alinsettJuly 12, 20121min2579
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ် နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့် ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ … စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။ ………………………………… …………………………………… ___________________________ ”နေကောင်းရဲ့လား” ဟု ဗိုလ်ချုပ်ကြီးမေးသည်။ တစ်နေ့လုံးခြိမ်းခြောက်နေသော မျက်ရည်များကို ကျွန်တော်အံကြိတ်ပြီး သိမ်းဆည်းထားသည်။ ”စိုးရာယာကို သွားရှာလိုက်ဦးမယ်” ဗလီ၏ အမျိုးသမီးဘက်ဆီကို ကျွန်တော်သွားရာ လှေကားထစ်တွင် အမေနှင့်အတူ […]


alinsettJuly 11, 20121min2737
‘ ‘ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား” ”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ” စိုုးရာယာ ချုံးပွဲချငိုသည်။ သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊ ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့် ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ xxxxxxxxxxxx အခန်း(၁၃) နားဖောက်ပွဲအခမ်းအနားအတွက် တာဟီရီအိမ်သို့ နောက်တစ်နေ့ညနေတွင် ကျွန် တော်တို့ရောက်လာသောအခါ ကားကို […]


alinsettJuly 9, 20121min1376
”ဟေး … ဒီမှာလာကယ်ပါဦး” ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။ ”ကယ်ကြပါဦး” ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ………………….. ………………………………… __________________________ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ဘာဘာ့တံတွေးများ နီစွေးလာသည်။ လျှာကိုကိုက်ထားသော ဘာဘာ့အနီး ကျွန်တော် ဒူးထောက်၍ ဘာဘာ့လက်မောင်းများကို ကိုင်ကာ ”ကျွန်တော်ရှိတယ် ဘာဘာ၊ ကျွန်တော်ရှိတယ်” […]


alinsettJuly 8, 20121min34824
March ..လ . 7 ရက်… ကားပေါ်မှ ဖုတ်ခနဲ..ခုန် ဆင်းလိုက်သည်နှင့် တပြိုင်နက်… ကျွန်တော့် ခန္ဒာကိုယ်ထဲကို ခွန်အား တစ်ခုခု စီး ဝင်လာသည် ။ မနက်ဖြန်ဆိုလျှင် ဖေဖေရှိသော ကျွန်းကလေးဆီ ရောက် ပြီ..။ တောင်ကုတ်မြို ့သည် ကျွန်တော် နှင့် သိပ်..စိမ်း မနေပါ ။ ပြီးတော့…. အေးချမ်း ငြိမ် သက်သော…ဤမြို ့ကလေးကို..ကျွန်တော် သဘောကျသည် ။ တောင်တန်းကြီးတွေ…၊ မြစ်..၊ ချောင်း..၊ ပင်လယ် တွေ…ကြားမှ ဤမြိုူ ့ကလေးသည်…ကျွန်တော် ချစ်သော ဖေဖေ ရှိရာ.ကျွန်းကလေးဆီ သွားဖို ့…. ကြားခံ နယ်မြေ ပင် ဖြစ်သည် ။ ကျွန်တော် ငယ်စဉ်က ဤ […]


alinsettJuly 7, 20121min1496
တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။ ”ဘာမေဂျာယူလဲ” ”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။ ”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ________________________________ ‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်” သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။ […]


alinsettJuly 5, 20121min1277
” ဘာဘာ ကျွန်တော့်အား လေးလေးနက်နက်ပြောနေပုံမှာ စိုးရာယာ တွင် ရင်သားကင်ဆာပဲ ရှိနေတော့သယောင် အတည်ကြီးဖြစ်နေသည်။ ”ဖြစ်ရလေ …” ”ကောင်မလေးက သိက္ခာရှိတယ်လို့ကြားတယ်။ အလုပ်လုပ်တယ်။ စိတ်သဘော နူးညံ့တယ်။ ဒါပေမယ့် ချစ်ရေးဆိုတဲ့လူ မရှိတော့ဘူူး။ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ _______________________ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ ”လောကကြီးဟာ မတရားဘူး။ သုံးလေးရက်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စကြောင့် တစ်ဘဝလုံး ပြောင်းလဲသွားတယ်။ တစ်ခါတလေများ တစ်ရက်ထဲဖြစ်ခဲ့တဲ့ ကိစ္စကြောင့် တစ်ဘဝ လုံး ပြောင်းလဲသွားတယ်” ထိုညက ကျွန်တော်သည် အိပ်ယာထဲ မျက်လုံးကြောင်တောင်နှင့် စိုးရာယာ၏ တံဇဉ်ပုံ မွေးရာပါအမှတ်ကလေးကို သတိရနေသည်။ ကျွန်တော့်ရင်က ပရမ်းပတာ။ ပြေပြေကလေး […]


alinsettJuly 3, 20121min1387
”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ” ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။ ”ကျေးဇူးတင်ပါတယ်၊ ဘာဘာ” ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။ ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။ ”ကျေးဇူးတင်ပါတယ် ဘာဘာ” ……………………… ………………………. ………………………….. ____________________________________- ”ကျေးဇူးတင်ပါတယ် ဘာဘာ” တကယ်တော့ သည့်ထက်များများ ပြောပြချင်ပါသည်။ ဘာဘာ့မေတ္တာ အတွက်၊ ဘာဘာလုပ်ပေးခဲ့သမျှ အဝဝအတွက် ကျွန်တော် မည်မျှတန်ဖိုးထားကြောင်း၊ မည်မျှစိတ်ထိခိုက်ရကြောင်း ပြောပြချင်ပါသည်။ သို့သော် ”ကျေးဇူးတင်ပါတယ်” ဟုသာ ပြောထွက်ခဲ့သည်။ […]


alinsettJuly 1, 20121min1325
____________________- –”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် … သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ” ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ် အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။ ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။ ”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။ ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက် ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော သွေးများ …။ ……………………….. _______________________________ အခန်း (၁၁) ဖရီးမောင့်၊ […]


alinsettJune 29, 20121min2245
သေနတ်သံမြည်ဟိန်းသွားသည်။ ပြီးပြီ။ သွားပြီ။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်။ လောကကြီးထဲ တစ်ကောင်ကြွက်တစ်မျက်နှာ။ ဘာဘာကွယ်လွန်ပြီ။ ဘာဘာ့သက်မဲ့ခန္ဓာကို မြှုပ် ရတော့မည်။ ဘယ်မှာများသွားမြှုပ်ရပါ့။ ပြီးလျှင် ကျွန်တော်က ဘယ်စခန်းမြန်းရပါ့။ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ………………….. _______________________ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ မတ်တပ်ရပ်နေဆဲဘာဘာနှင့် အခြားရုရှားအရာရှိတစ်ယောက်ကို တွေ့ရသည်။ ကျွန်တော့်ခေါင်းထဲမှ ချားရဟတ် လည်နေသော အတွေးများ ရပ်တန့်သွားသည်။ စောစောကသေနတ်သံမှာ ထိုအရာရှိ မိုးပေါ်ထောင်ထားသော သေနတ်ပြောင်းဝမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ပြောင်းဝတွင် ယမ်းငွေ့လူနေသည်။ ဘာဘာ့ကို သတ်မလိုလုပ်ခဲ့သောစစ်သားသည် သူ့ပစ္စတိုကို သေနတ်အိတ်ထဲ ပြန်သိမ်းပြီးနေပြီ။ ခုတော့လည်း ခြေထောက်ကို ဟိုရှပ်သည်ရှပ် တောင်တိုက်မြောက်တိုက်။ ကျွန်တော့်မှာတော့ ရယ်ရအခက်ငိုရအခက်။ ကျွန်တော်တို့အား ဖာစီလို မတောက်တစ်ခေါက်နှင့် ငယ်သားများ၏အပြု အမူအတွက် တောင်းပန်နေသော ရုရှားအရာရှိသည် ဆံပင်များဖြူ၍ ကိုယ်ခန္ဓာခိုင်ဖြီး […]


alinsettJune 28, 20121min22118
( ကျွန်တော် နှင့် အကြောင်းတရားများ…။ ) ရနံ ့တစ်ခု ကို ကျွန်တော် ရနေသည် ။ နှင်းဆီပန်းရနံ ့လား..၊ ဒါမှ မဟုတ်…စကားပန်းတစ်ပွင့်ပွင့်၏ ရနံ့လား..။ သေချာ မသိပါ..။ စိတ်ထဲက သိနေတာကတော့….ထိုရနံ ့သည်.. ပန်းရနံ ့ တစ်ခုခု ဆိုလျှင်…. သာမန် ပန်း ရနံ ့ မဟုတ် …။ သဘာဝတရားကို လွန်ဆန်ထားသော…..ပန်းတစ်ပွင့်ဖြစ်နိုင်ချေ ရှိသည့်…ရနံ ့ ။ ကျွန်တော် အိပ်မရတာ ဤ ပန်းရနံ ့ကြောင့်တော့ မဟုတ်ပါ..။ ကျွန်တော့် အိပ်စက်ခြင်းကို..ဖျက်လို ဖျက်ဆီး..ပြုနေသော..အရာ..တစ်ခု မက..ရှိနေပါသည် ။ ၆… ။ …………………… ………. ………။ ၅….။ ကျွန်တော် ဖတ်ချင်လွန်းအားကြီး..၍…ဝယ်ထားပြီး..ပြင်သစ် […]


alinsettJune 27, 20121min1454
_ကျွန်တော်ဖန်တီးခဲ့သည့်ကိစ္စ၏ အတိမ်အနက်ကို ယခုမှ ကျွန်တော်သဘောပေါက်တော့၏။ အလီ၏ မျက်နှာသေ ကြီးကပင် ဝမ်းနည်းနာကျင်မှုကို ဖော်ပြနိုင်အောင် လူတိုင်းကို ဝမ်းနည်းပက် လက်ဖြစ်စေခဲ့ပြီ။ ကျွန်တော်အားတင်း၍ ဟက်ဆန့်ကိုကြည့်ရာ ဟက်ဆန်သည် ခေါင်းငိုက်စိုက်ကျနေသည်။ ပခုံးနှစ်ဖက်ပျော့တွဲလျက်။ လက်ချောင်းများက ရှပ်အကျႌချည်စကို ရစ်ပတ်လျက်။ ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ” ………………………………… _______________________- ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ” အလီက ဘာာဘာ့ကို ဘာမျှမပြော။ ဟက်ဆန်က သူခိုးကြောင်းဝန်ခံစဉ်က အလီ ဘာမျှဝင်မပြောခဲ့သလို ယခုလည်း ဘာမျှမပြော။ ဘာကြောင့်များလဲဆိုသည်ကို ကျွန်တော် ယခုချိန်ထိနားမလည်။ သားအဖနှစ်ယောက်စလုံး မှောင်မိုက်သော တဲကလေးထဲ ငိုခဲ့ကြမည်ကို ကျွန်တော်တွေးလို့ရသည်။ ကျွန်တော့်အတွက် ဟက်ဆန် သူ့အဖေကိုတောင်းပန်ခဲ့လိမ့်မည်။ သို့ရာတွင် အလီ ဤမျှအထိ […]


alinsettJune 25, 20121min1224
”သားအေမားလည်း ကာကာ့ကို ပြောချင်တာ အချိန်မရွေးပြောနိုင်တယ်။ သိတယ်နော်။ အချိန်မရွေးပဲ” ”သိပါတယ်” ဟု ကျွန်တော် မရေမရာဖြေလိုက်သည်။ သူ ကျွန်တော့်ကို ကြာမြင့်စွာ ကြည့်နေပုံသည် ကျွန်တော့်ထံမှ စကားအလာကို စောင့်နေသလိုဖြစ်သည်။ သူ၏နက်ရှိုင်းသော မျက်လုံးနက်နက်များက ကျွန်တော်တို့ကြားတွင် မြွက်ဟ မထားသော လျှို့ဝှက်ချက်ရှိကြောင်း အရိပ်အမြွက်ပြောနေသည်။ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ ……………………………………………………………………………………………… __________________________ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ မုန်းရုံပဲရှိမည်။ ”ဒီမှာ” ရာဟင်ခန် ကျွန်တော့်ကိုတစ်ခုခု ပေးနေသည်။ ”မေ့တော့မလို့၊ ဟက်ပီဘတ်ဒေး အေမား” အညိုရောင်သားရေဖုံး မှတ်စုစာအုပ်ကလေးဖြစ်သည်။ ရွှေရေးအနားကွပ် ဘောင်ပေါ် ကျွန်တော့်လက်ချောင်းများ […]


alinsettJune 24, 20121min1104
…………………………… ယခုမှ ဟက်ဆန် တလည်းသီးတစ်လုံး ကောက်သည်။ ကျွန်တော့်ဆီ သူလျှောက်လာသည်။ တလည်းသီးကိုခွဲပြီး သူ့နဖူးနှင့် ရိုက်ချလိုက်၏။ ”ကဲကွာ” သူ့မျက်နှာမှ အနှစ်နီနီများ သွေးထွက်သလို ယိုကျလာသည်။ ”မင်းကျေနပ်ပြီလား။ မင်းနေသာသွားပြီလား” ဟု သူအက်ကွဲစွာပြောပြီး ချာခနဲလှည့်ကာ တောင်ကုန်း အတိုင်း ပြေးဆင်းသွားသည်။ ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ဒူးထောက်လျက်သား ရှေ့တိုး နောက်ငင် ယိမ်းထိုးလှိုက်ဖိုနေသည်။ ”ငါ မင်းကို ဘာဆက်လုပ်ရမလဲ ဟက်ဆန်။ ငါ ဘာဆက်လုပ်ရမလဲ” မျက်ရည်သွေ့စ တောင်ကုန်းပေါ်မှ ကျွန်တော် မလှမ်းချင့်လှမ်းချင် ဆင်းလာချိန်တွင်မူ ဤမေးခွန်း၏အဖြေကို သိခဲ့ရပြီ။ ____________________________________ ထိုနှစ်နွေ၊ ၁၉၇၆ခု နွေတွင် ကျွန်တော် တစ်ဆယ့်သုံးနှစ်ပြည့်ခဲ့သည်။ အာဖဂန်နစ္စတန် ငြိမ်းချမ်းသိုသိပ်ခဲ့သောနောက်ဆုံးနှစ်၏ နောက်တစ်နှစ်ဟု ခေါ်ရမည်။ ကျွန်တော်နှင့် ဘာဘာ့ကြား သွေးအေးသွားသည်။ […]