alinsettMarch 9, 20142min27323
လမ်းလျှောက်နိုင်သူ ဘယ်လောက်များများ လမ်းဖောက်ခွင့် . . . လမ်းလျှောက်ခွင့်မပြုပဲ ပိတ်ထားတဲ့လမ်းတွေ များနေရင် ဘယ်ခရီးမှ မရောက်နိုင်ဘူး။   ခေတ်မီဖွံ ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးကို စကားလုံးတွေ မိုးလားကဲလားပလူပျံနေရုံ . . . စာသားလှလှတွေ အုံနဲ့ကျင်းနဲ့သုံးပြနေရုံနဲ့ …..တည်ဆောက်လို့မရဘူး ။             အဲဒီလို စာအုပ်တွေ မလိုချင်ဘူး..။   ယူနီဖောင်းကြီးတွေ ဝတ်ပြီး.. စာအုပ်တွေ  အတင်းလာထိုးရောင်းရင်..မဝယ်ချင်ဘူး..။ ရန်ပုံငွေ အဖြစ် ရောင်းတယ်ပဲ..ဆိုဆို… သူတို ့အဖွဲ ့အစည်းတွေရဲ ့  အပိုငွေ ရှာမှုပဲ..ပြောပြော.. တခြားနည်းနဲ ့ ငွေ ရှာစေချင်တယ်… ။ ကိုယ်မကြိုက်တဲ ့ […]


alinsettMarch 6, 20143min35736
  ဟို စာရေးဆရာမရဲ ့..စာအုပ်တွေထဲက…. ကျေးဇူးတင်လွှာလို..ပြောကြည့်ဦးမယ်.. :kwi:   ကျနော့်ရဲ ့… မန်းလေးမြို ့ခရီးစဉ်ဆိုတာ… အောက်ပါ မိတ်ဆွေများရဲ ့အကူအညီ အကြံဉာဏ်များနဲ ့…ဖေးမကြင်နာမှုများ..မပါလျှင်… မည်သိ ု့မျှ..မဖြစ်နိုင်ပါ… ။ မန်းလေးမြို ့သို ့…အသွား အပြန်…ကားလက်မှတ် စီစဉ်ပေးခဲ့သော… ချစ်သူငယ်ချင်း ချစ်မင်း ကျနော် ့ခရီးစဉ်ကို.. ဘယ်ပြီးရင်..ဘယ်ကိုသွား..စသည်ဖြင့်.. လမ်းညွှန်ပေးခဲ့သော.. မိုးမင်းသား ကျနော်စီးလာတဲ့ကား..မန်းလေးမြို့ထဲ..မဝင်ခင် ( မနက် 5 နာရီလောက် ) ကတည်းက…ကားဂိတ်မှာ.လာကြိုစောင့်စားပေးခဲ့သော… ချစ်သော..လေးပေါက် …နှင့်.. ချစ်သော သဂျား… ကျနော့်ကို လာကြိုဖို ့.. သူတို ့နှစ်ယောက်.. အဲဒီနေ့မနက်…လေးနာရီလောက်ကတည်းက..အိပ်ရာထပြီး..ထွက်လာရမှာမို ့… အားလည်းနာ.ကျေးဇူးလည်း.တင်ရပါတယ်.. ။ လာကြိုတဲ့အပြင်… မနက်စောစော လက်ဖက်ရည်ပါ တိုက်တဲ […]


alinsettMarch 2, 201415min34825
ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များအပိုင်း( ၁ )သို ့.. တကယ်လို့ . . . သင်… သည်. . . . ဂဇက် နဲ့ အဆက်ပြတ် ပြတ်သွားတတ်တဲ့ မအားသော အခြေအနေကြားက ဂဇက်ချစ်သူ လူသား ဖြစ်နေတယ်ဆိုပါစို ့. . . ဂဇက်ထဲ ဝင် ရ ထွက် ရတာလည်း အသုံးမကျသော မြန်မာပြည် အင်တာနက်မြန်နှုန်းကို အံတုနေရသူ ဂဇက် ချစ်သူ ဆိုပါစို့ဗျာ. . . . ဒါဆိုရင်တော့  …. ဂဇက် ထဲမှာ သင်…မဖတ်ရသေးတဲ့ ပိုစ့်ကောင်းတွေ ရှိပါတယ်။ သင့် အကြိုက် ဟုတ်တယ် မဟုတ်ဘူးကိုတော့ မလိုက်နိုင်ပေမယ့် . […]


alinsettFebruary 27, 20142min29022
ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . . ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . . ညင်သာစွာ ပွတ်သပ်ကြည့်ပြီး  မဲ့ပြုံးကလေးတစ်ချက်တော့ . . ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။           ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . . အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။     မန္တလေးနှင့် တတိယနေ့ ( 15 / 1 / 2014 )   ရန်ကုန်ထက် ပိုအေးတဲ့ဆောင်းရာသီနဲ့ မန္တလေး/မနက် လေးနာရီ ဝေလီဝေလင်းကြီးမှာ. . […]


alinsettFebruary 24, 20144min28019
    မေမေရေ. . . ကဗျာဆိုတဲ့ သွေးတွေ . . . သားရင်ဘက်ထဲ စီးဆင်းဖို့. . . ဘယ်လို ညမျိုးမှာ သားကို မွေးခဲ့ရသလဲ. . . ဖိနပ်ပါးပါးတစ်ရံကို အကြာကြီးစီးရပြီး အယူအဆထူထူတွေကို ဝတ်ဆင်လို ့. . . ဆူးခင်းတဲ့လမ်းကိုမှ လျှောက်ချင်သူ. . . သားဟာ. . . . ကဗျာဆန်သောလူတဲ့လား. . . တကယ်တော့. . . ခါးလှတဲ့သစ်တစ်ရွက်ပါမေမေ မေမေရေ. . . ရာဇဝင်တွင်အောင် ရက်ရောတဲ့ သားအတွက် ကံဆိုးမိုးမှောင်တွေ ရွာချ.. ကဗျာဆိုပြီး နူးညံ့သိမ်မွေ့ပြရတဲ့ညတွေ တကယ်တော့. . . […]


alinsettFebruary 18, 201411min36630
      အဟမ်း ။ နည်းနည်း လေရှည်လိုက်ဦးမယ်ဗျာ ။ သူရ အခုတလော စာတွေ သိပ်မရေးဖြစ်ပဲ ဖတ်တဲ့ဘက်ကို အားသန်နေမိတယ်။ ဘယ်မှာ ဖတ်တာလဲ ဆိုတော့  သူရ ချစ်သော ဂဇက်စာမျက်နှာပေါ်မှာပေါ့ဗျာ ။ လက်ထဲက ကိုင် ဖတ်မိတဲ့စာအုပ်လေးတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒီစာအုပ်တွေကိစ္စက တစ်ပိုင်း ဆိုတော့ အခု ပြောလိုတာကို ဆက်ပါ့မယ်။   သူရ ဂဇက်မှာ ဝင် မွှေနေတာ ကြာပြီဆိုရမယ်။ သုံးနှစ်နီးပါးရှိပြီ ထင်တယ်။ အခုမှ မန်ဘာ ဝင်လာသူတွေထက်တော့ ကြာပြီပေါ့။ ရွာသားဟောင်းတောင်းတောင်း ဖြစ်နေသယောင်ယောင်ပေါ့ နော့ ။ ဘာ သွားတွေ ့လဲ ဆိုတော့  ………… အမျိုးမျိုးအစားစားသော မိတ်ဆွေတွေ […]


alinsettFebruary 14, 20144min59224
  ကျွန်တော် ခင်ဗျားကို ချစ်တယ်။   ဒါက ……………… လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ရည်းစားစာ ဆိုတာကြီး မဟုတ်ဘူး။   အဲဒီလို ရည်းစားစာပေးတယ်ဆိုတာထက် ပိုလေးနက်တဲ့ မေတ္တာတရားရဲ့ အတိမ်အနက် အလေးအပေါ့သဘောတရာတွေနဲ့ စိတ်နှလုံးထဲက ခံစားမှုတွေကို ဖွင့်လှစ်ပြသခြင်းပါ ။   ချစ်တယ်ဆိုတဲ့စကားကို သုံးလိုက်ရပေမယ့် ပြော ပြ ချင် တာ က ဒီ ထက် အများ ကြီး ပိုနေပါတယ် ။   ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တယ်ဆိုရာမှာ ဘာတွေ ပါနေသလဲ ဘယ်လိုမျှော်လင့်ချက် ဘယ်လို အတွေးစိတ်ကူးတွေနဲ့ ဦးတည်သလဲ . . .   ကျွန်တော်ကတော့ ခင်ဗျားကို ချစ်တယ်လို့ပြောရာမှာ. . […]


alinsettFebruary 12, 20142min29812
ငါ့အတွက်ဆို ကံကြမ္မာက ဓါးထမ်းပြီး လာနေကျပဲ ။ အဲဒီလို ငါ မကြာခဏရေးဖူးတယ် ။   တကယ်လည်း ဟုတ်တယ် ။ ကြာတော့ ငါက. . . ကံကြမ္မာဆိုတာကြီးကို ကြောက် ရွံ ့ခြင်းကတစ်ဖက် . . လာစမ်းကွာ ဆိုပြီး ရင်ကော့ ခေါင်းမော့ အရွဲ့ တိုက်လိုက်ချင် စိတ်က တစ်ဖက်နဲ့. . .နှလုံးသားမှာ အသားမာတောင် တက်လာတယ်။   ငါ စဉ်းစားတယ် ။ ငါ ဖြစ်နေတဲ့ အကျိုးတရားတွေကို ကြည့်ရင်. . . ငါ လုပ်ခဲ့တဲ့ အကြောင်းတရားက တော်တော် ကမောက်ကမ နိုင်ခဲ့တာပဲ လို့ ။   အခု […]


alinsettFebruary 10, 20142min28830
  သူရ တော်တော် စိတ်လေသွားတယ်။ မြန်မာပြည်မှာက မဖြစ်သင့်တာ တော်တော်များများ ဖြစ်နေပြီး ဖြစ်သင့်တာတွေကတော့ ဖြစ် မနေဘူး။ ဒီတော့ ဟိုတွေးဒီတွေး ဟိုမြင် ဒီမြင် ဖြစ်တတ်တဲ့ သူရကို မြန်မာပြည်ကြီးက အတော် စိတ်ပျက်စေတယ် ။ ဟိုတနေ့က သူရရဲ့မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောရင်းနဲ့ သဂျီးပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတဲ့ စကားကို သတိရသွားပြီး အတွေးပွါးများခဲ့ရသေးတယ်။ ———————————– အဲဒီမိတ်ဆွေနဲ့ သူရ ရှစ်မိုင်လမ်းဆုံနားကနေ လမ်းဖြတ်ကူးတာပါ။ လူကူးမျဉ်းကျားကနေကူးတာပါပဲ။ ဒါပေမယ့် ကားတွေက အေးဆေးပဲ ။ လူတွေ ဆယ်ယောက်လောက် တန်းစီပြီး ကူးဖို့စောင့်နေတာကို ခဏရပ်ပြီးကူးစေဖို့ ကားသမားတွေမှာ စိတ်ကူးမရှိဘူး။ ရပ်ပေးစရာ မလိုသလိုပဲ။ သူရတို့က ကားအကျဲမှာ အတင်းဖြတ်ပြေးဖို့ ကြိုးစားရတယ်။ ဒါပေမယ့် ကားအကျဲလေးမှာ အသည်းအသန်ကူးလို့ […]


alinsettFebruary 6, 20144min866
    * ရင်ဝမှာ. . .ဒဏ်ရာတန်းလန်းနဲ့ ည * ကြယ်တွေ လတွေ ဝေဆာနေတဲ့. . . သူတို့တွေရဲ့ ညများ. . . . ငါနဲ့ ငါ့ညလေးတွေက အားကျလိုက်ပါတယ် ညဟာ . . .ည မပီသလွန်းလို့. . .     လူမမည်သေးတဲ့ လူအတွက်. . . ညမမည်သော ညတွေကပဲ. . . တုတ်ဆွဲဓါးဆွဲ ထိုးခွဲဝင်ရောက်. . . ကံဆိုးမိုးမှောင်တွေ ခုတ်ထစ်ကျွေးဖို့တဲ့… ကွယ်. . . ငါကမှ မစားချင်တာ. . .     ဆူးချွန်တွေနဲ့ ဖိအုပ်တတ်သော […]


alinsettFebruary 4, 20143min1396
    * တွေ ့လျှင် ပြောကြပါ. . . * သိပ်မလွတ်လပ်သော ကောင်းကင်ထဲ. . . ငါ့ အတောင်ပံတွေကို ဖြန့်. . .ဝဲခနဲပျံပြီး. . . ငါ့သီချင်း ငါရှာပါရစေ. . . မင်္သကာဖွယ်ရာ တိမ်တိုက်တွေနဲ့. . . ရှုပ်ထွေးလှတဲ့ ကောင်းကင်ထဲ. . . ငါဆိုရမယ့် သီချင်းလေးက ဘယ်မှာလဲကွယ်. . . အတောင် ညောင်းတဲ့ငှက်မို့ . . . ပျက်ကျတော့မယ့်ဆဲဆဲလို့ မလှောင်ပါနဲ့ကွယ်. . . . ဇွဲနဲ့ လုံ ့လ ကို ဒဏ်ကြေဆေးလို လိမ်းကျံပြီး ဆက်ပျံနေမယ်. . […]


alinsettJanuary 29, 20142min59052
၁ ။ ။   သူရ ရဲ့ မိတ်ဆွေတွေထဲမှာလည်း ရှေးရိုးစွဲ အယူအဆဟောင်းကြီးတွေနဲ့ . . . တလွဲအတွေးအခေါ်ကို ဝတ်ရုံလို ခြုံပြီး ရှင်သန်နေသူတွေ မနည်းပါလားလို ့ တွေးမိပြီဗျာ ။   သူတို့ရဲ့ အယူအဆတွေ အတွေးအခေါ်တွေနဲ့ သူရရဲ့ အယူအဆတွေ ကွဲလွဲလွန်းမက ကွဲလွဲတာများလာတော့. . . သူရကပဲ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလို ဖြစ်သွားတာပေါ့ ။   တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုမှတော့ ဒီအကောင်ကပဲ ထော်လော်ကန့်လန့်ကောင် / ဘုဘောက်ကောင်ကြီး ဖြစ်နေတော့တာပေါ့လေ ။   သူရကတော့ အကြောင်းအကျိုးကိုက်ဖို့ / ယုတ္တိရှိရှိနဲ့ သဘာဝကျဖို့ကိုပဲ အဓိကထားပြီး မြင်လိ်ုက် တွေးလိုက်တာပဲ။   […]


alinsettJanuary 27, 20142min20210
  “ နာရေးသတင်း  ´´ ______________________________ _____ # မိုးပြိုတာလား မြေပြိုတာလား. . .     သွားစမ်းပါ. . .     မနာလိုသူတွေ ပြောတဲ့တရား. .     ဝေးဝေးကိုသာ သွား  ။ •••••••••••••••••••••••••••••••••••••••••••••••• # ကြီးငယ်တာလား သေးမားတာလား. . .     ဒါလည်း သွားစမ်းပါကွယ်. . .     ဝေဖန်သူတွေ သတ်မှတ်ချက်. . .     အဟက်ခနဲ  ရယ်ပြလိုက်မယ် . . .     မှတ်ထား ငါက […]