှိပါတယ် ။ ပထမဆုံး ဖတ်တဲ့စာအုပ်က  ဖတ်ပြီးသားကို ပြန်ဖတ်ခြင်းပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ”လီရနာ ဂင်္ဂ ါ ဧရာဝတီ ကဗျာ၏ သင်္ခါရ နှင့် နိယာမ ” ဆိုတဲ့စာအုပ်ပါ။ ချစ်သော ကထူးဆန်းကြီး လက်ဆောင်ပေးထားတဲ့စာအုပ်။ အဲဒီ စာအုပ်ကို ဖတ်ပြီး တွေးမိတာတွေ . . . .ချရေးမိတာတွေ ရှိပါတယ် ။ ဒါက ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ့် စာပေအနုပညာ သဘောတရားတွေမို ့ နောက်များမှ ပြောပါတော့မယ် ။ နောက်တစ်အုပ်ကလည်း ဖတ်ပြီးသား ပြန်ဖတ်တာပါပဲ။ ဆရာဖေမြင့်ရဲ ့ ”ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုတဲ့ […]


alinsettApril 28, 201410min6586173
   ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ… သို ့… အဓိကကတော့   မန်ဘာတစ်ယောက် သိချင်တာတစ်ခုကို တခြား သိတဲ့ မန်ဘာတစ်ယောက်က အဖြေရှာပေးသွားမယ့် လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ အဖြစ် အကျိုးပြုနိုင်ဖို့ပါ။ ((မေးခွန်းတစ်ခု သိချင်လို့မေးထားတာကို မကြာခင်မှာပဲ တစ်ယောက်ယောက်ကတွေ ့ပြီး ဆွေးနွေးတိုင်ပင် အဖြေရှင်းချက်လေးး ပေးသွားမယ် ဆိုတော့ ဒီ နေရာဟာ ရှင်သန် သက်ဝင်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်ပါတယ်။))  အဲဒီ အမေးနဲ့ အဖြေကို တခြားသူတွေ ဖတ်လိုက်ရရင်လည်း . . . အသိတွေ ဗဟုသုတတွေ တိုးပွါးနိုင်တာမို့ မန်ဘာဝင်မဟုတ်သူတွေ  အပြင်ကဖတ်သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ် ။ —————————————————————————————————–   ကျန်းမာရေးကိစ္စ   Q .  ဝင့်ပြုံးမြင့် ဗိုက် ၂ကြိမ်ခွဲထားတော့ အခု […]


alinsettApril 25, 20141min37630
မောင်နဲ ့ မေတို ့အချစ်ကို လူကြီးတွေ သဘောမတူဘူးတဲ့. . . .ဆိုသည့် သီချင်းစာသားလိုပင်ဖြစ်နေသည် ။   ကျွန်တော်ချစ်သော မေ နှင့် ကျွန်တော့်ကို မိဘများက သဘောမတူကြ ။ ကျွန်တော်က သူမကို မေ ဟု ခေါ်သည်။ သူမက ကျွန်တော့်ကို မောင် ဟုခေါ်သည်။ တကယ်တော့ ရိုးရိုးကလေးသာ ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်၏ ချစ်ခြင်းက ပစ်ခွင်းဖြိုဖျက်ပစ်ချင်စရာ ပစ်မှတ်တစ်ခုလို့များ ထင်ကြလေသလား မသိ ။   မိဘများက သဘောမတူ ။ အူတူတူဖြစ်ရပါသည် ။ မေ့ မှာ ဘာအပြစ်ရှိသနည်း ။ မေ့ဘက်မှ အသိုင်းအဝိုင်းက ကျွန်တော့်ကို လက်ခံသဘောတူနိုင်ပါလျက်နှင့် . . […]


alinsettApril 22, 20141min21419
        ချစ်စရာကောင်းတဲ့သဘာဝတရားကို အဓမ္မပြုကျင့်မိတဲ့အတွက် ပြစ်ဒဏ်ကျခံနေရတဲ့လောက/ကိုယ့်တစ်ကိုယ်စာ ဖြစ်တည်မှုကတောင် ရေရာမှုမရှိရတဲ့ကြားထဲ. . .သူများတွေကိုပါ ကယ်တင်ချင်သေးသတဲ့ ။ အဟက် ။ ကိုယ့်စာမျက်နှာတွေ ကိုယ်ပြန်ခေါက်သိမ်းပြီးသာ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ချင်စမ်းပါကွယ်။ သံသရာဆိုတာက လေချိုလေး သွေးရုံနဲ့ ပြီးပြတ်မသွားဘူး။ ငြိမ်းချမ်းရေးဆိုတာကရော ဘာထူးလဲ။ ပန်းတစ်ပွင့်မှ မဟုတ်တာ ။ လှမ်းခူးလိုက်ရုံနဲ ့ ကိုယ့်လက်ထဲရောက်လာနိုင်တာဆိုလို့မိုးပေါ်က ကြယ်တွေပဲ ရှိတယ် ။ ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်လို့ ထင်မြင်ယူဆသူတွေပဲ မှန်တယ် ။ မကြာခဏ ထ ပျံသွားတတ်တဲ့ သဘောကို သိတဲ့သူတွေအတွက် ငြိမ်းချမ်းရေးဆိုတာ ငှက်တစ်ကောင်။ မယုံဘူးလား။ မယုံဘူးဆိုရင် သင်ကိုယ်တိုင် ငှက်တစ်ကောင်လို ပျံဝဲဖို့ကြိုးစားကြည့် ။ ကောင်းကင်ရဲ့ဝတ်ရုံလွှာအပြာနုကို ထိုးခွဲ.. . […]


alinsettApril 20, 20144min42630
  ဒီနှစ် သင်္ကြန်က ဟိုနှစ်သင်္ကြန်နဲ့အတော်လေး ကွဲလွဲခဲ့ပါတယ် ။   ဒီနှစ်ခရီးရက်ရှည် ထွက်ခဲ့မိတာ မှားယွင်းမှုတစ်ခုလား အမှန်တရားတစ်ခုလား ဘာမှန်းကို မရေရာတော့ပါဘူး။   မသေလို့ ပြန်ရေးပြနိုင်တဲ့ ခရီးစဉ်ဆိုတဲ့စကားက အလကားပြောခဲ့တာမဟုတ်ပါဘူး။   တကယ့်ကို သေမယ့်ဘေးနဲ့ သီသီကလေးတွေ ကပ်လွဲပြီးမှ သက်ပြင်းကြီး ဟင်းခနဲ ချရင်း ပြောရတဲ့စကားပါ ။   ဟုတ်ပါတယ်။ ဒီသူရ . . . ဒီခရီးကိုထွက်ခဲ့ပြီး. . . ဒီလိုပြန်ပြောပြနိုင်တာ. . . မသေခဲ့လို့ပါ ။   ဒီလိုပါ. . . . .   _____________   သူရ တည်းတဲ့ စိန္တာရွာ ဆိုတာက […]


alinsettApril 18, 20145min33630
အခု သူရပြောပြမယ့်အကြောင်းက တကယ့်အဖြစ်အပျက် တကယ့်အရှိအကြောင်းဆိုပေမယ့် အိပ်မက်တမျှ ဆန်းကြယ်လှတဲ့နေရာတစ်ခုအကြောင်းပါ။   တကယ်လို့ အခု စာကို ဖတ်နေတဲ့ သင်ဟာ တောင်တွေ တက်ရတာ ခရီးတွေ ထွက်ရတာကို ပျော်တတ်တဲ့လူဆိုရင် ……… တကယ်ပဲ ခရီးထွက်ခြင်းကို ချစ်တဲ့သူလား ခရီးထွက်ခြင်းကို မချစ်သူလားဆိုတာ အဖြေတစ်ခုထွက်နိုင်ပါတယ် ။   ဘာလို့လဲဆိုတော့ ဒီခရီးဟာ အင်မတန်ကြမ်းတမ်းပြီး မသေမပျောက်တာ ကံကောင်းလို့ လို့ ဆိုရပါမယ်။   သူရ အခု ကံကောင်းလို့ ဒီခရီးစဉ်အကြောင်းကို ပြန်ရေးပြနိုင်တာပါ။   ခရီးစဉ်ရဲ့ အခြေအနေကို အသေးစိတ်မပြောခင် ဒီခရီးဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ သူတွေအတွက် ၁ဝ မိနစ်လောက် စပြီးတာနဲ့ လာလမ်းလှည့်ပြန်မှာသေချာတဲ့ခရီး လို့ အရင် ပြောပါရစေ ။ […]


alinsettApril 17, 20141min50650
  ဂဇက် . . . အကြိုက်ဆုံးစာပေဆု ဆန်ခါတင်စာရင်းကြေညာချက်ကို . . . ကြေညာပေးမယ့်သူ ရှာမရခင် ကတည်းက ကျနော်တိုးတိုးတိတ်တိတ် ပြောပြထားလို့. . .သိပြီးလောက်ရောပေါ့နော့်။   အဲဒီ သတင်းဖောက်ခွဲမှုကြောင့် သတင်းပေါက်ပြဲ ထွက်ကျမှုကြီး ဖြစ်ပွါးပြီးနောက်မှာ . . . ကျနော်လည်း မထူးဇာတ်ခင်းပြီး နောက်ထပ် ”ဆုရသူ သတင်း ”ကို . . . ထပ် စပ်စုလိုက်တာ. . .   အဲဒီ . . . ဆန်ခါတင်စာရင်းထဲက. . . ဘယ်သူက . . . ဘယ်စာမူနဲ့ . . . […]


alinsettApril 11, 20147min38327
  အဟမ်းးး   ပြောရမယ့်အကြောင်းအရာက ထူးထူးခြားခြားဆိုတော့ လည်ချောင်းအရင်ရှင်းရပါတယ်။   ခပ်တည်တည်ရေးပါ့မယ်။ ဒညင်းဝက်ဆိုတဲ့ ကျနော်. . . စာတော်တော်များများရေးဖူး ပါတယ်။  စာမျိုးစုံပေါ့ဗျာ။ ဝတ္ထုတို /ဝတ္ထုရှည် / ကဗျာ/ ဆောင်းပါး / ရသစာတမ်း/ ခရီးသွားဆောင်းပါး / သရော်စာ / ဟာသရသ / စာပေဆောင်းပါး / ဝေဖန်ရေးဆောင်းပါး စသည်ဖြင့် ပေါ့ဗျာ ။   အဲဒါတွေ ရေးခဲ့တာ. . ရေးခဲ့သမျှထဲမှာ . . . “စာပေဆုကြေညာတဲ့စာ”ဆိုတာ မပါခဲ့ပါဘူး။   အဲဒီလိုမျိုး…………. ထွေထွေလီလီတွေ ရေးခဲ့သမျှထဲမှာ . . . ဆုရသွားတဲ့ သူနဲ့ ဆုရစာမူကို ကြေငြာပေးရတဲ့ […]


alinsettApril 8, 20145min36428
  ကျနော့်မိတ်ဆွေအချို ့ထဲမှာ ဂဇက်ရွာထဲက စာတွေကို မန်ဘာမဝင်သေးပဲ ဝင်ဖတ်နေသူတွေ ရှိနေပါတယ်။ တချို ့က ဒီအတိုင်း တိတ်တိတ်လေး ဆက်လက် ဖတ်ရှုနေကြတယ်။   တချို ့ကတော့. . .ရွာထဲ မန်ဘာအဖြစ်ဝင်ပြီး ပုကျိပုကျိတွေ ဝင်ပြော ဝင်ရေးချင်လာကြပါလေရော။   အဲဒီတော့ သူတို့ မန်ဘာဝင်ချင်တယ် ဆိုပြီး မန်ဘာတွေ ဝင်ကြပေမယ့် အများစုက ဖုန်းတွေနဲ့ ဆိုတော့ ပိုစ့်တင်ရတာ ခက်နေပါတယ်တဲ့။   ဟုတ်လည်းဟုတ်တယ်။ ကွန်ပြူတာပေါ်မှာ မြင်ရတဲ့ ဂဇက်စာမျက်နှာ ပုံနဲ့ ဖုန်းလေးထဲမှာ မြင်ရတာက မတူဘူးလေ ။   အဲဒါနဲ့ ကျနော့် မိတ်ဆွေ မန်ဘာအသစ်လေးတွေက အကောင့်တွေ ကိုယ်စီရှိနေပေမယ့် ဘာမှ ဝင်မရေးဖြစ် ဘာမှ […]